Showing posts with label ကျမပေးချင်တဲ့ Message. Show all posts
Showing posts with label ကျမပေးချင်တဲ့ Message. Show all posts

8 August 2011

(၆၁)ကြိမ်မြောက်၊ ကရင့်အာဇာနည်နေ့အကြို

တော်လှန်ရေးပန်းတိုင်ဆီသို့

မပြီးဆုံးသေးသောဒုတိယဖက်ဆစ်တော်လှန်ရေးအားဆက်လျှက်ဆင်နွဲကြ။
--သြဂုတ်လ 12ရက်နေ့ကျရောက်မည့်

61- ကြိမ်မြောက်၊ ကရင့်အာဇာနည်နေအား အသက်စွန့်တိုက်ပွဲဝင်ခဲ့ပြီး တမလွန်ဘ၀သို့ ရောက်ရှိသွားရှာတဲ့ အမျိုးသားခေါင်းဆောင်.အာဇာနည်သူရဲကောင်း စောဘဦးကြီးနဲ့အတူကရင်တစ်မျိုးသားလုံးအတွက်အခြားသော ကရင့်တော်လှန်ရေး တပ်ဗိုလ်တပ်မှူး၊ ရဲဘော်ရဲဘက်များအား အောက်မေ့သတိရဂုဏ်ပြုသောအားဖြင့် ဤကဗျာလေးဖြင့်ဂုဏ်ပြုအပ်ပါသည်။

ကရင့်အာဇာနည်နေ့အတွင်း နယ်စပ်လုံခြုံရေး သတိထားရန် ကရခ ညွှန်ကြား


စောဘဦးကြီးသို့တမ်းတခြင်း

အိုး…….

အာဇာနည် သူရဲကောင်း

အသင်သည်ကား
အမျိုးသစ္စာ ဂုဏ်သိက္ခာအတွက်
ရန်သူရှေ့မှောက် ဒူးမထောက်ဘဲ
သူရဲကောင်းပီသစွာဖြင့်
ကရင့်လူမျိုးအတွက်
အသက်စွန့်လှူပေးသွားခဲ့သည်။
သင်သေသော်လဲ သင့်ရဲ့ဂုဏ်သတင်း
ကရင့်ရင်ထဲ သင်းပျံ့နေဆဲ သင်းနေဆဲ။


အိုး…

အာဇာနည် သူရဲကောင်း

အသင်ထွင်ဖောက် သင့်လမ်းဖြောင့်ဝယ်
သင့်ရဲ့နောက်လိုက် တပည့်ချစ်တို့
သင့်ရဲ့မိန့်ကြားဆုံးမစကားကို
ဦးထိပ်မှာတင် နားမှာဆင်လျက်
အမျိုးသစ္စာ ဂုဏ်သိက္ခာဖြင့်
ရန်သူ့ရှေ့မှောက် ဒူးမထောက်ဘဲ
ကရင့်ပြည်သူ လူမျိုးအတွက်
အသက်စွန့်လှုပေးသွားကြသည်။

အိုး…

အာဇာနည် သူရဲကောင်း

သင့်ရဲ့နောက်လိုက် တပည့်မိုက်ကား
သင့်ရဲ့မှာကြား ဆုံးမစကားနဲ့
ပြောဆိုဆုံးမ သြဝါဒစကား မလိုက်နာဘဲ
အမျိုးသစ္စာ ဂုဏ်သိက္ခာအတွက်
သင့်ရဲ့မျက်နှာ မထောက်ထားဘဲ
ရန်သူ့ရှေ့မှောက် ရှက်မကြောက်ဘဲ
လက်မြှောက် ဒူးထောက် သစ္စာဖောက်ကာ
ယခုခါဝယ်
နေရာကောင်းယူ ကြီးစိုးမင်းမူနေကြပုံကို
သင်မြင်တွေ့ကာ ရင်ထုမနာဖြစ်မိမှာဘဲ။

အိုး…

အာဇာနည် သူရဲကောင်း

သင်ရောက်လေရာ ဘုံဘဝမှာ
သင်ကြားနိုင်စေ မြင်ပါစေဟု
စေတနာရင်းခံ ဆန္ဒမွန်ဖြင့်
အိုး…..သူရဲကောင်း
သင့်အား ကျွန်ုပ်တိုင်တည်အပ်ပါသည်။


နန်းယမင်းဝေ

more.gif

7 August 2011

အာဇာနည်စကား

၁။ကရင့်လက်နက်ချစကား အလျဉ်းမပြောရ၊
၂။ကရင့်လက်နက် ကရင့်လက်ထဲ ရှိရမည်၊
၃။ကရင့်နယ်မြေအသိအမှတ်ပြုခြင်း ပြီးပြည့်စုံစေရမည်၊
၎။ကရင့်ကံကြမ္မာ ကရင်ဖန်တီးရရှိရမည်။

မမေ့နိုင်သောနေ့

မှောင်မှောင်မည်းမည်း

အဲဒီလမ်းကို သူ့သွေးလောင်း၇်ျ့

လင်းစေခဲ့တယ်..

ယုံကြည်၇ဲ၇င့် ဇွဲအသစ်နှင့်

သူ့ခရီးကြမ်းကို လှမ်းခဲ့တယ်..

မင်းတို့တွက် စတေးလိုက်၇တယ်ဆိုတဲ့

စကားသူမပြောခဲ့တာတောင်

နှလုံးသားမှ သူ့စကား

အခါခါကြားယောင်နေမိတယ်..။

ဒီနေ့ဒီချိန်ေ၇ာက်တိုင်း

ဒီအမှန်တ၇ားကို မင်းတို့

မြတ်နိုးတတ်ဖို့လိုတယ်..။

အို..အဖေ၇..

သင့်သွေးလောင်း၇်ျ့

လင်းစေခဲ့သည် လမ်းကို

ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့

ပန်းတိုင်အရောက်ပျံသန်းနိုင်ဖို့

ကျွန်ပ်တို့ ၇ဲ၇ဲဝံဝံလျောက်လှမ်းပါအံ့...။

နန်းယမင်း


တော်လှန်ရေးပန်းတိုင်ဆီသို့


မပြီးဆုံးသေးသောဒုတိယဖက်ဆစ်တော်လှန်ရေးအားဆက်လျှက်ဆင်နွဲကြ။
--သြဂုတ်လ 12ရက်နေ့ကျရောက်မည့်

61- ကြိမ်မြောက်၊ ကရင့်အာဇာနည်နေအား အသက်စွန့်တိုက်ပွဲဝင်ခဲ့ပြီး တမလွန်ဘ၀သို့ ရောက်ရှိသွားရှာတဲ့ အမျိုးသားခေါင်းဆောင်.အာဇာနည်သူရဲကောင်း စောဘဦးကြီးနဲ့အတူ ဤကဗျာလေးဖြင့်ဂုဏ်ပြုအပ်ပါသည်။



more.gif

6 November 2010

ကျမပေးချင်တဲ့ Message



ကျမ ရဲ့အိမ်သစ်လေးကို

လာလည်ကျတဲ့ ညီအစ်ကို/မောင်နှမ များအားလုံးကို ကျေးဇူးအထူးတင်ပါ
ကျမပြောချင်တဲ့ အကြောင်းအရာက ကျမရဲ့အီမေလ်တွေအားလုံးက လုံခြုံမူတခုမှ မရှိလို့ပါ။

ဘာဖြစ်လို့များကျမကို မှလိုက်ပြီးအနောက်ယှက်ပေးနေရတာဆိုတာကိုကျမလည်းနားမလည်ဘူး။ ပထမအကြိမ် ဇော်မင်းထွန်းနဲ့ကျမကိုသွေးခွဲအောင်လုပ်တယ် ကျမဆီနဲ့ဇော်မင်းထွန်းဆီကိုထင်ရောင်ထင်မှားဖြစ်အောင်လုပ်ခဲ့ပြီးပါပြီး အောက်မှာမေလ်းဖောက်သူရဲ့အိုင်ပီပါ။



IP Information - 114.78.166.24


နောက်ပြီးဒုတိယအီးမေလ်ဖောက်တဲ့သူတယောက်ကတော့ ကျမနဲ့အဆက်သွယ်ရှိတဲ့အကိုတယောက်ဆီကို ကျမ မပို့ပဲ သူကိုယ်တိုင်ရေးပြီးပို့ပ်ါတယ် ကျမရေးတာမဟုတ်ဘူးနော်အဲဒီအောက်မှာဖတ်ကြည့်ပါ

အကို
ကျမမှာ ချစ်သူရှိနေပြီး ကျမချစ်သူကို ကျမအရမ်းချစ်မိနေပြီး ကျမချစ်သူစိတ်တိုင်းကျ ကျမဘဝကိုပေးချင်တယ်
ဒါကြောင့် နောက်ဆုတ်လိုက်တော့ ကျမချစ်သူသိသွားရင် မကောင်းဘူး ကျမတို့မှာ နောက်တစ်နှစ်ဆိုရင် ယူတော့မယ်
အခုကတော့ အတူသွား အတူစား အတူတူနေခါနေပေါ့။ ဝမ်းနည်းပါတယ်

ချစ်သူရေအပေါ်ကမှင်နီနဲ့စာပိုဒ်ဟာ ကျဝ့်ရဲ့  E.mail ထဲမှာ ယမင်း အကောင့်နဲ့ဝင်လာတယ်အဲဒါ
ယမင်းကိုယ်တိုင်ရေးတာဟုတ်မဟုတ်သိချင်တယ် ကျဝ်ဆီအမြန်ဆက်သွယ်ပါ
From: Miss NaN yaminwai
Date: 2010/10/16
Subject: open
To: kyaw@gmail.com
ခြေရာလက်ရာကိုကြည့်ရတာယမင်းမဟုတ်ဘူးဆိုတာကျဝ့်သိနေတယ်
Miss NaN yaminwai
to me

show details Oct 30 (3 days ago)


မင်္ဂလာပါ ကျဝ့် မတွေ့ရတာကြာပြီ အခုတလော ပျောက်နေတယ်
ဘယ်ရောက်နေလည်း နေမကောင်းဘူးလား? ကျမ္မာရေးကို ဂရုစိုက်ပါ။
ယမင်းတို့နဲ့ အဝေးကြီးဆိုတော့ ဘာမှ ကူညီလို့မရဘူး တနိုင်ငံတည်းဆိုရင်
အတတ်နိုင်ဆုံး ကူညီလို့ရပါတယ် ယမင်းတို့ နိုင်ငံကိုအလည်လာခဲ့လေ အမြဲတမ်းကြိုဆိုနေတယ်
ကျဝ့် တွေ့နေကျ စနေနေ့ တွေ့ကျရအောင် စောင့်နေမယ်နော်။

From: Miss NaN yaminwai
Date: 2010/11/1
Subject: ယမင်း
To: lovene@gmail.com
-------- Forwarded message ----------

ကျဝ့်ရေ ယမင်းကိုမယုံတော့ဘူးလား ကျဝ့်ကို ယမင်း အွန်လိုင်းမှာ စောင့်နေပါတယ်
အခုတလော အွန်လိုင်းမှာ မတွေ့တာကြာပြီ ဘာဖြစ်နေတာလည်း
မုန်းသွားပြီးလား သတိရလိုက်တာ ကျဝ့်ဓာတ်ပုံတစ်ပုံပို့ပေးပါလား
ယောကျာင်္းတွေက ဒီလိုကြီးပဲ ချစ်လွယ် မုန်းလွယ်တတ်တဲ့ သူတွေပဲ
ကျဝ့်အတွက် ယမင်းမှာ ဖြူစင်သန့်ရှင်းတဲ့ နှလုံးသားလှလှရှိပါတယ်
မိန်းကလေးတယောက်အနေနဲ့ ပြောရတာ သိက္ခာကျတယ်
ဒီတခါ စာမပြန်ရင် မဆက်သွယ်တော့ဘူး

ကဲယမင်းရေကြားလူဝင်တာလား ယမင်းဘဲလားဆိုတာစစ်ဆေးကြည့်ပါ
ဦး
အရေးအသားကိုကြည့်ရတာမသင်ကာလို့မိတ္တူပို့ပေးလိုက်တယ် အနီရောင်ချယ်ထားတဲ့လိပ်စာနဲ့စာသားတွေကိုသေချာကြည့်ပါဦးယမင်းရေ
ဆ်ုအဲဏ်ုအ်ုဟှင်း အှ်ထင့်ယ်ုသာဍွယ် အဲဏ်ု အဲဏ်ု လ၀်လ်ုဘ္လယ် အှ်ဆံင်းလားဆါ်


နောက်တခုက PassWord တွေ ဘယ်လောက်ပဲပြောင်း၂ သူတိုတွေအားလုံးသိနေတယ်။
ကျမရဲ့အိုင်ပီနဲ့ မောင်တိုက်ဆိုတဲ့နံမည်နဲ့ သောသီခိုမှာ စာတွေသွားရေးထားတယ်။ အသေးစိတ်ကို သောသီခိုဆီကိုမေးကြည့်လိုရပါတယ်။

နောက်တခု ကျမဆီလာတဲ့မေးလ်တွေကိုကျမမဖတ်ရဘူး ဘယ်ရောက်သွားလည်းဆိုတာ...... တွေးကြည့်ကြပေါ့။
နောက်တခုကနဒီသံလွင်စီဘောက်ကို ကျမ မရေးပဲ ကျမအိုင်ပီနဲ့ လိုက်ရေးထားတာတွေနေရပါတယ်။
အားလုံးကို စိတ်အနောက်ယှက်ဖြစ်ပြီးနဒီသံလွင်စီဘောက် ကိုပိတ်လိုက်ရခြင်းဖြစ်ပါတယ်။

ကျမပြောချင်တာကတော့ ဘယ်လိုအနောက်ယှက် အခက်ခဲပဲလာလာ အခုချိန်မှစပြီး အားလုံးကို ကြိုဆိုပါတယ်။ လဲနေရင်လည်းပြန်ပြီးထမယ်။ ဖြစ်ချင်တာတွေမဖြစ်လာတဲ့ ဘဝမှာ ဖြစ်လာတာကိုအကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးနေထိုင်ခဲ့ပြီး ပါပြီး။ ပြည်ပမှာမိဘနဲ့ခွဲနေပြီး ကျောင်းတဖက်အချိန်ပိုင်း အလုပ်တဖက်နဲ့ လှပသောဘဝကို ထုဆစ်နေပါတယ်။
ကိုယ်ကိုလဲ နောင်ထမဲ့စွာနဲ့ရှင်သန်ဖြတ်သန်းနေဆဲပါ။ ဘဝတက်ကျိုးလုနီး၂ဖြစ်နေချိန်မှာ စိတ်ဓါတ်ခွန်အား ယုံကြည်မူတွေပြန်လည်ရိုက်သွင်းပေးခဲ့တဲ့ ယမင်းကိုချစ်တဲ့အကိုကိုယ် ဒီနေရာကနေ
ဦးညွတ်ပါရစေ။ ပြီးခဲ့တာအားလုံးကို မချည်နှောင်ထားချင်လို့ တမလွန်ဘဝကနေ ရှင်သန်ထမြောက်လာခဲ့ပြီးပါပြီး ။
စိတ်သစ် လူသစ်နဲ့ ဘဝသစ်နဲ့ပါ ဒီနေကစပြီး ကျန်ရှိနေသေးတဲ့ အချိန်တွေ ကိုယ်လူမျိုး တွေနဲ့အတူတူ အလုပ်ကျွေးပြုရင်း တာဝန်ကြေပွန်စွာ ပေးဆပ်ဖို့ ဆုံးဖြတ်လိုက်ပါပြီး ဘယ်လိုအနှောက်ယှက်ကိုမှ မမူတော့ဘူး အကိုတွေအားလုံးနဲ့အတူ ညီညွတ်စွာ ဆက်လျှောက်ရင်းဖြင့်

ဘဝတွေကိုအကောင်းဆုံးတည်ဆောက်ရင်းဖြင့် လှပသောဘဝများကိုပိုင်ဆိုင်ကြပါစေ။ 

ကျမရင်ထဲကလာတဲ့စကားတွေပါ
နှလုံးသားနဲ. လာလည်သူကြတဲ့အကိုတွေ
Cbox မှာ တခုခုရေးခဲ့ပေးပါလို. တောင်းဆိုချင်ပါတယ်။

more.gif