Showing posts with label ထူးဆန်းထွေလာ. Show all posts
Showing posts with label ထူးဆန်းထွေလာ. Show all posts

18 April 2011

လက်မရှိသည့် ကျောင်းသားလေးက လက်ရေးလှပြိုင်ပွဲတွင်ဆုရရှိ....( မဖြစ်နိုင်ဘူး ဆိုတာ မပြောပါနဲ့ တဲ့ )

လက်မရှိသည့် ကျောင်းသားလေးက လက်ရေးလှပြိုင်ပွဲတွင်ဆုရရှိ....

နှစ်ဖက်စလုံးလက်ချောင်းများ၊ လက်ဖျံများမရှိရှာသည့် ငါးတန်းကျောင်းသားကလေး နီကိုလပ်စ်မက်ဆင် ဟာ ဇနာဘလိုဆာ၏ အကြိမ် ၂၀ မြောက်အမျိုးသားလက်ရေးလှပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ လို့ လွန်ခဲ့ သည့် 
တနင်္လာနေ့ က အထူးဆုတစ်ခု ရရှိခဲ့ ပါတယ်...
                                   လက်မရှိလည်းလက်ရေးလှပြိုင်ပွဲမှာဆုရလောက်အောင်တောင်လေ့ ကျင့် ယင်ဖြစ်ပါတယ်...

သူ့ ရဲ့ လက်အတုတွေမသုံးပဲ ပြိုင်ပွဲပြီးသည်အထိစာရေးသားမှုက တကယ့် ကိုအံ့ သြထူးဆန်းလောက်တာ
မို့ သူ့ ကိုဆုပေးဖို့ အမည်စာရင်းတင်သွင်းခဲ့ တာပါလို့ ရိဖီးဒ်မူလတန်းကျောင်းအုပ် ရှရိုင်းဟဆင်ဖပ်စ် ကရှင်း
ပြခဲ့ ပါတယ်...
ထိုစဉ်က နီကိုလပ်စ် ဟာ ဘောပင်သို့ မဟုတ်ခဲတံကို သူ့ ရဲ့ လက်မောင်းနှစ်ခုနှင့် ညှပ်ပြီး ရေးသားခဲ့ တာ
ဖြစ်ပါတယ်...
( ပြိုင်ပွဲစီစဉ်ကျင်းပသူ ) ဇနာဘလိုဆာ ရဲ့ ကိုယ်စား ပညာရေးဆိုင်ရာစာအုပ်စာတမ်းများပုံနှိပ်ထုတ်ဝေသူ
တစ်ဦးလည်းဖြစ်သည့် ဟဆင်ဖပ်စ် က ကျောင်းရဲ့ စုံညီအစည်းအဝေးပွဲတစ်ခုမှာ သူ့ ရဲ့ ထူးချွန်ပြောင်မြောက်
လှသည့် လက်ရေးလက်သားအတွက် နီကိုလပ်စ် အားဆုဖလားတစ်ခုချီးမြှင့် ခဲ့ ပါတယ်...
အဆိုပါကျောင်းဟာ မိန်းနယ်၊ ရိဖီးဒ် ဒေသမှာရှိတာဖြစ်ပါတယ်...နီကိုလပ်စ် ရဲ့ စွမ်းရည်ကို အသိအမှတ်ပြု
ဂုဏ်ပြုသည့် အနေဖြင့် ဇနာဘလိုဆာဟာ နီကိုလပ်စ်မက်ဆင် လက်ရေးလှထူးချွန်ဆု ဆိုပြီးဆုအသစ်တစ်
ခုကို ထပ်မံပေးအပ်ဖို့ ဆုံးဖြတ်ခဲ့ ပါတယ်...
" နီကိုလပ်စ် ရဲ့ လက်ရေးလက်သားကိုမြင်လိုက်ရတဲ့ အခါမှာတော့ ကျွန်တော်တို့ အဖွဲ့ ဟာအလွန်ကိုအံ့ 
အားသင့် ခဲ့ ကြရပါတယ်...ဒီပြိုင်ပွဲကို လွန်ခဲ့ သည့် အနှစ် ၂၀ ကတည်းကစတင်ပြုလုပ်ခဲ့ ပြီး နှစ်စဉ်တိုး
တက်လာတဲ့ ပါဝင်ယှဉ်ပြိုင်မှုကြောင့် ဝမ်းသာကျေနပ်ခဲ့ ရပါတယ်...ပြီးတော့ နီကိုလပ်စ် ကလေးကလည်း
ကျောင်းသား၊ကျောင်းသူတွေအားလုံး ပါဝင်ယှဉ်ပြိုင်လာအောင် တိုက်တွန်းစေဖို့ ခွန်အားဖြစ်စေခဲ့ ပါတယ်.."
လို့ ဇနာဘလိုဆာ ကပြောကြားခဲ့ ပါတယ်...

မဖြစ်နိုင်ဘူးဆိုတာသေချာပြီလားဆိုတဲ့ စာအုပ်ကို သတိရစရာပါပဲ...
စိတ်ဆန္ဒနဲ့ ကြိုးစားအားထုတ်မှုသာအဓိကပါပဲ...ဇွဲ ရှိဖို့ လည်း မမေ့ပါနဲ့ ။

ကျမတို့ ညီအကို မောင်နှမ တွေ နမူနာယူပြီး ကိုယ်ဖြစ်ချင်တာကို  ကြိုးစားလိုက်ကြရအောင်.....

.....သိစေချင် ၊ ဖတ်စေချင်သော စေတနာဖြင့် ( ကိုပီတာ အတွေးပုံ၇ိပ် ) ထံမှတင်ဆက်လိုက်ပါတယ်။
                                                       

more.gif

21 March 2011

် 8 ထပ်တိုက် ပေါ် ကပြုတ်ကြတဲ့ ခလေး

ဧဒင်ဥယျာဉ်မှ.....................



တရုပ် ပြည် Hubei Province ထဲက Yichang မြို့လေး မှာ ၂၀၁၀ ခု မေ လ ထဲမှာ ဖြစ် ပျက် ခဲ့တာပါ။
၆ နှစ် အရွယ် "မင်းမင်း " ဆိုတဲ့ တရုပ် ခလေး ငယ် ဟာ ၈ ထပ်တိုက် ဝါး ရံတာ ကနေပြုတ်ကြခဲ့တယ်။
သံချောင်း ၂ ချောင်း ကြားမှာ သူရဲ့ ကြီးမား တဲ့ ခေါင်း နဲ့ နားရွက် နဲ့ ချိပ်နေလို့ အသက် ရှင် ခဲ့ ရပါတယ်။
အံသြ နေကြတဲ အိမ်နီး နား ခြင်းတွေ က အသက် ကယ် တဲ့ အဖွဲ ရောက် လာပြီး လုပ် ပုံ ကိုင်ပုံ ကယ် တင်ပုံ
တွေ ကို ကြည့်နေကြတယ်။ ကယ်ဆယ်ရေး အဖွဲ့ ဟာ ဟိုက်ဒရော လစ် ဖိအား သုံး သံဖြတ်ကရိယာ နဲ့ ဖြတ်ပြီး
ခလေး ကို အပေါ်ဆွဲတင်ခဲ့ ရတယ်။
အဖွားက သု့ကို အခန်းထဲမှာ အိပ် ခိုင်း ခဲ့ခါ အပြင် ကို လိုအပ် တာလေးတွေ ဝယ်ဖို့ ထွက် လာခဲ့တယ်။
သူနိုး လာတော့ အဖွား ကို လိုက်ရှာရင်း ပြေးထွက် လိုက်တာ မှာ ဝရံတာကနေ ထွက်ကျခဲ့တာပါ။
လာကယ်တဲ့ Fire service တာဝန်ရှိသူပြောတာ ကတော့ အံအားသင့် ဖွယ် လွတ်မြောက် လာခဲ့တာ...
နောက် မိနစ် အနဲငယ် မှာ ဆိုရင် ခလေး ဟာပြုတ်ကြသွား နိုင်တယ် (ဒါမှမဟုတ်) အသက် ရှု ကြပ်
ပြီး သေသွား နိုင်တယ် တဲ့။


စပြုတ်ကြ စဉ်.. နားရွက် နဲ့ တစ်နေပုံ

ပြုတ်ကျတဲ့ 8 ထပ် တိုက်

အောက်မှ ကြည့်နေတဲ့ အိမ် နီး ခြင်း များ



စကယ်တင်စဉ်

hydraulic pressure expander နဲ့ သံချောင်း တွေကို ဖြတ

ကယ် လို့ ရပါ ဘီ ဗျား

HUBEI ပြည်နယ် Yichang မြို့လေး

 
 

more.gif