Showing posts with label နိုင်ငံတကာသတင်း. Show all posts
Showing posts with label နိုင်ငံတကာသတင်း. Show all posts

24 March 2011

ကမ္ဘာအနှံ့ လက်နက် အများဆုံး တင်ပို့ ရောင်းချတဲ့ နိုင်ငံများ


၂၀၀၆ နဲ့ ၂၀၁၀ ခုနှစ်အတွင်း ကမ္ဘာအနှံ့ကို စစ်လက်နက် လေးပုံ သုံးပုံ တင်ပို့ပေးတဲ့ အဓိက နိုင်ငံကြီး ၅ ခုမှာ အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ ဂျာမဏီ၊ ပြင်သစ် နဲ့ ဗြိတိန်နိုင်ငံတို့ ဖြစ်သည်။ ထိုနိုင်ငံကြီး ၅ နိုင်ငံက
တိုက်ရိုက် ရောင်းချတာမျိုးမဟုတ်ဘဲ တဆင့်ခံနိုင်ငံများဖြင့် တစ်ကမ္ဘာလုံးကို ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။

The Stockholm International Peace Research Institute မှ ပညာရှင်အဖွဲ့ရဲ့ အဆိုအရ ထို လက်နက် ရောင်းချမှု ပမာဏမှာ ၂၀၀၁-၂၀၀၅ ခုနှစ်ကထက် ၂၅ ရာခိုင်နှုန်း အရေအတွက် တိုးမြင့်လာကြောင်းနှင့် ဒေသလုံခြုံရေး၊ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးစတဲ့ ခေါင်းစဉ်များဖြင့် တရားဝင် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ပြီးခဲ့တဲ့ ငါးနှစ်အတွင်း လက်နက် အများဆုံး တင်ပို့ခဲ့တဲ့ နိုင်ငံနှစ်နိုင်ငံက အိန္ဒိယနဲ့ တရုတ်ဖြစ်ပြီး၊ ၄င်းတို့ ရောင်းချတဲ့ လက်နက် ၈၀ ရာခိုင်နှုန်းကို ရုရှားမှ ၀ယ်ယူပြန်ရောင်းခဲ့ခြင်း ဖြစ်သည်။ တတိယနဲ့ စတုတ္ထ လက်နက်အများဆုံး ရောင်းချတဲ့ နိုင်ငံနှစ်ခုက တောင်ကိုရီးယားနဲ့ ပါကစ္စတန် တို့ဖြစ်သည်။ ထို နှစ်နိုင်ငံက အမေရိကန်လုပ် လက်နက်များ ပြန်ရောင်းချမှုဖြင့် မျိုးမျိုးမြတ်မြတ် ရရှိခဲ့ကြသည်။

အထက်ပါ ဇယားတွင် လက်နက်ထုတ်လုပ်တဲ့ နိုင်ငံကြီး ငါးနိုင်ငံမှတဆင့် တစ်ကမ္ဘာလုံးကို လက်နက်များ ဖြန့်ဝေ ရောင်းချ ပေးနေတဲ့ နိုင်ငံများရဲ့ ငါးနှစ်အတွင်း တင်ပို့မှု အချိုးအစားကို ဖော်ပြထားပါသည်။

ကြော်ငြာ။ အမေရိကန် လုပ် လက်နက်လိုချင်ရင် တောင်ကိုရီးယားနှင့် ဆက်သွယ်ပါ။ ရုရှားလုပ် လိုချင်ရင် တရုတ် အန္ဒိယနဲ့ ဆက်သွယ်ပါ။ ဂျာမဏီလုပ် လိုချင်ရင် မလေးရှားနဲ့ ဆက်သွယ်ပါ။ ပြင်သစ် လုပ် လိုချင်ရင် စင်္ကာပူနဲ့ အနီးဆုံး ဆက်သွယ်ပါ။ ဒေသတွင်း မည့်သည့်အစိုးရဖြစ်ဖြစ် တရားဝင် ရောင်းချပေးပါမည်။ တရားမ၀င် ရောင်းဝယ်မှုပြုလျှင် အဓိက နိုင်ငံကြီး ငါးနိုင်ငံက သူတို့ဆီက ၀ယ်တဲ့လက်နက်ဟု မယူဆတဲ့အတွက် ကမ္ဘာ့ငြိမ်းချမ်းရေး တည်ငြိမ်ရေး ထိခိုက်မည့် အကြောင်း အော်ဟစ် ဟန့်တားမည်ဖြစ်သည်။ 

Revive  ဘလော့မှ.........

more.gif

22 March 2011

ယီမင်နိုင်ငံရဲ့  တပ်မတော် ထိပ်တန်းအရာရှိကြီးတွေက ပြည်သူဘက် ရပ်တည်ကြပြီ။

http://www.niknayman-niknayman.co.cc/

ယီမင်နိုင်ငံမှာ အာဏာရှင်ကို ဖယ်ရှားဖို့  ဆန္ဒပြနေကြတဲ့ ပြည်သူတွေဘက်ကနေ မားမားမတ်မတ် ရပ်တည်ဖို့ အတွက် ယီမင်တပ်မတော်အတွင်းက ထိပ်တန်း စစ်တပ်အရာရှိကြီးတွေဖြစ်တဲ့ ဗိုလ်ချူပ်ကြီး General Ahamr အပါအ၀င် တပ်မှူးအရာရှိကြီးတွေ အရာရှိအရာခံ အကြပ်တပ်သားတွေက ပြည်သူ့ တပ်မတော်သား ပီသစွာနဲ့  ဆုံးဖြတ်လိုက်ကြပါတယ်။





















ဗိုလ်ချူပ်ကြီး General Ahamr ရဲ့  ပြောကြားချက်ကတော့ - General Ahamr said “According to what I’m feeling, and according to the feelings of my partner commanders and soldiers… I announce our support and our peaceful backing to the youth revolution. We are going to fulfil our duties in preserving security and stability.”

“ကျွန်တော် ကိုယ်တိုင် ခံစားမှုအရရော၊ ကျွန်တော်နဲ့ အတူတစ်ကွ လုပ်ဖေါ်ကိုင်ဘက် တပ်မတော် တပ်မှူးအရာရှိကြီးတွေရဲ့  ခံစားမှုအရရော၊ တပ်မတော်အတွင်းက တပ်မတော်သားအပေါင်းရဲ့  ခံစားမှုတွေအရရော ကျွန်တော်တို့  ဆုံးဖြတ်ချက်ကတော့ အာဏာရှင်ကို ငြိမ်းချမ်းစွာ ဆန့် ကျင်ဆန္ဒပြနေကြတဲ့ ပြည်သူလူထုတော်လှန်ရေးကြီးကို ထောက်ခံအားပေးပါတယ်၊ ဒီအတွက် ကျွန်တော်တို့  လုပ်ဆောင်ပေးသင့်တဲ့ တာဝန်ဝတ္တရားအရ တိုင်းပြည်နဲ့  ပြည်သူပြည်သားတွေ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေးနဲ့  တိုင်းပြည်အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတွေဘက်က မားမားမတ်မတ် ရပ်တည်အပ်ပါကြောင်း” ပြောကြားသွားပါတယ်။

အမိမြန်မာပြည်ရဲ့  တပ်မတော်ကြီးအတွင်းက အရာရှိအရာခံ အကြပ်တပ်သားတွေအနေနဲ့ လည်း အာဏာရှင်ဘက်ကို ရပ်တည်နေရာကနေ ပြည်သူဘက်ကို မားမားမတ်မတ် ရပ်တည်ပေးကြဖို့  လိုအပ်နေပါင်္ပြီ။

more.gif

3 February 2011

အီဂျစ် ကြံ့ဖွံ့၊ စွမ်းအားရှင်များ၏ အကြမ်းဖက်တိုက်ခိုက်မှု ကြောင့် အီဂျစ်နိုင်ငံရေး ပိုမိုရှုပ်ထွေးလာ

http://komoethee.blogspot.com/






"အာဏာရှင် များ၏ အာဏာ ထိမ်းချုပ်ရေး A Plan ၊ B Plan ၊ C Plan"
ဓာတ်ပုံ- အေပီ နှင့် နယူးယောက်တိုင်းမ်စ်
-WFWW-

အီဂျစ် အာဏာရှင်များ ကြောထောက်နောက်ခံပြုထားတဲ့ အီဂျစ်ကြံ့ဖွတ်များ၊ စွမ်းအားရှင်များ ဟာ မြင်းတွေ၊ ကုလားအုပ်တွေကို စီးနင်းပြီး အာဏာရှင်အဆုံးသတ်ရေး တောင်းဆိုနေကြတဲ့ လူအုပ်ထဲကို အင်အားသုံး စတင် တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဘက်အကြား ထိခိုက် သေဆုံးမှုတွေ ရှိခဲ့တယ်။ ဒီတိုက်ခိုက်မှုမှာ ဓာတ်ဆီဗုံးများ၊ ဒုတ်များ၊ဓားများ၊ ခဲများ၊ သံချွန်များ၊ သေနတ်များ ဖြင့် အပြန်အလှန်တိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ရာပေါင်းများစွာ ပြင်းထန်စွာ သေဆုံး ဒဏ်ရာ ရခဲ့ကြတယ်။ စစ်တပ်ကတော့ ပဋိပက္ခဖြစ်နေတဲ့ ဆန္ဒပြသူတွေကြား ခွဲခြားထားဖို့ ကြိုးစားနေတာကိုလည်း တွေ့ရပါတယ်။

မနေ့ က အီဂျစ်သမ္မတ မူဘာရက်က စက်တာဘာမှာကျင်းပမဲ့ သမ္မတ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း အစိုးရပိုင် ရုပ်မြင်သံကြားကနေ ထုတ်ဖော်ပြောဆိုခဲ့သလို၊ အသက် ၄၆ နှစ် အရွယ်ရှိတဲ့ သူ့ရဲ့ သား ဂျမဲမူဘာရက် လည်း လာမဲ့ သမ္မတရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ ၀န်ကြီးချုပ်သစ် အိုမာ ဆိုလီမန် က အီဂျစ်အစိုးရပိုင် ရုပ်မြင်သံကြားဌာနက မနေ့ က တရားဝင်ကြေညာသွား ခဲ့ကြောင်း သိရှိရပါသည်။

အာဏာရှင် လက်ကိုင်ဒုတ်ဖြစ်ကြတဲ့ အီဂျစ်ကြံ့ဖွတ်များ၊ စွမ်းအားရှင်များ ၏ အကြမ်းဖက် တိုက်ခိုက်နေမှု ဟာ အီဂျစ်နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းဖို့ အခွင့်အလမ်း လမ်းခင်းပေးလိုက်တာ ဖြစ်နိုင်ကြောင်း၊ အီဂျစ်ကြံ့ဖွတ်များ၊ စွမ်းအားရှင်များ ကို အကြမ်းဖက်မှုများဖြစ်ပေါ်လာအောင် ပြည်ထဲရေးဝန်ကြီးဌာနက စေခိုင်းတာဖြစ်တယ်လို့ အတိုက်အခံနှင့် ဆန္ဒပြသူများက စွပ်စွဲပြောဆိုခဲ့ပေမဲ့၊ ၀န်ကြီးချုပ်သစ်ကတော့ စုံစမ်းအရေးယူမှုများကို ပြုလုပ်ပေးမှာဖြစ်ကြောင်း အစိုးရပိုင်သတင်းဌာနကနေ ခုခံပြောဆိုသွားပါတယ်။

နိုင်ငံတကာ ခေါင်းဆောင်များကလည်း အီဂျစ်ကြံ့ဖွတ်များ၊ စွမ်းအားရှင်များ စနစ်တကျ မင်းမဲ့ဆန်ဆန် တရားဥပဒေမဲ့ အကြမ်းဖက် သတ်ဖြတ်တိုက်ခိုက်နေမှုကို အဆုံးသတ်ဖို့ ပြင်းထန်စွာ ရှုံ့ချပြောဆိုခဲ့ကြပြီး၊ ၀န်ကြီးချုပ်သစ် အိုမာ ဆိုလီမန် ကတော့ ကိုင်ရိုမှာဖြစ်ပွားခဲ့ တဲ့ အကြမ်းဖက်တိုက်ခိုက်မှု အပေါ် အီဂျစ် ပြည်သူလူထုတရပ်လုံးကို ၀န်ချတောင်းပန် သွားခဲ့တယ်။

လောလောဆယ် အကြမ်းဖက်ဆန္ဒပြမှုမှာပါဝင်တဲ့ ရဲအရာရှိများနှင့် ပြည်ထဲရေးဝန်ကြီး ဟဘစ် အက်ထ်လီ (Habib Adli) ရဲ့ ပိုင်ဆိုင်မှုတွေကို ထိမ်းချုပ်လိုက်ပြီး၊ ခရီးသွားလာမှုကိုလည်း တားမြစ်လိုက်ကြောင်း အစိုးရ ရုပ်မြင်သံကြားက ဒီနေ့ပဲ ထုတ်ပြန်ကြေညာ သွားပါတယ်။


more.gif

26 January 2011

တူနီရှား ဒိုမီနိုသီအိုရီ အီဂျစ်သက်ရောက်



အီဂျစ်တစ်နိုင်ငံလုံးတွင် နှစ် ၃၀ ကျော် အာဏာချုပ် ကိုင်ထားတဲ့ သမ္မတ ဟို့စနီမူဘာရက် ပြုတ်ကျရေး တောင်းဆို ဆန္ဒပြမှုများ အင်္ဂါနေ့မှစပြီး ဆက်တိုက် ဖြစ်ပေါ်နေသည်။ ကိုင်ရိုမြို့တော် ဆန္ဒပြသူများက
တစ်ညလုံး ဆန္ဒပြဖို့ မြို့တော်ရင်ပြင်တွင် ဆက်ရှိနေခဲ့ပြီး၊ လုံခြုံရေးရဲများမှ မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်ဆံများဖြင့် ပစ်ခတ်ခဲ့သည်။ ရဲနှင့် ဆန္ဒပြသူများအကြား ပဋိက္ခများ တစ်ညလုံးဖြစ်ခဲ့ပြီး အရပ်သားနှစ်ဦးနှင့် ရဲအရာရှိတစ်ဦး သေဆုံးခဲ့သည်။ ကိုင်ရို တက္ကသိုလ်နှင့် Tahrir ရင်ပြင်တွင် လက်နက်ကိုင်ရဲများ၊ မီးသတ်ကားများ သံချပ်ကာယာဉ်များကို ထူထပ်စွာ ချထားသည်။

တူနီရှားနိုင်ငံ နေ့စဉ်ဆန္ဒပြမှုများနဲ့ အပြောင်းအလဲ ဖြစ်ရပ်များက အွန်လိုင်းမှတဆင့် ‘ဒိုမီနို အကျိုးသက်ရောက်မှု’ ဖြစ်ပေါ်လာပြီး  အီဂျစ်နှင့် အခြားအာရပ်နိုင်များကို ကူးစက်လာခဲ့သည်။ အီဂျစ်နိုင်ငံရဲ့ ဆင်းရဲမွဲတေမှုနှင့် အစိုးရ ဖိနှိပ်မှုများကို စိတ်ပျက်နေတဲ့ လူငယ်ထုက တူနီရှားသမ္မတ ထွက်ပြေးမှုကို အားကျပြီး၊ သမ္မတမူဘာရတ်ကို မောင်းထုတ်ဖို့ အွန်လိုင်းကနေ စည်းရုံး ဆန္ဒပြကြခြင်း ဖြစ်သည်။ ဆန္ဒပြပွဲ ပါဝင်ဖို့ Facebook တွင် အီဂျစ်လူငယ် ၈၀,၀၀၀ ကျော်က လက်မှတ်ထိုး သဘောတူ ထွက်ခဲ့ကြခြင်း ဖြစ်သည်။
အီဂျစ်လူငယ် ဘလော့ဂါ Hossam El Hamalawy က “တူနီရှားဖြစ်ရပ်က ကျနော်တို့အတွက် လုံလောက်နေပြီ။ တူနီရှားလုပ်နိုင်ရင် ကျနော်တို့ ဘာကြောင့်မလုပ်နိုင်ရမလဲ။ ကျနော်တို့ အလုပ်ဖြစ်တဲ့ အစိုးရမျိုးလိုချင်တယ်။ မာရှယ်လော မလိုချင်ဘူး။ ဘယ်လိုဖိနှိပ်မှုမျိုးမှ မလိုချင်ဘူး။ တူနီရှားက ဘန်အလီ ထွက်ပြေးသလိုမျိုး မူဘာရတ် ထွက်ပြေးတာပဲ မြင်ချင်တယ်” ဟု Al Jazeera ရုပ်သံကို ပြောသည်။

ဆန္ဒပြသူများက သမ္မတ မူဘာရက် နှစ် ၃၀ အာဏာမြဲအောင် အကာအကွယ်ပေးတဲ့ အီဂျစ်ပြည်သူ့ရဲတပ်ဖွဲ့ရဲ့ အထိမ်းမှတ်နေ့ကို ရွေးပြီး ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့ရဲ့ လူထုအပေါ် ရက်စက်ယုတ်မာမှုကို ပြသဖို့ ရဲအထိမ်းအမှတ်နေ့ ဇန်န၀ါရီ ၂၅ ရက်နေ့ကို ရွေးချယ်ခဲ့ကြကြောင်း ဘလော့ဂါက ပြောခဲ့သည်။
ဘလော့ဂါက “ ကျနော်တို့ ဆန္ဒ စပြတဲ့ ၂၅ ရက်နေ့ဟာ သမ္မတ မူဘာရက် နိဂုံးချုပ်ဖို့အတွက် အစပါပဲ။ မူဘာရက်နဲ့ သူ့အာဏာရှင်စနစ်ကို လူထုက ငြီးငွေ့နေပြီ။ မူဘာရက် မနေဖြန်ပြုတ်မကျသေးရင် သဘက်ခါ ပြုတ်ကျစေရမယ်။ နောက်တစ်ပတ် နေခွင့်မပေးတော့ဘူး” ဟု Al Jazeera ရုပ်သံကို ပြောခဲ့သည်။
အီဂျစ်နိုင်ငံမှာ အရှေ့အလယ်ပိုင်းတွင် အကြီးဆုံး အာရပ်နိုင်ငံဖြစ်ပြီး၊ အီဂျစ်နိုင်ငံ အပြောင်းအလဲက အခြား အာရပ်နိုင်ငံများ အပေါ် အကြီးအကျယ် ဂယက်ရိုက်နိုင်သည်။

http://www.maukkha.org/i

more.gif