Showing posts with labelး. Show all posts
Showing posts with labelး. Show all posts

10 November 2010

သူမ လွတ်လာလျှင် ရွေးကောက်ပွဲ မသမာမှု ကို စုံစမ်းဖော်ထုတ်ရန် ကူညီမည် ဟု ဒေါ်အောင်ဆန်းစုကြည် ကပြော

Freedom News Group မှ..


ပြန်လည်လွတ်မြောက်လာလျှင် လုပ်ဖော်ကိုင်ဖက်များ အပြင် အခြားနိုင်ငံရေး ပါတီ များပါ ရွေးကောက်ပွဲဉ် မသမာ လုပ်ခံရမှုကို စုံစမ်းဖော်ထုတ်သွားမည်ဖြစ်သည်
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမ ပြန်လည် လွတ်မြောက်လာလျှင်
မိတ်ဆွေ လုပ်ဖော် ကိုင်ဖက် များ အားရွေးကောက်ပွဲ တွင် ပြိုင်ဘက် ပါတီ များ က မသမာ သောနည်းကို
သုံး ၍ မဲလိမ်ခံရခြင်း ကို ကူညီစုံစမ်းဖော်ထုတ် ဖြေရှင်း ပေးသွား မည် ဟု ပြောကြားသည် ဟု ဒေလီး
တယ်လီဂရဖ် သတင်းစာ တွင် ဖော်ပြထားသည်။ဒေါ်အောင်ဆန်းစုကြည် အား ယခု သီတင်းပတ် အတွင်း နေအိမ် အကျယ် ချုပ် မှ ပြန်လည် လွှတ်ပေး
လိမ့်မည် ရန်ကုန် နိုင်ငံရေး အသိုင်းအ၀ိုင်း နှင့် သံတမန် အသိုင်းအ၀ိုင်းမှ လာသောသတင်းများ အရသိရသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်
ပွဲတွင် နိုင်ငံတ၀ှမ်း ဉ် နိုင် ပြည်သူလူထု ထောက်ခံမှု ကြောင့် အနိုင်ရပါတီ ဖြစ်ခဲ့သည်။

more.gif

ခြင်္သေ့ အကုန်ကြုံး

ဧရာဝတီ

မဲစာရင်း ရလဒ်တွေက ရေတွက်လိုက်တော့ အဟုတ်သား၊ ကြံ့ဖွံ့မှတပါး တခြားပါတီတွေက ကိုယ်စားလှယ်တွေ နိုင်တယ်။ ဟော ... မြို့နယ်ကော်မရှင် လက်ထဲလည်း ရောက်ရော အကုန်ပြန်ရှုံးကြပါရောလား ...။

တောင်ဥက္ကလာကနေဝင်တဲ့ တသီးပုဂ္ဂလ အမတ်လောင်း ဒေါက်တာ စောနိုင် အဖြစ်ကိုပဲ ဥပမာ ကြည့်ကြစို့။

၈ ရက်နေ့ မနက်မှာ ရှုံးနေတယ်။ ညကျတော့ ဒေါက်တာ စောနိုင် နိုင်ပါတယ်လို့ ကော်မရှင်က အကြောင်းကြားတယ်။ အနိုင်ရလဒ်မှာ လက်မှတ်လည်း ထိုးပေးလိုက်တယ်။

၁၀ ရက်နေ့ ညကျတော့ ရုပ်သံက ကြေညာသွားတယ်။ ဒေါက်တာ စောနိုင် ရှုံးပါတယ်တဲ့။ ဒီနေ့ထုတ် သတင်းစာမှာလည်း ပါလာတယ်။

ရွေးကောက်ပွဲ မဲရလဒ်ဆိုတာ လိုတိုး ပိုလျှော့ ဒီလို လုပ်လို့ ရပါသလား။ စစ်အစိုးရပြောတဲ့ လွတ်လပ်ပြီး တရားမျှတတယ်ဆိုတာ ဒါပါလား။ လွတ်လပ်တာတော့ မှန်တယ်။ လွတ်လွတ်လပ်လပ်ကို မဲခိုးတာမို့ပါ။ တရားတော့ မမျှတဘူး ပြောရမှာပဲ။

အရပ်ထဲမှာတော့ ကလေးတွေက ဒီလို ပြောကြပါတယ်တဲ့ ...

မနက်နိုင် ညရှုံး
ခြင်္သေ့ အကုန် ကြုံး

more.gif

ယနေ့တိုက်ပွဲသတင်းများ (၁၁ ရက် နိုဝင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ ၁၁ ရက် နိုဝင်ဘာလ ၂၀၁၀

မြန်မာစံတော်ချိန်..... ၈ နာရီ ၃၈ မိနစ်
-----------------------------------------------------------------------

နံနက်(၈ နာရီ ၅၂ မိနစ်)

နံနက်(၈ နာရီ ၃၈ မိနစ်) သျှမ်းပြည်တပ်မတော်မှ ဒီကေဘီအေအား ၀ိုင်းဝန်းကူညီပံ့ပိုးရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း ကြေညာချက်တစောင် ယမန်နေ့က ထုတ်ပြန်လိုက်ပါတယ်။ ထိုကြေညာချက်ကို ဖတ်ရှုရန် ယခုလင့်ကို နှိပ်ပါ။

နံနက်(၈ နာရီ ၁၈ မိနစ်) နအဖ ဘက်က ၉ ရက်နေ့ ဘုရားသုံးဆူ၊ မြ၀တီမြို့တွေမှာ ဖြစ်ပေါ်နေတဲ့ ဒီကေဘီအေနဲ့ နအဖ စစ်တပ်တို့ရဲ့ တိုက်ပွဲကိစ္စတွေနဲ့ ပက်သတ်ပြီး အပြန်အလှန် သတင်းတင်ပို့တဲ့ ကြေးနန်း စာတစောင် ယနေ့လည်း ထပ်မံ ထွက်ရှိလာပါတယ်။ မနေ့တုန်းကလည်း ၈ ရက်နေ့က တိုက်ပွဲအခြေအနေ ကြေးနန်းစာတစောင်လည်း ထွက်ပေါ်ခဲ့ပြီးပါပြီ။ ယခုကြေးနန်းစားစာက နအဖ စစ်တပ် ကြေးနန်းရေးသားပုံ ရေးသားနည်း မဟုတ်ဘူးလို့ ပြောဆိုနေကြပါတယ်။ တကယ့်ကြေးနန်းလား ဟုတ်မဟုတ် မသေချာပါဘူး။ ကိုယ်ပိုင် သုံးသပ်ချင့်ချိန်နိုင်ပါတယ်။ ကြေးနန်းစာကို ဖတ်ရှုရန် ယခုလင့်ကို နှိပ်ပါ

နံနက်(၈ နာရီ ၆ မိနစ်) ဘုရားသုံးဆူဒေသတွင် ယနေ့မနက် ၄ နာရီကျော်က စပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပါတယ်။ ယခုအချိန်အထိ ပစ်ခတ်မှုများ ဖြစ်ပေါ်နေပြီး ဒီကေဘီအေ ဘက်မှ တပ်ရင်း ၉၀၆ နဲ့ ၉၀၇ တို့ဖြစ်ပြီး နအဖ စစ်တပ် ဘက်မှ တပ်မ ၄၄ လက်အောက်ခံ ခလရ ၂၈၃ နဲ့ ခမရ ၄၀၅ တို့ တဖက်နဲ့တဖက် အပြန်အလှန်ပစ်ခတ်နေတာပါ။ ဘုရားသုံးဆူဒေသဘက်ကို နအဖ ဘက်မှ တပ်မ ၂၂ ကို စစ်ကူလွှတ်ထားလို့လည်း နောက်ဆုံးရ သတင်းများအရ သိရှိရသည်။

more.gif

မြန်မာ နိုင်ငံ၏ ပကတိအခြေအနေသည် ဒေသတွင်း နိုင်ငံများ၏ လုံခြုံရေး အတွက်ပါ စိုးရိမ်ဖွယ်ရာ ဖြစ်နေ၍ အမေရိကန် ရေတပ် အုပ်စု မြန်မာ့ ရေပိုင်နက် နားတွင် အသင့်ရှိနေတော့မည်

Freedom News Group မှ..

မြန်မာ နိုင်ငံ ၏ ရွေးကောက်ပွဲလွန် ကာလ အခြေအနေများသည် ဒေသတွင်း နိုင်ငံများ ၏ လုံခြုံရေး အတွက် ပါ စိုးရိမ် ဖွယ်ရာ ဖြစ်နေ သဖြင့် ထိုင်း ရေပိုင် နက် အတွင်း နှင့်တောင်တရုတ် ပင်လယ်တွင် ရှိနေသော အမေရိကန်စစ်သင်္ဘော အချို့ သည် မြန်မာ ရေပိုင် နက် အနီးတွင် မကြာခဏကင်းလှည့်ပြီး အသင့်အနေအထား ရှိနေတော့ မည် ဖြစ်ကြောင်း ထိုင်းဘုရင့်တပ်မတော် မှအကြီးတန်း အရာရှိ တစ်ဦးက Freedom News Group သို့ ပြောသည်။မြန်မာ စစ်တပ် နှင့် တိုင်းရင်းသား လက်နက် ကိုင်များ အရေးသည် နိုင်ငံ၏ ပြည်တွင်းစစ်အသွင် ဆောင်သွား နိုင်ကာ ဆက်စပ်လျှက် ရှိသော နိုင်ငံများ ၏ လုံခြုံရေး ကိုပါ ထိပါးနိုင်သည့် အခြေအနေရှိ သောကြောင့် အမေရိကန် ရေတပ်က နိုင်ငံရေပိုင် နက်တွင် ပုံမှန်ကင်းလှည့်မှု ပြုပြီး အသင့် အနေအထား ဖြင့် အနီးကပ် စောင့်ကြည့် မည်ဟု သိရသည်။

မြန်မာ နိုင်ငံ အရှေ့ တောင်ဘက်ခြမ်း တွင် ဖြစ်ပွားလျှက် ရှိသည့် လူမျိုးစု ဒေသန္တရ စစ်ပွဲတွင် လက်နက် ကြီးများ ပစ်ခတ်မှု သည် အိမ်နီးချင်း ထိုင်းနိုင်ငံ ထဲ ထိပါကျရောက်လျှက်ရှိကာ ဒုက္ခသည် များ အစုလိုက် အပြုံလိုက် ထွက်ပြေး ရမှု သည် ဆယ်စုနှစ် နှစ်စု အတွင်းအိန္ဒိယ အရှေ့ ဘက်ခြမ်း အာရှ တွင် ပထမ ဦးဆုံး အကြိမ် ဖြစ်သည် ဟု ဥတပေါ လေဆိပ်တွင် တာဝန် ထမ်းဆောင် သည့် အမေရိကန် စစ်ဘက်ဆိုင်ရာ ၀န်ထမ်း တစ်ဦးကFreedom News Group သို့ ပြောသည်။

more.gif