Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

9 September 2012

(၇၃)နှစ်မြောက် မြန်မာလွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ် အခမ်းအနား

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးခေါင်းဆောင်များအနက် ရဲရဲတောက်အာဇာနည် မီးရှူးတန်ဆောင်
နိုင်ငံခေါင်းဆောင် ဆရာတော်ဦးဥတ္တမ၏ ကျေးဇူးတရားကို မမေ့စေရန် အကျိုးတရားများနဲ့
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာလိုအပ်နေတဲ့ အမျိုးသားရင်ကြားစေ့ရေးကို လုပ်ဆောင်ရာတွင်
မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အနုနည်း(သို့မဟုတ်)အကြမ်းနည်းဖြင့် တော်လှန်တိုက်ပွဲဝင်ခဲ့ကြ
သော ခေါင်းဆောင်ကြီးများကို သတိတရ မှတ်တမ်းတင်ဂါရဝပြုကာ အမျိုးသားရင်ကြားစေ့ရေးသို့
ညီညွတ်ခြင်းလည်းဖြစ်ပါတယ်။
ဆရာတော်ဦးဥတ္တမသည် ဗုဒ္ဓဘာသာရဟန်းတစ်ပါးပင်ဖြစ်သော်လည်း ဗုဒ္ဓဘာသာဝင်များသာလွတ်
လပ်ရန်ကြိုးပန်းခဲ့သူမဟုတ်သလို မြန်မာနိုင်ငံတစ်ခုတည်းအတွက် လွတ်လပ်ရန်ကြိုးပန်းခဲ့သူလည်း
မဟုတ်ပါ၊ အာရှတိုက်တစ်ခွင် နယ်ချဲ့အင်္ဂလိပ်လက်အောက်က လွတ်မြောက်အောင် မီးမောင်းထိုးပြ
ခဲ့သူတစ်ဦးလည်းဖြစ်ကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံသူ နိုင်ငံသားတိုင်းအသိပင်ဖြစ်ပါတယ်။
အမိမြန်မာနိုင်ငံကိုတန်ဖိုးထားချစ်မြတ်နိုးကြသော ပြည်ထောင်စုမြန်မာနိုင်ငံဖွါး တိုင်းရင်းသား
ညီနောင်များတို့သည် မိမိပိုင်ဆိုင်သော ပစ္စည်းဥစ္စာရတနာများကိုတန်ဖိုးထားတတ်ကြသလို
နိုင်ငံသားတိုင်း နိုင်ငံသားတိုင်းတို့ရဲ့ အဖိုးမဖြတ်နိုင်သော ခေါင်းဆောင်ကောင်းတွေကို အထွဋ်အမြတ်
ထားဂါရဝပြုခြင်းအားဖြင့် မျိုးဆက်သစ် ခေါင်းဆောင်များကို တဖန်မွေးထုတ်ပေးရာရောက်တဲ့
ရည်ရွယ်ချက်နဲ့ ဒီအထိမ်းအမှတ် အခမ်းအနားကိုပြုလုပ်ရခြင်းဖြစ်ပါတယ်၊




more.gif

19 July 2012

အမေရိကန်ကို မြန်မာ့သွင်းကုန် တင်သွင်းခွင့် နောက်ထပ်သုံးနှစ် ပိတ်ပင်


အမေရိကန် ပြည်ထောင်စုကို မြန်မာ့သွင်းကုန်တွေ တင်သွင်းခွင့်ကို အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာရေး ကော်မတီက နောက်ထပ်သုံးနှစ် ပိတ်ပင်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ဖော်ထုတ်နေတဲ့ စီးပွားရေးနဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲရေးကို အရှိန်ပိုရအောင် ဆက်လက် ဖိအားပေးတဲ့အနေနဲ့ ၂၀၀၃ ခုနှစ်က ပြဋ္ဌာန်းချက်ကို သက်တမ်းတိုးတဲ့ ဥပဒေကြမ်းကို ခုလို သက်တမ်းသုံးနှစ် ထပ်တိုးတာလို့ အထက်လွှတ်တော် ဘဏ္ဍာရေး ကော်မတီ ဥက္ကဋ္ဌ Max Baucus က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် အခြေစိုက် BADA မြန်မာ-အမေရိကန် မဟာမိတ် အသင်းက ဦးညွန့်သန်းက ခြေလှမ်းကောင်း တရပ်လို့ ရှုမြင်တဲ့အကြောင်း ပြောပါတယ်။

"ဖြစ်စေချင်တာကတော့ ကျွန်တော်တို့ ဗမာပြည်မှာ sanction လည်း မရှိစေချင်တော့ဘူး။ ကျွန်တော်တို့ တိုင်းပြည်မှာလည်း ပြည့်ဝတဲ့ ဒီမိုကရေစီနဲ့ ပြည်သူတွေ စိတ်ချမ်းချမ်းသာသာနဲ့ သူတို့ရဲ့ ဘဝကောင်းကျိုးအတွက် တည်ဆောက်တာတွေ မြင်ချင် စေချင်တယ်။ ဒါပေမဲ့လည်း ဗမာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုက တချို့နေရာတွေမှာ ဖြစ်လာသင့်သလောက် မဖြစ်လာသေးဘူး။ ဥပမာဆိုရင် အကျဉ်းသားတွေအားလုံး မလွှတ်ပေးတာတွေ ကျွန်တော်တို့ တွေ့ရတယ်။ နောက်ပြီး ပြည်တွင်းကို ဝင်ရောက်ပြီး စီးပွားရေးတွေ လုပ်ကြတဲ့ အခါမျိုးမှာလည်း ရမဲ့ အကျိုးအမြတ်ဟာ ပြည်သူတွေဆီကို တကဲ့တကယ် ထိထိရောက်ရောက် သွားမယ်၊ မသွားဘူးဆိုတာ ကျွန်တော်တို့ မသိဘူး။ နောက် တရားဥပဒေ စိုးမိုးရေးတို့၊ လာမဲ့ ၂၀၁၅ မှာ ဖြစ်မဲ့ ရွေးကောက်ပွဲတို့ မှာလည်း တရားမျှမျှတတ ဖြစ်မယ်ဆိုတာလည်း မသိသေးဘူးပေါ့နော်၊ အဲဒီလို အခြေအနေမှာ အမေရိကန်ကလည်း ပြည်တွင်းကို သွားမဲ့ မြှုပ်နှံမှုတွေကိုလည်း ဖယ်ရှားပြီးပြီဆိုတော့ အခုလို သွင်းကုန် ဆက်လက် ပိတ်ဆို့ထားဖို့ သက်တမ်းတိုး လိုက်တာကို ကျွန်တော့် အနေနဲ့တော့ ကောင်းတဲ့ ခြေလှမ်းတရပ်လို့ပဲ ပြောလိုပါတယ်"
၂၀၀၃ ခုနှစ်က ချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံက သွင်းကုန် ပိတ်ပင်ချက်ဟာ ဒီလကုန်ပိုင်းမှာ သက်တမ်း ကုန်ဆုံးပါတော့မယ်။ ဒီမူကြမ်းကို အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ရပ်စလုံးက အတည်ပြုလိမ့်မယ်လို့ ဥပဒေ မူကြမ်းကို ထောက်ခံသူတွေက မျှော်လင့်ပါတယ်။
မြန်မာနိုင်ငံက အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ စီးပွားရေးအရ အရေးယူ ပိတ်ဆို့ထားတာကို အမေရိကန်က ရုပ်သိမ်းလိုက်တာနဲ့ ဒီ ဥပဒေ မူကြမ်းဟာ အကျုံးမ၀င်ပါဘူး။
အမေရိကန်က မြန်မာ့ သွင်းကုန်တွေ မပိတ်ပင်ခင် ၂၀၀၂ ခုနှစ် တနှစ်လုံး အမေရိကန်ပြည်ထောင်စုကို မြန်မာနိုင်ငံက အ၀တ်အထည်နဲ့ တခြားကုန်စည် ဒေါ်လာ သန်း ၃၅၀ ကျော်ဖိုး တင်သွင်းခဲ့ပါတယ်။ မြန်မာ့ သွင်းကုန်ပမာဏဟာ ၂၀၀၃ ခုနှစ်မှာ ဒေါ်လာ သန်း ၂၇၀ ကျော်ထိ ကျဆင်းသွားပြီး အဲဒီအချိန်ကစလို့ နောက်ပိုင်းမှာ မြန်မာနိုင်ငံက ဘာကုန်ပစ္စည်းမှ မတင်သွင်းတော့ပါဘူး၊

RFA Burmese

more.gif

လျှပ်စစ်မီး၊ ကျန်းမာရေး၊ ပညာရေး ကိစ္စများ သမ္မတထံ ၁၀ ပါတီ တင်ပြ

 ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီမှ ခေါင်းဆောင်များနှင့် သမ္မတ ဦးသိန်းစိန်တို့ ပထမဆုံး အကြိမ် တွေ့ဆုံမှုကို နေပြည်တော် သမ္မတ အိမ်တော်တွင် ဗုဒ္ဓဟူးနေ့က ပြုလုပ်ရာ ဒေသတွင်း လိုအပ်ချက်များ
ဖြစ်သည့် လျှပ်စစ်မီးရရှိရေး၊ ကျန်းမာရေး စောင့်ရှောက်မှု မြှင့်တင်ပေးရေး၊ ကျောင်းပညာရေး လိုအပ်ချက်များ
ဖြည့်ဆည်းပေးရန်တို့ကို တင်ပြဆွေးနွေးခဲ့သည်ဟု ပါတီခေါင်းဆောင်များက ပြောသည်။

“ကျနော်တို့က နိုင်ငံတည်ဆောက်ရေးမှာ တည်ဆောက်ဖေါ် တည်ဆောက်ဖက်အနေနဲ့ အကြံဉာဏ်တွေ ပေးကြဖို့၊ အတူတူ ဝိုင်းလုပ်ကြဖို့ ရည်ရွယ်ချက်နဲ့ တွေ့ဆုံတာပါ။ ပြည်နယ်တွေကတော့ သူတို့ ဆိုင်ရာပြည်နယ်တွေမှာ ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်ရရှိရေး အဲဒါတွေမှာ လိုအပ်တာတွေကို အကူအညီပေးဖို့ တင်ပြပါတယ်” ဟု
ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ က ပြောသည်။

“သမ္မတကတော့ သူတို့ကလည်း အစီအစဉ်တကျ လုပ်နေတယ်ပေါ့လေ။ အခု တင်ပြတာတွေထဲက ဖြစ်နိုင်တာတွေကို ချက်ချင်း လုပ်ပေးမယ် ဆိုပြီးတော့ ပြောပါတယ်” ဟုလည်း ဦးသုဝေ က ဆက်ပြောသည်။
10party
ထို့အပြင် ဗဟိုအစိုးရ၏ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်များ၊ စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်နေမှုများကို ၁ဝ ပါတီ
ခေါင်းဆောင်များသို့ သမ္မတ က ပြန်လည်ရှင်းပြခဲ့သည်ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ၏ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က ပြောသည်။

ဆွေးနွေးပွဲတွင် ဦးခင်မောင်ဆွေက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပါက အငြင်းပွားမှုများ ဖြေရှင်းနိုင်ရန် ခုံသမာဓိအဖွဲ့ ဖွဲ့စည်းဖြေရှင်းနိုင်ရန် တင်ပြခဲ့သည်ဟုလည်း  ပြောသည်။

NDF ၏ ပါတီခေါင်းဆောင်ဖြစ်သူ ဒေါက်တာသန်းငြိမ်း ကလည်း လက်ရှိ ကျင့်သုံးနေသည့် ရွေးကောက်တင်မြှောက်ပုံ စနစ်သည် မဲဆန္ဒနယ်တခုအတွင်း ပါတီနှစ်ခုမှ ကိုယ်စားလှယ်နှစ်ဦး ဝင်ပြိုင်ပါက မဲ တမဲ အသာဖြင့်ပင် အနိုင်ရသည့် စနစ် ဖြစ်ခြင်းကြောင့် မဲဆန္ဒရှင်အများစု၏ ဆန္ဒကို ကိုယ်စားပြုနိုင်ရန် လာမည့် ရွေးကောက်ပွဲများတွင် ‘အချိုးကျ ကိုယ်စားပြုစနစ်’ ကို ပြောင်းလဲ အသုံးပြုရန် ဆွေနွေးတင်ပြခဲ့သည်ဟု သိရသည်။

ထိုတင်ပြချက်နှင့်ပတ်သက်၍ “သမ္မတက ဒီစနစ်တခုဟာ လူအများစုကို အကျိုးပြုတာဆိုတော့ သူလည်းပဲ သဘောကျ တာ ရှိပါတယ်။ ဒီကိစ္စကိုတော့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့ လိုတယ်ပေါ့နော်။ အားလုံးလည်း သဘောတူမယ်
ကောင်းတယ်ဆိုရင်တော့ လုပ်ကြမယ်ပေါ့ဗျာ” ဟု ဦးခင်မောင်ဆွေ က ပြောသည်။

အဆိုပါ သမ္မတနှင့် တွေ့ဆုံပွဲသို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ညီညွတ်ရေး
နှင့် ငြိမ်းချမ်းရေးပါတီတို့မှ ပါတီခေါင်းဆောင် ၁၂ ယောက် တက်ရောက်ခဲ့ကြသည်။ အစိုးရ ဘက်မှ သမ္မတ ဦးသိန်းစိန်
နှင့်အတူ မီးရထားဝန်ကြီး ဦးအောင်မင်းနှင့် စက်မှုဝန်ကြီး ဦးစိုးသိန်းတို့ တက်ရောက်ခဲ့ကြသည်။

သမ္မတ ဦးသိန်းစိန်က တိုင်းပြည်တိုးတက်ရေးအတွက် ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြရန် ၁ဝ ပါတီ ခေါင်းဆောင် များအား ပြောကြားခဲ့ပြီး “ကျနော်တို့လည်း အဲဒါပဲ လုပ်နေတယ်၊ ကျနော်တို့လည်း လိုလားတယ်ပေါ့လေ။ နောက် ဒီလို ကာလမှာ တယောက်နဲ့တယောက် သံသယတွေထားပြီးတော့ အငြင်းပွားနေကြရမယ့် အချိန် မဟုတ်တော့ဘူး။ အားလုံး စုပေါင်းပြီးတော့လုပ်ဖို့ ကြိုးစားမယ်။ ကျနော်တို့ကလည်း တိုင်းပြည်အတွက် ပူးပေါင်းပြီး လုပ်ဆောင်ဖို့ အဆင်သင့် ရှိပါတယ်ဆိုပြီးတော့ ပြောခဲ့ပါတယ်” ဟု  ဦးသုဝေက ပြောဆိုသွားသည်။

more.gif

18 July 2012

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံ


 

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၁၀ ပါတီမှ ခေါင်းဆောင်များ ယနေ့ နံနက်ပိုင်းတွင် တွေ့ဆုံခဲ့သည်။ ပြည်တွင်း ငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ် အရေးအခင်းနှင့် ရွေးကောက်ပွဲ ပြုပြင် ပြောင်းလဲရေး ဆိုင်ရာများကို ဆွေးနွေးကြောင်း သိရသည်။ သမ္မတနှင့် တွေ့ဆုံသည့် ပါတီများမှာ ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော ချင်းအမျိုးသား ပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီတို့ ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)

more.gif

18 May 2012

ထိုင်းအစိုးရ လက်မခံသဖြင့် ဒုက္ခသည်များ UN ကဒ်ပြုလုပ်ရန် ခက်ခဲနေ


မေလ ၁၇ရက်၊ ၂၀၁၂ ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး-UNHCR အနေဖြင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များအား UN မှတ်ပုံတင်ကဒ် ရိုက် ပေးရန် ဆန္ဒရှိသော်လည်း ထိုင်းအစိုးရက လက်ခံမှုမရှိသေးသည့်အပေါ် အခက်အခဲရှိကြောင်း ထိုင်းနိုင်ငံ၊ မဲဆောက်အခြေစိုက် UN ရုံးမှ ဒုက္ခသည်များအား ပြောဆိုသည်။
ပြီးခဲ့သည့် မေလ ၁၆ရက်နေ့က UNHCR အဖွဲ့ဝင်နှစ်ဦးသည် အုန်းဖျန်ဒုက္ခသည်စခန်းသို့သွားရောက်ပြီး စခန်းတွင်းရှိ ဒုက္ခသည်များနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရာတွင် ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း အုန်းဖျန်ဒုက္ခစခန်းကော်မတီဝင်တစ်ဦးက ပြောသည်။
၎င်းက “လူသစ်ကို ဓါတ်ပုံရိုက်ပေးဖို့ဆိုတာက ထိုင်းအစိုးရလက်ထဲမှာပဲ ရှိတယ်။ သူတို့က(ထိုင်းအစိုးရ) လက်မခံတဲ့အတွက် ရိုက်လို့ မရ ဘူးဆိုတာရယ်၊ နောက်တစ်ခုကတော့ မိသားစုပေါင်းစည်းရေးအတွက်လည်းပါတယ်။ ဥပမာ ကိုယ့်မိသားဝင်ထဲကနေ တတိယနိုင်ငံကို ရောက်ရှိနေပြီး ဒီဘက်မှာကျန်ခဲ့တဲ့သူတွေအနေနဲ့ အဲဒီကို သွားနိုင်အောင် ကူညီသွားမယ်ဆိုတာမျိုးကို ရှင်းပြတယ်”ဟု ပြောသည်။

အုန်းဖြန်ဒုက္ခသည်စခန်းတွင် ရပ်ကွက်ပေါင်း ၁၆ ခုရှိသည့်အနက် ယမန်နေ့က UN အဖွဲ့ဝင်များနှင့် တစ်ရပ်ကွက်လျှင် ၃ဦး သွားရောက် တွေ့ဆုံရခြင်း ဖြစ်ကြောင်းလည်း အုန်းဖျန်ဒုက္ခသည်တစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။
“ဒီမှာနေရှိနေတဲ့သူအများစုက လူသစ်တွေဖြစ်တယ်လေ။ အဲ့ဒါကြောင့် စားဖို့ရိက္ခာပဲရပြီး လွတ်လပ်စွာ သွားလို့ မရဘူး။ နောက်တစ်ခုက ကျနော်တို့ကို ဘယ်သူကမှ အသိအမှတ်ပြုတာ မခံရသေးဘူး။ အဲ့ဒါကြောင့် ကျနော်တို့တွေကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပေးဖို့အ ကြောင်းတွေ UN ကို သူတို့ ပြောလိုက်တယ်”ဟု UN အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သူများ၏ ပြောကြားချက်ကို ရပ်ကွက် ၁၃နေ ကိုကြည်ဝင်း က ပြန်လည် ပြောပြသည်။
ထို့အပြင် ဒုက္ခသည်များကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးမည့် အစီအစဉ်မှာ လက်ရှိအနေအထားတွင် မရှိသေးကြောင်းနှင့် ဒုက္ခ သည်များအနေဖြင့် နေရပ်ပြန်လည်အခြေချနေထိုင်ရန် ဆန္ဒမရှိပါက အတင်းပြန်လည် ပို့ဆောင်မည် မဟုတ်ဘဲ UNHCR အနေဖြင့် ဒုက္ခ သည်များကို ဆက်လက် ကူညီသွားမည်ဟု UN အဖွဲ့ဝင်နှစ်ဦးက ပြောသည်။
UN အဖွဲ့ဝင်များသည် အုန်းဖျန်စခန်းရှိ ဒုက္ခသည်များနှင့် ပြီးခဲ့သည့် ဧပြီလကလည်း ယင်းသို့ လာရောက်တွေ့ဆုံခဲ့ပြီး ယခုတစ်ကြိမ်မှာ ဒုတိယအကြိမ်မြောက် လာရောက်တွေ့ဆုံခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ စခန်းကော်မ၀င်ဝင်တစ်ဦးက ပြောသည်။
မဲဆောက်မြို့တောင်ဘက် ၈၆ကီလိုအကွာရှိ အုန်းဖျန်ဒုက္ခသည်စခန်းတွင် အိမ်ခြေအလုံး ၃,၅၀၀ကျော်နှင့် လူဦးရေ ၁၇,၀၀၀ကျော် နေထိုင်လျက်ရှိပြီး ဒုက္ခသည် ၉၀ရာခိုင်နှုန်းမှာ ကရင်လူမျိုးများဖြစ်သည်ဟု ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ကူညီစောင့်ရောက်ရေးညွှန့် ပေါင်းအဖွဲ့-TBBC ၏ စာရင်းအရ သိရသည်။

more.gif

2 May 2012

မြစ်ကြီးနားတွင် ညမထွက်ရ အမိန့်ထုတ်ပြန်၊ အိမ်ခြံဘေးဝန်းကျင် မီးထွန်းရန်ညွှန်ကြားထား

ဂျာတော့ပ်(မြစ်မခ)

မေ(၂)ရက်၊၂၀၁၂ခုနှစ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဗုံးပေါက်ကွဲမှုများအထိ ဖြစ်ပွားနေသောကြောင့် လုံခြုံရေးအတွက် ဒေသခံပြည်သူများ ည(၈) နာရီ နောက်ပိုင်းအပြင် မထွက်ရဟု ရပ်ကွက်အုပ်ချုပ်ရေးရုံးများက မေ(၁)ရက်မှ စတင်ကာ ကာဖြူးထုတ်လိုက်ကြောင်း သိရသည်။

ကချင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) နှင့် မြန်မာအစိုးရတပ်များကြား ယခင်ထက် ပိုမိုပြင်းထန် ပစ်ခက်မှုများဖြစ်နေပြီး မြို့တွင်း၌ပါ ဗုံးပေါက်ကွဲမှုများအထိ ဖြစ်ပေါ်နေသောကြောင့် ဒေသခံများ၏ လုံခြုံရေး အတွက် အပြင်ထွက်ခွင့်ပိတ်ပင် ရခြင်းဖြစ်ကြောင်း သိရသည်။
 
ယမန်နေ့ မေ (၁) ရက်၌လည်း ဆားမှော်ဘူတာ တစ်မိုင်ခွဲခန့်ရှိ မီးရထားသံလမ်းတွင် မိုင်းပေါက်ခွဲမှုနှစ်ကြိမ် ထပ်မံ ဖြစ်ပွားခဲ့သည်။

“ကျတော်တို့ မနေ့ညနေ ပိုင်း ရပ်ကွက်ရုံးမှာ စည်းဝေးကြတယ်။ ည  (၈) နာရီ နောက်ပိုင်း အပြင် မထွက်ရ ဘူးတဲ့။ အရမ်းအရေးကြီးတဲ့ ကိစ္စတွေ ရှိရင်တော့ မှတ်ပုံတင်ကိုင်ပြီး ထွက်ပါတဲ့။” ဟု ဒူကထောင်ရပ်ကွက်မှ ဒေသခံ တစ်ဦးက ဆိုသည်။

မြစ်ကြီးနားမြို့တွင် နေထိုင်သူများ မိမိအိမ်ခြံဘေးပတ်ပတ်လည် လျှပ်စစ်မီးထွန်းရန်လည်း ရပ်ကွက်အုပ်ချုပ် ရေးမှူးက လှုံဆော်ထားသည်။

ပြီးခဲ့သည့် ဧပြီလတွင် မြစ်ကြီးနားမြို့တွင်း ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့ပြီး၊ ဧပြီလ (၂၉) ရက်နေ့ တွင်လည်း  မိုးညှင်းမြို့နယ်တောင်ဘက် (၁၈) မိုင်အကွာ နန့်စီးအောင်ဘူတာနှင့် မော်ဟန်ဘူတာကြားရထား လမ်းတွင် မိုင်းပေါက်ကွဲခဲ့သည်။

ယင်းသို့ မိုင်းဖောက်ခွဲသူ တရားခံ လက်သည်မပေါ်သေးသော်လည်း အစိုးရပိုင် သတင်းစာတွင်မူ ကေအိုင်အိုမှ   ဖောက်ခွဲခဲ့ကြောင်း   ရေးသားဖော်ပြထားသည်။
 
အဆိုပါ မိုင်းပေါက်ကွဲမှုများကြောင့် ရပ်ရွာ လုံခြုံရေးအတွက် မိမိတို့ ရပ်ကွက်ရှိ ရပ်ကွက်ရုံး (ရဝတ)တွင် အရပ်သား(၈)ဦး ညစဉ် အလှည့်ကျကင်းစောင့် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး မီးရထားသံလမ်းများတွင် ညနေစောင်းချိန်မှစ၍ သံလမ်းဘေး ထိုင်ခြင်း၊ လမ်းလျှောက်ခြင်းများအား အထူးတားမြစ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် ရပ်ကွက်ပေါင်း ၅၈ ခုရှိပြီး၊ ကချင်တိုင်းရင်းသားများနှင့် ရှမ်းတိုင်းရင်းသားများ နေထိုင်မှုများ ကြောင်း သိရသည်။
 Shwe Myitmakha Media Group



more.gif

24 April 2012

အင်ဒိုနီးရှားအိမ်ဖော်ကို သတ်ရန်ကြိုးစားမှုဖြင့် ထောင်ဒဏ်ကျခံရသော မလေးရှားအိမ်ရှင်။ (Maid Nirmala Bonat's Case


အိမ်ဖော်ကို သတ်ရန်ကြိုးစားမှုဖြင့် ထောင်ဒဏ်ကျခံရသော မလေးရှားအိမ်ရှင်

(Maid Nirmala Bonat’s Case)

မလေးရှားနိုင်ငံသူ Yim Pek Ha (အသက် -၄၀- နှစ်၊ ကလေးငယ် ၄- ဦးမိခင်)၊ သူ၏ အိမ်ဖော် Ms. Nirmala Bonat ကို ရေနွေးပူဖြင့် ပက်ခြင်း၊ မီးပူဖြင့် ကပ်ခြင်း နှင့် ရိုက်နှက်ခြင်းတို့ကြောင့် ၂၀၀၄- ခုနှစ်တွင် တရားစွဲခံခဲ့ရသည်။


Ms. Bonat ရေနွေးနှင့် အလောင်းခံရသည့် ဒဏ်ရာများ

ထိုစဉ်က အသက် ၁၉-နှစ်အရွယ်ဖြစ်သော၊ Ms. Bonat က အိမ်ရှင်သည် သူမအားပြင်းထန်စွာရိုက်နှက်ပြီး ဆဲဆိုသည့်အပြင်၊ ရေနွေးနှင့်ပက်ခဲ့သည် ဟုထွက်ဆိုခဲ့သည်။ ထို့နောက် သူမကို မီးပူဖြင့် ကပ်ခဲ့သည်။ (မီးပူဖြင့် အကြိမ်ကြိမ်ကပ်ခံခဲ့ရသည်။) စတီးရေခွက်ဖြင့် သူမမျက်နှာကို ဖြတ်ရိုက်ခြင်း ခံခဲ့ရ၍ နှာခေါင်းပျက်စီးခဲ့ရပြီး၊ မျက်နှာတွင်ပြင်းစွာ ဒဏ်ရာရခဲ့သည်။ ၀တ်ထားသော အ၀တ်များ လောင်ကျွမ်းပြီး၊ အရေပြားများ Third Degree Burn (အရေပြားရှိ အလွှာနှစ်ခုစလုံးလောင်ကျွမ်းခြင်း) ထိလောင်ကျွမ်းခဲ့သည်။


ခန္ဓာကိုယ်အနှံ လူမဆန်စွာ ရက်စက်ခံရသော Ms. Bonat

သတင်းစာများမှ သူမဒဏ်ရာရပုံများကို ပုံဖြင့်ပြသခဲ့သည်။

Yim Pek Hla ဘက်မှကူညီဆောင်ရွက်ပေးသော ရှေ့နေများအဖွဲ့က Nirmala Bonat ၏ဒဏ်ရာများမှာ သူမကိုယ်တိုင် အိမ်တွင်းမတော်တဆ ဖြစ်မှုကြောင့် လောင်ကျွမ်းဒဏ်ရာရခြင်းသာ ဖြစ်ကြောင်း အခြေအမြစ်မကျစွာ တင်ပြခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။

ဤအမှုသည် အင်ဒိုနီးရှား အိမ်ဖော်များ မလေးရှားတွင် ရက်စက်ခံရခြင်းများတွင် အဆိုးဝါးဆုံးဖြစ်သည်။

Ms. Yim ကိုဖမ်းဆီးပြီး နောက်နေ့တွင် အိမ်ရှင်ရှေ့နေများက၊ Ms. Bonat သည် အိမ်ရှင်ထံမှ မလေးရှားရင်းဂစ် ၁၀ ၀၀၀ (တစ်သောင်း) ခိုးယူသည် ဟုအမှုဖွင့်ခဲ့သည်။ ထို့နောက် နောက်အမှုတစ်ခု အဖြစ် ထိုသို့ခိုးယူသည်ကို အိမ်ရှင်သိရှိသောကြောင့် အပြစ်မကျစေရန်၊ သူမကိုယ် သူမ ဒဏ်ရာရအောင် ပြု၍ အိမ်ရှင်ကို လိမ်လည်စွပ်စွဲသည် ဟုတရားစွဲခဲ့သည်။


Yim Pek Ha

ထို့နောက် မကြာမီတွင် ရှေ့နေများ၏ ကြိုးပမ်းမှုကြောင့် Ms. Yim သည် အာမခံ ဖြင့်လွတ်ခဲ့သည်။ (အာမခံအဖြစ်တင်ရသောငွေ- မလေးရှား ရင်းဂစ်- ၈၅ ၀၀၀ ($US 24,300))။ ထို့နောက် Ms. Bonat ကို အင်ဒိုနီးရှားသံရုံးရှိ ဂေဟာသို့ပို့ဆောင်ခဲ့ပြီး၊ သူမသည် ဤအမှုမပြီးမချင်း နိုင်ငံ အတွင်းမှ မထွက်ခွာရ ဟူ၍ အမိန့်ချမှတ်ခံခဲ့ရသည်။ (၂၀၀၈ - ဇန်န၀ါရီလ ထိ)။

Ms. Bonat အပေါ်ဆွဲထားသော အမှုများမှာ လုံးဝမဟုတ်၊ သက်သေမရှိသည့်အပြင်၊ တမင်လုပ်ကြံတရားစွဲကြောင်း ထင်ရှားသဖြင့် အမှုနှစ်ခုလုံးမှ တရားသေလွတ်ခဲ့သည်။

ထို့နောက် Ms. Yim ၏ ရှေ့နေများနှင့် လင်ယောက်ျားက Ms. Bonat ၏ ဒဏ်ရာများမှာ ကိုယ်တိုင်လုပ်ကြံ၍ ဖြစ်သော ဒဏ်ရာများဖြစ်ကြောင်းကို သြစတြေးလျနိုင်ငံ မှုခင်းဆရာဝန် Dr John Andrew Munro ထံမှ ဆေးထောက်ခံစာကို ရအောင်ယူ၍ တရားရုံးကို တင်ပြခဲ့သည်။ သို့သော် တရားသူကြီး Akhtar ကထိုဆေးစစ်လွှာ ကိုပယ်ချ ၍ နိုင်ငံသုတေသနဆေးရုံ တွင် ပြန်လည်စစ်ဆေးခဲ့သည်။


Yim and her husband Hii Ik Tiing

မလေးရှား၏ လိပ်ကဲ့သို့ နှေးကွေးသောတရားဥပဒေ ဆောင်ရွက်မှုကြောင့်၊ အချိန်များစွာကြာခဲ့ရသည်။ တရားရုံးတွင် စစ်ဆေးမှုများသည် ၂၀၀၈- နိုဝင်ဘာ ၂၇ -ရက်တွင်မှ ပြီးဆုံးခဲ့သည်။ ( တရားရုံး ရုံးချိန်းရက်ပေါင်း ၁၁၀ )

AFP က Ms. Bonat အမှုသည် အဆိုးဆုံး အမှုဖြစ်ကြောင်း ရေးသားခဲ့သည်။ (Nirmala's abuse four years ago is the worst-ever reported case in the country [AFP])

သူမသည် အိမ်ရှင်၏နှိပ်စက်နေမှုများကို လပေါင်းများစွာ ခံနေခဲ့ရသော်လည်း မည်သူ့ကိုမှ ဖွင့်မပြောရဲခဲ့ပါ။ ထို့နောက် အိမ်ရာကိုစောင့်ကြပ်သော လုံခြုံရေးဝန်ထမ်းက တွေ့သောကြောင့် ရဲကိုအကြောင်းကြားခဲ့သည်။ ထိုလုံခြုံရေးဝန်ထမ်းသည် တရားရုံးတွင်မျက်မြင်သက်သေ အဖြစ်ထွက်ဆို ခဲ့သည်။ (Aljazeera News)

ထိုအမှုကို ဆေးစစ်မှုအဖြေများ၊ စစ်ဆေးမှုများ၊ သက်သေများ စသည်တို့ကို အဖက်ဖက်မှ ပြည့်စုံအောင် လူ့အခွင့်အရေးအဖွဲ့များနှင့် အင်ဒိုနီးရှား တို့မှ ဆောင်ရွက်ခဲ့ပြီး၊ ၄- နှစ်အကြာ ၂၀၀၈- နိုဝင်ဘာတွင် တရားခံ Ms. Yim Pek Ha  အပြစ်ရှိကြောင်း တရားရုံးမှဆုံးဖြတ်ခဲ့သည်။

Yim သည် Ms. Bonat အား ဆိုးဝါးစွာရက်စက်သော ကာယကံမြောက်ကျူးလွန်မှု အမှု လေးမျိုးကို သူနေထိုင်ရာ Villa Putera, Jalan Tun Ismail, Kuala Lumpur တွင် ၂၀၀၄၊ ဇန်န၀ါရီလ၊ မတ်လ နှင့် ဧပြီလကာလများက ကျူးလွန်ခဲ့၍တရားစွဲခံခဲ့ရသည်။ Ms. Bonat သည်ခန္ဓာကိုယ်အနှံ့ (ရင်သား၊ ပေါင်၊ ကျော) တို့တွင် ဒဏ်ရာများစွာရခဲ့သည်။ (ပုံ)။ မေလ ၁၇ -ရက်နေ့တွင် လုံခြုံရေးဝန်ထမ်းမှ တွေ့ရှိခဲ့၍ လူအများသိရှိပြီး၊ အမှုဖွင့်တရားစွဲနိုင်ခဲ့သည်။

အမှုများ   (၁) ရေနွေးပူဖြင့် ပက်ခြင်း။ (၂၀၀၄- မတ်လတွင် တစ်ကြိမ်)

              (၂) မီးပူဖြင့် ကပ်ခြင်း။ (၂၀၀၄- ဇန်န၀ါရီလအတွင်း တစ်ရက်တည်းတွင် နှစ်ကြိမ် နှင့် ဧပြီလတွင် နှစ်ကြိမ်)

              (၃) ပြင်းစွာရိုက်နှက်ပြီး ကိုယ်ခန္ဓာတွင် ဒဏ်ရာရစေခြင်း။ (အကြိမ်များစွာ)

              (၄) ရေခွက်ဖြင့် ရိုက်၍ နှာခေါင်းကို ပျက်စီးစေခြင်းနှင့် မျက်နှာကို ပျက်စီးစေခြင်း။ (၂၀၀၄- မေလ ၁၇- ရက်နေ့ ညနေ ၃- နာရီ)

နံပါတ် (၄) အမှုကို တရားသေပလပ်ခဲ့သည်။

အမှုသုံးခုအတွက် Ms. Yim Pek Ha ကိုတရားရုံးက ထောင်ဒဏ် ၁၈- နှစ်ချမှတ်ခဲ့သည်။ (၂၀၀၈- နိုဝင်ဘာ -၂၇- ကြသပတေးနေ့)
အမှု (၁) (၂) (၃) တို့သည် ရာဇ၀တ်ဥပဒေ ပုဒ်မ ၃၂၆ အရ အများဆုံး ထောင်ဒဏ်အနှစ်-၂၀၊ (သို့မဟုတ်) ကြိမ်ဒဏ်၊ (သို့မဟုတ်) ငွေဒဏ် တို့ကိုလည်းကောင်း၊ အားလုံးတစ်ပေါင်းတည်း သော်လည်း ခံရမည်ဖြစ်သည်။

အမှု (၄) မှာ အများဆုံး ထောင်ဒဏ် ၇- နှစ်ကျခံရနိုင်သည် (ပလပ်ပီး)။

စိတ္တဇ ရာဇ၀တ်ကောင်ကဲ့သို့သော Ms. Yim Pek Ha ၏ အပြုအမူ….။

တရားရုံးထွက်ဆိုချက်တစ်ခုတွင် Ms. Bonat ပြောသည်မှာ အလုပ်ရှင် Ms. Yim သည် သူမမီးပူတိုက်သည်ကို မသေသပ်ဟု ဆိုကာ ပူနေသော မီးပူ ဖြင့် သူမ၏ ရင်သားများအား အကြိမ်ကြိမ် ဖိကပ်ပြီး၊ ဆဲဆိုရိုက်နှက်ခဲ့သည် ဟုထွက်ဆိုခဲ့သည်။ ထိုတစ်ကြိမ်ထိလည်း မည်သူမှ မသိခဲ့။ နောက်တစ်ကြိမ် ခွက်ဖြင့် မျက်နှာကို ရိုက်၊ ရေနွေးဖြင့် လောင်းသော အခါမှ၊ သူမကို အိမ်ယာလုံခြုံရေးဝန်ထမ်း က တွေ့ရှိခဲ့၍၊ သူမ၏ ငရဲကာလ များပြီးဆုံးခဲ့သည်။

သို့သော် သေရာပါ ဒဏ်ရာ၊ အမာရွတ်၊ နှင့် အခြားရုပ်ပျက်သည်ထိ လူတစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာကို ဖျက်ဆီးခံခဲ့ရမှုများကြောင့် သူမသည် တစ်ဘ၀လုံး ဝေဒနာကို ခံစားသွားရပေတော့မည်။


Ms. Bonat ၏ သေရာပါ ဒဏ်ရာများ

တရားသူကြီး Akhtar Tahir က Ms. Yim သည် အန္တရာယ်ရှိသော စိတ္တဇရာဇ၀တ်ကောင်ကဲ့သို့သော အပြုအမူများကြောင့် လူ့အဖွဲ့အစည်းအသိုင်း ၀ိုင်းတွင် မည်သို့မျှခွင့်လွှတ်နိုင်စရာ မတွေ့သည့်အတွက် တရားခံရှေ့နေများ၏ အယူခံ၊ အသနားခံမှုများကို ပယ်ချခဲ့သည်။ ပြစ်ဒဏ်ကိုလည်း ချက်ချင်းကျခံစေရမည် ဟုအမိန့်ချမှတ်ခဲ့သည်။ (၂၀၀၈- Kuala Lumpur တရားရုံး)


Judge Datuk Aktar Tahir


Guilty Yim

တရားရုံးမှ တရားခံအား ပြစ်ဒဏ်ချမှတ်ခြင်းအပေါ် လူအခွင့်အရေးအဖွဲ့များမှ ကျေနပ်ခဲ့ကြသည်။ လူ့အခွင့်အရေးအဖွဲ့များမှ ဤသို့တရားရုံးဆုံးဖြတ်ချက်ကို ထောက်ခံနေစဉ်၊ အမိန့်ချပြီး နောက်တစ်ရက်တွင်၊ Ms. Yim ၏ အမျိုးသား Hii Ik Ting ကရှေ့နေများနှင့် တိုင်ပင်၍ မလေးရှားအထက်တရားရုံးတွင် အာမခံ (မလေးရှားရင်းဂစ် - ၂၀၀ ၀၀၀) တင်ပြအသနားခံခဲ့သည်။ (**)

Ms. Bonat သည် သူမနိုင်ငံ အင်ဒိုနီးရှားသို့ ပြန်လည်ရောက်ရှိသွားပါပြီ။

မလေးရှားနှင့် အင်ဒိုနီးရှားဆက်ဆံရေးမှာ အိမ်ဖော်များအပေါ် ရက်စက်မှုများကြောင့် အလွန်တင်းမာခဲ့သည်။ Ms. Bonat အမှုပေါ်ထွက်လာသော အခါ အင်ဒိုနီးရှားတွင် အကြီးအကျယ် ဆန္ဒပြခဲ့ကြသည်။

ဤအမှုသည် အင်ဒိုနီးရှားမှ မလေးရှားသို့ အိမ်ဖော်လုံးဝမပို့တော့ဟု ဆုံးဖြတ်ချက် ခိုင်မာစေသော နံပါတ်တစ် အမှုဖြစ်သည်။

အင်ဒိုနီးရှား သံတမန်က မလေးရှားရှိ အင်ဒိုနီးရှားသံရုံးသို့ နှစ်စဉ် အိမ်ဖော် ၁၅၀၀ ကျော်သည် အိမ်ရှင်တို့၏ မတရားမှုများကြောင့် လာရောက်ခိုလှုံ ကြကြောင်း၊ အများစုမှာ လစာမရခြင်းကြောင့် ဖြစ်ပြီး၊ အချို့မှာအိမ်ရှင်တို့၏ ရိုက်နှက် မှုကြောင့်ဖြစ်ကြောင်း ပြောခဲ့သည်။

Nirmala Bonat အမှုကြောင့် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ မလေးရှားသံရုံးရှေ့တွင် လူပင်လယ်ကြီးမျှ ပြည့်နှက်ဆန္ဒပြခဲ့ကြသည်။


Ms. Bonat အမှုကြောင့် အင်ဒိုနီးရှား နိုင်ငံ ဆန္ဒပြပွဲ တစ်ခု

အင်ဒိုနီးရှား အစိုးရ Susilo Bambang Yudhoyono ကဤကိစ္စနှင့် ပတ်သက်၍ တရားမျှတစွာ ဖြေရှင်းရန် မလေးရှားသို့ပြောခဲ့ပြီး၊ မိမိနိုင်ငံသားကို စော်ကားနှိပ်စက်မှုကြောင့် အင်ဒိုနီးရှားနိုင်ငံအနေနှင့် တရားလိုပြုကာ Ms. Yim ကိုတရားစွဲဆိုခဲ့သည်။

သို့အတွက်ကြောင့် မလေးရှားသည် လူ့အခွင့်အရေးချိုးဖောက်သော၊ တရားမျှတမှုမရှိသော၊ လူသားချင်းစာနာထောက်ထား မှုမရှိသော နိုင်ငံအဖြစ်၊ အရှေ့တောင်အာရှနှင့် အပြည်ပြည်ဆိုင်ရာတွင် သတ်မှတ်ခံရသည်။


လူသားတစ်ယောက် နိုင်ငံတစ်ခုရဲ့ မိန်းခလေး တစ်ဦးပါ.. မလေးရှားမှာ အိမ်ဖော်လာလုပ် လို့ဒီလိုဖြစ်တာပါ....

ထိုကဲ့သို့ လူသားချင်းစာနာထောက်ထားမှုမရှိသော မလေးရှားနိုင်ငံသို့ ကျွန်ုပ်တို့ မြန်မာနိုင်ငံသူများအား မည်သည့်နည်းနှင့်မျှ အိမ်ကျွန်အဖြစ် မလာစေလိုပါ။ ထို့ပြင် နိုင်ငံခြားသားအလုပ်သမားများ၊ ဒုက္ခသည်များ နှင့် လူ့အခွင့်အရေးအဖွဲ့များကို အမြဲဒုက္ခပေးနှိပ်စက်နေသော မလေးရှားဝန်ကြီးချုပ် Najib နှင့် မြန်မာပြည်သားများကို ကမ္ဘာ့အနိမ့်ကျဆုံးဖြစ်အောင်၊ ကျွန်ဖြစ်အောင် အိုင်တီခေတ်သစ် ဟစ်တလာ ဇာတ်ခင်းနေသော သိန်းစိန်နှင့် အပေါင်းပါတစ်စုတို့အား ကျွန်ုပ်တို့ ညီအစ်ကိုမောင်နှမများ အားလုံးအင်အားဖြင့် တတ်နိုင်သည့်ဘက်မှနေ၍ သမိုင်းတွင် မြန်မာမိန်းခလေးများ၏ အိမ်ကျွန်ဇာတ်ကွက် မဖြစ်စေရန် ကာကွယ်ကြပါစို့.. ဟု လေးစားစွာ တိုက်တွန်းရင်း……

ဤအမှုနှင့် ပတ်သက်၍ ကျွန်ုပ်တို့ နိုင်ငံခြားသားအလုပ်သမားများနှင့် ဒုက္ခသည်များ၏ မိတ်ဆွေကြီး လူ့အခွင့်အရေးရှေ့နေ Charles Hector ၏ ဤအမှုအပေါ် သုံးသပ်ချက်၊ ဥပဒေအကြောင်းအရာများနှင့် Ms. Bonat ဘက်မှနေ၍ လျှော်ကြေးရရန် လူ့အခွင့်အရေး ရှေ့နေများ၏ ကြိုးပမ်းမှုများ၊ မလေးရှားဥပဒေ၏ လူသားချင်းစာနာမှုမရှိပဲ နိုင်ငံသားကိုကာကွယ်ပုံများကို ဆက်လက်ရေးသားပါမည်။

ယခုရေးသားလျက်ရှိသော မလေးရှားရှိအိမ်ဖော်၊ အိမ်အကူတို့၏ဘ၀ စာများ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားများ မလေးရှားအလုပ်ရှင်၊ အိမ်ရှင်တို့၏ မတရားရက်စက်မှုများကို သိစေလိုခြင်း၊ မြန်မာနိုင်ငံမှ ကျွန်ုပ်တို့၏ ညီမ၊ အစ်မများ မလေးရှားသို့အိမ်ဖော်အဖြစ် မရောက်လာရေး အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရေး ဖြစ်သည်။ ဤအကြောင်းအရာနှင့် ဤစာကို မိတ်ဆွေတို့ကြိုးပမ်းနေမှုများတွင် သဲတစ်ပွင့်အဖြစ်လိုအပ်ပါက ကြိုက်သလို သုံးနိုင်သည်။

 ဆက်လက်ဖော်ပြပါမည်။

 Friend Ever (နွားကျောင်းသား)

Ref:
http://news.bbc.co.uk/2/hi/asia-pacific/
http://photo-journ.com/2009/
http://thestar.com.my/news/story.asp?file=/2008/11/27/nation/
http://thestar.com.my/news/story.asp?file=/2008/11/28/nation/
Jakarta Globe News
Maid Abuse Case Investigation Reports
Tenaganita Case Reports
Aljazeera News (http://www.aljazeera.com/news/asia-pacific/)

more.gif

9 April 2012

ငြိမ်းချမ်းရေးအကောင်အထည်ဖော်မှုလုပ်ငန်း အောင်မြင်မယ်လို့ မျှော်လင့်

Published on April 9, 2012 by နော်နိုရင်း

ကရင့်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ဒီနေ့ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်း ထားဝယ်မြို့ကို နှစ်ဖွဲ့ခွဲပြီး သွားရောက်ခဲ့ကြပါတယ်။

ကေအန်ယူ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်အပါအ၀င် ၁၇ ဦးက ပဲခူတိုင်းဘက်ကို သွားရောက်ပြီး ကျောက်ကြီးမြို့နယ်ဘက်မှာ ဆက်ဆံရေးရုံးခန်း ဖွင့်လှစ်သလို အပြန်မှာ ပဲခူးမြို့မှာ ပဲခူးတိုင်း ၀န်ကြီးချုပ်အပါဝင် တိုင်းမှူးနဲ့ ညနေပိုင်းမှာ တွေ့ဆုံခဲ့ပြီး ဧပြီ ၁၀ ရက်နေ့မှာတော့ ပဲခူးတိုင်းဝန်ကြီးချုပ်အပါအ၀င် တိုင်းမှူးနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။

ကျောက်ကြီးမြို့နယ်ကို ရောက်နေချိန် လူထုနဲ့ တွေ့ဆုံစကား ပြောခွင့်ရခဲ့ပြီး လူထုအခက်အခဲ တင်ပြပြောဆိုလာတာနဲ့ပတ်သက်ပြီး ကေအန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ရဲ့ ပြောခွင့်ရသူ နော်မေဦးကို မေးမြန်းထားပါတယ်။

“ကျမတို့ ကရင်အမျိုးသား အစည်းအရုံးကိုယ်စားလှယ်အဖွဲ့က ကျောက်ကြီးမြို့ကို မနက် ၁၀ နာရီလောက်ရောက်တယ်။ ကျောက်ကြီးမြို့က ဆက်ဆံရေးရုံးကိုဖွင့်လှစ်ခဲ့တယ်။ ၀န်ကြီးအဖွဲ့က ၀န်ကြီး ၃ ယောက်၊ ၀န်ကြီး ဦးအောင်မင်း၊ ၀န်ကြီး ဦးခင်ရီ၊ ၀န်ကြီး ဦးစိုးသိမ်းတို့ တက်ရောက်ပြီးတော့ ကျမတို့ ကေအန်ယူ ကရင်အမျိုးသား ကိုယ်စားလှယ်အဖွဲ့ကတော့ ဆရာမ နော်စီဖိုးရာစိန်နဲ့ အဖွဲ့တွေပေါ့။ ဆက်ဆံရေးရုံးဖွင့်လှစ်ခဲ့ပါတယ်။ ဆက်ဆံရေးရုံး ဖွင့်လှစ်ပြီးတော့ တပြိုင်နက်တည်းမှာပဲ ဒေသခံ ကရင်လူထုနဲ့ ကျောက်ကြီးမြို့နယ် ဘေးပတ်ဝန်းကျင်တလျှောက် ကျေးရွာတွေက ကရင်အမျိုးသားထုနဲ့ ကျမတို့ကိုယ်စားလှယ်အဖွဲ့ကို ကြိုဆိုတာ ပျှမ်းမျှဆိုရင် ၂၀၀၀ ကျော် ၃၀၀၀ ၀န်းကျင် လူထုအင်အား အဲဒီလောက်ရှိတယ်။ ဆက်ဆံရေးရုံးဖွင့်ပြီးနောက်မှာ လူထုတွေနဲ့ ဆွေးနွေးပွဲလေးတခု လုပ်ခဲ့ပါတယ်။”

ကျောက်ကြီးမြို့နယ်မှာ ရုံးဖွင့်တော့ ကေအန်ယူဘက်က ရုံးတာဝန်ခံအနေနဲ့ ဘယ်သူက ထိုင်ပေးမှာလဲ။ ဘယ်သူ့ကို တာဝန်ပေးထားလဲ။

“ရုံးတာဝန်ခံကိစ္စကို ကျမတို့ပြန်ပြီးတော့ ဆွေးနွေးရမယ်။ ကျမတို့ကိုယ်စားလှယ် အဖွဲ့က ပြည်တွင်းထဲကို ရောက်နေတဲ့အချိန်နဲ့ ဒီရုံးဖွင့်ဖြစ်ဖို့ကို ကျမတို့ လူကိုယ်တိုင် ရှိနေတုန်းမှာ ဖွင့်လှစ်ခဲ့တာပဲဖြစ်တယ်။ ရုံးကိုယ်စားလှယ်နဲ့ ဒီရုံးမှာ အမှုထမ်းမယ့်လူရဲ့ တာဝန်ခံမယ့်လူရဲ့ လုပ်ငန်းဆောင်တာတွေ လုပ်ပိုင်ခွင့်တွေအားလုံးက ကျမတို့ ဆက်ပြီးတော့ လုပ်ရဦးမှာဖြစ်ပါတယ်။”

လူထုနဲ့ တွေ့ဆုံမှုရှိတဲ့အခါမှာ လူထုရဲ့ ပြောဆိုသံတွေ၊ ဆရာမတို့ရဲ့ ပြောတာတွေထဲမှာ ဘာတွေပြောဆိုဖြစ်ခဲ့ကြလဲ။

“ပထမဆုံးအနေနဲ့ လူထုက အများကြီး ၀မ်းပန်းတသာ ကြိုဆိုတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ် အကောင်အထည်ဖော်ဖို့ လုပ်နေတာတွေကို လူထုအနေနဲ့ ၀မ်းပန်းတသာပဲ ကြိုဆိုတယ်။ လူ ၃၀၀၀ ကျော် ရွာပြင်ထွက်ပြီး နေပူထဲမှာ ထွက်စောင့်နေတယ်ဆိုတာ သူတို့ရဲ့ ကြိုဆိုမှုကို ပေါ်လွင်စေပါတယ်။ ဒီကြိုဆိုတာနဲ့ တပြိုင်နက်တည်းမှာပဲ သူတို့ရဲ့ စိုးရိမ်ကြောင့်ကျမှုတွေ ဖော်ပြခဲ့တယ်။ အထူးသဖြင့် ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တလျှောက်က ရွာတွေဆိုရင် ၁၉၇၄ ခုနှစ် ဖြတ်လေးဖြတ် ကာလထဲက အခုထိ စစ်ဒဏ်နဲ့ ဖိနှိပ်အုပ်ချုပ်မှုဒဏ် အမျိုးမျိုးကို ခံခဲ့ရတဲ့ ရွာတွေ၊ ခံခဲ့ရတဲ့ ပြည်သူလူထုတွေဖြစ်တယ်။ ဆွေးနွေးပွဲတွေ အခြေအနေ အလားအလာ ကောင်းမွန်ဖို့ရှိတယ်လို့ သူတို့မြင်ရတဲ့အခါမှာ အများကြီးဝမ်းသာကြတယ်။ တပြိုင်နက်တည်းမှာပဲ သူတို့စိုးရိမ်ကြောင့်ကျမှုတွေရှိတယ်။ သူတို့မေးတဲ့မေးခွန်းတွေထဲမှာ အခြေခံကျတဲ့ မေးခွန်းတွေချည်းပဲ။ လက်တွေ့ကျကျ ဖြေနိုင်တဲ့မေးခွန်းတွေချည်းပဲ။ သူတို့ရွာ သူတို့ဒေသတွေမှာ အခုထက်ထိ မတရားမှုနဲ့ ဖမ်းဆီးခံရတာ၊ သာမန်ရွာသားတယောက် နိုင်ငံရေးအဖွဲ့အစည်းနဲ့ မပတ်သက်ဘဲ မသင်္ကာမှုနဲ့ ဖမ်းဆီးထားတာ၊ မေးမြန်းစစ်ဆေးတာတွေ ထိန်းချုပ်တာတွေ ရှိနေတုန်းပဲ။ ဖမ်းဆီးခံရတဲ့ သူတွေရှိနေတုန်းပဲဆိုတာ သူတို့တင်ပြလာတယ်။ သူတို့ရွာ သူတို့ဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်မှုတွေ မရှိတာ၊ ဥပမာ- မသေသင့်တဲ့ရောဂါ၊ ဘာမှမဟုတ်တဲ့ တားဆီးလို့ရတဲ့ ရောဂါတွေနဲ့ သေဆုံးသွားတဲ့သူတွေ စသည်ဖြင့် ဒီကိစ္စတွေကို လူထုက တင်ပြသွားတာကို ကျမတို့တွေ့ရတယ်။ နောက်တခုက ရွာပုန်း၊ ရွာရှောင်တွေလည်း ရှိနေတုန်းပဲ။ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းကို အဟန့်အတား ဖြစ်စေတဲ့အကြောင်းပေါ့။ အဲဒါတွေကို ပြောလာတယ်။ ကျမတို့ ခေါင်းဆောင်တွေကိုလည်း ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတာ ဘယ်လိုထင်မြင်ချက်ရှိသလဲဆိုတာကို မေးမြန်းတာရှိပါတယ်။”

ဆရာမတို့ အနေနဲ့ကော လူထုရဲ့ အခက်အခဲကို သိရပြီဆိုတော့ ငြိမ်းချမ်းရေး စပြီးတော့ ပြုလုပ်နေတဲ့ကာလမှာ လူထုတွေအတွက် ဘယ်လိုမျိုး လုပ်ဆောင်ပေးမယ်ဆိုပြီး ကတိပေးတာရှိလဲ။ ဘယ်လိုလုပ်ဆောင်ပေးမယ်လို့ ရည်ရွယ်ထားလဲ။

“ကျမတို့ဘက်က ဘာမှကတိပြုခဲ့တာမရှိပါဘူး။ ကျမတို့ကိုယ်တိုင်က ရွာသားတွေတင်ပြသွားတဲ့ အခြေအနေတွေကို ကျမတို့ တိုင်းပြည်ရဲ့ ပြဿနာ၊ ကျမတို့လူမျိုးတွေရဲ့ ပြဿနာ၊ ကျမတို့လူမျိုးတွေ ရင်ဆိုင်နေရတဲ့ ပြဿနာ အခက်အခဲဆိုတာကို ကျမတို့ အသိအမှတ် ပြုထားတယ်။ ဒါကြောင့် ဒီပြဿနာတွေ ဒီအခက်အခဲတွေ ဖြေရှင်းဖို့ဆိုတာ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ အစိုးရတွေရဲ့ တာဝန်ဖြစ်တယ်။ ဒီအစိုးရအနေနဲ့ သိအောင်လို့ ကျမတို့ကနေ ဒီဟာတွေကို ပြည်သူလူထုနဲ့အတူ လက်တွဲပြီးတော့ ပူးပေါင်းဖြေရှင်းသွားဖို့ လိုအပ်တယ်။ ကျမတို့က အသိအမှတ်ပြုထားပြီး ကျမတို့ရဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေမှာ ဒီအခြေအနေတွေကို တင်ပြခဲ့ပါတယ်။”

ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့လည်း တွေ့မယ်လို့ ဒီနေ့အစီအစဉ်အရ သိရတယ်။ တွေ့ပြီးပြီလား။

“မတွေ့သေးပါဘူး၊ အခုပဲ ကျမတို့ ပဲခူးကို ရောက်လာတာဖြစ်တယ်။ ညနေကျမှ ၀န်ကြီးချုပ်က ညနေစာနဲ့ တည်ခင်းဧည့်ခံမှာဖြစ်တယ်။ မနက်ဖြန် မနက်မှ အစည်းအဝေးစမှာ ဖြစ်ပါတယ်။”

ဆရာမတို့သွားတဲ့ ၂၁ ယောက်ထဲက တချို့လည်း မြိတ်-ထားဝယ်ဘက်ကို သွားတယ်လို့ သိရတယ်။ သူတို့သွားတဲ့ရည်ရွယ်ချက်လေး သိပါရစေ။

“ကိစ္စတခုတည်းပါပဲ။ ဆက်ဆံရေးရုံးဖွင့်လှစ်ဖို့နဲ့ ပြည်တွင်းဌာနေက ပြည်သူလူထုတွေရဲ့ အခြေအနေ အဲဒါတွေကို သွားလေ့လာတဲ့သဘောပါ၊”

တခြားဘာတွေများ ပြောစရာရှိပါသေးလဲ။

“ကျမတို့ ပြည်သူလူထုကို တွေ့ရတော့ ကျမတို့ကိုယ်စားလှယ်အဖွဲ့ဝင်တွေ အားလုံးက ၀မ်းနည်းဝမ်းသာဖြစ်ရတယ်။ ၀မ်းသာရတဲ့အကြောင်းက လှိုက်လှိုက်လှဲလှဲ ယုံကြည်စွာနဲ့ ကျမတို့ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းတွေကို လှိုက်လှိုက်လှဲလှဲ ထွက်လာပြီးတော့ အားပေးပြီးတော့ ယုံယုံကြည်ကြည်ရှိတာကို တွေ့ရတဲ့အတွက် ကျမတို့ဝမ်းသာတယ်။ ၀မ်းနည်းတာက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းကနေ အခုဒီနေ့ထိ ရုန်းကန်ပြီးတော့ အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရတယ်။ ကြောက်ရွံ့စိုးရိမ်မှု များစွာကို ရင်ဆိုင်နေရတဲ့ ပြည်သူလူထုဘ၀ကို တွေ့ရလို့ ကျမတို့ အများကြီးပဲ စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ကျမတို့ ငြိမ်းချမ်းရေး အကောင်အထည် ဖော်တဲ့လုပ်ငန်း အောင်မြင်ဖို့အတွက် မျှော်လင့်တယ်၊ လိုချင်တယ်။ နောက်တခုက ငြိမ်းချမ်းရေး၊ အပစ်အခတ် ရပ်စဲရေးမှာပဲ၊ အလုပ်မပြီးသွားဘဲနဲ့ တကယ်စစ်ကို ရပ်စဲနိုင်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံ၊ စစ်မှန်တဲ့ ပြည်ထောင်စု၊ တန်းတူအခွင့်အရေး ရှိတဲ့ပြည်ထောင်စုကို တည်ထောင်နိုင်ဖို့ တကယ်ပဲလိုချင်မိပါတယ်။”

တနင်္သာရီတိုင်း မြိတ်၊ ထားဝယ်ဘက်ကိုတော့ မြိတ်-ထားဝယ် ခရိုင်ဥက္ကဋ္ဌ ပဒို စောကွယ်ထူးဝင်းအပါအ၀င် ၄ ဦးက တနင်္သာရီတိုင်း ၀န်ကြီးချုပ်အပါအ၀င် တိုင်းမှူးနဲ့တွေ့ခဲ့ပြီး မနက်ဖြန် ထားဝယ်မြို့မှာ ဆက် ဆံရေရုံး ဖွင့်နိုင်ရေး ဆွေးနွေးမယ် လို့ ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။
http://burmese.dvb.no/archives/23941

more.gif

8 April 2012

KNU ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

သောသီခိုမှ...............

တိုင်းရင်းသားတွေနဲ့ တွေ့ဆုံနိုင်တယ်ဆိုရင် တဦးနဲ့တဦး အမြင်ချင်းဖလှယ်နိုင်ပြီး တဦးနဲ့တဦးပို ရင်းနှီးလာနိုင်တဲ့အတွက် အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ်ကို အများကြီး အထောက်အကူ ဖြစ်နိုင်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။













KNU ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်ဦးဆောင်တဲ့အဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ ၂၀၁၂ ခုနှစ် ဧပြီလ ၈ ရက်နေ့က တွေ့ဆုံဆွေးနွေးအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။


ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ KNU ကရင်အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်နဲ့ အဖွဲ့ကို တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ ဒီကနေ့ ၂ နာရီလောက် တွေ့ဆုံ ဆွေးနွေး ပြီးတဲ့နောက် ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလို ပြောလိုက်တာပါ။

"ကျွန်မတို့ အမျိုးသားဒီမိုကရေဒီအဖွဲ့ချုပ်ရဲ့ ဦးတည်ချက်ဟာ စစ်မှန်တဲ့ ဒီမိုကရေးစီ ပြည်ထောင်စုဖြစ်တာမို့လို့ တိုင်းရင်းသားများအားလုံးဟာ စုစုစည်းစည်းနဲ့ ဒီဖြစ်စဉ်ထဲမှာ ပါဝင်ရမယ်ဆိုတာ ကျွန်မတို့ရဲ့ ယုံကြည်ချက်လည်း ဖြစ်ပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာ လက်နက်စွန့်ပြီး နိုင်ငံရေးလောကထဲ ၀င်မ၀င် ကိစ္စနဲ့ ပတ်သက်ပြီး KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ခေါင်းဆောင် နော်စီဖိုးရာစိန်က ကရင်ဘာသာနဲ့ ဖြေဆိုတာကို အဖွဲ့ပြောခွင့်ရ နော်မေဦးက မြန်မာဘာသာပြန်ပြပါတယ်။

"ဘယ်လိုပုံစံနဲ့ ဆက်ပြီး ရပ်တည်သွားမှာလဲ ဆိုတဲ့ဟာက နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အများကြီး ပတ်သက်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေက ကျွန်မတို့ လက်ခံနိုင်တဲ့ အနေအထားမှာရှိတယ်ဆိုရင် အဲဒီမေးခွန်းက သူ့ဖာသာ ဖြေသွားပါလိမ့်မယ်။"

KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ဟာ သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ ပထမဆုံးအကြိမ် မနေ့က တွေ့ဆုံပြီး ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာလည်း ဖြစ်ပါတယ်။
http://www.rfa.org/burmese/news/ass-knu-peace-delegation-04082012095428.html

more.gif

22 March 2012

ဗိုလ်သန်းရွှေ ပင်စင်လစာ သိန်းတရာ


၂၀၁၀ ဒီဇင်ဘာမှာ တွေ့ရတဲ့ ဗိုလ်ချုပ်ကြီးများ

ဗိုလ်ချုပ်ကြီးတို့ရဲ့ ပင်စင်လစာ၊ နိုင်ငံရေးဆုငွေစာရင်းကို မိုးမခ http://moemaka.blogspot.com/ မှာ တွေ့ရပါတယ်။

ဗိုလ်သန်းရွှေ ပင်စင်လစာက သိန်းတရာ တဲ့။ စာဖတ်နေတဲ့ ဗိုလ်ချုပ်မှူးကြီး ဒီလစာငွေတွေကို ဘာလုပ်မလဲ မသိရပါဘူး။
နိုင်ငံရေးဆုငွေအဖြစ် သိန်းနှစ်ရာကျော် ရပါတယ် တဲ့။

ဗိုလ်သန်းရွှေ ပင်စင်ယူတဲ့နေ့ကို ၂၀၁၁ မတ်လ ၃၁ ရက်နေ့လို့ အဲဒီမှာ ရေးထားပါတယ်။ ဦးသိန်းစိန် သမ္မတအဖြစ် ကျမ်းသစ္စာဆိုပြီး နောက်တနေ့မှာ ဗိုလ်သန်းရွှေ ပင်စင်ရသွားတာ ဖြစ်ပါတယ်။

အဲဒီစာမှာ ဖော်ပြထားချက်အရ ဆိုရင် ဗိုလ်မောင်အေးလည်း အဲဒီနေ့မှာ နားပါတယ်။ ပင်စင်ငွေပမာဏကလည်း တပ်ချုပ်ကြီးဟောင်းနဲ့ မတိမ်းမယိမ်း ရပါတယ်။

ဗိုလ်အောင်ထွေး၊ ဗိုလ်ရဲမြင့်၊ ဗိုလ်ခင်မောင်သန်း၊ ဗိုလ်ကျော်ဝင်းတို့ရဲ့ ပင်စင်လစာက ခြောက်သိန်းကျော်ပါတယ်။
ခြောက်သိန်းပဲ ဆိုတော့ နည်းတယ်လို့ မပြောနိုင်ပါဘူး။ တခြားဗိုလ်ချုပ်တွေက တသိန်းကျော်ပဲ ရလို့ပါ။

ထူးခြားချက်နောက်တခုကတော့ ဗိုလ်ခင်ညွန့်၊ ဗိုလ်ဝင်းမြင့်တို့ ၂ ယောက်ကို ပင်စင် ခံစားခွင့်မပြုတာပါပဲ။

အဲဒီ ပင်စင်လစာ စာရွက်ကို ဒီမှာ http://3.bp.blogspot.com/-pVCGYnkbYKI/T2mpDyeQg6I/AAAAAAAAUNU/7yR3T... ကြည့်နိုင်ပါတယ်။ ( ကိန်းဂဏန်းတွေကို ဖတ်ရလွယ်အောင် အနီစက် တို့ထားပါတယ်)


ဧရာဝတီသတင်း

more.gif

23 February 2012

စစ်အစိုးရအနိုင်ကျင့်မှုကြောင့်DKBA ငြိမ်းချမ်းရေးဖျက်သိမ်း

By မအေးအေးမာ

အစိုးရနဲ့ရယူထားတဲ့ ငြိမ်းချမ်းရေး DKBA ဘက်ကဖျက်သိမ်းBy မအေးအေးမာမြန်မာအစိုးရနဲ့ အသစ်တဖန် အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ တိုးတက်သောကရင် ဗုဒ္ဓဘာသာတပ် DKBA က လက်နက်တွေကို နယ်ခြားစောင့်တပ်က သိမ်းယူပြီးနောက် လက်နက်တွေ ပြန်မပေးနိုင်ဘူးလို့ နယ်ခြားစောင့်တပ်တွေရဲ့ အကြီးအကဲ ဗိုလ်ချုပ်မောင်မောင်အုန်းကဖားအံမြို့မှာ ဒီကနေ့ ပြောကြားလိုက်တဲ့အတွက် DKBA က မကြာသေးခင် ၃ လကျော်က ရယူခဲ့တဲ့ ငြိမ်းချမ်းရေး ပျက်ပြားသွားပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ဒီအကြောင်းအပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။မြိုင်ကြီးငူဒေသမှာ အခြေစိုက်လှုပ်ရှားနေတဲ့ တိုးတက်သောကရင် ဗုဒ္ဓဘာသာတပ်တွေနဲ့ နယ်ခြားစောင့်တပ်တွေ လက်နက်သိမ်းတဲ့ ကိစ္စနဲ့ပတ်သက်လို့ ပစ်ခတ်မှုတွေဖြစ်ပြီးတဲ့နောက်DKBA ခေါင်းဆောင်ဗိုလ်မောင်လေးနဲ့ နယ်ခြားစောင့်တပ်က ဗိုလ်ဖားနွီး၊ မြန်မာအစိုးရက ဖွဲစည်းပေးထားတဲ့ နယ်ခြားစောင့်တွေရဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းတို့ ဖားအံမြို့မှာ တွေ့ဆုံခဲ့ကြတာပါ။တွေ့ဆုံမှုအတွင်းမှာ နှစ်ဘက်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တဲ့ ကရင်တပ်ဖွဲ့တွေ အချင်းချင်းကြားမှာတော့ ပြေလည်မှုရခဲ့ပေမဲ့ လက်နက်ပြန်ပေးဖို့ကိစ္စမှာ ဗိုလ်ချုပ်မောင်မောင်အုန်းက လက်မခံခဲ့ဘူးလို့ ဆိုပါတယ်။ DKBA တပ်မှူး ဗိုလ်မှူးစောဆန်းအောင် ပြောပြတာက-“ဒီနေ့ ဗိုလ်ချုပ်မောင်မောင်အုန်းနဲ့ အရှေ့တောင်တိုင်း၊ တိုင်းမှူးနဲ့ တွေ့ခွင့်ရတယ်။ ဗိုလ်ချုပ်ဖားနွီးနဲ့လည်း ဆုံတယ်။

ဆုံတဲ့အချိန်မှာ ငါတို့ ကရင်အချင်းချင်းက နောက်နောင် ဒီလို တယောက်နဲ့တယောက် မဖြစ်စေရဘူး။ တယောက်နဲ့ယောက် ပစ်ခတ်မှု မဖြစ်စေရတော့ဘူး၊ အရင်ဆုံးနဲ့ နောက်ဆုံးပေါ့။ ဒီလို ကရင်အချင်းချင်း သေတာကတော့ တော်သင့်တယ်။ မင်းတို့ သေနတ် ပြန်ပေးမယ်ဆိုပြီးတော့ ဗိုလ်ချုပ်ဖားနွီးက အဲလို ထွက်ဆိုခဲ့တယ်။ဒါပေမယ့် ဗိုလ်ချုပ်မောင်မောင်အုန်းက မပေးဘူး။ ဗိုလ်မှူးမောင်အေးကို ပြဿနာပေါ်မယ်။ ဒီသေနတ်မပေးဘူးဆိုပြီးတော့ လက်နက်တွေကို ကျနော်တို့လက်ထဲမှာ မရောက်သေးဘူး၊ မပေးလိုက်သေးဘူး။ နိုင်ငံတော်တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းအနေနဲ့ ကျနော်တို့ငြိမ်းချမ်းရေးကို ပျက်ပြားအောင်လုပ်နေတယ်လို့ ကျနော်တို့မြင်တယ်။ ကျနော်တို့ငြိမ်းချမ်းရေးကို ကျနော်တို့ ဖျက်သိမ်းလိုက်တယ်။”ငြိမ်းချမ်းရေးလုပ်ထားတာ ၃ လကျော် ကြာတဲ့အချိန်မှာပဲ ဖျက်သိမ်းရတာကတော့ ဆက်ပြီးအနိုင်ကျင့်တာတွေကို လက်မခံနိုင်တာကြောင့်လို့ ဆိုပါတယ်။“ကျနော်တို့ဖျက်သိမ်းလိုက်ပါတယ်။

အခုပဲ -ကျနော်တို့က လူသိရှင်သိပြောတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ပြောတဲ့ ငြိမ်းချမ်းရေးက ကျနော်တို့တိုင်းရင်းသားတွေ အပေါ် စေတနာမမှန်ဘူး။ သူတို့လုပ်ချင်သလို လုပ်လို့ရတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်တယ်။ အဲဒါကြောင့် ဒီငြိမ်းချမ်းရေးကို ကျနော်တို့ ဖျက်သိမ်းလိုက်ပြီ။ ငြိမ်းချမ်းရေးအစစ်အမှန်မဟုတ်တဲ့အတွက် ကျနော်တို့က ပြန်စစ်တိုက်မယ်။ကျနော်တို့ ဒီသေနတ်တွေကို ကျနော်တို့က ပြန် တောင်းလို့ မရဘူးဆိုရင်- ဒီသေနတ်တွေကို နိုင်ငံတော်ငွေကြေးနဲ့ ဝယ်ယူပေးထားတာဆိုရင်လက်ခံတယ်။ သက်သက်ပြန်ယူဆိုပြီးတော့ ကျနော်တို့လက်ခံတယ်။ ဒီလက်နက်တွေဟာ DKBA တည်ဆောက်တုန်းက စုထားတဲ့ လက်နက်တွေပဲ။ တောင်းလို့ မရတဲ့အတွက်ကြောင့်၊ မပေးတဲ့အတွက်ကြောင့် ငြိမ်းချမ်းရေးအတွက် နောက်နောင်ဆိုရင် အနိုင်ကျင့်ခံရမယ်၊ နောက်နောင်ဆိုလို့ရှိရင် ကျနော်တို့ကို ဖိနှိပ်မယ်၊ တိုင်းရင်းသားတွေကို လုပ်ချင်သလို လုပ်လို့ရတယ်ဆိုတဲ့ပုံစံနဲ့လုပ်တယ်လို့ ကျနော်တို့က အဲဒီလို ခံစားရတယ်။ဒါကြောင့် ငြိမ်းချမ်းရေးကိုလည်း ကျနော်တို့က ပြန်ပြီး ရုပ်သိမ်းတယ်။ ကျနော် တဦးတယောက်ရဲ့ သဘောထားမဟုတ်ဘူး၊ ကျနော်တို့ တပ်ဗိုလ်၊ တပ်မှူးတွေရဲ့ သဘောထား အဲလိုပဲ ရှိတယ်။ ငြိမ်းချမ်းရေးက အစစ်အမှန်ပြန်ရဖို့ဆိုရင် ပြန်စစ်ထိုးမယ်။ ပြန်တိုက်မယ်။ ”DKBA ဟာ KNU ကနေ ခွဲထွက်ပြီး မြန်မာအစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးကို ၁၆ နှစ် ကြာ ရယူခဲ့ပါတယ်။၂ဝ၁ဝ ခုနှစ်မှာတော့ နယ်ခြားစောင့်တပ်ဖွဲစည်းရေး လုပ်ရမယ်ဆိုပြီး မြန်မာအစိုးရက ဖိအားပေးလာတဲ့ အတွက် တနှစ်နီးပါး ပြန်လည်တိုက်ခိုက်မူတွေ ဖြစ်ခဲ့ပြီး ဒုက္ခသည်သောင်းနဲ့ချီပြီး ထိုင်းနိုင်ငံဘက် ထွက်ပြေးလာတဲ့အထိ တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။

ဒီ့နောက် ၂ဝ၁၁ နိုဝင်ဘာလထဲမှာ အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့ပြီး ပြည်ထောင်စုအဆင့် ဆွေးနွေးဖို့တွေကို သဘောတူခဲ့ပါတယ်။ အခုအခါမှာတော့ တင်းမာမှုတွေဖြစ်ပြီး သူတို့ငြိမ်းချမ်းရေးဟာ ပျက်ပြားသွားပြီဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်ရှင်။

more.gif

22 February 2012

ဘိန်းစိမ်းသယ်လာသည့် မြန်မာအစိုးရစစ်ကြောင်းနှင့် KIA တိုက်ပွဲဖြစ


KNG

kachin-army-kia-0221
ရှမ်းပြည်မြောက်ပိုင်းတွင် မြန်မာအစိုးရတပ်အား ခုခံနေတဲ့ KIA တပ်ဖွဲ့များ။
ရှမ်းပြည်မြောက်ပိုင်းတွင် ဘိန်းခွန်ကောက်နေသည့် မြန်မာအစိုးရစစ်ကြောင်းနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)၊ သီးသန့် မုံးကိုးတပ်ရင်းကြား မုံကိုး-မုံခေါင်လမ်းပိုင်းတွင် ယနေ့နံနက်ပိုင်းမှ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများဆိုသည်။
မုံးခွမ်ဒေသဘိန်းခင်းများမှ ဘိန်းခွန်အဖြင့် ဘိန်းစိမ်းပိဿာချိန် ၁၀၀ ကျော် ကောက်ခံပြီး မူးယစ်ဆေးဝါး ထုတ်လုပ်သူများသို့ ရောင်းချရန် တရုတ်နယ်စပ် မုံးကိုးမြို့သို့ ချီတက်လာသည့် လောက်ကိုင်နယ်မြေခံ ခလရ (၂၃၉)မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးသန့်စင်အောင် ဦးဆောင်သည့် အင်အား (၆၀) ခန့်ရှိ စစ်ကြောင်းနှင့် KIA တပ်ရင်း ၃၈ တပ်ဖွဲ့များကြား မုံးခွမ်-မုံကိုးလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု သက်ဆိုင်ရာ KIA အရာတဦး ပြောသည်။

“ကုတ်ခိုင်မြို့နယ် ပန်ခွန်လမ်းခွဲ ဟိုချာလုံဆိုတဲ့ရွာမှာ ဒီနေ့မနက် ၅ နာရီလောက်ကနေ စပစ်နေကြပြီ။” ဟု မုံးကိုး ဒေသခံတစ်ဦးပြောသည်။

ခလရ (၂၃၉)မှ တပ်ရင်းမှူးဒုဗိုလ်မှူးကြီးဇော်မင်းအောင်နှင့် သူ၏တပ်များသည် ယမန်နှစ် နိုဝင်ဘာ ကတည်းက မုံးကိုးမြို့၌ တပ်စွဲထားခြင်းဖြစ်သည် ဟု ဒေသခံများပြောသည်။

ထိုအစိုးရစစ်ကြောင်းတွင် မုံးခွမ်နှင့် ကွတ်ခိုင်ပြည်သူ့စစ်တပ်ဖွဲ့ဝင်များလည်းပါဝင်ပြီး တနေ့လုံး ကြိုးကြား ကြိုးကြား ပစ်ခတ်မှုများတွင် မြန်မာအစိုးရတပ်ဖက်မှ ထိခိုက်ဒဏ်ရာရရှိမှု ရှိ မရှိ မသိရပါ။ KIA ဖက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိဟု KIA မုံးကိုး အရာရှိများ ဆိုသည်။

တိုက်ပွဲစဖြစ်ရာ ဟိုချာလုံရွာမှ ၃ မိုင်အကွာရှိ အိမ်ခြေ ၅၀ ခန့်ရှိ ပန်ခွန်ရွာသားများမှာ တိုက်ပွဲကြောင့် ရွာကိုစွန့်ခွာ ထွက်ပြေးတိမ်းရှောင်ကြစဉ် ရွာသားအချို့ ကျန်ရှိနေသေးသည့် ထိုတရုတ်ရွာတွင် အစိုးရစစ်သားများက ရွာသားများ၏ အိုးအိမ်များထဲ ၀င်ရောက်လုယက်ခြင်းနှင့် မွေးမြူရေးတိရစ္ဆာန်များကို သတ်ဖြတ် စားသောက်ခြင်းများ ပြုလုပ်နေကြသည်ဟု ဒေသခံများ ပြောသည်။

ယမန်နှစ်နှောင်းပိုင်းတွင် စတင်ဖွဲ့စည်းထားသည့် မုံးကိုးဒေသ သီးသန့် KIA တပ်ရင်းသစ်ဖြစ်သည့် တပ်ရင်း (၃၈) မှ အရာရှိများက တိုက်ပွဲ ကြီးမားလာနိုင်သည်ဟု ကချင်သတင်းဌာနသို့ ပြောသည်။

more.gif

2 February 2012

စစ်ပွဲများရပ်ရန်၊ တန်းတူညီမျှရေး ရှိရန် ကွင်တားနားကို တိုင်းရင်းသားများ တင်ပြမည်

ဖေဖော်ဝါရီလ ၂ရက်၊ ၂၀၁၂။ နန်းသူးလေ (ကေအိုင်စီ)

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေးကွင်တားနား နှင့်သောကြာနေ့တွင်တွေ့ဆုံမည့် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီ ခေါင်းဆောင်များက တိုင်းရင်းသားနယ်မြေများတွင် ဖြစ် နေသော စစ်ပွဲများရပ်တန့်ရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများကို အဓိကထား တင်ပြ ဆွေးနွေးသွားမည်ဟုဆိုသည်။

တိုင်းရင်းသားနယ်မြေများတွင် စစ်ပွဲများကြောင့်ထွက်ပြေးပုန်းရှောင်နေရသည့် ပြည်သူများ၏ အခြေအနေများ၊ လယ်ယာမြေ များကို အဓမ္မ အသိမ်းခံမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများကို တင်ပြသွားမည်ဟု ကွင်တားနားနှင့် တွေ့ဆုံမည့် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ALD) မှ အထွေထွေ အတွင်းရေးမှူး ဦးအေးသာအောင်ပြောသည်။

၎င်းက “အဓိကတော့ ပြည်တွင်းစစ်ကို အကြောင်းပြပြီး အိမ်တွေမီးရှို့တာ၊ လူတွေကို မတရား ဖမ်းပြီးတော့ နှိပ်စက်တာ၊ အမေးအမြန်းမရှိပဲ ဖမ်းဆီးသွားတာ တချို့ဆိုပျောက်ဆုံးနေတာ၊ လူအများကြီး ဒုက္ခသည်စခန်းတွေမှာ ဒုက္ခရောက်နေကြ တာတွေကို ပြောဆိုသွားမှာပါ။”ဟု ပြောသည်။

ထို့အပြင် မလွတ်မြောက်သေးသည့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန်နှင့် လွတ်လပ်စွာ ခရီးသွားလာခွင့်များ ရရှိ ကြရန် ဆွေးနွေးသွားမည်ဟု ဇိုမီးအမျိုးသားကွန်ဂရက် (ZNC) ဥက္ကဌ ဦးပူကျင့်ရှန်းထန်က ပြောသည်။

အစိုးရဘက်မှ အပစ်ခတ်ရပ်စဲရေးဆွေးနွေးမှုများကို ကချင်၊ ကရင်၊ ရှမ်းစသဖြင့် သီးခြားတွေ့ဆုံမှုများ မပြုလုပ်ဘဲ ပင်လုံညီလာ ခံလို တိုင်းရင်းသားအားလုံး စုဝေးဆွေးနွေးပွဲများ ပြုလုပ်ပေးရန် တိုင်းရင်းသားများ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ လျှောက်ထား ရာတွင် မခွဲခြားဖို့ စသည့်အရေးများလည်း ဆွေးနွေးကြမည် ဖြစ်သည်။

ထိုတွေ့ဆုံမှုမှတဆင့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများ ရှိနေသေးသည်ကို ကုလသမဂ္ဂ အပါအ၀င် အာဆီယံနိုင်ငံကြီးများနှင့် နိုင်ငံတကာမှ သိမြင်လာပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်သွားရန် အစိုးရအား ဖိအား ပေးနိုင်ရန် မျှော်လင့်ကြောင်း ဦးအေးသာအောင်က ယခုလို ပြောသည်။

၎င်းက “အထူးသဖြင့် လက်ရှိအစိုးရက လိုက်နာတာတွေ မလိုက်နာတာတွေကို နိုင်ငံတကာက သိမယ်။ နိုင်ငံတကာက ကျယ် ကျယ်ပြန့်ပြန့် ဆွေးနွေးပြီးတော့ မြန်မာအစိုးရကို ဖိအားပေးမှုတွေ လုပ်နိုင်မှာပါ။”ဟု ဆိုသည်။

မစ္စတာ ကွင်တားနား၏ ကမ်းလှမ်းချက်အရ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ဥက္ကဌ ဦးခွန်ထွန်းဦး၊ ဇိုမီးအမျိုး သားကွန်ဂရက်(ZNC) ဥက္ကဌ ဦးပူကျင့်ရှန်ထန်း အပါအ၀င် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) မှ အထွေထွေအတွင်းရေးမှူး ဦးအေး သာအောင်တို့သည် ဖေဖော်ဝါရီလ ၃ရက်နေ့ ညနေပိုင်းတွင် UNDP ရုံး၌ သွားရောက်တွေ့ဆုံမည် ဖြစ်သည်။

မစ္စတာကွင်တားနားသည် မြန်မာနိုင်ငံကို ပြီးခဲ့သည့် ဇန်န၀ါရီလ ၃၁ရက်နေ့ မှ ၆ရက်တာ ခရီးအဖြစ် လာရောက်ကာ ဖေဖော်ဝါ ရီလ ၄ရက်နေ့တွင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များတွင် တိုင်းရင်းသား ခေါင်ဆောင်များနှင့် သွားရောက်တွေ့ဆုံမည်။

ကွင်တားနား၏ ယခုခရီးစဉ်မှ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး တိုးတက်ပြောင်းလဲမှု တွေ့ရှိချက်များကို စာတမ်းပြုစုပြီး မတ်လ တွင် ပြုလုပ်မည့် ၁၉ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ဆွေးနွေးပွဲတွင် တင်ပြသွားမည် ဖြစ်သည်။

more.gif

10 January 2012

တရုတ်မြန်မာနယ်စပ် နဲ့ လက်နက်မှောင်ခို

ဆင်ဟွာ သတင်း



တရုတ်အာဏာပိုင်တို့ရဲ့ အလိုရှိသည် ကြော်ငြာပေါ်က Ceng Kaigui
တရုတ်ပြည်က ရာဇ၀တ်သားတွေ မြန်မာဘက်မှာ ခိုလှုံနေတာတွေ ရှိပါတယ်။ (အထက် ဖော်ပြပါ ပုဂ္ဂိုလ်ကတော့ တရုတ်ပြည်ထဲ ပြေးနေဆဲလို့ ဆိုတယ်)
စက်တင်ဘာလတုန်းက ဓားပြ ၁၀ ယောက်ကို ဖမ်းရာမှာ ၄ ယောက် မိတယ်၊ ကျန်တဲ့ ၆ ယောက် မြန်မာပြည်ကို ထွက်ပြေးသွားတယ်လို့ Guizhou (ယူနန်ဘေးနားက ပြည်နယ်) မှာထုတ်တဲ့ သတင်းစာတစောင်က ဆိုပါတယ်။

ပြေးနေတဲ့ထဲမှာ ခေါင်းဆောင်ဖြစ်ဟန်တူတဲ့ Zhang ဆိုတဲ့လူနဲ့ နောက်တယောက်ကို မြန်မာဘက်မှာ ခိုလှုံနေတာ ဖမ်းမိတယ်၊ တရုတ်ဘက်ကို စနေနေ့က အပ်လိုက်တယ်လို့ သတင်းစာက ဆိုတယ်။
ကျန်တဲ့ ၄ ယောက် မြန်မာပြည်ထဲ ရှိနေတုန်းပဲလို့ ယူဆနေကြပါတယ်။
တရုတ်အာဏာပိုင်တွေဟာ နန်ကျင်းပြည်နယ်က Ceng Kaigui ဆိုတဲ့ ပုဂ္ဂိုလ် (အထက်က ကြော်ငြာမှာ ပါတဲ့ ဓာတ်ပုံရှင်) ကို ဖမ်းဖို့ ကြိုးစားနေပါတယ်။

လွန်ခဲ့တဲ့ ၈ နှစ်က သူကျူးလွန်ခဲ့တယ် ဆိုတဲ့ ဓားပြမှုတွေမှာ လူ ၇ ဦးသေ၊ အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
သူ့ကို ဖမ်းဖို့ ရဲတပ်ဖွဲ့ဝင် ၁၃,၀၀၀ ချထားတယ်လို့ တရုတ်အမျိုးသားအသံလွှင့်ဌာနက ဒီမနက် ထုတ်လွှင့်သွားပါတယ်။

သူကိုင်တဲ့ ပစ္စတိုက မြန်မာပြည်ဘက်မှာထုတ်တာလို့ သတင်းထဲ ပါတာကြောင့်အသေးစိတ် သိရဖို့ နန်ကျင်းပြည်နယ် ရဲဌာနကို ဧရာဝတီက ဒီနေ့ ဖုန်းဆက်ပေမယ့် အဖြေ မရခဲ့ပါ။
တရုတ်ပြည်မှာ အရပ်သားတွေ သေနတ်ကိုင်ခွင့်ရဖို့ မလွယ်ပါ။ ဒါပေမယ့် ဓားပြတွေ၊ လူဆိုးတွေကတော့ ကိုင်နေတာပါပဲ တဲ့။ သူတို့ကိုင်တဲ့လက်နက်တွေရဲ့ ဇစ်မြစ်ကို လိုက်တဲ့အခါ တရုတ် မြန်မာနယ်စပ်မှာ ခြေရာခံမိတယ်လို့ ဆိုတယ်။
အိန္ဒိယဘက် ၀င်တဲ့ လက်နက်တွေကလည်း တရုတ်မြန်မာနယ်စပ်ကပဲလို့ မကြာသေးခင်က အိန္ဒိယပြည်ထဲရေးဝန်ကြီး ပြောဆိုထားပါတယ်။
လွန်ခဲ့တဲ့ ၃ လ ၀န်းကျင်ကလည်း တိဘက်ဒေသကို သွားမယ့် ပစ္စတို ၈ လက် ၊ ရိုင်ဖယ် ၁ လက် နဲ့ ကျည်ဆံ ၂၀၀ ကျော်ကို တရုတ်က ဖမ်းမိတယ်၊ ဒီကိစ္စအတွက် မြန်မာနိုင်ငံဘက်က လက်နက်မှောင်ခို ၁၇ ဦးကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဆင်ဟွာ သတင်းတပုဒ်မှာ ရေးထားပါတယ်။

more.gif

28 December 2011

ရန်ကုန်မြို့ နေရာသုံးခုတွင် ဗုံးထောင်ရန် ကြံစည်သူနှစ်ဦးကို ဖမ်းမိ



ရန်ကုန်မြို့ လူစည်ကားသော နေရာသုံးခုတွင် တစ်ပြိုင်နက်တည်း ဗုံးဖောက်ခွဲရန် ကြံစည်ခဲ့သူနှင့် သက်သေခံပစ္စည်း လက်ဝယ်တွေ့သူ အမျိုးသားနှစ်ဦးကို ဒီဇင်ဘာလ ၂၁ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။
ဗုံးပေါက်ကွဲခဲ့ပြီးသော လှည်း တန်းလမ်းဆုံ နေရာအပါအဝင်၊ သမိုင်းလမ်းဆုံ၊ စော်ဘွားကြီးကုန်း လမ်းဆုံ စသည့် လမ်းဆုံ ၃ ခု တွင် ဗုံးထောင်ရန် ကြံစည်သူဟု ယူဆ ရသော အမျိုးသား ၃ ဦး အနက် ညီအစ်ကိုနှစ်ဦးဖြစ်သူ စိုင်းတင်မင်းကိုနှင့် စိုင်းတင်မင်းထွန်း တို့ကို အဆိုပါနေ့ရက်က ပဲခူး တိုင်းဒေသကြီး သုံးဆယ်မြို့နှင့် ရန်ကုန်တိုင်း ဒေသကြီး မြောက်ဥက္ကလာပမြို့နယ်တို့မှ သက်သေခံ ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ လက်ရ ဖမ်းဆီးရမိခဲ့ကြောင်း အထက်ပါ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။


ဖမ်းဆီးရမိထားသူ နှစ်ဦး အနက် စိုင်းတင်မင်းကိုမှာ KIA အဖွဲ့သို့ ဝင်ရောက်ခဲ့ကာ ဖောက်ခွဲ ရေးသင်တန်း၊ စစ်သင်တန်းများ တက်ရောက်ခဲ့ဖူးပြီး မြန်မာနိုင်ငံ တွင်းသို့ ပြန်လည်ဝင်ရောက်လာ ပြီးနောက် ဖောက်ခွဲရေး ကိစ္စများ ပြုလုပ်ရန် တာဝန်ပေးခြင်း ခံရ သော်လည်း မပြုလုပ်လို၍ အစ်ကိုဖြစ်သူ စိုင်းတင်မင်းထွန်း၏ နေအိမ်သို့ ရောက်ရှိလာပြီး ၄င်းနှင့် အတူပါလာသော ဖောက်ခွဲရေး ပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်း ထွက်ချက်ပေးခဲ့ကြသည်ဟု ၄င်းက ထပ်လောင်း ပြောကြားသည်။ ရန်ကုန်မြို့ သုံးနေရာကို ဗုံးခွဲရန် တာဝန်ပေးခံရသူ သုံးဦးရှိပြီး ၄င်းတို့အနက် စိုင်းတင်မင်းကိုမှာ တစ်ဦးအပါအဝင် ဖြစ်သော်လည်း အခြား နှစ်ဦးကို မသိသေးကြောင်း ၄င်းက ဆိုသည်။
လူတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ သည့် လှည်းတန်းလမ်းဆုံး ဗုံးခွဲမှု တွင် အဓိကတရားခံဟု ယူဆထား ရသည့် အသက် ၂၃ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး၏ပုံတူပန်းချီကို ရန်ကုန်မြို့ လူစည်ကားရာ နေရာ များတွင် ချိတ်ဆွဲကြေညာထားပြီး သတင်းပေးပါက ဆုငွေကျပ်ငါး သိန်းပေးမည်ဟု ဖော်ပြထားသည်။

ယင်းသို့တောင်းဆိုမှုများနှင့် ဆက်စပ်သော တာဝန်ပေးစေခိုင်းသည့် အဖွဲ့အစည်းကို တရားဝင် ကြေညာခြင်း မပြုသေးသကဲ့သို့ အထက်ပါ သတင်းတွင် ပါဝင် သည့် KIA အဖွဲ့အစည်းကလည်း ၄င်းတို့ လက်ချက်ဖြစ်ကြောင်း ပြောဆိုထားခြင်း မရှိသေးပေ။

http://popularmyanmar.com/mpaper/archives/33158

more.gif

14 December 2011

အကူအညီများ ပြန်ပေးရန် ဂျပန်ဝန်ကြီး မြန်မာပြည် သွားမည်


ချင်းမိုင် (မဇ္ဈိမ) ။       ။ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး ခိုအိချီးရိုး ဂင်းဘား Koichiro Gemba သည် အကူအညီများ
ပြန်ပေးရေး လေ့လာရန် မြန်မာနိုင်ငံသို့ ယခုလ ၂၅ ရက်နေ့တွင် သုံးရက်ကြာ သွားရောက်မည်ဟု ဂျပန်နိုင်ငံခြား
ရေး ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

ပြည်ပအခြေစိုက် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FTUB မှ နာယက ဒေါက်တာမင်းညိုနှင့် အတွင်းရေးမှူး ဦးမောင်မောင်တို့က ဂျပန် ဒုနိုင်ငံခြားရေးဝန်ကြီး မစ္စတာ တိုရှီယူကီ ခါတို Toshiyuki KATO နှင့် သွားတွေ့ဆုံစဉ် အတည်ပြု ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အဓိကကတော့ ကျန်းမာရေး၊ ပညာရေးတို့ပေါ့။ နောက်တခါ ဘီလူးချောင်း လောပိတ စီမံကိန်း ဓာတ်အားပေး စက်ရုံကို ပြင်ဖို့အတွက် ဘာတွေလိုသလဲဆိုတာ လေ့လာပြီးတော့ ပေးဖို့ရှိတယ်” ဟု ဂျပန်နိုင်ငံတွင် နေထိုင်သူ
ဒေါက်တာမင်းညိုက မဇ္ဈိမကို ပြောသည်။
forin
ဂျပန်နိုင်ငံခြားရေး ဝန်ကြီး ခိုအိချီးရိုး ဂင်းဘား Koichiro Gemba (Photo :: AFP)
ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အတိုက်အခံခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် အပြင် တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဟု ဆိုသည်။

၂ဝဝ၃ ဒီပဲယင်း အရေးအခင်းအပြီး ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ချခံရပြီးနောက် ဂျပန် အစိုးရက ပင်လယ် ရပ်ခြား ဖွံ့ဖြိုးရေး အကူအညီ ODA အစီအစဉ်ပါ စီးပွားရေး အကူအညီများကို ရပ်ဆိုင်းထားခဲ့ရာတွင် လောပီတ လျှပ်စစ်စက်ရုံ ပြင်ဆင်ရေးလည်း ပါဝင်ခဲ့သည်။ လူသားချင်း စာနာသည့် အကူအညီများကိုမူ ဆက်ပေးခဲ့သည်။

“ငွေကဒီလို ကွာတာကိုးဗျ။ စီးပွားရေးအကူအညီက ဥပမာ ၁ဝဝဝ လောက်ပေးတယ်ဆိုရင် လူသားချင်း စာနာထောက်ထားတဲ့ဟာက ရာဂဏန်းလောက် ရှိတာကိုး” ဟု ဒေါက်တာမင်းညိုက ပြောသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၏ အောက်တိုဘာလ ဂျပန်ခရီးစဉ်အတွင်း ဂျပန်အစိုးရအနေဖြင့် ကယားပြည်နယ် လောပိတရေအား လျှပ်စစ်စက်ရုံ အမှတ်-၂ ကို မွမ်းမံပေးမည်ဟု ပြောဆိုခဲ့ကြောင်း ဂျပန်နိုင်ငံ မာအိနိချိသတင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီလည်း နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ပါဝင်ခွင့်ရပြီဖြစ်သောကြောင့် ဂျပန်မှ ODA ပေးသည်ကို FTUB က ယခင်ကကဲ့သို့ မကန့်ကွက်တော့သော်လည်း အကူအညီများကို အမှန်တကယ် သုံး/မသုံး စိစစ်ပေးရန်နှင့် လယ်ယာထွက်ကုန် ချောမွေ့စွာ စီးဆင်းနိုင်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍတွင်လည်း ကူညီသင့်ကြောင်း ဒုနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် တင်ပြခဲ့သည်ဟု ဦးမင်းညိုက ပြောသည်။

အာဏာရ ဒီမိုကရက်တစ်ပါတီ အမတ် မစ္စတာ ဂင်းဘားသည် NLD နှင့် အခြားပါတီဝင်များကို ကြားဖြတ်
ရွေးကောက်ပွဲ အပြီး ဂျပန်နိုင်ငံသို့ လာရောက်ရန် သူ၏ခရီးစဉ်အတွင်း ဖိတ်ကြားခဲ့မည်ဟုလည်း မာအိနိချိ သတင်းက ဖော်ပြသည်။

ကြားဖြတ်ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံ ဒီမိုကရက်တစ်အစိုးရအဆင့် ပြောင်းလဲရေးနှင့် အမျိုးသား ရင်ကြားစေ့ရေး အတွက် အားအင်အသစ်များ တိုးလာမည်ဟု ဂျပန်အစိုးရက မျှော်လင့်နေ ကြောင်းလည်း သတင်းတွင် ဆက်ဖော်ပြ ထားသည်။

ODA အစီအစဉ်ကို စီစစ်ထိန်းသိမ်းရေး ဖွဲ့စည်းထားသည့် အထက်လွှတ်တော်ကော်မရှင် အဖွဲ့ဝင်များသည်လည်း
မြန်မာနိုင်ငံသို့ ၂ဝ၁၂ နှစ်ဆန်းပိုင်း တွင်သွားရောက်ရန်ရှိသည်ဟု သိရသည်။

ထို့ပြင် မြန်မာနိုင်ငံက ဂျပန်နိုင်ငံသို့ ပေးချေရန်ရှိသည့် အကြွေးပမာဏစာရင်းသည် နှစ်နိုင်ငံ အကြား ကွာဟနေသဖြင့် ယင်းကိစ္စကိုလည်း ညှိနှိုင်းရေး ပြင်ဆင်နေသည်ဟု သိရသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် ဂျပန်နိုင်ငံသည် နံပါတ် ၁၂ တွင် ရှိပြီး ၂ဝ၁၁ မေလ အထိစာရင်းအရ အမေရိကန်ဒေါ်လာ ၂၁၂ သန်းခန့်ရှိကြောင်း တရုတ် ဆင်ဟွာသတင်းဌာနက အင်္ဂါနေ့တွင် ဖော်ပြသည်။

ဂင်းဘား ၏ ခရီးစဉ်သည် ၂ဝဝ၂ ခုနှစ်က ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရီကို ကာဝါဂူချီ မြန်မာနိုင်ငံ သို့ လာရောက် ခဲ့ပြီးနောက် ၉ နှစ်အတွင်း အဆင့်မြင့် အရာရှိတဦး၏ ခရီးစဉ်တခုဖြစ်လာမည်။

၂ဝ၁၁ စက်တင်္ဘာတွင် နိုင်ငံခြားရေးဝန်ကြီးဖြစ်လာသူ ဒီမိုကရက်ပါတီမှ အောက်လွှတ်တော်အမတ် ဂင်းဘားသည် ဒီဇင်ဘာ ၂၅ မှ ၂၉ ရက်အထိ ၅ ရက်ကြာ ခရီးစဉ်အတွင်း မြန်မာနိုင်ငံအပြင် ထိုင်းနှင့် ကမ္ဘောဒီးယားသို့လည်း လှည့်လည်ဦးမည် ဖြစ်သည်။

more.gif

12 December 2011

အစိုးရနှင့် ကလိုထူးဖောအဖွဲ့ ပမာဏငြိမ်းချမ်းရေးလက်မှတ်ထိုး


မင်းသက်

ကရင်ပြည်နယ်ကို ပြည်ထောင်စုအတွင်းခွဲ ခွဲမထွက်ရန် အပါအ၀င် အစိုးရနှင့် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်အဖွဲ့ကွဲတခုတို့ ပမာဏ ငြိမ်းချမ်းရေးတည်ဆောက်မှုသဘောတူညီချက်ကို ဒီဇင်ဘာ ၁၁ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်ဟု နိုင်ငံပိုင် ရုပ်မြင်သံကြားက ကြေညာသွားသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးသော အဖွဲ့ခေါင်းဆောင် တောင်သာမြို့နယ် အမတ် ဦးအောင်သောင်းဦးဆောင်သော အဖွဲ့ဝင် ၇ ဦးနှင့် ကလိုထူးဖောမှ ဦးစောနန်းဖွယ်ဦးဆောင်သော အဖွဲ့ဝင် ၆ ဦးတို့ ဘားအံမြို့တွင် နိုဝင်ဘာ သုံး ရက်နေ့က ပြုလုပ်သော ပြည်နယ်အဆင့် ပမာဏဆွေးနွေးပွဲမှ ရရှိသော သဘောတူညီချက်များကို အခြေခံပြီး ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ထပ်မံဆွေးနွေးရာက သဘောတူလက်မှတ် ရေးထိုးနိုင်ခြင်းဖြစ်သည်ဟု မြန်မာ့ရုပ်မြင်သံကြား၏ သတင်းတရပ်တွင် ပါရှိသည်။

"ထာဝရ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ဆက်ဆွေးနွေးသွားရန် သဘောတူကြပြီး ကရင်ပြည်နယ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အရေးပါသော အစိတ်အပိုင်းတခုဖြစ်သည့် ကရင်ပြည်နယ်ကိုပြည်ထောင်စုအတွင်းမှ မည်သည့်အခါမှ ခွဲမထွက်ရန် သဘောတူသည်။” ဟု စာချုပ်၏ အချက်အရ သိရသည်။

ကရင်အဖွဲ့၏ ယာယီအခြေပြုဒေသ နယ်မြေဖွံ့ဖြိုးတိုးတက်ရေးနှင့် အဖွဲ့ဝင်များ လူနေမှုဘ၀မြှင့်တင်နိုင်ရန် အလုပ်အကိုင်နှင့် အထောက်အပံ့များပေးရေးတို့လည်း သဘောတူထားကြသည်။

ထို့အပြင် ကလိုထူးဖောအဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကို ဗဟိုအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း သဘောတူလိုက်ကြသည်။

more.gif

21 November 2011

ရောင်းစားခံရတဲ့ မြန်မာကလေး (၇) ဦး တရုတ် ရဲတပ်ဖွဲ့က ကယ်တင်

2011-11-11
တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ယူယောင်းမြို့က အထည်အလိပ် စက်ရုံတစ်ခုမှာ ကျွန်လို ခိုင်းစေခံနေရတဲ့ မြန်မာကလေး ၇ ဦးကို တရုတ် ရဲတပ်ဖွဲ့က မနေ့က ကယ်တင် လိုက်နိုင်တယ်လို့ သိရပါတယ်။
Photo: AFP)
ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် တခုမှာ အရွယ်နှင့်မမျှ အလုပ်လုပ်နေကြသော ကလေးသူငယ်များ ဖြစ်ပါသည်။ (Photo: AFP)
စက်ရုံက ထွက်ပြေးပြီးနောက် အဝေးပြေး လမ်းမကြီးပေါ်မှာ ၃ ရက်လောက် အစာရေစာ ပြတ်လပ်ပြီး ပင်ပန်းကြီးစွာ လမ်းလျှောက်နေတဲ့ မြန်မာ ကလေးငယ် ၂ ဦးကို ရဲက တွေ့ရှိခဲ့တာကြောင့် ကယ်တင်နိုင်ခဲ့တာလို့ အဲဒီဒေသထုတ် သတင်းစာ တစ်စောင်က ဖော်ပြပါတယ်။ အဲဒီ ဆယ်ကျော်သက်ရွယ် မြန်မာကလေး ၂ ဦးဟာ တရုတ် မြန်မာ နယ်စပ်မှာ ကျင်းပတဲ့ အလုပ်သမား ရှာဖွေရေးပွဲ တစ်ခုမှာ စုဆောင်းခံခဲ့ရတာလို့ ဆိုပါတယ်။ စက်ရုံကို စရောက်တာနဲ့ သူတို့ နိုင်ငံကူး လက်မှတ်တွေနဲ့ လက်ကိုင်ဖုန်းတွေကို အလုပ်ရှင်က သိမ်းယူလိုက်ပြီး ထွက်မပြေးအောင် အစောင့်တွေ ချထားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် စက်ရုံကို တံခါးပိတ်ထားပြီး လုပ်ခလည်း လုံးဝ မပေးဘူးလို့ ဆိုပါတယ်။ အလုပ်ရှင်ဆီမှာ လုပ်အားခ တောင်းဆိုတိုင်း အရိုက်ခံကြရတယ်လို့ မြန်မာကလေးတွေက ပြောပါတယ်။ အဲဒီ မြန်မာ ကလေး နှစ်ယောက်ရဲ့ ဖွင့်ဟ ပြောဆိုချက်တွေအရ တရုတ်ရဲတွေက စက်ရုံကို ၀င်ရောက် စီးနင်း ရှာဖွေရာမှာ နောက်ထပ် မြန်မာ ကလေး ၅ ယောက် တွေ့ရှိခဲ့ပါတယ်။ ဒီမြန်မာကလေးတွေ အလုပ်လုပ်ရတဲ့ နေရာဟာ ရွှံ့တွေဗွက်တွေနဲ့ ၀က်ခြံတစ်ခုလို ညစ်ပတ် ပေရေနေတယ်လို့ တရုတ်ရဲတွေက ပြောပါတယ်။ စက်ရုံ ပိုင်ရှင်ကတော့ ရဲတွေ ရောက်မလာခင် ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြောင်း၊ ဒီအမှုကို ရဲက ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရပါတယ်။

more.gif

16 November 2011

စစ်တပ် ချိုးရေအတွက် ရွာသားများ ထမ်းပို့ပေးနေရ


ကန္တာရ၀တီတိုင်း(မ်)

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ ထီးဖိုးကလိုးကျေးရွာအုပ်စုမှ ရွာသားများသည် မိမိတို့ သောက်သုံးရေများကို ရွာပြင်ဘက်သို့ နွားလှည်းများဖြင့် သွားရောက်သယ်ယူကြရသည်။ ရေချိုးလိုပါက နာရီဝက်ခန့် ရှိသည့် အဆိုပါ ရေထွက်ပေါက်နှင့် ရေအိုင်များ ရှိရာသို့ ခြေလျင်ဖြင့် သွားရောက်၍ အသုံးပြုကြသည်။ သို့သော် ထီးဖိုးကလိုးကျေးရွာအုပ်စုအတွင်း၌ အခြေစိုက်ထားသော မြန်မာအစိုးရ တပ်စခန်းများမှ စစ်တပ်များသည် ရွာသားများကဲ့သို့ ရေထွက်ပေါက်များ ရှိရာသို့ ရေခပ်ခြင်း၊ ရေချိုးခြင်းတို့ လုပ်ဆောင်သည်မှာ မတွေ့ရပေ။ အဘယ်ကြောင့်ဆိုသော် အစိုးရတပ်များသည် ၎င်းတို့ သောက်သုံးရန်နှင့် ရေချိုးရန်အတွက် ရေကို ရွာသားများအား နေ့စဉ် ခပ်ခိုင်းပြီး တပ်စခန်းများသို့ လာရောက်ပို့ဆောင်ခိုင်းသည်။

ထီးဖိုးကလိုးကျေးရွာအုပ်စုတွင် စခန်းထိုင်ထားသော အစိုးရတပ် ခလရ ၁၀၂ နှင့် ခမရ ၄၂၇ တို့သည် ၎င်းတို့ တပ်စခန်းများအတွက် ရေကို ထိုကျေးရွာအုပ်စုမှ ကျေးရွာ ၇ ရွာအား တပတ်လျှင် တရက်တရွာစီ အလှည့်ကျ ရေခပ်ခိုင်းသည်ဟု တပ်စခန်းအတွက် ကိုယ်တိုင်ကိုယ်ကျ ရေခပ်ပို့ပေးရသော ဒေသခံရွာသားတဦးက ပြောသည်။
“ရေကို သူတို့ သောက်ရေသုံးရေနဲ့ သုံးတယ်။ နောက်ပြီး သူတို့ အ၀တ်တွေနဲ့ လျှော်တယ်၊ ရေချိုးတယ်” ဟု သူက ပြောသည်။

ရွာသားများသည် အစိုးရတပ်များအတွက် တရက်လျှင် နွားလှည်း နှစ်စီးဖြင့် တစီးလျှင် ၁၅ ဗုံး (အ၀ါရောင် ဆီဗုံးကြီး)ရှိ ရေကို တလှည်းတခေါက်စီ ရေခပ်ပေးရခြင်း ဖြစ်သည်။ ရေထွက်ပေါက် ရှိသည့် နေရာနှင့် တပ်စခန်းသို့ နွားလှည်းဖြင့် သွားရတွင် ၂၀ မိနစ်ကြာသည်။
တပ်စခန်းများအတွက် ရေခပ်ပေးရန် ရွာသားများ ပျက်ကွက်ပါက အစိုးရ စစ်တပ်များမှ ပြစ်ဒဏ်ပေးခြင်းကို ခံရကြောင်း ရွာသားတဦးက ဆက်ပြောသည်။

ကရင်နီပြည်တွင်းတွင် ရေခပ်နေသော ကလေးငယ်များ
ကရင်နီပြည်တွင်းတွင် ရေခပ်နေသော ကလေးငယ်
ကရင်နီပြည်တွင်းတွင် ရေခပ်နေသော ကလေးငယ်များ
ကရင်နီပြည်တွင်းတွင် ရေခပ်နေသော ကလေးငယ်များ
“ရေမခပ်ပေးရင် သူတို့ ရွာဥက္ကဌကို ခေါ်ပြီးတော့ အပြစ်ဒဏ်ပေးတယ်။ နောက်တခေါက် ရေခပ်ဖို့ အလှည့်ကျရင် တခေါက် ခပ်ရမယ့်အစား နှစ်ခေါက် ပိုခပ်ခိုင်းတယ် အဲလိုမျိုး လုပ်တယ်” ဟု သူက ပြောသည်။
အစိုးရတပ်အတွက် လုပ်အားပေး လုပ်ရသည့်အတွက် ရွာသားများ၏ အလုပ်အကိုင်များကို နှောက်ယှက်စေကြောင်း ထီးဖိုးကလိုးကျေးရွာအုပ်စုမှ နောက်ထပ် ဒေသခံရွာသားတဦးက ပြောသည်။
“အလုပ်အကိုင်တွေအတွက် လွဲချော်မှုတွေ ဖြစ်သွားတယ်ပေါ့နော်။ တောရွာတွေမှာ နေတယ်ဆိုတော့ တရက်စာအတွက် တရက်ရှာစားရတယ်။ ပြီးတော့ ကျနော်တို့လို လှည်းမရှိတဲ့ လူတွေအတွက်လည်း သူများတွေဆီမှာ နွားလှည်းလည်း ငှားရတယ်” ဟု ၎င်းက ပြောသည်။
ထီးဖိုးကလိုးကျေးရွာအုပ်စုမှ ကျေးရွာများ ဖြစ်သော ထီးဖိုးကလိုး၊ ထီးသဲကလိုး၊ ဖဲလျား၊ ဒေါဗျာကူး၊ ဒေါလျားခူ၊ ဒေါတဒါးနှင့် ဒေါခူတွဲ တို့သည် အစိုးရတပ်များအတွက် ရေခပ်ပေးရာတွင် ယခင်နှစ်ကတည်းက ယခုအထိ ဖြစ်သည်။
ကရင်နီပြည်နယ်တွင် အစိုးရတပ်များမှ စခန်းချထားသော ဒေသများတွင် ကရင်နီတပ်မတော်တို့ကလည်း လှုပ်ရှားသည့်အတွက် တပ်စခန်း ပြင်ပသို့ ထွက်သွားလျှင် လုံခြုံရေးအတွက် ကြောက်ရွံ့သဖြင့် ရွာသားများကို ရေခပ်ခိုင်းခြင်း ဖြစ်သည်ဟု ကရင်နီလူမှုကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးပင်မဌာန (ကေအက်စ်ဒဗလျူဒီစီ)မှ ဒါရိုက်တာ ဖဲဘူးက ပြောသည်။
“ရေသွားခပ်ဖို့ သူတို့ ပျင်းတာလည်း ပါတယ်။ နောက်ပြီး သူတို့ လုံခြုံရေးအတွက် ကြောက်တယ်လေ။ သူတို့ စခန်း ချတဲ့ ဧရိယာတွေမှာ ကရင်နီတပ်တို့ကလည်း အမြဲတမ်း လှုပ်ရှားနေတယ်။ အဲဒါ သူတို့ တပ်စခန်း အပြင်သို့ ရေသွားခပ်ရင် ကရင်နီတပ်တို့က အလစ်သုတ် ချုံခိုတိုက်ခိုက်မှာကို ကြောက်လို့ ရွာသားတွေကို ရေခပ်ခိုင်းတာ” ဟု ၎င်းက ပြောသည်။
ကရင်နီဒေသတွင် အစိုးရတပ်များ၏ တပ်စခန်း တခုလျှင် လူအင်အား အနည်းငယ်သာ ရှိသည့်အတွက် တပ်သားများကို တပ်စခန်း ပြင်ပသို့ ရေသွားခပ်ခိုင်းလျှင် ထွက်ပြေးကြမှာကို စိုးရိမ်ကြခြင်း ဖြစ်သည်ဟု ဖဲဘူးက ဆက်ပြောသည်။
ကရင်နီပြည်နယ်တွင် ဒီးမော့ဆိုမြို့နယ် ထီးဖိုးကလိုးကျေးရွာအုပ်စု၌ အခြေစိုက်ထားသော အစိုးရတပ်များအပြင် အခြားမြို့နယ်မှ အစိုးရတပ်များကလည်း ရွာသားများကို ရေခပ်ခိုင်းသည့် အလုပ်များ ခိုင်းနေကြောင်း သိရသည်။

more.gif

ရိက္ခာပို့ရာလမ်းတွင်မော်တာဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံများ ထိတ်လန့်



နိုဝင်ဘာလ ၁၆ရက်။ နန်းသူးလေ (ကေအိုင်စီ)

ပဲခူးတိုင်း-ကျောက်ကြီးမြို့နယ်မှ ၎င်းတို့ရှေ့တန်းတပ်စခန်းချရာ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်နှင့် ထိုင်း-မြန်မာနယ်စပ်သို့ ရိက္ခာ ပို့ဆောင်ပေးနေသည့် မြန်မာအစိုးရ စစ်တပ်များသည် ၎င်းတို့ရိက္ခာပို့ဆောင်ရာ လမ်းတလျှောက်ရှိ မသင်္ကာဖွယ်ရာ နေရာများ ကို မော်တာဖြင့် ပစ်ခတ်သောကြောင့် ဒေသခံများ ထိတ်လန့်နေကြသည်ဟု သိရသည်။

၎င်းမော်တာလက်နက်ကြီးများကို မြန်မာအစိုးရတပ် တပ်မ(၁၀၁) လက်အောက်ခံတပ်ရင်း(၆)ရင်းတို့က အလျဉ်းသင့်သလို ပစ် ခတ်ခဲ့ခြင်းဖြစ်သော်လည်း ယခင်နှစ်ထက် ပိုမိုဆိုးရွားကြောင်း ဖာပွန်မြို့နယ်ရှိ ရာပလိုဒဲ ရွာခံတဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ကားလမ်းတလျှောက်လုံး စစ်တပ်ချထားတာ။ သူတို့(အစိုးရတပ်) မသင်္ကာတဲ့ ကားလမ်းနံဘေးနဲ့ မနီးမဝေး တောင် ယာမှန်သမျှ လက်နက်ကြီးနဲ့ လှမ်းထုတာပဲ။ တောင်ယာလုပ်တဲ့သူတွေလဲ ကြောက်ကြလို့ တချို့ဆိုတောင်ယာတွေကို မရိတ် သိမ်းနိုင်တော့ဘူး။ လက်နက်ကြီးတွေ သူတို့ရွာတွေကို လာထိမှာစိုးလို့ မသွားရဲမလာရဲ ဖြစ်နေကြတယ်။”ဟု ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းမှ စတင်ပြီး အစိုးရစစ်တပ် ခြေလျင်တပ်ရင်း ခလရ(၂၃၅)၊ (၂၅၄)၊ (၂၅၈)၊ (၂၅၅)၊ (၂၅၉)နှင့် ခြေမြန်တပ်ရင်း ခမရ(၄၃၉)တို့က ၎င်းတို့စခန်းချရာ နေရာများသို့ ဆန်၊ ဆား၊ ပဲ၊ နို့ဆီ စသည့်ရိက္ခာများကို ကား၊ မြင်းများဖြင့် တာဝန်ယူ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

အစိုးရ ရိက္ခာပို့ဆောင်နေသည့် တပ်စခန်းများမှာ ကျောက်ကြီးမြို့နယ်ရှိ ဘင်းပြာ၊ ကာတယ်၊ ဆောမီလူ၊ ခိုဖလလေးခို၊ မူသယ် စခန်းများနှင့် ဖာပွန်မြို့နယ်ရှိ ကစယ်တကွီး၊ ပေါ်ခေးခို၊ ဖလာ့ခို၊ ကူခွါးခို၊ ကော်သွေးစိုး၊ မော်ဖူး၊ လယ်ကလေးစိုး၊ ဆောထာ့ စသည့်စခန်းဖြစ်သည်ဟု သိရသည်။

အစိုးရတပ်သည် တပ်ရိက္ခာများ ပို့ဆောင်သည့်ကာလအတွင်း လက်နက်ကြီးများ ပစ်ခတ်မှု ပြုလုပ်လာသည့်နေ့မှစ၍ ဖာပွန် မြို့နယ်ရှိ စာသင်ကျောင်းအချို့ကိုလည်း ဖွင့်လိုက်ပိတ်လိုက်လုပ်နေကြရပြီး ကလေးငယ်များမှာ ကောင်းမွန်စွာ စာသင်ကြား နိုင်ခြင်း မရှိကြောင်း ဖာပွန်ဒေသတွင် လှုပ်ရှားနေသည့် ကရင်ကျောင်းဆရာလုပ်သားများအဖွဲ့-Karen Teacher Working Group(KTWG) က ပြောသည်။

KTWG မှ စောအယ်ဒိုဝါးက “အခု ရိက္ခာသယ်တာလည်း မပြီးသေးဘူး။ ဘယ်တော့ပြီးမလဲ အတိအကျ မသိနိုင်သေးဘူး။ လောလောဆယ် သူတို့ ရိက္ခာပို့တဲ့ ကားလမ်းဘေးက ရွာက စာသင်ကျောင်းတွေ ဖွင့်လိုက် ပိတ်လိုက် လုပ်နေရတယ်။ ဘယ် နှစ်ကျောင်းလဲဆိုတာတော့ ကျနော်တို့ စုံစမ်းနေဆဲပဲ။”ဟု ပြောဆိုသည်။

ကျောက်ကြီးမြို့နယ်မှ ကျွဲခြံ၊ ချောမီလူ၊ အောင်စိုး မိုး၊ မူသယ်(ရွာပျက်)၊ ဖွာ့ဝေါ်(ရွာပျက်)နှင့် ဖာပွန်မြို့နယ်မှ ယူဝါးဒဲ၊ ဖယ် လယ်ဒဲ၊ သူးဘီးဒဲ၊ သာသွီးဒဲ၊ ဝေနော်ဒဲ၊ ဟီဖိုးဒဲ၊ တာအိုဒဲ၊ ပတေဒဲ၊ ပဒဲဒဲ၊ တေးမူဒဲ၊ ကော်ဝဲဒဲ၊ ဘောလိုဒဲ၊ ကူဒေး၊ သဒါးဒဲ၊ တခေါ့ တိုဘော၊ ၀ါလော်မူဒဲ၊ လာအဲဒဲ၊ ယာပလိုဒဲ၊ ပေါမူဒဲ၊ သက်ထီး စသည့်ရွာများမှာ အစိုးရတပ် ရိက္ခာပို့ရာ ကားလမ်းဘေးတစ် လျှောက်ရှိ ကျေးရွာများ ဖြစ်သည်။

more.gif