Showing posts with label နိုင်ငံတကာသတင်း. Show all posts
Showing posts with label နိုင်ငံတကာသတင်း. Show all posts

16 November 2010

ရှန်ဟိုင်း၏ စီးပွါးရေး စင်တာ မီးလောင်ကျွမ်းခဲ့သဖြင့် လူပေါင်း 53 ဦးသေဆုံးပြီး ၉၀ ကျော် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိ

တရုတ်ပြည် ၏ စီးပွါးရေး အချက်အခြာကျသည့် အရှေ့ပိုင်း မြို့တစ်မြို့ ဖြစ်သော ရှန်ဟိုင်း၏ စီးပွါးရေး စင်တာတစ်ခု မီးစွဲလောင်ခဲ့ရာ လူ ၄၉ ဦးသေဆုံးပြီး ၉၀ ကျော် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု
ဒေးလီးမေးလ် သတင်းစာအရ သိရသည်။
Jingan ခရိုင် ရှိ စင်တာကို စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ အထပ်ပေါင်း ၂၈ ထပ်ရှိ အဆောက်အဦးကို စတင်လောင်ကျွမ်းချိန်တွင် လူအနည်းငယ်သာ အပြင်သို့
ထွက်နိုင်ခဲ့ပြီး ပင်စင်စား ကျောင်းဆရာ ဆရာမများ၊ Xinhua သတင်း အေဂျင်စီမှ
သတင်းထောက်များ၏ အခန်းများ ပိတ်မိကုန်ကြခြင်း ဖြစ်သည်။ အဆိုပါ ၂၈ ထပ်ရှိ
အဆောက်အဦးထဲနေ ပြည်သူအများမှာ ထွက်ပေါက် မရှိတော့လောက်အောင်
မီးလောင်ခဲ့ခြင်းကြောင့် ကယ်ဆယ်ရေး လုပ်သားများ အတော်လေး
အခက်တွေ့ခဲ့ကြရသည်။

မီးသတ်ကားပေါင်း ၈၀ ကျော်ဖြင့် မီးသတ်ခဲ့ကြပြီး မီးခံဝတ်စုံဝတ် ကယ်ဆယ်ရေး လုပ်သားများက
ပြတင်းပေါက်များနှင့် နံရံများကို ဖြိုလျက် ကယ်ဆယ်ခဲ့ကြခြင်း ကြောင့်သာ
ယခုလောက် ကယ်ဆယ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ကယ်ဆယ်ရေး အရာရှိတစ်ဦးက လူပေါင်း
၂၀၀ ကို ကျွန်တော်တို့ ကယ်ဆယ်နိုင်ခဲ့ပေမယ့် လူပေါင်း ၉၀ လောက်ဟာ
ထိခိုက်ဒဏ်ရာ ရရှိနေကြပါတယ်။ ဟုပြောကြားခဲ့သည်။

လူနာများကို Jingan ခရိုင် ဆေးရုံသို့ တင်ပို့ထားပြီး ဆရာဝန်များ အဆိုအရ လူနာ ၂၀ မှာ
ပြင်းထန်သော ဒဏ်ရာ ရရှိနေသည်ဟု ဆိုသည်။ စားသောက်ဆိုင် မှ စားပွဲထိုးများ၏
မျက်မြင်တွေ့ရှိချက်များအရ ပိတ်မိနေသော လူများထဲ၌ ပြတင်းပေါက်များမှ
ခုန်ချသူများ ရှိသည်ဟု ဆိုသည်။

မီးလောင်ကျွမ်းရခြင်း၏ အဓိက အကြောင်းအရင်းကိုမူ မသိရှိရသေးပေ။

Braking News -

more.gif