၂၀၁၀ ဒီဇင်ဘာမှာ တွေ့ရတဲ့ ဗိုလ်ချုပ်ကြီးများဗိုလ်ချုပ်ကြီးတို့ရဲ့ ပင်စင်လစာ၊ နိုင်ငံရေးဆုငွေစာရင်းကို မိုးမခ http://moemaka.blogspot.com/ မှာ တွေ့ရပါတယ်။
ဗိုလ်သန်းရွှေ ပင်စင်လစာက သိန်းတရာ တဲ့။ စာဖတ်နေတဲ့ ဗိုလ်ချုပ်မှူးကြီး ဒီလစာငွေတွေကို ဘာလုပ်မလဲ မသိရပါဘူး။
နိုင်ငံရေးဆုငွေအဖြစ် သိန်းနှစ်ရာကျော် ရပါတယ် တဲ့။
ဗိုလ်သန်းရွှေ ပင်စင်ယူတဲ့နေ့ကို ၂၀၁၁ မတ်လ ၃၁ ရက်နေ့လို့ အဲဒီမှာ ရေးထားပါတယ်။ ဦးသိန်းစိန် သမ္မတအဖြစ် ကျမ်းသစ္စာဆိုပြီး နောက်တနေ့မှာ ဗိုလ်သန်းရွှေ ပင်စင်ရသွားတာ ဖြစ်ပါတယ်။
အဲဒီစာမှာ ဖော်ပြထားချက်အရ ဆိုရင် ဗိုလ်မောင်အေးလည်း အဲဒီနေ့မှာ နားပါတယ်။ ပင်စင်ငွေပမာဏကလည်း တပ်ချုပ်ကြီးဟောင်းနဲ့ မတိမ်းမယိမ်း ရပါတယ်။
ဗိုလ်အောင်ထွေး၊ ဗိုလ်ရဲမြင့်၊ ဗိုလ်ခင်မောင်သန်း၊ ဗိုလ်ကျော်ဝင်းတို့ရဲ့ ပင်စင်လစာက ခြောက်သိန်းကျော်ပါတယ်။
ခြောက်သိန်းပဲ ဆိုတော့ နည်းတယ်လို့ မပြောနိုင်ပါဘူး။ တခြားဗိုလ်ချုပ်တွေက တသိန်းကျော်ပဲ ရလို့ပါ။
ထူးခြားချက်နောက်တခုကတော့ ဗိုလ်ခင်ညွန့်၊ ဗိုလ်ဝင်းမြင့်တို့ ၂ ယောက်ကို ပင်စင် ခံစားခွင့်မပြုတာပါပဲ။
အဲဒီ ပင်စင်လစာ စာရွက်ကို ဒီမှာ http://3.bp.blogspot.com/-pVCGYnkbYKI/T2mpDyeQg6I/AAAAAAAAUNU/7yR3T... ကြည့်နိုင်ပါတယ်။ ( ကိန်းဂဏန်းတွေကို ဖတ်ရလွယ်အောင် အနီစက် တို့ထားပါတယ်)
ဧရာဝတီသတင်း







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment