မင်းသက်
ကရင်ပြည်နယ်ကို ပြည်ထောင်စုအတွင်းခွဲ ခွဲမထွက်ရန် အပါအ၀င် အစိုးရနှင့် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်အဖွဲ့ကွဲတခုတို့ ပမာဏ ငြိမ်းချမ်းရေးတည်ဆောက်မှုသဘောတူညီချက်ကို ဒီဇင်ဘာ ၁၁ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်ဟု နိုင်ငံပိုင် ရုပ်မြင်သံကြားက ကြေညာသွားသည်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးသော အဖွဲ့ခေါင်းဆောင် တောင်သာမြို့နယ် အမတ် ဦးအောင်သောင်းဦးဆောင်သော အဖွဲ့ဝင် ၇ ဦးနှင့် ကလိုထူးဖောမှ ဦးစောနန်းဖွယ်ဦးဆောင်သော အဖွဲ့ဝင် ၆ ဦးတို့ ဘားအံမြို့တွင် နိုဝင်ဘာ သုံး ရက်နေ့က ပြုလုပ်သော ပြည်နယ်အဆင့် ပမာဏဆွေးနွေးပွဲမှ ရရှိသော သဘောတူညီချက်များကို အခြေခံပြီး ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ထပ်မံဆွေးနွေးရာက သဘောတူလက်မှတ် ရေးထိုးနိုင်ခြင်းဖြစ်သည်ဟု မြန်မာ့ရုပ်မြင်သံကြား၏ သတင်းတရပ်တွင် ပါရှိသည်။
"ထာဝရ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ဆက်ဆွေးနွေးသွားရန် သဘောတူကြပြီး ကရင်ပြည်နယ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အရေးပါသော အစိတ်အပိုင်းတခုဖြစ်သည့် ကရင်ပြည်နယ်ကိုပြည်ထောင်စုအတွင်းမှ မည်သည့်အခါမှ ခွဲမထွက်ရန် သဘောတူသည်။” ဟု စာချုပ်၏ အချက်အရ သိရသည်။
ကရင်အဖွဲ့၏ ယာယီအခြေပြုဒေသ နယ်မြေဖွံ့ဖြိုးတိုးတက်ရေးနှင့် အဖွဲ့ဝင်များ လူနေမှုဘ၀မြှင့်တင်နိုင်ရန် အလုပ်အကိုင်နှင့် အထောက်အပံ့များပေးရေးတို့လည်း သဘောတူထားကြသည်။
ထို့အပြင် ကလိုထူးဖောအဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကို ဗဟိုအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း သဘောတူလိုက်ကြသည်။






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment