27 August 2013

နားလည်ကြဖို့အချိန်တန်ပြီး

.

တစ်ယောက်အပြစ်တစ်ယောက်တင်...
တစ်ယောက်အသက်တစ်ယောက်မငဲ့...
အသက်တွေ..အသက်တွေ...
စတေးတဲ့ဒီတောဒီတောင်ဒီရေဒီမြေမလှ..
ဒီသဘာဝတွေလည်း..
ယမ်းငွေ့တွေထဲ..
မွန်းကြပ်နေဆဲ....
ရာစုတွေထဲနစ်မွန်းစေခဲ့တာလည်း..
ကြာခဲ့ပါပြီ..မောင်မျိုးချစ်..။
သေသူ သတ်သူ ...
သွေးရင်းတူတွေသတ်တဲ့ပွဲမှာ
ဘယ်သူ့ဘတ်ကလတ်ခုပ်လတ်ဝါး..
ငါတို့အားပေးရမလည်း...အမောင်မျိုးချစ်။
ဘယ်ဘတ်ကသေသေ..
သေသူတိုင်းဟာ ငါသွေးသားတွေပါ...အမောင်မျိုးချစ်..။
တော်ကြပါတော့....
၇ပ်စမ်းပါတော့...
တို့တွေသွေးစီး
ချောင်းကြီးလည်းဖြစ်ေ၇ာ့ပြီ...အမောင်မျိုးချစ်။
ဝါဒအစွဲ ၊ ဂိုဏ်းခွဲအလံထူ..
သူတစ်မျိုးငါတမျိုးနဲ့...
ငါတို့အမျိုးတွေပဲ ဆုံးပါးရတယ်..မောင်မျိုးချစ်..။
ညီညွှတ်တရား မုဒိတာပွားလို့..
တစ်ယောက်လက် တစ်ယောက်ဆွဲ....
တစ်ယောက်လဲမူတစ်ယောက်ထူ...
ညှာတာဖေးမမေတ္တာမျှလို့
တို့ေ၇တို့မြေ အလှတွေဝေကြ စေဦး မောင်မျိုးချစ်..။
ခေတ်အဆက်ပျက်ယွင်း...
စစ်ရဲ့ ဖိနပ်သံတွေပျောက်စမှာ..
မာန်မာနတွေခဏထားလို့...
တို့ရဲ့မြေပုံအလှတို့နိုင်ငံလေး...
.ငြိမ်းအေးပါစေဦး..
အေးချမ်းပါစေဦး....

more.gif

OKRSO ကရင့်ရိုးရာချည်ဖြူဖွဲ့ ပွဲတော် ကျင်းပပြီးစီးခြင်း

ကရင်သက္ကရာဇ် (၂၇၅၂)ခုနှစ်တွင် ကျရောက်သော ကရင့်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာတော်ကို ထိုင်းအသံလွှင့်ဠာန(Thai PBS)တွင် သြဂုတ်လ (၁၈)ရက်နေ့ နံနက်(၈း၀၀ မှ ညနေ ၄း၀၀အထိ OKRSO မှကြီးမှူးကျင်းပခဲ့ပါသည်။ ကရင့်ရိုးရာချည်ဖြူဖွဲ့ ပွဲတော်သို့ ထိုင်းနိုင်ငံရောက်OKRSO ကရင်အဖွဲ့ ဝင်များ၊ ကရင်လူမှုအဖွဲ့ အစည်းများ၊ကရင့်ရိုးရာနှင့်ယဉ်ကျေးမှုဆိုင်ရာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ များ ပအိုဝ့်တိုင်းရင်းသားလူငယ်များနှင့် တစ်ခြားသော မျိုးချစ်ကရင်လူငယ်လူထုများ တစ်ထောင်ခန့် တက်ရောက်ပါဝင်ဆင်နွှဲခဲ့ကြပါသည်။
ကရင့်ရိုးရာချည်ဖြူဖွဲ့ ပွဲတော် အခမ်းအနားမှတ်တမ်းဓာတ်ပုံများကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။

more.gif

ကရင်သက္ကရာဇ် (၂၇၅၂)ခုနှစ် ဘန်ချလွန်ကရင့်ရိုးရာချည်ဖြူဖွဲ့  ပွဲတော်အောင်မြင်စွာကျင်းပပြီးစီးခြင်း

ကရင်သက္ကရာဇ် (၂၇၅၂) ခုနှစ် ကရင့်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်အခမ်းအနားကို ၁၁၊၈၂၀၁၃ ခုနှစ်တွင် ထိုင်းနိုင်ငံဘန်ကောက်မြို့ ရှိ ဘန်ချလွန် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂပွဲတော် အခမ်းအနား ဖြစ်မြောက်အောင် တာဝန်ယူ ဦးဆောင်ပေးသော မာန်ကျဝ်သန်းထွန်းလေးက အဖွင့် အမှာစကားပြောကြားပြီး ၊အခမ်းအနားမှူးအဖြစ် စောထီ့ဝါးမှ တာဝန်ယူကျင်းပပေးခဲ့ပါသည်။

ဧည့်သည်တော်အဖြစ် ထိုင်းဥပဒေအရာရှိ Mr.Surapong ကလည်း နုတ်ခွန်း ဆက်အမှာစကားပြောကြား ပေးခဲ့ပြီး ဒိန်းမတ်နိုင်ငံမှပြန်လည်ရောက်ရှိလာသော OKRSO ဥက္ကဌဟောင်း မန်းအာကာကျော်ကလည်း အဖွင့်မိန့် ခွန်းစကားများဖြင့် အသီးသီးပြောကြားခဲ့ပါသည်။
ကရင့်ရိုးရာချည်ဖြူဖွဲ့ လိပ်ပြာခေါ်ပွဲ မှာတော့ နာမည်ကြီးကရင်အဆိုတော် အဲမိက်မှ လိပ်ပြာခေါ်အစီအစဉ် (ပျူးလာ ပျူးလာ ပျူးလာ) ရွတ်ဆိုဆုတောင်းပေးမှုဖြင့် ကရင့်ရိုးရာချည်ဖြူဖွဲ့ ပွဲ အစီအစဉ်ကို တာဝန်ယူ ဆောင်ရွက်ပေးခဲ့ပါသည်။

အဲဒီနောက် ဖျော်ဖြေရေးအစီအစဉ်ဖြင့် အခမ်းအနားသို့  မြန်မာပြည်မှ နာမည်ကြီး ကရင် အဆိုတော်တစ်ချို့ နှင့် ထိုင်းနိုင်ငံမှ အဆိုတော်တစ်ချို့ လည်းလာရောက် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ရိုးရာယဉ်ကျေးမှု အနေဖြင့် OKRSO ကရင်လူငယ်ကျောင်းသားအဖွဲ့ မှ ကရင့်ရိုးရာ လိပ်ပြာခေါ်ဆိုပွဲအက ၊တောင်ယာဆူးထိုးအကဖြင့် သော်လည်းကောင်း ၊ OKCG ကရင်လူငယ်အဖွဲ့ ကလည်း ကရင့်ရိုးရာယဉ်ကျေးမှု အကဖြင့်အသီး သီးသွားရောက်ဖျော်ဖြေခဲ့ပါသည်။

OKRSO ဥက္ကဌဟောင်း မန်းအာကာကျော်မှ မိန့် ခွန်းနုတ်ဆက်စကားပြောကြားခြင်း

ဘန်ချလွန်လက်ချည်ပွဲပုံရိပ် များ

ဘန်ချလွန်လက်ချည်ပွဲပုံရိပ် များ
ဘန်ချလွန်လက်ချည်ပွဲပုံရိပ် များ

ဘန်ချလွန်လက်ချည်ပွဲပုံရိပ် များ

OKRSO ကျောင်းသားလူငယ်အဖွဲ့ မှ ရိုးရာယဉ်ကျေးမှုဖြင့် ဖျော်ဖြေတင်ဆက်ခြင်း

OKRSO ကျောင်းသားလူငယ်အဖွဲ့ မှ ရန်ပုံငွေရှာဖွေခြင်း
OKRSO ကျောင်းသားလူငယ်အဖွဲ့ မှ ရိုးရာယဉ်ကျေးမှုဖြင့် ဖျော်ဖြေတင်ဆက်ခြင်း

OKRSO ကျောင်းသားလူငယ်အဖွဲ့ မှ ရိုးရာယဉ်ကျေးမှုဖြင့် ဖျော်ဖြေတင်ဆက်ခြင်း

more.gif

23 March 2013

ကရင်နီဒုက္ခသည်စခန်းမီးလောင်၍ သေဆုံးသူ၃၀ထဲမှ ကလေးများပါဝင်

ကရင်နီဒုက္ခသည်စခန်းမီးလောင်၍ သေဆုံးသူ၃၀ထဲမှ ကလေးများပါဝင်
=======================================

၂၃ရက် မတ်လ ၂၀၁၃ခုနှစ်

ယမန်နေ့ညနေက ထိုင်းနိုင်ငံမယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ကရင်နီ အမှတ်-၂ဒုက္ခသည်စခန်းမီးလောင်ကျွမ်းခဲ့လို့ ဒုက္ခသည် ၃၂ဦးသေဆုံးခဲ့ ရပြီး သေဆုံးသူထဲမှ ကလေးငယ် ၁၀ဦးပါတယ်လို့ ကန္တာရ၀တီတိုင်း(မ်) သတင်းထောက်မှ သတင်းပေးပို့ပါတယ်။

ဒဏ်ရာရရှိသူ ၅ဦးထဲမှ သုံးဦးကို မယ်ဆောင်ဆောင်ဆေးရုံသို့ အရေးပေါ် ပို့ပေးခဲ့ရပါတယ်။ မွန်းလွဲပိုင်း ၃နာရီခန့်က စတင်လောင်ကျွမ်းခဲ့တဲ့မီးဟာ ရပ်ကွက် ၁နဲ့ ရပ်ကွက် ၄က အိမ်ခြေ ၄၂၀ကျော်ကို ပြာကျသွားစေခဲ့ပါတယ်။

ရပ်ကွက်၂ခုစလုံးထဲက အိမ်ခြေအားလုံးနီးပါးမီးလောင် ကျွမ်းသွားခဲ့တဲ့ အတွက် လက်ရှိ ရပ်ကွက်၁မှ လူဦးရေ ၁၁၂၃ဦးနဲ့ ရပ်ကွက်၎မှ လူဦးရေ ၁၂၀၇ဦးအတွက် NGOအဖွဲ့အစည်းများဖြစ်တဲ့ IRC, TBBC, IOMနဲ့ ဒေသခံ ထိုင်းအာဏာပိုင်တို့ကနေ အရေးပေါ်ကယ်ဆယ်ရေးတွေလုပ်ပေးနေပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကယ်ဆယ်ရေးညွန့်ပေါင်းအသင်း TBBCရဲ့ ၂၀၁၃ခုနှစ်
ဖေါ်ဖေါ်ဝါရီ လူဦးရေးစရင်းပြုစုထားချက်အရ အမှတ် ၂ဒုက္ခသည်စခန်းမှာ ဒုက္ခသည်ဦးရေ ၃၄၅၈ဦးဖြစ်ပါတယ်။__ကန္တာရ၀တီတိုင်း(မ်)

16 March 2013

Daw Aung San Suu Kyi draws rare protest over Coppermine project

more.gif

What Happened at Copper Mine in Upper Burma?

more.gif

လက်ပံတောင်းတောင်စီမံကိန်း လုံးဝဖျက်သိမ်းရေး ဆန္ဒပြနေသည့် တုံရွာသပိတ်စခန်း ဖယ်ရှားရန် သတိပေးခံရ..။

တုံရွာသပိတ်စခန်း....။

လက်ပံတောင်းတောင်ကြေးနီ စီမံကိန်း ဖျက်သိမ်းရေးအတွက် ဖွင့်လှစ်ထားသော  တုံရွာသပိတ်စခန်းသည် ပြည်သူပိုင် လမ်းနယ်နမိတ်အတွင်း ကျရောက်နေသောကြောင့် ဖယ်ရှားပေးရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက သတိပေးလိုက် ကြောင်း သတင်းရရှိသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဆားလင်းကြီးမြို့နယ် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက တုံရွာသပိတ်စခန်းသည် မုံရွာ၊ ဆားလင်းကြီး- ညောင်ပင်ကြီးလမ်းမဘေးတွင် ဖွင့်လှစ်ထားသဖြင့် ပြည်သူပိုင်လမ်းနယ်နမိတ်အတွင်း ကျရောက်နေသဖြင့်  သပိတ်စခန်း အဆောက်အဦးကို ဖယ်ရှားပေးရန် အကြောင်းကြားလာခြင်းဖြစ်ပြီး စာနှင့်အတူ နိုင်ငံတော် အေးချမ်းသာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီလက်ထက်က ပြဋ္ဌာန်းထားသော လမ်းတံတားဥပဒေစာအုပ်ကိုပါ တပါတည်း ပူးတွဲ ပေးပို့လာ ကြောင်း လက်ပံတောင်းအရေး ဦးစီးဆောင်ရွက်နေသူ ကိုဟန်ဝင်းအောင်က ပြောသည်။
အဆိုပါသတိပေးအကြောင်းကြားစာမှာ ကိုဟန်ဝင်းအောင်၏ ဖေ့ဘုတ်စာမျက်နှာမှတဆင့် လူမှုကွန်ရက်များပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။
ထိုသတိပေး အကြောင်းကြားစာနှင့် ပက်သက်ပြီး ဆားလင်းကြီးမြို့နယ်၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ လက်ထောက် အင်ဂျင်နီယာ ဦးသန်းဆွေနှင့် ဆားလင်းကြီး မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းရာ  လက်ခံဖြေကြားခဲ့ခြင်းမပြုပေ။
ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့ရုံးမှ တာဝန်ကျရဲအရာရှိတဦးကမူ-“ ဒီကိစ္စနဲ့ ပက်သက်ပြီး ကျွန်တော်တို့တော့ ဘာမှ မသိသေးဘူး။ သူတို့ဖယ်မပေးဘူးဆိုရင်လည်း ဘယ်လိုဆက်လုပ်မယ်ဆိုတာ ကျွန်တော်တို့ မသိရပါဘူး။ ဒီသ ပိတ်စခန်း တွေကိစ္စကို ကျွန်တော်တို့ မြို့နယ်ရဲတပ်ဖွဲ့ ကလည်း ကိုင်တွယ်တာမဟုတ်ပါဘူး ” ဟု ဧရာဝတီသို့ ပြောသည်။
အာဏာပိုင်များ၏ သတိပေးအကြောင်းကြားလာသော်လည်း ဒေသခံများအနေဖြင့် သပိတ်စခန်းကို ဖယ်ရှားပေးလိုခြင်းမရှိကြောင်း၊ ထိုသပိတ်စခန်း ဆက်လက်ရပ်တည်နေရေးနှင့် ပက်သက်ပြီး ဒေသခံများနှင့် ညှိနှိုင်းနေ ကြောင်း ကိုဟန်ဝင်းအောင်က ဆိုသည်။
လက်ပံတောင်းကြေးနီစီမံကိန်းရပ်ဆိုင်းရေး သပိတ်စခန်းများ ဖွင့်လှစ်ထားသော လိပ်ခွံတောင်၊ အင်ကြင်းတောင်၊ တုံရွာသပိတ်စခန်းများမှ ဒေသခံရွာသူရွာသားများကလည်း သပိတ်စခန်းများသည် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော နယ်မြေထဲ တွင် ရှိနေသောကြောင့် ပုဒ်မ ၁၄၄ ကိုရုပ်သိမ်းပေးရန် ဒေသခံများက လိုလားကြောင်း ၎င်းက ဆက်ပြောသည်။
“ပထမဆုံး တရားဝင်ဆန္ဒပြဖို့ စာတင်ရင် ပုဒ်မ ၁၄၄ ဒေသက ထွက်ပေးရတော့မယ်။ စီမံကိန်းက အခြေခံ တည်ဆောက်ရေး လုပ်ငန်းတွေ နေ့စဉ် လုပ်နေတော့ မြေစာပုံတာ၊ ကားဖြတ်တာတွေရှိတယ်။ အဲဒါကို ကန့်ကွက်မယ် ဆိုရင် ဘယ်လို ကြိုပြီး စာတင်မလဲ။ အဲလိုမဖြစ်ဖို့ စီမံကိန်းကို ယာယီ ရပ်ဆိုင်းပေးရမယ် ” ဟု ၎င်းက ပြောသည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က လက်ပံတောင်းတောင်စီမံကိန်းဖျက်သိမ်းရေး ဆန္ဒပြနေသော သပိတ်စခန်းများကို အကြမ်းဖက်ဖြိုခွင်းခဲ့မှုအပေါ် ဒေသခံများက မကျေမနပ်ဖြစ်နေပြီး အကြမ်းဖက်ဖြိုခွင်းမှုနှင့် မီးလောင်ဗုံးအသုံးပြုမှုများကို  တာဝန်ဖြေရှင်း ဆောင်ရွက်ပေးမည်ဆိုပါက  ဒေသခံများ၏ ဆန္ဒပြမှုများ၊ သပိတ်စခန်းဖွင့်မှုများ၊ စည်တန်းလှည့်လည်မှုများ ကို ဥပဒေဘောင်အတွင်းမှ တရားဝင်ဆောင်ရွက်သွားမည်ဟု ကိုဟန်ဝင်းအောင်က ဆက်လက်ပြောသည်။
လတ်တလော သပိတ်စခန်း ၃ ခုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က စောင့်ကြည့်နေပြီး ဖြိုခွင်းမည့် အခြေအနေများမရှိကြောင်း၊ တုံရွာသပိတ်စခန်းကို လည်း မည့်သည့် နေ့ နောက်ဆုံးထား ဖယ်ရှားပေးရန် အကြောင်းကြားထားမှုမျိုး မတွေ့ရကြောင်း တုံရွာဒေသခံ တစ်ဦးက ပြောသည်။
“ကျွန်တော်တို့ကလည်း ဆောက်လုပ်ရေးဘက်က အကြောင်းကြားစာမှာ လမ်းဘယ်လောက်မှာမလွတ်တာမျိုးပေမယ့် ဘာ့ကြောင့် ဖယ်ခိုင်းတယ်ဆိုတာကို တိတိ ကျကျသိရအောင် သွားမေးဖို့လည်း အစီအစဉ်မရှိဘူး။ သူတို့ သက်ဆိုင်ရာက လာညှိုနှိုင်းရင် တော့ ပြန်ညှိုနှိုင်းဖို့ အစီစဉ်ရှိ ပါတယ် ” ဟု ၎င်းက ဆိုသည်။
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က  လက်ပံတောင်းတောင် ကြေးနီစီမံကိန်း  သပိတ်စခန်းဖြိုခွဲခံရမှုတွင် ရဲတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်သည် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သော ပြုလုပ်မှု မျိုး မတွေ့ ရကြောင်း၊ ရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက်များကို အရေးယူရန်မှာလည်း သက်သေမပြည့်စုံသောသဖြင့် အရေးယူရန်မှာ မဖြစ်နိုင်ကြောင်း၊ ဖြိုခွင်းမှုတွင် မီးခိုးဗုံးကိုသာ အသုံးပြုထားပြီး မိမိကိုယ်တိုင် မီးခိုးဗုံး ထုတ်လုပ်သည့် စက်ရုံသို့ သွားရောက်ကြည့်ရှုခဲ့သောကြောင့်  မီးလောင်ဗုံးဟု မိမိမပြောနိုင်ကြောင်း မတ်လ ၁၄ ရက်နေ့က မုံရွာတွင် သတင်းသမားများနှင့် တွေ့ဆုံစဉ်ပြောဆိုခဲ့သည်။
“ဘာကြောင့် ဒီလိုဖြစ်ခဲ့တယ် ဆိုတာ အစီရင်ခံစာထဲမှာပါတယ်။ ဒေသခံတွေကို အစီရင်ခံစာ ဖတ်ပြီးပြီလားဆိုတော့ မဖတ်ရသေးဘူး။ အခု ဆန္ဒပြတဲ့ ရွာတွေက ရှင်းပြတာကိုလည်းနားမထောင်ဘူး။ ဒါကလည်း သူတို့မှာ ခဏ ခဏ ပဋိပက္ခ တွေ ဖြစ်ခဲ့ရတော့ ပြေပြေလည်လည် လုပ်နိုင်တဲ့ အလေ့အကျင့်တွေ မရှိတာလည်းဖြစ်နိုင်တယ်။ တခြား နိုင်ငံရေး ပယောဂ ရှိနိုင် မလားဆိုတာ မီဒီယာတွေအနေနဲ့ ကြည့်ပေါ့ ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနှင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့ ဆောင်ရွက်နေသော လက်ပံတောင်းကြေးနီစီမံကိန်းကို  ဆက်လက်လုပ်ဆောင်သင့်သည်ဆိုသော လက်ပံတောင်းတောင်စုံစမ်းရေးကော်မရှင်၏အစီရင်ခံစာကို မတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ပြီးနောက် ဒေသခံများ၏ မကျေမနပ်ဆန္ဒပြမှုများ ဖြစ်ပေါ်လျက်ရှိသည်။

more.gif

25 February 2013

မျိုးချစ်ကရင်ဘော် ရွှေလာ ကောင်းရာ သုဂတီသို့ ရောက်ပါစေ.......

ကရင်မျိုးချစ်ရဲဘော် ရွှေလာကို ကရင်ပြည် ကော့ကရိတ်မြို့ နယ် မိဖလိတ်ကျေးရွာ ဘခင်ဖာလေမေ.မိခင်ဒေါ်အုန်မေ မှ၁၉၇၃ ခုနှစ်မှာ မွှေးဖွါးခဲ့သည်။ ၁၉၉၀ ခုနှစ်မှာ ကရင်အမျိုးအစည်းရုံးကို ဝင်ရောက်ပြီး ကရင်အမျိုးသားတာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။
ကရင်ရဲဘော်ရွှေလာသည် ကရင်လူမျိုးလွတ်မြောက်ရေးအတွတ် ကိုယ်အသက်ကိုပေးအပ်ပြီး အမျိုးကိုချစ်တဲစိတ်တစ်ခုတည်းကိုရှေးကထား၍ ကြိုးစားခဲ့သူဖြစ်ပါသည်။

 ကရင်ပြည်သည်ကရင်ပြည်သူလူထုလက်ထဲတွင်ရှိရမည်ဆိုတဲ့ ကရင်တော်လှန်ရေးခေါင်းဆောင်ကြီးစောဘဦးမှုကိုလက်ခံယုံကြည့်ထားသူ ကရင်ရဲဘော်တဦးဖြစ်ပါသည်။ ကရင်မျိုးချစ်ရဲဘော် ရွှေလာ တောလှန်ရေး တာဝန်ကိုထမ်းဆောင်ရင် ၁၁.၀၂. ၁၉၉၈ ခုနှစ် ရခိုင်ပြည်တပ်မတော် စစ်ဦးစီချူပ် ခိုင်ရာဇာနှင့် အတူ ၃၆ ယောက်အိန္ဒိယနိုင်ငံ လမ်းဖေါ့ ကျွန်း၌ အဖမ်းခံခဲ့ရသည်။
 ရခိုင်တပ်မတော်မှစစ်ဦးစီချူပ်ခိုင်ရာဇာ.ဗိုလ်မှုစောထွန်း.ဗိုလ်ရန်နိုင်.ဗိုလ်လင်းဇာခိုင်.
.ကရင်အမျိုးသားအစည်းရုံးမှ ဖဒိုမှုးလွယ် ..ဗိုလ်မြင့်ဆွေ.တို့ သွေးအေးအေးဖြင့်အသက်ခံခဲ့ရပြီး ..ကျန် ၃၆ ဦးကို ဖမ်းဆီးခဲ့ပါသည်။ ကျန်၃၆ ဦးကိုလည်း ဘာအမှု့ ကိုမှ မစစ်ဆေးပဲ နှစ်အတော်ကြာချူပ်နှောင့်ထားခဲ့ပါသည်။

အဖမ်းခံထားရတဲကြားမှာပဲ ရခိုင်ရဲဘော် ရန်နိုင်နှင့် ကရင်ရဲဘော် ဧဝ နှစ်ဦးဟာ ပျောက်ဆုံးခဲ့ရပြန်တယ်ကျန်တဲ ၃၄ ယောက်မှာလည်း စိတ်ဆင်းရဲစွာဖြင့်ထောင်ထဲတွင်၁၃ နှစ်ကျော် နေခဲ့ရပါပြီး ၁၉.၀၅ .၂၀၁၁ ခှနှစ် နိုင်ငံတကါရောက် ဒီမိုကရေစီအင်အားစုများနှင့် လူ့ အခွင့်ရေးအဖွဲ့တွေက ကြိုပန်းအားထားမှုကြောင့်လွတ်လာခဲ့ပါသည်။

 လွတ်လာပြီးနောက်ပိုင်း ကရင်ရဲဘော် ရွှေလာသည်စိတ်ဓါတ်မကျပဲ ကရင်အမျိုးသားရေးအတွတ် ကျရာနေရာက တာဝန်းထမ်းရန်ပြောကြားခဲ့သည်။ လွတ်လာပြီးနောက် UN အကူညီဖြင့် တတိယနိုင်ငံတစ်နိုင်ငံဖြစ်သော နယ်သာလန်နိုင်ငံတွင့်နေထိုင်ခွင့်ရပြီး ၂၀.၀၆.၂၀၁၂ ခုနှစ် နယ်သာလန်နိုင်ငံကိုရောက်ရှိခဲ့ပါသည်။

 နယ်သာလန်နိုင်ငံမှာ နေထိုင်ရင်းနဲ့ ၁၈.၀၂.၂၀၁၃နှစ် ရုတ်တရက် ကွယ်လွန်သွားခဲ့ပါသည်။ ၂၃.၀၂.၂၀၁၃ ရဲဘော်ရွှေလာအာသုဘ ကို ရခိုင်မျိုးချစ်ရဲဘော်.ကရင်မျိုးချစ်ရဲဘော်နှင့်အတူ လူအင်အား၁၀၀ကျော်ဖြင့် သူရဲ့ နောက်ဆုံးခရီကိုလိုက်ပါပို့ ဆောင်ခဲ့ပါသည်။ ကျန်ရစ်သူ သူရဲ့မီသားစုနှင့်အတူ ထပ်ထူဝမ်းနည်းပါကြောင်း

 သတင်းပေးပို့လာရဲဘော်ခိုင်လှအားအထူးကျေးဇူးတင်ပါသည်။

more.gif

19 February 2013

ရခိုင်နှင်ကရင် တော်လှန်ရေးသမား ၃၄ ယောက် မှ ကရင် ရဲဘော် ရွှေလာ သည် ၁၈ .၀၂ .၂၀၁၃ ညတွင် ရုပ်တစ်ရက်ဆုံးပါးသွားခဲ့သည်

ရခိုင်နှင်ကရင် တော်လှန်ရေးသမား ၃၄ ယောက် မှ ကရင် ရဲဘော် ရွှေလာ သည် ၁၈ .၀၂ .၂၀၁၃ ညတွင် ရုပ်တစ်ရက်ဆုံးပါးသွားခဲ့သည် ရခိုင်နှင့်ကရင် တော်လှန်ရေးသမားတို့ သည် ၁၁.၀၂.၁၉၉၈ ခုနှစ် အိန္ဒိယ အစိုးရ၏လုပ်ကြံ လိမ်လေပြီး ရခိုင်ခေါင်ဆောင် စစ်ဦးစီးချူပ် ခိုင်ရာဇာ နှင့် ကရင်ခေါင်းဆောင် ၆ ဦးတို့ ကို သွေးအေးအေးဖြင် လုပ်ကြံသက်ဖြတ်ပြီး ကျန် ၃၄ ဦးတို့ ကိုလည်း ၁၃ ကျော်ကြာထောင်ထဲတွင် အပြစ်ဲမဲ့စွာထိမ်းသိမ်ထားခဲ့သည် ထောင်ထဲတွင် ဒုက္ခအမျိုးမျိုးကိုလည်းရင်ဆိုင်ခဲ့ကြရသည် ဒီမိုကစီအင်အားစုများနှင့် လုအခွင့်ရေ အဖွဲ့ စည်းတွေက ကြိုပမ်းအားထုပ်မှုကြောင်း ၁၉.၀၅.၂၀၁၁.ခုနှစ်လွတ်မြောက်ခဲ့ကြပါသည် ထောင်ကလွတ်လာပြီး မကြာခင်မှာပဲ ၂၃.၀၂ .၂၀၁၂ ခုနှစ်တွင် ရခိုင်ရဲဘော်မင်းသာထွန်း ရုတ်တစ်ရက် ဆုံးပါးချခဲ့ရသည် ..ထောင်ထဲတွင် ဒုက္ခအမျိုးမျိုးကို ကြုံတွေပြီးမှ အခုလို့မျိုးဆုံးပါးခဲ့ရတာဟာ အလွန်တရာမှ ဝမ်းနည်းဖွယ်ကောင်းလှပါသည် အခုလေး နယ်သာလန်နိုင်မှာ ကရင်ရဲဘော် ရွှေလာ ရုတ်တစ်ရက် ဆုံးပါးသွားခဲ့ရတာလည်း ကျနော်တို့ အတွတ် ဆုံးရှူံးမှုတစ်ခုအဖြစ်ခံစားမိပါသည်

သတင်းပို့ပေးလာသောရဲဘော်ခိုင်လှအားကျေးဇူးတင်ပါသည်။

more.gif

14 February 2013

ကော်သူးလေအတွက် သွေးစွန်းတဲ့ ချစ်သူများနေ့

  • ၅-နှစ်ပြည့် ပဒိုမန်းရှာ အမှတ်တရ 

ဗီဒီယိုလင့်တွေ အမှတ်တရ ကြည့်ကြရအော်ဗျာ...................

http://www.youtube.com/watch?v=7OQYJy40XMk 
(Death of Karen leader blow to Myanmar groups - 15 Feb 08 )

http://www.youtube.com/watch?v=igncp3M187w
(Karen Leader Pa Doh Mahn Shar of KNU )

http://www.youtube.com/watch?v=0WU2BncQemY
(Myanmar's Karen mourn KNU leader's death - 23 Feb 08 )

http://filmyboxoffice.com/video/Co-XVEpzMN0.html
    ၅-နှစ်ပြည့် ပဒိုမန်းရှာ အမှတ်တရ

more.gif

9 February 2013

ဆဌမအကြိမ်မြောက် KWO ညီလာခံ ကျင်းပပြီးစီး

ဆဌမအကြိမ်မြောက် KWO ညီလာခံ ကျင်းပပြီးစီး

ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၁၃
  
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် လေးဝါးစခန်းနေရာ၌ ဆဌမအကြိမ်မြောက် ကရင်အမျိုးသမီးအစည်းအရုံး- KWO ညီလာခံကို ယခု ဖေဖော်ဝါရီလ ၁ရက်မှ ၈ရက်နေ့အထိ ပြုလုပ်ကျင်းပ ပြီးစီးခဲ့သည်။

ညီလာခံတွင် ခရိုင် ၇ခုမှ ကိုယ်စားလှယ်များ၊ အထူးဒေသမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော အဖွဲ့အစည်းများမှ ကိုယ် စားလှယ်များနှင့် လေ့လာသူများ စုစုပေါင်း (၁၃၈)ဦးတက်ရောက်ခဲ့ကြပြီး လုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ခြင်း၊ ရှေ့လုပ်ငန်း စဉ်များ ချမှတ်ခြင်းနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြည့်စွက်ပြင်ဆင်ခြင်း စသည်တို့ လုပ်ဆောင်နိုင်ခဲ့ကြသည်ဟု KWO မှ ယမန်နေ့ က ကြေညာချက်ထုတ်ပြန်ထားသည်။

KWO ၏ ပြောခွင့်ရသူ ဗဟိုအမြဲတမ်းကော်မတီဝင် နော်ဘလူးမင်းနိုက်ဇန်က “ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျမတို့ အဓိက ပြန် လည်ပြင်ထားတာက KWO မှာ အလုပ်အမှုဆောင် အရွေးခံရတဲ့ ဗဟို၊ ခရိုင်၊ မြို့နယ်နဲ့ ကျေးရွာ စတဲ့သူတွေဟာ အခြားအဖွဲ့အ စည်းမှာ ၀င်ရောက်လုပ်ဆောင်မှု မလုပ်ရဘူး။ KWO မှာ အချိန်ပြည့် အလုပ်လုပ်ရမယ်။ အဲဒါ ဖြည့်စွက် ထားတယ်”ဟု ကေအိုင်စီ သို့ ပြောသည်။

ဆက်လက်၍ စည်းရုံးရေးဆင်းရာတွင်လည်းကောင်း၊ သတင်းအချက်အလက် ကောက်ယူရာတွင်လည်းကောင်း သက်ဆိုင်ရာ အဆင့်ဆင့်သို့ တိတိကျကျ ထိထိရောက်ရောက် ဆောင်ရွက်ခြင်း၊ အလုပ်အမှုဆောင်ထဲ၌ အရေးကြီးသည့် စည်းရုံးရေး၊ ပညာ ရေး၊ လူမှုရေးနှင့် ကျန်းမာရေးဌာနများတွင် တာဝန်ခံသည် တစ်ဦးတစ်ယောက် မဟုတ်ဘဲ အဆင့်တိုင်း တာဝန်ခံပုဂ္ဂိုလ် ထားရှိ ခြင်းတို့ကို ဖြည့်စွက်ပြင်ဆင်ခဲ့သည်ဟုလည်း နော်ဘလူးမင်းနိုက်ဇန်က ပြောဆိုသည်။

ထို့အပြင် လက်ရှိ နိုင်ငံအခြေအနေ လေ့လာသုံးသပ်ခြင်းနှင့် ဒုက္ခသည်များအား နေရာပြန်လည်ချထားရေးလုပ်ငန်း၌ အမျိုးသမီး များ ပါဝင်ခြင်းတို့ အပါအ၀င် ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် မြန်မာအစိုးရတို့အကြား ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံဆွေး နွေးမှုတွင် ကောင်းကျိုးရလဒ်များရှိသကဲ့သို့ စိန်ခေါ်မှုများလည်း ဆက်လက် တည်ရှိနေမှု စသည်တို့ကို KWO က ဆွေးနွေးခဲ့ ကြောင်းလည်း ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။

နော်ဘလူးမင်းနိုက်ဇန်က “အပစ်ရပ်ကာလဆိုတော့ ဒေသခံတွေ သွားလာမှု လွတ်လွတ်လပ်လပ် ရှိလာတာပေါ့။ ဒါပေမယ့် KNU ထိန်းချုပ်တဲ့ တပ်မဟာ ၂၊ ၅၊ ၆နဲ့ ၇ တို့တွေမှာ အစိုးရတပ်တွေ ရိက္ခာပို့မှုတွေ အရင်ကထက် ပေါ်ပေါ်တင်တင် လုပ်လာ တယ်။ နောက် တပ်အင်အားလည်း လျော့သွားတာ မရှိသေးတဲ့အတွက် တိုက်ပွဲပြန်ဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေကြတယ် လို့ မြို့နယ်၊ ခရိုင်တွေက KWO ကိုယ်စားလှယ်တွေ တင်ပြတာ ရှိတယ်”ဟု ပြောသည်။

ညီလာခံတွင် KWO ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၁၁ဦးရွေးချယ်ခဲ့ရာ နန်းဒါးအဲ့ကလယ်(ဥက္ကဌ)၊ နော်ဖောဒေးတိုး (ဒု ဥက္ကဌ)၊ နော်ကညောဖော(အထွေထွေအတွင်းရေးမှူး)၊ နော်တာမလာစော(တွဲဘက်အတွင်းရေးမှူး-၁)နှင့် နော်စေးယိုဖော (တွဲ ဘက်အတွင်းရေးမှူး-၂)တို့ကို ရွေးကောက်တင်မြှောက်ခံကြသည်။

ထို့အပြင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များအဖြစ် နော်ဒါးဒါး (လူမှုရေးဌာန)၊ နော်အဲ့တမွီဖော (ကျန်းမာရေးဌာန)၊ နော် လူးလူမောင် (ပညာရေးဌာန)၊ နော်ဖောလေးသော (စည်းရုံးရေးနှင့် ပညာပေးရေးဌာန)၊ နော်ရွှေဖော (ဘဏ္ဍာရေးဌာန)နှင့် နော် ဒါးမူ့ (စာရင်းစစ်ဌာန)တို့ကို ရွေးချယ်ခဲ့ကြသည်။

ညီလာခံ(ကွန်ဂရက်) နောက်ဆုံးရက် ဖေဖော်ဝါရီလ ၈ရက်နေ့တွင် တာဝန်မှ အနားယူသွားသည့် KWO ဥက္ကဌဟောင်း နော် လားဖိုး(ဗိုလ်ချုပ်ကြီးစောဘိုမြ၏ဇနီး)အား ဂုဏ်ပြုခြင်း၊ ဗဟိုအမြဲတမ်းကော်မတီဝင်ဟောင်းအချို့နှင့် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များအား ဂုဏ်ပြုခြင်း အစီအစဉ်များကို လုပ်ဆောင်ခဲ့ကြသည်။
KWO သည် အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေးလုပ်ငန်း၊ အမျိုးသမီးနှင့် ကလေးသူငယ်များ အခွင့်အရေး ချိုးဖောက် ခံရမှုများ ပပျောက်ရေးအတွက် ရည်ရွယ်၍ ၁၉၈၅ခုနှစ်၊ ဧပြီလ ၅ရက်နေ့၌ KNU ၏ ဌာနချုပ်ဟောင်း မာနယ်ပလောတွင် စတင် ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး လေးနှစ်တစ်ကြိမ် ညီလာခံ ကျင်းပလေ့ရှိသည်။

(KIC)

ခေါဝ်က်ုတ၀်~ယှီးယှီး(Shee Shee)

more.gif