Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts

28 July 2011

ဗဟန်း (၃) လမ်းကရေမြောင်းထဲ ကျသွားတဲ့ ကလေးကိုရှာနေကျစဉ်




၀၁၁-ဇူလိုင်လ ၂၇ နေ့ညနေပိုင်း မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ဗဟန်း (၃) လမ်းက ရေမြောင်းထဲကို ၄တန်းကျောင်းသူလေးတစ်ယောက်မျှော​ပါပျောက်ဆုံးသွား တာကို ကြက်ခြေနီ၊စည်ပင်၊ရပ်မိရပ်ဖများ​နှင့်ပတ်ဝန်ကျင်မှလူများက ရှာဖွေနေကြစဉ်

၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦး ရေနုတ်မြောင်းအတွင်း ပြုတ်ကျ ပျောက်ဆုံး … (နောက်ဆက်တွဲ)

နောက်ဆုံးရရှိသော သတင်းများအရ ရေနုတ်မြောင်းအတိုင်း မျောပါသွားသော မိန်းကလေးမှာ ရေစီးအတိုင်း နှစ်မိုင်ခန့် မျှောပါသွားပြီး တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ဝန်ထမ်းအိမ်ယာ ရေနုတ်မြောင်းအတွင်း၌ ဇူလိုင်လ ၂၇ ရက် ည ဂ နာရီ ၁၅ မိနစ်ခန့်က အသက်သေဆုံးလျက် ပြန်လည် တွေ့ရှိခဲ့ကြောင်း ယင်းဝန်ထမ်းအိမ်ယာတွင် နေထိုင်သူများက ပြောကြားသည်။
ညဘက် ကင်းလှည့်တဲ့ ဝန်ထမ်းတွေက စတွေ့ပြီး ကယ်ဆယ်ရေးတွေကို အကြောင်းကြားလိုက်တာ ဟု ယင်းအိမ်ယာနေ ဒေါ်မိစန်းက ဆိုသည်။

more.gif

29 May 2011

သန်းရွှေတို့  သိန်းစိန်တို့  ဒီလို မုဒိန်းကျင့် လူသတ်တာကို ဘယ်လိုအရေးယူဆောင်ရွက်ကြမှာလည်း။

http://niknayman-niknayman.blogspot.com/




ရန်ကုန်တိုင်းရဲမှူးရဲ့တူက အဓမ္မပြုကျင့်ကာ လူသတ်မှု ကျူးးလွန်မှုတခု ရန်ကုန်မှာ ဖြစ်ပွားခဲ့တယ်လို့  သိရှိရပါတယ်။



မေလ (၂၂) ရက်နေ့  ည (၈) နာရီနဲ့  (၉) နာရီခန့်  ဝန်းကျင်မှာ ရန်ကုန်တိုင်း ရဲမှုး ဦးအောင်ဒိုင်းရဲ့  တူ ဦးကိုကိုဇော်ဟာ အသက် (၁၅) အရွယ် လက်ဖက်ရည်ဆိုင်ဝန်ထမ်း အမျိုးသမီးငယ် တဦးကို အလိုမတူဘဲ သားမယားအဖြစ်အဓမ္ဓ ပြုကျင့်ပြီးနောက် ဓားမြှောင်ဖြင့် ထိုးသတ်မှုတခု ဖြစ်ပွားခဲ့တယ်လို့  သိရပါတယ်။

အခင်းဖြစ်ပွားရာ မေလ (၂၂) ရက်နေ့  ည ၈ နာရီ၊ ၉ နာရီ ဝန်းကျင်ခန့် မှာ ရန်ကုန်တိုင်း၊ လှိုင်မြို့ နယ် အမှတ်(၂) ရပ်ကွက် လှိုင်မြစ်လမ်း အမှတ် (၁၈၈)၊ မြန်မာနိင်ငံ ရဲတပ်ဖွဲ့ ဝန်ထမ်းရိပ်သာ အောက်ထပ်မှာ ဖွင့်လှစ်ထားတဲ့ “ကောင်းကျော်ကြား” လက်ဖက်ရည်ဆိုင်မှ ဆိုင်ဝန်ထမ်း အမျိုးသမီးငယ်တစ်ဦးဖြစ်တဲ့ အဖ ဦးစိန်ကုလား၊ အမိ ဒေါ်စန်းစန်းမြင့်တို့ ရဲ့  သမီး အသက် (၁၅) နှစ်ခန့် ရှိ မအေမီလွင် ဆိုသူကို ရန်ကုန်တိုင်း ရဲမှုး ဦးအောင်ဒိုင်းရဲ့ တူ ဦးကိုကိုဇော်က အလိုမတူဘဲ သားမယား ပြုကျင့်ခဲ့ပြီး၊ ပြုကျင့်ခံရသူ အမျိုးသမီးငယ်က သက်ဆိုင်ရာကို တိုင်ကြားမယ်လို့ ” ပြောဆိုတဲ့ အခါမှာ မတရားပြုကျင့်သူ ဦးကိုကိုဇော်က စတီးဓားမြေၟာင်နဲ့  ထိုးသတ်လိုက်တာလို့ ႛ သိရပါတယ်။

အခင်းဖြစ်ပွားပြီးနောက် အနီးပတ်ဝန်းကျင်ရှိ ပြည်သူများ သိရှိလာတဲ့အခါမှာ မအေမီလွင်ရဲ့  အသက်ကို ကယ်တင်နိုင်ရန် ယုဇနဆေးခန်းမှ ဒေါက်တာ တင်အောင်ကြိုင်အား ခေါ်ယုကုသပါသော်လည်း ဆရာဝန်မှ လာရောက်ကြည့်ရှူပြီး သူ ကုသနိုင်ခြင်းမရှိသဖြင့် ဆေးရုံသို့  ပို့ ရန် ညွှန်ကြားခဲ့ပါတယ်။ သို့ သော် ဒဏ်ရာမှာ ပြင်းထန်လွန်းလှသဖြင့် ဆေးရုံမှာဘဲ ကွယ်လွန်သွားခဲ့ပြီး ပြီးခဲ့တဲ့ (၂၆) ရက်နေ့  က သေဆုံးသူကို သဂြိုင်္လ်ခဲ့ကြတယ်လို့  သိရှိရပါတယ်။

တရားခံအဖြစ် စွပ်စွဲခံရသူ ဦးကိုကိုဇော်က ဆိုင်ရှိ ၀န်ထမ်းတွေကို သက်ဆိုင်ရာက လာရောက်စစ်ဆေးတဲ့အခါမှာ နောက်ပြောင်ရင်း မတော်တဆ ထိုးမိတာပါလို့  ထွက်ဆိုရန် ခြိမ်းခြောက်ဖိအားပေးမှုတွေ ပြုလုပ်ခဲ့တယ်လို့  သိရှိရပါတယ်။ ဒါကြောင့် ပိတောက်ချောင်း ရဲစခန်းမှ တာဝန်ကျအမှုစစ် ဒု-ရဲအုပ် မိုးကျော်က ပုဒ်မ ၃၀၄ (က) လူသေမှုနဲ့ သာ အမှုဖွင့် အရေးယူခဲ့ပါတယ်။


သို့ သော် ရန်ကုန် ပြည်သူ့ ဆေးရုံမှ တာဝန်ကျ ဆရာဝန်တွေက သေဆုံးသူ အမျိုးသမီးငယ်ကို ခွဲစိတ်စစ်ဆေးရာ ဝမ်းဗိုက် အူမကြီးဘေးတွင် ပြတ်ရှနေပြီး ခန္ဓာကိုယ်တွင်း သွေးထွက်လွန်ကာ သေဆုံးရခြင်းဖြစ်ကြောင်း၊ အမျိုးသမီးငယ်ရဲ့ မိန်းမကိုယ် အဂါင်္မှာလည်း သွေးထွက်ဒဏ်ရာရရှိမှုကို တွေ့ ရှိသဖြင့် မသေဆုံးမီ အဓမ္မပြုကျင်းခြင်းခံရကြောင်း ထင်ရှားနေသဖြင့် သွေးစွန်နေတဲ့ သေဆုံး အမျိုးသမီးရဲ့ အတွင်းခံ ဘောင်းဘီကို ဓာတုဗေဒ ဆေးစစ်ချက် ရယူရန် ညွှန်ကြားတဲ့အခါမှာသာ လူသတ်မှု ပုဒ်မ ၃၀၂ သို့  ပြောင်းလဲ အရေးယူခဲ့ကြောင်း သိရပါတယ်။


သို့ သော်လည်း လူသတ် တရားခံအဖြစ် စွပ်စွဲခံရသူ ဦးကိုကိုဇော်အား ဖမ်းဆီးချူပ်နှောင်ထားခြင်း မရှိဘဲ ယခုအချိန်ထိ နယ်ထိန်းရုံးခန်းအတွင်းတွင် လွတ်လပ်စွာ နေထိုင်ခွင့်ပြုထားတယ်လို့  သိရှိရပါတယ်။

ဒါအပြင် စွပ်စွဲခံရသူရဲ့  အသိုင်းအ၀န်းဟာ ရန်ကုန်တိုင်း ရဲမှူးကြီးရဲ့  အရှိန်အ၀ါကို အသုံးပြုပြီး ပုဒ်မ ၃၇၆ မုဒိန်မှုကို ထိန်ချန်ထားရန် ဓါတုဗေဒ၀န်သို့  စစ်ဆေးရန် ပေးပို့ ခိုင်းတဲ့ သေဆုံးသူရဲ့  သွေးစွန်းနေတဲ့ အတွင်းခံဘောင်းဘီကို လဲလှယ်ဖျောက်ဖျက်ရန် ကြိးစားနေတယ်လို့  သေဆုံးသူရဲ့  ဆွေမျိုးသားချင်းတွေနဲ့  ပါတ်ဝန်းကျင်ပြည်သူတွေရဲ့  ပြောကြားချက်အရ သိရှိရပါတယ်။

သန်းရွှေတို့  သိန်းစိန်တို့  နိုင်ငံရေးသမားတွေကိုကျတော့ နှစ်ပေါင်း ၆၀ ကျော်တွေ အကျဉ်းချထားပြီး ဒီလို မုဒိန်းကောင် လူသတ်သမားကျတော့ ဘယ်လောက်အတိုင်းအတာထိ အရေးယူမှာလည်း။

more.gif

26 March 2011

တာချီလိတ် နောက်ဆက်တွဲ ငလျင် အခြေအနေ

ဧရာဝတီ

ပေးဝေထားသော အစားအသောက်ထုပ်များနှင့် တွေ့ရသော ကိုရင်များနှင့် ကျောင်းသား (Photo - Getty Images)

ဒီနေ့ မတ်လ ၂၇ ရက်နေ့မှာ တာချီလိတ်မှာ မိုးရွာပြီး နံနက် ၃ နာရီ၊ ၅ နာရီနဲ့ ၇ နာရီတို့မှာ နောက်ဆက်တွဲ ငလျင် ထပ်လှုပ်ပါတယ်။ ဒေသခံတွေကတော့ ကျီးလန့်စာစား ဖြစ်နေပြီး မိုးကလည်း ရွာနေတော့ ကွင်းပြင်တွေမှာ ထွက်ပြီးနေရတဲ့ လူတွေ တော်တော် ဒုက္ခရောက်ပါတယ်။ နေစရာမရှိ ဖြစ်နေတယ်။

အကူအညီပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများကို မေးမြန်းကြည့်ချက်အရ သေဆုံးသူ စုစုပေါင်း ၃၀၀ အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီဒေသကို ရောက်ရှိနေတဲ့ မျက်မြင်များရဲ့ သတင်းပေးပို့ချက်အရ လူမှုဝန်ထမ်း ကယ်ဆယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ကိုယ်တိုင် အဲဒီမှာ ရောက်ရှိနေပေမယ့် ဘာကယ်ဆယ်ရေး စခန်းမှ မယ်မယ်ရရ မရှိပါဘူးတဲ့။ အခြေအနေဆိုးတဲ့ တာလေမြို့နယ်ဘက်ကို အရပ်ဖက် အလှူရှင်များက လိုအပ်တာတွေ စုဆောင်း လှူဒါန်းနေတာမျိုးပဲ ရှိပါတယ်တဲ့။
(Photo - Reuters)

တာချီလိတ် ဆေးရုံကို သွားကြည့်တော့ လူနာတွေကို အဲဒီမှာ အခြေစိုက်တဲ့ တပ်ရင်း ၃၃၁ နဲ့ ၃၅၉ တို့ဆီကို ရွှေ့သွားပြီလို့ ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မီဒီယာသမားတွေ ရောက်ရှိလာတဲ့အတွက် အခြေအနေတွေကို မသိစေချင်လို့ အထက်က ညွှန်ကြားတာကြောင့် စစ်တပ်ထဲ ရွှေ့ပြောင်းထားတာ ဖြစ်တယ်လို့ ပြောပါတယ်။

တရုတ်ကတော့ မြန်မာငလျင်အတွက် အလှူငွေ ဒေါ်လာ ၅ သိန်းပေးမယ်လို့ ကမ်းလှမ်းလိုက်ပြီး အိန္ဒိယကတော့ အကူအညီပေးရေး အဖွဲ့တွေ စေလွှတ်ဖို့ အသင့်ပါလို့ အသီးသီး ပြောဆိုထားကြပါတယ်။

more.gif

26 February 2011

ကျပ်ငွေ အတု များ ပြည်သူကြား ပျံ့ နှံ့ နေ

ယခုအခါ မြန်မာပြည်သူများအကြား ကျပ်ငွေ အတုများ ပျံ့နှံ့လျက်ရှိနေကြောင်း တွေ့ရှိရသည်။ အထူးသဖြင့် ပြည်သူများအကြား ပျံ့နှံ့လျက်ရှိသော ကျပ်ငွေအတုမှာ ကျပ်တစ်ထောင်တန်(အသေး)ဖြစ်ကြောင်း သိရှိရသည်။
(မှတ်ချက်။ ။ငါးထောင်ကျပ်တန်အတုများလည်း ပြည်သူအကြား ပျံ့နှံ့နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးဖြစ်သည်။)

တွေ့ ရရှိသော တစ်ထောင်တန် ကျပ်ငွေ(အသေး)အတုကို အစစ်နှင့် နှိုင်းယှဉ်ကာ ပူးတွဲပြသလိုက်ရပါသည်။



တစ်ထောင်တန်အတုတွင် ခြသေ့င်္ပုံ+၁၀၀၀ ရေစာ မပါရှိပါ။ K 1000 စာသားရိုက်နှိပ်ထားသော ငွေရောင်ကြိုး မြှပ်ထားခြင်းလည်း မရှိဘဲ ငွေမှင်ကို အပေါ်ယံသာ ရိုက်နှိပ်ထားသည်ကို တွေ့ရသည်။ အတုငွေစက္ကူသားမှာ အစစ်ငွေစက္ကူသားကဲ့သို့ ဗြုတ်ကလေးများမပါရှိပါ။ အတုငွေစက္ကူသားကို ပွတ်ကြည့်က ချောမွတ်နေပြီး အစစ်ငွေစက္ကူသားမှာ အနည်းငယ် ကြမ်းရှပါသည်။ အတုငွေစက္ကူ၏မင်စိမ်းအရောင်မှာ အစစ်ငွေစက္ကူသား၏မင်စိမ်းအရောင်နှင့်လည်း မတူပါ။ (တွေ့ရှိရသော တစ်ထောင်တန် ငွေစက္ကူအတု၏ မင်ရောင် အစိမ်းသည် အစစ်ထက် ပိုရင့်လျက်ရှိနေသည်) (ပူးတွဲပါပုံများကို ရှု)



အပေါ်ယံကြည့်လျှင် အစစ်နှင့်အတု မှာ သာမန်ပြည်သူများအဖို့ ခွဲခြားရခက်သည်ကိုလည်း တွေ့ ရှိရသည်။

ငွေစက္ကူအတုကို နွမ်းအောင်လုပ်ထားပြီးမှသာ ပြည်သူများအကြား ဖြန့်ဝေလေ့ရှိသည်ကိုလည်း တွေ့ရသည်။

လွှတ်တော်အတု၊ အစိုးရအတုတို့နှင့်နည်းတူ ပျံ့နှံလျက်ရှိသော ကျပ်ငွေအတုများမှာ မြန်မာပြည်သူများ၏ ဘ၀များစွာကို များစွာထိခိုက်စေလျက်ရှိပါတော့သည်။ 


ဒိုအာဇာနည် မှကူးယူဖေါ်ပြပါသည်။

more.gif

24 February 2011

လောင်းကစားဒိုင် မိသားစု ပိုးသတ်ဆေးသောက်သေ



ချင်းမိုင် (မဇ္ဈိမ) ။ ။ အကြွေးများစွာတင်ရှိရာက ၃ နှစ်ခွဲအရွယ် သမီးငယ်ကိုသတ်ပြီး မိသားစုလိုက် ပိုးသတ်ဆေးသောက်သေ အဆုံးစီရင်မှု ပဲခူးတိုင်း ကြို့ပင်ကောက်မြို့တွင် အင်္ဂါနေ့က ဖြစ်ပွားခဲ့သည်။

ဈေးချိုတောင်ရပ်ကွက် ကသဲတန်းလမ်းနေ ဦးတီပွား (၃၉ နှစ်) နှင့် ဇနီး ဒေါ်ကေခိုင်ဝင်း (ခ) မီးငယ် (၃၇ နှစ်) သည် ဘောလုံး၊ ၂ လုံးထီ၊ ၃ လုံးထီများ ဒိုင်ကိုင်ရာမှ အနည်းဆုံး ကျပ်သိန်း ၃ဝဝဝ ကျော် အကြွေးတင်သဖြင့် ၃ နှစ်ခွဲအရွယ် သမီး မပွန်းပြည့်စုံနှင့်အတူ အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်။

“မသေခင် အရင်တနေ့မနက် ကြွေးရှင်တွေက စာချုပ်လာချုပ်ခိုင်းတယ်လေ။ အဲဒါ သူတို့ မဖြေရှင်းတတ်တော့လို့ လုပ်သွားတဲ့ ပုံစံမျိုးပေါ့။ သူတို့သမီးလေးကိုလည်း လူ့လောကအလယ်မှာ မျက်နှာငယ်မှာကို မခံနိုင်လို့ တခါတည်းပဲ ခေါ်သွားတယ်ဆိုပြီး လင်မယားနှစ်ယောက်က လက်မှတ်ထိုးပြီး စာရေးချန်ခဲ့တယ်” ဟု သေဆုံးသူ မိသားစု၏ မိတ်ဆွေတဦးက မဇ္ဈိမကို ပြောသည်။

ဦးတီပွားမှာ ကြို့ပင်ကောက်ဈေးတွင် အဓိပတိ ရွှေဆိုင်နှင့် ရွှေပန်းတိမ်ဆိုင်ကိုပါ ပိုင်ဆိုင်ခဲ့သည်။

“သူတို့အိမ်မျက်နှာချင်းဆိုင်မှာနေတဲ့ မီးငယ်ရဲ့အမေက သူမြေးလေးကို ဆီထမင်းကြွေးဖို့ဆိုပြီး အိမ်ထဲဝင်သွားတော့၊ မီးငယ်က ကုတင်ပေါ်မှာ စောင်တွေ၊ ခြင်ထောင်တွေနဲ့ လုံးရစ်နေပြီး ကိုတီပွားကတော့ ပါးစပ်က အမြှုပ်တွေ အန်နေတဲ့ ပုံနဲ့ ရေအိုးစင်ဘက်ကို သွားနေတဲ့ ပုံနဲ့ သေနေတယ်။ သမီးလေးကတော့ ကုတင်အောက်မှာ နှုတ်ခမ်းတွေပြာပြီး ဆုံးနေတာကို တွေ့တာ” ဟု အိမ်နီးချင်းတဦးက မဇ္ဈိမသို့ ပြောသည်။

အလောင်းများအနီး စားပွဲပေါ်ရှိ စာအုပ်တွင် ဦးတီပွားနှင့် ဒေါ်ကေခိုင်ဝင်း လက်မှတ်ထိုးထားသည့် စာတစောင်နှင့် ပိုးသတ်ဆေးပြားများ စာရွက်ထဲထည့်၍ အမှုန့်ကြိတ်ထားသည်ကို စားပွဲပေါ်တွင် တွေ့ရပြီး စီဒီစက်ဖြင့် တရားခွေ ဖွင့်ထားသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောပြသည်။

အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ မဇ္ဈိမက မြို့နယ်ရဲစခန်းသို့ မေးမြန်းခဲ့ရာ တာဝန်ကျရဲက ဖြေဆိုရန် ငြင်းဆိုသည်။ ကလေးသတ်မှုကြောင့် မိဘနှစ်ဦး၏ ရုပ်အလောင်းများအား ရဲက လက်ထိပ်ခတ်ခဲ့သည်ဟု မျက်မြင်တွေ့သူများက ပြောသည်။

ရုပ်အလောင်းများအား သဂြိင်္ုဟ်ရန် ဗုဒ္ဓဟူးနေ့တွင် သုသာန်သို့ ပို့ဆောင်ရာ မြို့ခံ ၂ဝဝ ခန့် လိုက်ပါပို့ဆောင်ခဲ့ပြီး သေဆုံးမှုမှာ နီးစပ်ရာမြို့များအထိသို့ပါ ဟိုးလေးတကျော်ဖြစ်ခဲ့သည်။

“ဒီဖြစ်ရပ်က ကျမတို့မြို့တခုလုံး ထိတ်လန့်သွားပါတယ်။ မြို့ပေါ်မှာ တကယ့်ကို မမေ့နိုင်တဲ့ ဖြစ်ရပ်တခုပေါ့နော်။ သူ့သမီးလေးဆို မူကြိုကျောင်း တက်နေတုန်း ရှိသေးတယ်။ အရမ်းချစ်စရာကောင်းတယ်။ မနေ့က မီးသင်္ဂြိုဟ်ဖို့ လိုက်ပို့တော့ ကျမ သူတို့မိသားစု ၃ ယောက် အလောင်းကို ကြည့်ပြီး ရင်ထဲက ဆို့လာပြီး မျက်ရည်တောင် ကျတယ်” ဟု ဒေသခံအမျိုးသမီးက မဇ္ဈိမသို့ ပြောပြသည်။

ယင်းဖြစ်ရပ်မျိုး ကြို့ပင်ကောက်တွင် ၂ဝ၁ဝ ခုနှစ်ထဲ၌ ၅ ကြိမ်ခန့် ဖြစ်ပွားခဲ့ကာ ဇူလိုင်လတွင် ကျောင်းဆရာမ တဦး ၂ လုံးထီ ထိုးရာမှ အကြွေးမဆပ်နိုင်သဖြင့် ပိုးသတ်ဆေးသုံးစွဲ၍ အဆုံးစီရင်ခဲ့သေးသည်ဟု မြို့ခံ စိုက်ပျိုးရေး ဝန်ထမ်းတဦး အဆိုအရ သိရသည်။

ဗုဒ္ဓဟူးနေ့မှစ၍ မြို့ပေါ်ရှိ ပိုးသတ်ဆေးဆိုင်များကို စိုက်ပျိုးရေးဌာနနှင့် ရဲ ပူးပေါင်း၍ စိစစ်ရောင်းချမှုများ ပြုလုပ်လာသည်။

“ဒီကြို့ပင်ကောက်မြို့မှာ ၂ လုံးထီ၊ ၃ လုံးထီတွေက လုံးဝ ထိန်းချုပ်လို့မရဘူး ဖြစ်နေတယ်။ အာဏာပိုင်တွေက... သူတို့ဘက်ကသာ ပြတ်ပြတ်သားသား အရေးယူရင် ဒီလောက်အခြေအနေ ဆိုးလာမှာ မဟုတ်ဘူး။ ဒီမှာက လူ ၁ဝ ယောက်မှာ ၈ ယောက်နှုန်းလောက် ကစားကြတယ်။ တရားဝင်လို ဖြစ်နေတယ်” ဟု မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

ကြို့ပင်ကောက်တွင် အဆိုပါ လောင်းကစား ဒိုင်များသည် စစ်ထောက်လှမ်းရေး စရဖ၊ ရဲနှင့် မြို့နယ်အာဏာပိုင်များသို့ပါ လာဘ်ပေး၍ လုပ်ကိုင်နေကြသည်ဟု မြို့ခံအများက စွပ်စွဲကြသည်။ လောင်းကစားခြင်းမှာ တရားမဝင်ဖြစ်သော်လည်း နိုင်ငံအဝှမ်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေကြသည်။

more.gif

20 February 2011

လာမည့် မတ်လ(၂၇)ရက်နေ့မှာ ကျရောက်မယ့် (၆၆)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားအား နေပြည်တော်၌ ကျင်းပပြုလုပ်မည် မဟုတ်ပဲ.. ပြည်နယ်နှင့်တိုင်းများ၌သာ ကျင်းပမည်...

သတင်း.... ဒီမိုဝေယံ
 
၂၀၁၀ခုနှစ်က ကြပ်ပြေးနေပြည်တော်မှာ ကျင်းပခဲ့တဲ့ (၆၅)နှစ်မြောက် 
တပ်မတော်နေ့ အခမ်းအနားဓာတ်ပုံများ (AP)

ယခုနှစ်လာမည့် မတ်လ(၂၇)ရက်နေ့မှာ ကျရောက်မယ့် (၆၆)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားအား ယခင်နှစ်များမှာ ကျင်းပပြုလုပ်နေကျဖြစ်သည့် နေပြည်တော်၌ ကျင်းပပြုလုပ်မည် မဟုတ်ပဲ.. ယခုနှစ် မှစ၍ ပြည်နယ်နှင့်တိုင်းများ၌ ကျင်းပမည်.. ဖြစ်ကြောင်း သတင်းရရှိပါသည်..။ ယခုလက်ရှိ နေပြည်တော်၌ လွှတ်တော် ခေါ်ယူကျင်းပ နေသော်လည်း.. စစ်တပ်၏ အမြင့်မားဆုံး အာဏာဖြစ်သည့် ကာကွယ်ရေးဦးစီးချုပ် ရာထူးအတွက် မည်သူအား ခန့်အပ်မည်ဟု ကြေငြာနိုင်ခြင်း မရှိသေးခြင်း ကလည်း အဆိုပါ တပ်မတော်နေ့ အခမ်းအနားအား ပြည်နယ်နှင့်တိုင်းများ၌ ကျင်းပရခြင်း၏ အကြောင်းရင်း တစ်ချက် ဖြစ်နိုင်ကြောင်း ပြည်တွင်းသတင်း သမားအချို့မှ သုံးသပ်ကြပါတယ်..။

စစ်အစိုးရ အာဏာသိမ်းပြီး အုပ်ချုပ်ချိန်မှ စ၍ ယခင်အစဉ်အလာ သုံးစွဲခဲ့သော တော်လှန်ရေးနေ့အား တပ်မတော်နေ့ဟု ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်..။ ယခင် တော်လှန်ရေးနေ့ အခမ်းအနားများအား ရန်ကုန်မြို့တော်ရှိ တော်လှန်ရေးပန်းခြံမှာ ကျင်းပခဲ့ပါတယ်။

more.gif

မြန်မာနိုင်ငံမှ ရထားများ အဆင့်မြင့်

http://www.burmastrangenews.com/

မြန်မာနိုင်ငံတွင် ပြေးဆွဲလျက် ရှိသော ရထားများကို နိုင်ငံတကာတွင် ပြေးဆွဲနေသော ရထားများထက် အဆင့်မြင့်အောင် ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း သိရသည်။

ရထားကြမ်းခင်းကို ပလက်ဖောင်းပေါ်မှ
ခရီးသည်များ၏ ပေါင်လည်အထိ အဆင့်မြှင့်တင်ထားသော မြန်မာ့ မီးရထား
(Photo: Screen-shot from Youtube/ Zurtronius)

ထို့ကြောင့် မြန်မာပြည်မှ ရထားများသည်
နိုင်ငံတကာမှ ရထားများထက် အဆင့်မြင့်ပါသည်။

စင်ကာပူနိုင်ငံတွင် ရထားကြမ်းခင်းနှင့် ပလက်ဖောင်း တပြေးညီဖြစ်ပြီး အဆင့်မြှင့်မထားပါ (Photo: BSN)

ဥရောပတိုက်မှ ရထားများသည်လည်း ပလက်ဖောင်းနှင့် ရထားကြမ်းခင်း တပြေးညီဖြစ်ပါသည်။
မြန်မာ့ရထားများကဲ့သို့ အဆင့်မမြင့်ပါ (Photo: BSN)

အိမ်နီးချင်း ထိုင်းနိုင်ငံမှ ရထားများလည်း အဆင့်မမြင့်ပါ။
ပလက်ဖောင်းနှင့် ရထားကြမ်းခင်း တပြေးညီဖြစ်ပါသည် (Photo: SAM)


more.gif

3 February 2011

သုံးယောက်ပေါင်းတော့ လောင်းကျော်ဆိုတဲ့ စကား မှန် မမှန်တော့ မသိဖူး၊ ဒုတိယ သမတ သုံးယောက် ဒီနေ့  ပေါင်းလိုက်တာတော့ မြန်မာပြည်ကြီး အသက်အန္တရာယ် ပိုဆိုးပြီ။

http://www.niknayman-niknayman.co.cc

































ဒီနေ့  နအဖလွှတ်တော်မှာ ဒုတိယ သမတများအဖြစ် မဲခွဲရွေးချယ်ပါတယ်။

ပြည်သူ့လွှတ်တော်မှာ မဲခွဲတဲ့အခါ သိန်းစိန်က (၂၇၆) မဲ၊ စောသိန်းမောင်က (၃၈) မဲ ရရှိကြပြီး သိန်းစိန်က ဒုတိယ သမတအဖြစ် အရွေးချယ်ခံလိုက်ရပါတယ်။

အမျိုးသားလွှတ်တော်မှာ စိုင်းမောက်ခမ်းက (၁၄၀) မဲ၊ ဒေါက်တာအေးမောင်က (၂၇) မဲ ရရှိကြပြီး ဒေါက်တာစိုင်းမောက်ခမ်း ဒုတိယ သမတအဖြစ် အရွေးချယ်ခံလိုက်ရပါတယ်။

တင်အောင်မြင့်ဦးကတော့ နအဖ တပ်မတော်သား အစုအဖွဲ့ ကနေ ဖြစ်တာမို့  ပြိုင်ဘက်မရှိဘဲ ဒုတိယသမတအဖြစ် ရရှိပြီးသား ဖြစ်ပါတယ်။
ရွေးချယ်ထားတဲ့ ဒုတိယ သမတတွေကို ပြည်ထောင်စုလွှတ်တော်နာယကထံ တင်ပြပြီး အတည်ပြုချက် ရယူမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

မနက်ဖြန် နအဖ ဒုတိယ သမတ (၃) ဦးထဲကနေ သမတနေရာအတွက် တစ်ဦးကို မဲခွဲဆုံးဖြတ်ကြမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

နအဖတွေ နဂိုကတည်းက အကွက်ချထားပြီး ဖြစ်တဲ့အတိုင်း အကွက်ဆင်ထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံဥပဒေကြီးကို အမှီပြုရုံမက နအဖစစ်တပ်က အထူးစီမံင်္ရေးချယ်ထားတဲ့ အနိမ့်ဆုံးအဆင့် ဗိုလ်မှူး ဗိုလ်မှူးကြီးတွေ ပါဝင်တဲ့ (၂၅%) ရယ်၊ ကျန်တဲ့ (၇၅%) ထဲမှာလည်း မဲလိမ်ရယူထားပြီး တစ်ဘက်သတ်အနိုင်ကျင့်နေရာယူထားတဲ့ ကြံ့ ဖွတ်ပါတီရယ် ဒီအပြင် နအဖအလိုတော်ရိ ကပ်ဖားယက်ဖားတွေရယ် ရှိနေကြတဲ့ ဒီနအဖလွှတ်တော်ကြီးထဲမှာ မဲခွဲရွေးတယ်ဆိုတဲ့ ဟန်ပြလုပ်ဆောင်ချက်ကတော့ ပေါ်တင်ညာတာကြီးမှန်း အထူးပြောနေစရာ မလိုပါဖူး။ သမတတွေ ဒုတိယသမတတွေဟာ နအဖ ဗိုလ်ချူပ်ကြီးတွေ (ယူနီဖောင်းချွတ်ပြတွေ)၊ နအဖတွေ ပါဝင်ဦးစီးထားတဲ့ ကြံ့ ဖွတ်တွေ၊ နအဖ အလိုတော်ရိတွေထဲကဘဲ ဖြစ်မယ်ဆိုတာ အံ့သြနေစရာ မလိုပါဖူး။

နအဖသန်းရွှေတို့ ရဲ့  လုပ်ရပ်တွေက နားလှည့်ပါးရိုက် မဟုတ်ပါဖူး၊ ရဟန်းရှင်လူ ပြည်သူလူထုရဲ့  ခေါင်းပေါ်ကို တက်ပြီး ချီးတက်ပါ စော်ကားပြနေတာဘဲ ဖြစ်ပါတော့တယ်။

more.gif

18 January 2011

သနားစရာ တွေးတောင်မတွေးရဲတဲ့ ၄ နှစ်ကလေးလေး ရဲ့ ဘဝ

ဧဒင်ဥယျာဉ်မှ ..........
စိတ်ဝေဒနာရှင် ခုန်ချခဲ့သော နေရာနှင့် အခင်းဖြစ်ပွားသည့် တိုက်ခန်း (ဓာတ်ပုံ - ကျော်ကျော်ဦး)

စမ်းချောင်းမြို့နယ် မြေနီကုန်းဈေးလမ်းအတွင်း စိတ်ရောဂါခံစားနေရ နေသူတဦးက အသက် ၄ နှစ်အရွယ် ၎င်း၏ တူဖြစ်သူကို ဓားဖြင့် လည်ပင်းလှီးဖြတ်သတ်ကာ ခြောက်ထပ်တိုက်ပေါ်မှ ခုန်ချခဲ့သည့် ဖြစ်ရပ် ဖြစ်ပွားခဲ့သည်ဟု ယင်းမိသားစုဝင်များက ပြောသည်။

“ကျွန်မသားက မြေးရဲ့ လည်ပင်းကို ဓားနဲ့လှီးနေတာ ကြည့်ပြီး ပတ်ဝန်းကျင်ကို အော်ခေါ်ပြီး အကူအညီ တောင်းရတယ်။ ကလေး လည်ပင်းလဲပြတ်သွားရော ကျမကို ဓားနဲ့ လိုက်ထိုးတယ်” ဟု စိတ်ဝေဒနာရှင်၏ မိခင်ဖြစ်သူက ဆိုသည်။

ဇန်န၀ါရီ ၁၅ ရက် နံနက် ၁၀ နာရီဝန်းကျင်က ဦးလေးဖြစ်သူ စိတ်ရောဂါဝေဒနာရှင်သည် စိတ်ဖောက်ပြန်ကာ တူဖြစ်သူ၏ လည်ပင်းကို အသီးအရွက်လှီး ဓားဖြင့် ပိုင်းဖြတ်ပြီး ခြောက်ထပ်တိုက် နောက်ဖေးပြူတင်းပေါက်မှ ခုန်ချခဲ့သဖြင့် အောက်တွင် ဒဏ်ရာအပြင်းအထန် ရရှိ သေဆုံးသွားခဲ့ကြောင်း စမ်းချောင်း ရဲစခန်းမှ စုံစမ်းသိရသည်။

“တိုက်ပေါ်က ကျကျခြင်း မသေသေဘူး။ အရိုးတွေကျိုးပြီး ဒဏ်ရာအပြင်းအထန်ရနေတယ်။ ၁၀ မိနစ်လောက်နေမှ သေသွားတယ်။ ကလေးကတော့ ခေါင်းတခြား ကိုယ်တခြားပဲ” ဟု အနီးပတ်ဝန်းကျင်ရှိ မျက်မြင်သက်သေ တဦးက ပြောသည်။

အခင်းမဖြစ်ပွားခင် အသက် ၃၀ ၀န်းကျင်ရှိ စိတ်ဝေဒနာရှင်သည် ရုပ်ရှင်ထိုင်ကြည့်နေပြီး ၎င်း ဘေးတွင် အသက် ၄ နှစ်အရွယ် တူဖြစ်သူသည် ဆော့ကစားနေကြောင်း၊ ဦးမြင့်သိန်း မိခင်သည် နောက်ဖေးတွင် ဟင်းချက်နေကြောင်း သိရသည်။

သေဆုံးသူ ဝေဒနာရှင်သည် စိတ်ရောဂါ ခံစားနေရသောကြောင့် စိတ်ရောဂါကု ဆေးရုံတွင် ထားရှိထားပြီး ၎င်းကို နေအိမ်သို့ ပြန်ခေါ်ထားသည်မှာ တလခန့်သာရှိကြောင်း၊ စိတ်ရောဂါကု ဆေးရုံက စိတ်ဝေဒနာရှင် ဖြစ်ကြောင်း လက်မှတ် ထုတ်ပေးထားသူဖြစ်ကြောင်း ၎င်း၏ မိခင်ဖြစ်သူကပြောသည်။

၎င်း စိတ်ဝေဒနာရှင်သည် ပထမတခါလည်း စိတ်ဖောက်ပြန်၍ အိမ်ပေါ်မှ ခုန်ချခဲ့ဖူးသေးကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့် နေအိမ် ၆ လွှာတွင် ၎င်းမိသားစု ငှားရမ်းနေထိုင်သည်မှာ ၂ လခန့်သာ ရှိသေးကြောင်း၊ ကလေးသုံးဦးနှင့် ၎င်းတို့၏မိခင်၊ အဘွားဖြစ်သူ၊ စိတ်ဝေဒနာရှင် စုစုပေါင်း မိသားစု ၆ ဦးနေထိုင်ကြကြောင်း သိရသည်။ သေဆုံးသူ ကလေး၏ မိခင်နှင့် စိတ်ဝေဒနာရှင်မှာ မောင်နှမ အရင်းဖြစ်သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သတ်ပြီး စမ်းချောင်းရဲစခန်းမှ ဥပဒေပုဒ်မ ပ/ ၂၅၊ ၁/၂၀၁၁ တို့ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

more.gif

21 December 2010

ဥက္ကဋ္ဌ သစ်


ဧရာဝတီသတင်းမှ......

ဒီနေ့ထုတ် သတင်းစာမှာ အဲဇလုံပိုင်ရှင်၊ ကျွန်ုပ်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး ဦးတေဂွကို မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌသစ် ဆိုပြီး သုံးနှုန်းထားပါတယ်။ ၂၀၁၁ ကနေ စ မြန်မာ့ ကျောက်မျက် လောကကိုလည်း တေဂွ မောင်ပိုင်စီးတော့မလား ဆိုပြီးမှ အားလုံးက စိတ်ဝင်စားနေကြပါတယ်။

more.gif

6 December 2010

ဝီကီလိခ်မှဖွင့်ချသောသန်းရွှေတို့မြေးအဖိုးအကြောင်း

http://www.ninedeblood.blogspot.com/

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချူပ်မှုးကြီးသန်းရွှေသည်  မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းကို ဒေါ်လာ သန်း တစ်ထောင်(တစ်ဘီလီယံ) ဖြင့် ၀ယ်ယူဖို့ ၂၀၀၉ ဇန်န၀ါရီလတွင် စဉ်းစားခဲ့ကြောင်း ၀ိကီလိခ်မှ ဖွင့်ချသောအမေရိကန်သံတမန် လျှို့ဝှက်သတင်းများတွင် ဖော်ပြထားသည်။


ဗိုလ်ချုပ်ကြီးသန်းရွှေမြေး ဖိုးလပြည့်က မန်ချက် စတာကလပ် ရှယ်ယာများကို ၀ယ်ယူဖို့ အကြိမ်ကြိမ် ပူဆာခဲ့ကြောင်း လျှို့ဝှက်သတင်းကို ရန်ကုန်ရှိ အမေရိကန်သံရုံးမှ ၀ါရှင်တန်သို့ ပေးပို့ခဲ့သည်။

ဆိုင်ကလုန်း နာဂစ် ကို နှေးကွေးစွာ ဖြေရှင်းခြင်းအပေါ် ကုလသမဂ္ဂမှ စိတ်ဆိုး ဒေါ်သထွက်မှုများ ရှိနေချိန်တွင် မန်ချက်စတာ ဘောလုံး အသင်းအား ဒေါ်လာ သန်းတစ်ထောင်ဖြင့် ၀ယ်ယူဖို့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေကို ဖိုးလပြည့်မှ အတင်း အကျပ် ပူဆာနေခဲ့သည်။ ဗိုလ်ချုပ် မှုးကြီးက ဘောလုံး အသင်း ၀ယ်ယူလိုက်လျှင် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ပြဿနာများကို စဉ်းစားခဲ့ကြောင်း အသေးစိတ် သတင်း ပေးပို့မှုတွင်  ဖော်ပြထားသည်။
နာဂစ်ဆိုင်ကလုံးမှာ ၂၀၀၈ ခုနှစ် မေလတွင် ဖြစ်ခဲ့ပြီး လူ ၁၄၀၀၀၀ အသက်ဆုံးရှုံးခဲ့ရသည်။ ဗိုလ်ချုပ်ကြီး မြေးအဖိုး မန်ချက်စတာ ၀ယ်ဖို့ စဉ်း စားခဲ့သည်မှာ ၂၀၀၉ ဇန်န၀ါရီလ အစောပိုင်းတွင် ဖြစ်သည်။
ဗိုလ်ချုပ်မှုးကြီးက မန်ယူကို ၀င်ယူလိုက်လျှင် အစိုးရကို ဝေဖန်မှုများဖြစ်ပေါ်ပြီး အဆိုးဖြစ်ပေါ်လာနိုင်သောကြောင့်၊ ဒေါ်လာ သန်းပေါင်း များစွာ အကုန်ကျခံပြီး မြန်မာ့ အမျိုးသားဘောလုံးကလပ်များ ဖန်တီးဖို့ အမိန့်ပေးခဲ့သည်။ ထိုအချိန် နာဂစ်မုန်းတိုင်းးဒဏ်မှ အသက်ရှင် ကျန်သူများမှာ အိုးမဲ့အိမ်မဲ့၊ သောက်သုံးရေမဲ့ ဖြစ်နေချိန်ဖြစ်သည်။
မြန်မာအမေရိကန်သံရုံး အတည်ပြုချက်အရ ဗိုလ်ချုပ်မှုးကြီးသန်းရွှေအနေဖြင့် ရေနံ သဘာဝဓါတ်ငွေ့များမှ ရရှိသော ငွေကြေးဖြင့် မန်ချာစတာ ဘောလုံးအသင်းကို ၀ယ်ယူဖို့ ငွေအလုံအလောက်ရှိနိုင်ကြောင်း၊ ဒေါ်လာ တစ်ဘီလီယံဖြင့် ၀ယ်ယူလိုက်လျှင် မန်ချက်စတာ အသင်းပိုင် စတော့ရှယ်ယာ ၅၆ ရာခိုင်နှုန်းကို ပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း ပေးပို့ချက်တွင် ပါရှိသည်။



ဖိုးလပြည့်ရဲ့ ပူဆာမှုကို အစားထိုးပေးဖို့ ဗိုလ်ချုပ်မှုးကြီးက မြန်မာဘောလုံးအသင်းများ ထူထောင်ရန်၊ ဘောလုံးကွင်းသစ်များ တည်ဆောက်ရန်၊ နိုင်ငံခြားကစားသမားများ ခေါ်ယူရန်အတွက် စီးပွားရေးလုပ်ငန်းရှင်ကြီး ရှစ်ဦးကို ငွေအလုံအလောက် ချပေးခဲ့သည်။ ထိုစီးပွားရေးလုပ်ငန်းရှင်များမှာ တကယ့် ဘောလုံးကလပ်အသင်း ပိုင်ရှင်များ မဟုတ်ကြောင်း၊ ဘောလုံးသမားလစာ၊ အားကစားဝတ်စုံ၊ အသင်းကြော်ငြာ၊ သယ်ယူပို့ဆောင်ခစတဲ့ ကုန်ကျမှုကို မိမိတို့ဖာသာ အကုန်ကျ ခံရမည်ဖြစ်ကြောင်း အမိန့်ပေးပြောဆိုခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ထိုစီးပွားရေးလုပ်ငန်းရှင် ရှစ်ဦးက မိမိတို့ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ဒေါ်လာတစ်သန်းတန် ဘောလုံးကွင်းများ တည်ဆောက်ဖို့ သတင်းပေးပို့ချက်တွင် ပါရှိသည်။
မကွေးအသင်းမှာ တစ်လလျှင် လစာငွေ ဒေါ်လာ ၁၅၅၀၀၀ ကုန်ကျသည်။ ဘဏ်လုပ်ငန်းနှင် ဆက်စပ်နေသော ကမ္ဘောဇ အသင်းမှာ ၂၀၀၉ ဘောလုံးရာသီအတွက် ဒေါ်လာ ၂သန်း ကုန်ကျခဲ့သည်။ ရန်ကုန်ယူနိုက်တက် ဘောလုံး အသင်းမှာ အာဖရိကမှ ကြေးစား ဘောလုံးသမား ၅ဦး၊ ဒယ်လ်တာ ယူနိုက်တက်မှာ အာဂျင်တီးနားမှ ဘောလုံးသမားများစွာ ခေါ်ယူ ခဲ့သည်။
အမေရိကန်သံရုံး ဖော်ပြချက်တွင် ‘ဒီလောက် ငွေကုန်ကြေးကျများတဲ့လုပ်ငန်းကို အကျိုးအမြတ်မရှိဘဲ ဘာကြောင့်လုပ်နေကြတာလဲ ဟုမေးသောအခါ၊ အားလုံးမှာ ရွေးချယ်စရာမရှိပါဘူး။ ဗိုလ်ချုပ်မှုးကြီးက ခိုင်းရင် အားလုံး  စောဒက ပြန်တက်ခွင့်မရှိပါဘူး’ ဟု ဖြေကြားကြောင်း ပါရှိသည်။
ထိုစီးပွားရေး လုပ်ငန်းရှင်ကြီးများမှာ ဆောက်လုပ်ရေးကန်ထရိုက်များ၊ ကျောက်မျက်ရတနာနှင့် မိုင်းတွင်းများ၊ သွင်းကုန်လိုင်စင်များ ကို အစိုးရထံမှ ရရှိနေသူများဖြစ်သည်။ ၂၀၀၉ မေလတွင် စတင်ခဲ့တဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရှိ ကလပ်များပိုင်ရှင်များတွင် ဖိုးလပြည့်အား ကလပ်ဘောလုံးလုပ်ငန်း အသေးစိတ်အစီစဉ်ဆွဲပေးသူ ခေတ်ပျက်သူဌေး ဇော်ဇော် လည်းပါရှိသည်။  ဇော်ဇော်မှ ဖိုးလပြည့်အား သူတည်ထောင်ထားသော ကလပ်အသင်းတွင် လာရောက် ဆော့ကစားဖို့ ပြောဆိုသည်။
ဗိုလ်ချုပ်မှုးကြီးသန်းရွှေက ၂၀၁၀ ရွေးကောက်ပွဲအပေါ် ဝေဖန်မှုများနှင့် စီးပွားရေး လူမှုရေးပြဿနာများကို လမ်းကြောင်းလွှဲဖို့လည်း ရည်ရွယ် ခြင်းဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုကြောင်း ဖော်ပြသည်။
မန်ယူအသင်း ၀ဘ်ဆိုဒ် ချက်ချင်းတုန့်ပြန်ချက်မှာ မြန်မာအာဏာပိုင်များက ၀ယ်ယူခဲ့လျှင်ပင် ရောင်းချမည်မဟုတ်ကြာင်း၊ ပရိတ်သတ်များက အပြင်းအထန် ဆန့်ကျင်သွားကြမည်ဖြစ်ကြောင်း၊ မန်စီးတီးအသင်းလိုမျိုးမဟုတ်ဘဲ မန်ယူ အသင်းကို အကျင့်ပျက်အာဏာရှင်များအား လုံးဝ ရှယ်ယာများခွဲဝေရောင်းချမည်မဟုတ်ကြောင်း ချက်ချင်းတုံ့ပြန်ဖော်ပြခဲ့သည်။

မူရင်းသတင်း Source :
http://www.guardian.co.uk/world/us-embassy-cables-documents/212931

more.gif

ဦးအောင်သောင်း၏ အာဏာသိမ်းရန်ကြံစည်မှု


http://www.ninedeblood.blogspot.com/


ဗိုလ်ချုပ်မှုးကြီး သန်းရွှေက နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ မတိုင်ခင် မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည် လွှတ်ပေးဖို့  ဆုံးဖြတ်အပြီး မှာ စက်မှု ၁ ၀န်ကြီး ဦးအောင်သောင်း ဟာ ခမည်းခမက်တော်သူ ဒု ဗိုလ်ချုပ် မှုးကြီး မောင်အေး အိမ်ကို နိုဝင်ဘာ လ ၁ ရက်နေ့ မှာ သွားပြီး ဒေါ်စု လွတ်လာရင် "ကျွန်တော်တို့ လဲ သေဖို့ ပဲ ရှိတော့ တဲ့ အကြောင်း အာဏာသိမ်းဖို့ လိုအပ်ပြီး ကျွန်တော်ကဗိုလ်ချုပ်မှုးကြီး (မောင်အေး ကို ပြောခြင်း ဖြစ်သည်) အာဏာသိမ်းတာ ကို ငွေအား လူအား နဲ့ ပုံအော ထောက်ခံ မယ် ဆိုတဲ့ အကြောင်း " ....ဗိုလ်ချုပ်မှုးကြီး မောင်အေး ကတော့ ထိုကိစ္စကို သဘောမတူဘဲ " ဗိုလ်မှုးကြီး မိန်းမ နဲ့ ဆွေးနွေး ပါအုံး.. ကျွန်တော်က ဒီလိုမျိုး ဖြစ်သွားတာ ပိုကောင်းတယ်လို့မထင်ဘူးဟုပြောကာနားချခဲ့ရသည်"

ဒေါ်ခင်ခင်ရီ ကလည်း ယူနိုက်တက် အမရာဘဏ် ဖွင့် ပွဲ အတွက် ဒေါ်ကြိုင်ကြိုင် အား ဖိတ်စာသွားပေး
ရာ "ဒီသဂျိုင်း ကုန်း မကြီး ဖိတ်လည်း အလကားပဲ သေမှ ကြောက်လို့ လာမှ မဟုတ် ဘူး" ဆိုတာ ကို
နေပြည်တော် တိုင်းမှုး ဟောင်း ဗိုလ်မှုးချုပ် ဝေလွင် ဇနီးမောင်နှံ ရှေ့ မှာ ပင် ပြောခဲ့သည်။

ရွေးကောက်ပွဲ မတိုင်ခင် နေ့ ရက် များ နှင့် ဒေါ်စု မလွတ်မြောက်သေးခင်အတွင်းနေပြည်တော်အသံတိတ်ဆိတ် မှု နှင့် ပတ် သက် ၍ သတင်း ထွက်ပေါ်မှု အချို့  ကို ဧရာဝတီ သတင်းဌာန နှင့်Freedom News Group သတင်းဌာန ၏ ထိုအချိန်က ဖော်ပြခဲ့သည့် သတင်းများ တွင်ကြည့်ရှုနိုင်သည်။

ဦးအောင်သောင်း ၏ အာဏာသိမ်းရန်ကြံစည်မှု (အပိုင်း ၁)
တပ်မတော် အရာရှိ ဟောင်း ဦးအောင်သောင်း သည် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ကို ဖြုတ်ချပြီး အာဏာသိမ်းရန် အကြံအစည် ကို စတင်ခဲ့ခြင်း မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာမည်ကို စတင် သိရှိကတည်းက ဖြစ်သည်။စက်တာဘာလ နှောင်း ပိုင်းမှာ ၀န်ကြီး ဦးအောင်သောင်းဟာ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အိမ် ကို အ၀င်အထွက်ရှိပေမယ့် သူကိုယ်တိုင် အာဏာ သိမ်းဖို့ မဖြစ် နိုင်တာကြောင့် (သူ၏ ပီအေ ဗိုလ်ကြီးကိုကို နိုင် အကြံပေး ခြင်းဖြစ်သည်) သူအကြံအစည် အတွက် ဦးဆောင်ဦးရွက် ပြုနိုင်မည့် သူများကိုချဉ်းကပ်ခဲ့ရာ မှာ နောက်ဆုံးတွင် နေ့ စဉ် ယမကာ မှီဝဲ သော်လည်း သူနှစ် ခမည်းခမက် တော် စပ်သည့် ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေးကိုချဉ်းကပ်ခဲ့ခြင်းဖြစ်သည်။

ဒုဗိုလ်ချုပ်မှုးကြီး မောင်အေး အား မချဉ်းကပ်ခင် မှာ ဗိုလ်ချုပ်မှုးကြီး မောင်အေး ရဲ့ ညီမ ၊ ဇနီး နဲ့  သူမ ချွေးမ ဖြစ်သူ တို့ ကို အရင် ချဉ်းကပ်ကာ ဗိုလ်ချုပ်မှုးကြီး သန်း ရွှေ အသက် လည်းကြီး အုပ်ချုပ်ရေး ပိုင်း လည်း မနိုင်နင်းတော့ ၍ သူ့ ကို အမြန်မ ဖယ်ရှားလျှင် အား လုံး ဒုက္ခရောက်ကြမည့် အကြောင်းများပြောကာဒုဗိုလ်ချုပ် မှုးကြီးမောင်အေး၏အတွင်းစည်းကိုကနဦးစည်းရုံးမှုပြုခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေက နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ မတိုင်ခင် မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည် လွှတ်ပေးဖို့  ဆုံးဖြတ်ချက် ချ အပြီး တွင် စက်မှု ၁ ၀န်ကြီး ဦးအောင်သောင်း ဟာ ခမည်းခမက်တော်သူ ဒု ဗိုလ်ချုပ် မှုးကြီး မောင်အေး အိမ်ကို နိုဝင်ဘာ လ ၁ ရက်နေ့ မှာ သွားပြီး ဒေါ်စု လွတ်လာရင် "ကျွန်တော်တို့ လဲ သေဖို့ ပဲ ရှိတော့ တဲ့ အကြောင်း အာဏာသိမ်းဖို့ လိုအပ်ပြီး ကျွန်တော်ကဗိုလ်ချုပ်မှုးကြီး (မောင်အေး ကို ပြောခြင်း ဖြစ်သည်) အာဏာသိမ်းတာ ကို ငွေအား လူအား နဲ့ ပုံအော ထောက်ခံ မယ် ဆိုတဲ့ အကြောင်း " ....ဗိုလ်ချုပ်မှုးကြီး မောင်အေး ကတော့ ထိုကိစ္စကို သဘောမတူဘဲ " ဗိုလ်မှုးကြီး မိန်းမ နဲ့ ဆွေးနွေး ပါအုံး.. ကျွန်တော်က ဒီလိုမျိုး ဖြစ်သွား တာ ပိုကောင်းတယ် လို့ မထင် ဘူး ဟု ပြောကာ နားချခဲ့ရသည် "

ဝန်ကြီး ဦးအောင်သောင်းက အခုလို အာဏာသိမ်း ဖို အတွက် ဗိုလ်ချုပ်မှုးကြီး မောင်အေး ကိုချဉ်းကပ်
လာခြင်းဟာ အရပ်ဝတ် ဖြစ်နေတဲ့ သူကိုယ်တိုင် ဘယ်လို မှ အာဏာသိမ်း ဖို့  အထမမြောက် နိုင်တဲ့ အတွက် ဖြစ်ပါတယ်။ဦးအောင်သောင်း အနေနဲ့  အာဏာသိမ်းချင် တဲ့ စိတ်တွေ ပေါ်ပေါက်လာတာ ဟာ သူ့ သားဖြစ်သူရဲ့ Air InnLay လေကြောင်းလိုင်း ကို မြန်မာ နိုင်ငံရဲ့ အကြီးဆုံးလေကြောင်းလိုင်းကြီး အဖြစ် အသက်သွင်းဖို့ နဲ့ ရတနာ နဲ့ ရဲတံခွန် ရေနံ သဘာဝ ဓာတ်ငွေ့ ပိုက် လိုင်း တွေ ကို လက်ဝါးကြီး အုပ်ထား နိုင်ဖို့ ၊ရခိုင်-တရုတ်ရေနံ သဘာဝ ဓာတ်ငွေ့  ပိုက်လိုင်း ဖောက်ယူ သွယ်တန်း နိုင်ဖို့ နဲ့  သူပြုခဲ့တဲ့ မကောင်းမှု တွေ သံသရာ တစ်ပတ် ပြန်လည်လာ မှ ကြောင့် ဖြစ်နိုင် တယ် လို့ သူနဲ့  မကွေးမြို့ မှာ တာဝန်ထမ်းဆောင် ဖူးတဲ့ဗိုလ်မှုးကြီးဟောင်းတစ်ဦးကထင်မြင်ချက်ပေးသည်။

ဝန်ကြီး ဦးအောင်သောင်း သည် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ရဲ့မြေးဖြစ်သူ နေရွှေသွေးအောင် ကို လည်း လုပ်ကြံရန်စီစဉ် ခဲ့ခြင်း ဖြစ်သည်။ နေရွှေသွေးအောင် လုပ်ကြံခံရပါက ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က အတိုက်အခံ များ ကို ပိုမို နှိပ်ကွပ်လာ နိုင်မည် တွက် ဆထားသော် လည်း ကြံ့ဖွံ့ ပါတီ ဌာန ချုပ်မှ သူ့ ရဲ့ လူယုံ စစ်တပ် အရာရှိ တစ်ဦးက “သူ့ မြေး အား လုပ်ကြံလျှင် ဗိုလ်ချုပ်မှုးကြီးက ရန်ကုန် မှာ ဗုံးတွေ ကွဲ သလို ဟို လူ့ လက်ညှိုးထိုး ဒီလူ့ စွပ်ဆွဲ လုပ်မှာ မဟုတ်ကြောင်း သေချာ အောင် လိုက်လံစုံစမ်းပြီး အရေးယူလျှင် အားလုံးပြေး စရာမြေမရှိ ဖြစ်နိုင်ကြောင်း” အကြံပေးသော ကြောင့်လက်လျှော့ လိုက်ရပြန်သည်။

သို့ သော်လည်း နေရွှေသွေးအောင် လုပ်ကြံရေး အတွက် စိတ်မကုန်သော ဦးအောင်သောင်းက စက်မှု (၁)မှအမရာဘဏ် (သူကပြောင်းလဲ တာဝန်ထမ်းဆောင်စေခြင်းဖြစ်သည်) သို့ ပြောင်းသွား သည့် အရာရှိ ငယ်တစ်ဦး အား ဗိုလ်ချုပ်မှုးကြီး မြေး သွားတတ်သည့် နေရာများ အားလိုက်လံ စုံစမ်းရန် နှင့် လိုအပ်လျှင်ရင်းနှီးမှု ရရှိရန် ပင် ဆောင်ရွက်ရန် ပါရာဒို ၉၅ ခုနှစ် ထုတ် အစိမ်းရောင် ကား တစ်စီး နှင့်ငွေစိတ် တိုင်းကျသုံးနိုင်ရန်စီစဉ်ပေးခဲ့သည်။

၂၀၁၀ ခုနှစ် ဇူလိုင်လ ကတည်းက ကြံ့ဖွံ ပါတီ ရန်ကုန် တိုင်း ဌာနချုပ် ရုံးတွင် နိုင်ငံရေး တတိယ အင်အား စုများ ကို တွေ့ ဆုံရာဉ် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ရုတ်တရက် ရာထူးမှ ဖယ်ရှားခံ ရပါက ခင်ဗျားတို့  ဘာလုပ်မလဲလို့ တီးခေါက်ခဲ့သည်။ရံဖန် ရံခါ တွင်တော့ သူက လက်အောက်ငယ်သားများ နှင့် အခြား နအဖ အရာရှိ များ နှင့် တွေ ဆုံ ချိန် တွင် ကျွန်တော်နဲ့  ဗိုလ်ချုပ်မှုးကြီးက လက်မောင်းသွေးဖောက်ပြီး သစ္စာပြုထား ကြတဲ့ သူတွေ ဗျာ တစ်ယောက်ရဲ့ ဘ၀ ကို တစ်ယောက် က ကာကွယ်စောင့်ရှောက် ဖို့ လက်မနှေးဘူး ဟု လဲ ကြွားဝါပြောဆိုတတ်သည်။
(MyanmarWiki Leaks)

more.gif

3 December 2010

အနုပညာရှင် ၁၁ ဦး FM တွင် တားမြစ်ခံရ



အနည်းဆုံး အနုပညာရှင် ၁၁ ဦး၏ ဖျော်ဖြေတင်ဆက်မှုနှင့် အင်တာဗျူးများ မပြုလုပ်ရန် နိုင်ငံတဝှန်းရှိ FM အသံလွှင့်လုပ်ငန်း ၈ ခုကို ပြန်ကြားရေး ဝန်ကြီးဌာနက နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း ညွှန်ကြားခဲ့ကြောင်း FM အသံလွှင့်ဌာနတခု အပြောအရ သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာနက နိုင်ငံတဝှန်းရှိ FM အသံလွှင့်လုပ်ငန်း အားလုံးသို့ အကြောင်းကြားစာ ပေးပို့ရာတွင် အဆိုတော် ဆောင်းဦးလှိုင်၊ အနဂ္ဂ၊ သံသာဝင်း၊ ကျားပေါက်နှင့် မဇ္ဈိမလှိုင်း ဂီတဝိုင်းမှ Bass တီးခတ်သူ ကိုရဲလွင်၊ ရုပ်ရှင်ဒါရိုက်တာများဖြစ်သည့် မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ မင်းထင်ကိုကိုကြီးနှင့် ချိုတူးဇော်၊ သရုပ်ဆောင် ဦးကျော်သူနှင့် ဇနီး ဒေါ်ရွှေဇီးကွက်၊ စာရေးဆရာမ သန်းမြင့်အောင်တို့၏ သီချင်းများ အသုံးမပြုရန်နှင့် အင်တာဗျူး မလုပ်ရန် ညွှန်ကြားထားသည်ဟု ဆိုသည်။

“ဒီလူ၊ ဒီလူတွေရဲ့ အင်တာဗျူးတွေ၊ သီချင်းတွေကို FMRadio_Posterထုတ်လွှင့်တာ ရပ်ဆိုင်းဖို့ ညွှန်ကြားစာရောက်တယ်” အမည်မဖော်လိုသော FM တခု၏ ဝန်ထမ်းတဦးက ပြောသည်။

ရပ်ဆိုင်းရမည့် အချိန်ကာလကို တိကျစွာ သတ်မှတ် ဖော်ပြထားခြင်း မရှိသလို မည်သည့်အတွက်ကြောင့် ရပ်ဆိုင်းသည်ကိုလည်း ဖော်ပြ ထားခြင်း မရှိဟု သူက ပြောသည်။

အပိတ်ပင်ခံရသူများကို မဇ္ဈိမက ဆက်သွယ်သော်လည်း တဦးသာလျှင် ဆက်သွယ်၍ ရခဲ့ပြီး၊ အမည်မဖော်ပြရန် မေတ္တာရပ်ခံသည်။

“အခုက နယ်ပယ်စုံက အနုပညာရှင်တွေကို ပိတ်လိုက်တာလေ။ ရွေးကောက်ပွဲလည်း ပြီးပြီဆိုတော့ အနုပညာရှင်တွေအနေနဲ့ သူတို့ စိတ်ဝင်စားတာတွေ လုပ်ကြည့်တယ်၊ ပြောကြည့်တယ်။ ဒါတွေ အရှိန်တက်မလာအောင်လို့ သင်ခန်းစာ ပေးလိုက်တဲ့ သဘောပါပဲ” ဟု သူက ပြောသည်။

ပိတ်ပင်မှုကို အနုပညာသည်များကိုလည်း အကြောင်းကြားခြင်း မရှိပေ။ ရန်ကုန်ရှိ အနုပညာလောကနှင့် စာပေနယ်တွင်ပါ ထင်ကြေးပေးပြောဆိုမှုများတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူသိရှင်ကြား ထောက်ခံမှုနှင့် ဆက်စပ်နေသလို အာဏာပိုင်များကို အပြစ်တင်သလိုဖြစ်စေသော သရော်မှုများကြောင့် စစ်အစိုးရက တုံ့ပြန်မှုဟု ပါရှိသည်။

အနဂ္ဂ၊ သံသာဝင်း၊ ကျားပေါက် အပါအဝင် အဆိုတော်အချို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထူထောင်ထားသော HIV/AIDS ကုသစောင့်ရှောက်မှုပေး တောင်ဒဂုံရှိ ၃၇၆ ဂေဟာတွင် သွားရောက် လှူတန်းခဲ့သည်။

နာရေးကူညီမှုအသင်း ဦးစီးသူ ဝါရင့်သရုပ်ဆောင် ဦးကျော်သူကို အတိုက်အခံ နိုင်ငံရေးလှုပ်ရှားမှုနှင့် နီးစပ်သဖြင့် ရုပ်ရှင်ရိုက်ခွင့် ပိတ်ပင်ထားသည်မှာ ၂ နှစ်ရှိပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အချုပ်မှ လွတ်မြောက်ပြီး နောက်တရက်တွင် နေအိမ်တွင် သွားရောက်တွေ့ဆုံခဲ့သည်။

ထို့ပြင် ယခုလ ၂၁ ရက်နေ့တွင် သုဝဏ္ဏအားကစားကွင်း၌ ဖျော်ဖြေခဲ့သော ထာဝရနှင်းဆီ အငြိမ့်တွင် မြန်မာပြည်၏ လက်ရှိအခြေအနေကို သရော်သော ပြက်လုံးများ ထုတ်ခဲ့သဖြင့် ရုပ်ရှင် သရုပ်ဆောင်များဖြစ်သည့် နေတိုး၊ ရဲလေး၊ ထွန်းထွန်း၊ ကျော်ကျော်ဗိုနှင့် မိုးမိုးတို့လည်း ပြည်တွင်း ဂျာနယ်များတွင် ဖော်ပြခွင့် ပိတ်ပင်ထားသည်ဟု သိရသည်။

နေတိုးက “မှန်ရာကို သစ္စာဆိုပါမည်၊ လမ်းတွေကို အလွယ်ခင်းပါသည်၊ ဒါပေမဲ့လည်း တခုတော့ ပြောချင်သည် တခြမ်းပဲ ခင်းတော့ သွားရအလွန်ခက်သည်” ဟူ၍ ပြက်လုံးပြက်ခဲ့ရာ လူကြိုက်များခဲ့သည်။

“မူကြမ်းသွားတင်တော့ ထာဝရနှင်းဆီထဲက လူရွှင်တော်တယောက်ရဲ့ အင်တာဗျူး ပါသွားတယ်။ အဲဒါကို ဖြုတ်ခိုင်းရင်းနဲ့ သူတို့ ၅ ယောက်နဲ့ မောင်မျိုးမင်း အကြောင်းပါ မထည့်ဖို့ စာစစ်မှူးက ပြောလိုက်တာ” ဟု ဂျာနယ်သတင်းထောက် တဦးက မဇ္ဈိမကို ပြောသည်။

နိုင်ငံတဝှန်းတွင် ရန်ကုန် စီးတီး၊ မန္တလေး စီးတီး၊ ပိတောက်မြေ၊ ရွှေ၊ ပတ္တမြား၊ ပဉ္စဝတီ၊ ချယ်ရီနှင့် ပုဂံ FM ဟူ၍ FM အသံလွှင့်လိုင်းများ ရှိသည်။

source by : http://www.mizzimaburmese.co

more.gif

23 November 2010

စလောင်းကြည့် မရ ၊ တော်လှန်ရေး စ ဟု မြောက်ဥက္ကလာ တွင် ကြွေးကျော်



ရန်ကုန် မြို့ မြောက်ဥက္ကလာ သုဓမ္မာ လမ်းမ
က လက်ဘက်ရည်ဆိုင် ပိုင်ရှင် ဖြစ်သူက ဆိုင်တွင်
DVB ရုပ်သံ အပါအ၀င် နိုင်ငံခြား ရုပ်သံလိုင်းများ
ပြသခွင့် မပြု တော့ ဘူး လို့ ပြောတာကြောင့်
လက်ဖက်ရည် သောက် သုံး သူတွေ ဟာ ဌ  ရပ်ကွက်
ရယက ဥက္ကဌ အိမ် ကို သွား ၀ိုင်းပြီး ခင်ဗျား
အမိန့် ထုတ်တာလား၊ သေသွားချင် တာလား ၊
လက်ဖက်ရည် ဆိုင်မှာ စလောင်း မပြရင် တော်
လှန် ရေး ခုချက်ခြင်း စမယ် လို့ ကြွှေးကျော်ကြတာ
ကြောင့် ရယက ဥက္ကဌ လည်း သူ  ရပ်ကွက်
တွင်း ကဆိုင် တွေ မှ လိုက် လျှော လိုက်ရတယ်
လို့ သိရပါတယ်။
ရန်ကုန် မြို့ က အချို့ မြို့ နယ် တွေ မှ ဂြိုလ် တု စလောင်း မကြည့် ရလို့ အမိန့် ထုတ်ထားတားဟာ
စစ်အစိုးရက တိုက် ရိုက် အမိန့် ထုတ်ထား တာ မဟုတ် ပဲ ကျေးရွာ နဲ့  ရပ်ကွက် အာဏာ ပိုင်တွေ
က ထုတ်ပြန်ထား တာ ဖြစ်ပါတယ်။ 

http://freedomnewsgroup.com/

more.gif

13 November 2010

ကရင်ပြည်နယ် အမျိုးသားလွတ်တော် ကိုယ်စားလှယ်စာရင်း

   https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdEPysVpd7D_IgPpo67FZ3xIOnJ7fJrPqfTePncSxSK9SIPwWpA7APmpXFI4RzhG0_xBKz-Ag9d_RoflZEyr0YQt7b3YHYG5DAfH9pvyMZKIR52d1LLKmvtZb1yGZuxfHQoIWVmUGGq-M/s1600/Untitled-2.jpg

ပြည်နယ်လွတ်တော် ကိုယ်စားလှယ် အမည်စာရင်း

  (ကရင်ပြည်နယ်)

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQWX3wCLTpXwEuG35picaJHiJmfLIKJcWXVaB3A8L0f_QjX0FyOI57obdeOmK1pfjzTmELBUaXANcAH9hIuEJCUT4AKpckUZKAwwanDicrTL2ZbNltJyZdBG3TVShaKc2GmHTNJ14TCqM/s1600/Untitled-1.jpg          မြန်မာ့အလင်းသတင်းစာ

more.gif

မြေအောက်မြောင်းထဲတွင် စည်ပင်ဝန်းထမ်းများ အောက်စီဂျင်ပြတ်သေဆုံးမှု



ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ။ ရေ နှင့် သန့်ရှင်းရေးဌာန (ကုက္ကိုင်း ရေပေးဝေရေးဌာနခွဲ ) မှ ၀န်ထမ်းများ ဖြစ်ကြသော ဦးကျော်လင်း ( ၄၄ )နှစ် ၊ ဦးစောနိုင် (၃၆)နှစ် ၊ ဦးဆန်းလင်း (၃၅)နှစ် ၊ ဦးအောင်ရွှေ
(၃၂)နှစ် တို့သည် နိုဝင်ဘာ( ၉) ရက်နေ့က လုပ်ငန်းတာဝန်များ ဆောင်ရွက်နေစဉ်
မြေအောက် (၈)ပေ အနက် တွင်ရှိသော ရေဖွင့်ခလုပ်ကိုဆင်းဖွင့်စဉ် တစ်ဦးတက်မလာ
သဖြင့်နောက်ထပ် တစ်ဦးစီ လိုက်ဆင်းကြရင်း ၄ ဦးစလုံး တပြိုင်နက်
သေဆုံးသွားကြပါတယ် ။ အဆိပ်ငွေ့မိခြင်း (သို့) အောက်စီဂျင်ပြတ်လပ်ပြီး
သေဆုံးကြခြင်းဖြစ်သော် လည်း သက်ဆိုင်ရာဌာနမှ မည်သည့်သတင်းမှ
မထုတ်ပြန်ခဲ့ပါဘူး ။



သေဆုံးသူဝန်ထမ်း (၄)ဦးကို နိုဝင်ဘာ ၁၁ ရက်နေ့မှာ ရေဝေးသုသာန် မှာ မီးသင်္ဂြိုလ် ခဲ့ပါတယ် ။ သရဏဂုဏ် တင်သည့်ခန်းမတွင် တစ်ခန်းလျှင် တစ်ဦးစီ စီ ထားရမည်ဖြစ်သော်လည်း ခန်းမတစ်ခုထဲတွင် ၄ ဦးလုံးကို စုပြုံထားပြီး
သဂြိုလ်ခဲ့သည့် အတွက် ကျန်ရစ်သူမိသားစု ၀င်များ မကြေမနပ်ဖြစ်ခဲ့ကြရပါသည် ။
ဒါ့အပြင် ဌာနဆိုင်ရာ အသက်ဆုံးရှုံးမှု လျှော်ကြေး ကိုလည်းပေးလျှော်
ခြင်းမရှိသေးသည့် အတွက် တာဝန်ရှိသူ မြို့တော်ဝန် ဦးအောင်သိန်းလင်းအား
ကျန်ရစ်သူမိသားစုများအပြင် ဘ၀တူ ၀န်ထမ်းများ ကပါမကြေမနပ်ဖြစ်နေကြပါတယ်လို့
သိရပါတယ်ခင်ဗျ

www.mcwaiyantgi.multiply.com

more.gif

3 November 2010

နေပြည်တော် အထူးသတင်း

ဧရာဝတီဘလော့မှ....

ဒီကနေ့ကစပြီး ဒုဗိုလ်ချုပ်ကြီးတွေ နေပြည်တော်ကနေ ခရီးထွက်ခွာခြင်းမပြုကြဖို့ စစ်ချုပ်ရုံးက အမိန့်ထုတ်ပြန်လိုက်တယ်လို့ နေပြည်တော် သတင်းရပ်ကွက်က ဧရာဝတီကို ပြောပါတယ်။

ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ နေအိမ်အနီး တနင်္လာနေ့ညက အသေးစားဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တယ်ဆိုတာဟာ ကောလဟလ ထုတ်လွှင့်မှုသာဖြစ်တယ်လို့လည်း နေပြည်တော်သတင်းရပ်ကွက်က ဆိုပါတယ်။

အခုလို ဒုဗိုလ်ချုပ်ကြီးတွေကို နေပြည်တော်မှ မခွာခိုင်းတော့တာဟာ တပ်တွင်း အကွဲအပြဲကြောင့် မဖြစ်နိုင်ဘဲ ကျင်းပတော့မယ့် ရွေးကောက်ပွဲနဲ့သာ ပတ်သက်နိုင်ကြောင်း ပြည်ပရောက် တပ်မတော်ထောက်လှမ်းရေးဟောင်းတဦးက သုံးသပ်ပါတယ်။။

"ရွေးကောက်ပွဲအတွင်း ကြုံတွေ့ရနိုင်တဲ့ ပြဿနာတွေကို စုပေါင်းဆွေးနွေးဖြေရှင်းဖို့နဲ့ ရွေးကောက်ပွဲလွန်ကာလမှာ ဘယ်သူက ဘယ်တာဝန်တွေ ယူကြမယ်ဆိုတာကို ညှိနိုင်းဖို့ အစည်းဝေးတွေထိုင်ကြဖို့အတွက် ခရီးမထွက်ခိုင်းတာပဲ ဖြစ်နိုင်ပါတယ်။ တပ်တွင်း တင်းမာမှုတွေကြောင့်ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်သန်းရွှေဟာ သူ့အောက်ကလူတွေကို စည်းရုံးထားနိုင်ပါတယ်။ ပြည်သူတွေအပေါ်မှာသာ ဒီမိုကရေစီစနစ်မကျင့်သုံးပေမယ့် သူတို့အထဲမှာတော့ ဒီမိုကရေစီစနစ်နဲ့ ဆွေးနွေး ဆုံးဖြတ်တာများပါတယ်။ ဗိုလ်ချုပ်ခင်ညွှန့်ကို ဖြုတ်ချတုန်းကလည်း တိုင်းမှူးတွေကိုပါ ခေါ်ယူညှိနှိုင်းပြီး ဖြုတ်ထုတ် အကျယ်ချုပ်ချခဲ့တာ"လို့ ထောက်လှမ်းရေးဟောင်းက ဆိုပါတယ်။

နေပြည်တော်မှာတော့ ယမန်နေ့ညပိုင်းကတည်းက ဈေးဆိုင်တွေကို ပိတ်ခိုင်းထားခဲ့ပြီး လမ်းတွေပေါ်မှာ လူသူသွားလာမှုလည်း လျော့နည်းသွားတယ်လို့ သိရပါတယ်။

အမှားပြင်ဆင်ချက်။ ။ဤသတင်း၏ တတိယအပိုဒ်တွင် မူလက အခုလို ဒုဗိုလ်ချုပ်မှူးကြီးတွေဟု မှားယွင်းဖော်ပြခဲ့သည်ကို အခုလိုဒုဗိုလ်ချုပ်ကြီးတွေဟု ပြင်ဆင်လိုက်ရပါသည်။

more.gif

1 November 2010

ဗိုလ်ချုပ် အဆင့် နှစ်ဦး အပါအ၀င် အရာရှိ လေးဆယ်ကျော် ကို နေပြည်တော်တွင် ဖမ်းဆီးထား

Freedom News Group

နေပြည်တော်တွင် ဇာတ်တူသား စား(Dog Eat Dog)နေသည် ဆိုသည့် သတင်းများကြောင့် ဟနွိုင်းရောက် သိန်းစိန်ကြီးမှာ လည်း နောက်ဆံတင်းနေရသည်
သြဂုတ် လအတွင်းက စစ်အစိုးရထိပ်တန်း ခေါင်းဆောင် နှစ်ဦး ၏ ရာထူး အပြောင်းအလဲများ
ကို မကျေနပ် သည့် နေပြည်တော်မှ စစ်အရာ ရှိ အချို့ အား ယခု သီတင်းပတ် အတွင်း ဆက်
တိုက် ဖမ်းဆီးခဲ့သည် ဟု FNG မှ စုံစမ်းသိရှိရသည်။

ထိုကဲ့သို့ ဖမ်းဆီးမှု များ တွင် ဗိုလ်ချုပ် အဆင့် ဖြင့် လက်ရှိတာဝန် ထမ်းဆောင် နေသူ နှစ်
ဦး လည်း ပါဝင် သည် ဟု သိရ သော် လည်း အသေးစိတ် စုံးစမ်းမှု ပြု၍ မရရှိချေ။
နိုဝင်ဘာ ရွေးကောက် ပွဲ နီးကပ် လာသည် နှင့် အမျှ နေပြည်တော် တွင် လုံခြုံရေး တိုးမြှင့်
ချထား ပြီး မြန်မာ စစ်ခေါင်းဆောင် နှစ်ဦး သည် လည်း ၎င်း တို့ ၏ လုံခြုံရေး အရ လက်ရှိ
နေအိမ်များ တွင် ပင် နေထိုင်ခြင်း မပြုတော့ ဟု သတင်းရရှိသည်။
အတည်မပြု နိုင်သေးသည့် သတင်းများ အရ ဖမ်းဆီးခံထားရသူမှာ ယခင် ရန်ကုန်တိုင်း
စစ်ဌာန ချုပ် တိုင်းမှုး ဟောင်းဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ ဟု သိရသည်။

more.gif

ဒု ဗိုလ်ချုပ်ကြီး မြင့်ဆွေ စစ်မေးခံနေရ

ဧရာဝတီဘလော့မှ....


ရန်ကုန်တိုင်း ကစထမှူးဟောင်း ဒုဗိုလ်ချုပ်ကြီးမြင့်ဆွေကို နေပြည်တော် စစ်ချုပ်ရုံးမှာ စစ်မေးမှုတွေ လုပ်နေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

"သူ့ကို ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ကြံ့ဖွံ့ပါတီကနေ ရွေးကောက်ပွဲ ၀င်ခိုင်းတာကို ငြင်းပယ်လို့ စစ်ထောက်ချုပ်နဲ့ စိတ်ဓါတ်စစ်ဆင်ရေးက အရာရှိတွေက စစ်မေးနေတာလို့ ကြားတယ်"လို့ စစ်ချုပ်ရုံးနဲ့ နီးစပ်တဲ့ စီးပွားရေးသမားတဦးက ဧရာဝတီကို ပြောပါတယ်။

more.gif