Showing posts with label တိုက်ပွဲသတင်း. Show all posts
Showing posts with label တိုက်ပွဲသတင်း. Show all posts

1 December 2010

နအဖနှင့် ဒီကေဘီအေ တိုက်ပွဲ ထိခိုက် သေဆုံးမူများပြား


more.gif

28 November 2010

ဒီကေဘီအေနှင့် နအဖ တပ်တွေ တိုက်ပွဲဆက်ဖြစ်






  BBC   
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDW7INFp-mMNQZOwcO8rnFa8MRlEqlKW5Vmib-6pxQq5-AA0cm9TYzZIDOxnUQc09fqa9AXwORLImck0OVNrmzK0O-qOgUegkARenYCsKmZqtr2xzVqZspF7LuOCbHIktJO5J1LxNxS-U/s1600/Untitled-3.jpg
 

more.gif

15 November 2010

ယနေ့တိုက်ပွဲ သတင်း


ဆုံဆည်းရာ မှ.....

မြ၀တီ
ဝေါလေဒေသမှာ နအဖ စစ်တပ်နဲ့ ဒီကေဘီအေ တပ်တွေ ယမန်နေ့ညနဲ့ ယနေ့မနက် အထိ တိုက်ပွဲတွေ ဆက်လက် ဖြစ်နေပါသေးတယ်။ ဒီကေဘီကေ တပ်များက လောခေါ်ဘက်တွင် အခြေစိုက်ထားပြီး နအဖ စစ်တပ်မှ ဝေါလေရွာဘက်တွင် စခန်းချထားကြောင်း သိရှိရပါတယ်။ ထို ဝေါလေ ဘက်တွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ထိုင်းနိုင်ငံ မော်လီချိုင်းဘက်သို့ စစ်ပြေးဒုက္ခသည် ၆၀၀ ကျော် ရောက်ရှိနေကြောင်း သိရှိရသည်။

ဘုရားသုံးဆူဒေသ
ဘုရားသုံးဆူဒေသမှာ နအဖ စစ်တပ်မှ တပ်မ ၄၄ လက်အောက်ခံ ခလရ ၂၈၃ နဲ့ ဒီကေဘီအေ တပ်ရင်း ၉၀၆၊ ၉၀၇ တို့ တိုက်ပွဲတွေ ကြို့ကြားကြို့ကြား ဖြစ်နေတယ်လို့ သိရှိရပါတယ်။ ချောင်းဆုံ ဒေသမှာလည်း နအဖ စစ်တပ် ခမရ ၂၁၀ နဲ့ ကေအန်ယူတို့ ပြောက်ကျားတိုက်ပွဲတွေ ဖြစ်နေတယ်လို့ သိရှိရပါတယ်။

more.gif

12 November 2010

ဝေါလေ တိုက်ပွဲသတင်း

စောလားဘွဲ နှင့် မဟာမိတ်တပ်များ ဝေါလေးကို ပြန်လည်သိမ်းပိုက် လိုက်ပြီလို့သိရပါတယ်။ သေခြာအောင် ဆက်လက်စုံစမ်းနေပါတယ်။ 

Written by Lazy Boy   

တိုင်းပြည်နဲ့ လူမျိုးအတွက် အတွက်အသက်ပေးတာမဟုတ်ဘူး။ သန်းရွှေနဲ့ ကြိုင်ကြိုင်အတွက် အသက်ပေးသွားရပြန်ပြီ။ တိုက်ပွဲဖြစ်ပြီး ဆိုတာနဲ့ မကြည့်လိုက်နဲ့ နအဖ စစ်သားတွေ အတုန်းအရုန်း သေနေပြီ။ ယုန်တွေလို အသည်းငယ်လို့လားမသိဘူး။ ယုန်တွေက သူတို့ကိုလှန့်အောင်လုပ်ရင် လှန့်ပြီးသေသွားရော။ နအဖ စစ်သားလဲ သေနတ်သံကြားတာနဲ့ လန့်ပြီးသေလို့ ဖြစ်လိမ့်မယ်။ လူလူခြင်းယှဉ်တာဘဲ ဒီလောက် ကွာစရာအကြောင်းတော့မရှိနိုင်လောက်ဘူး။ နအဖ စစ်သားတွေ ရှေ့တန်းရောက်ရင် သေနတ်သံကြားလို့ လှန့်ပြီးသေတာကြောင့် ဒီလောက် များတာဘဲ ဖြစ်ရမယ်။ 
ဘယ်သူနဲ့ယှဉ်ယှဉ် နအဖ စစ်တပ်က ပိုပြီးသား (သေတဲ့နေရာမှာ နဲ့ ယုတ်မာတဲ့နေရာ) ၊ သေနတ်မရှိတဲ့ ပြည်သူတွေကျတော့ သေနတ်အားကိုးနဲ့ အနိုင်ကျင့်တယ်။ လက်နက်ကိုင် အခြင်းခြင်းတွေ့ရင်တော့ နအဖ စစ်သားတွေ ကိုယ့်ကို ကိုယ်ပြန်ပစ်သတ် နေလား မှတ်ရတယ်။ တဖက်က တစ်ယောက်မှ ဒါဏ်ရာမရသေးဘူး နအဖ စစ်တပ်ကတော့ သောက်သောက် သေနေလို့ပါ။  

ရှမ်း SSA မြောက်ပိုင်းသတင်း - ဆုံဆည်းရာမှ ကူးယူဖော်ပြသည်။

ယမန်နေ့က နအဖ စစ်တပ် ခလ၇ ၃၆၁ မှ စစ်ကားတဦးကို ရှမ်းပြည်လွှတ်မြောက်ရေး တပ်မတော်က ချုံခိုက်တိုက်ခိုက်ရာ စစ်သားအားလုံး ကျဆုံးသွားကြောင်းသိရှိရသည်။ ခလ၇ ၃၆၁ မှ တပ်ရင်းမှူး ဗိုလ်မှူး အပါအ၀င် တပ်ကြပ်တဦးကိုလည်း အသေဖမ်းဆီးရမိပါသည်။ ဂျီသရီးရိုင်ဖယ်တလက်၊ ကာဘိုင်တလက်နဲ့ ၉ မမ ပစ္စတို တလက်အပြင် ကြေးနန်းဆက်သွယ်ရေးတခုကို သိမ်းပိုက် ရရှိခဲ့ကြောင်း သိရှိရသည်။ ရှမ်းပြည်တပ်မတော်က အကျအဆုံးမရှိကြောင်းလည်း သိရသည်။

more.gif

10 November 2010

(နိုဝင်ဘာလ ၁၁ရက်၊ မနက် ၅နာရီစပြီး ဘုရားသုံးဆူတိုက်ပွဲသတင်း

နော်ဖေါ့ဂေ

(နိုဝင်ဘာလ ၁၁ရက်၊ မနက် ၅နာရီစပြီး ဘုရားသုံးဆူမြို့နယ်၊ နယ်စပ် ရွာသစ်ဘက်မှာ နအဖ ခမရ(၄၀၅)နဲ့ ဒီကေဘီအေတပ်တွေ အပြန်အလှန် တိုက်ပွဲဖြစ်ကြတယ်။ မနက် ၆နာရီကစပြီး နအဖဘက်က လက်နက်ကြီးနဲ့ပစ်တာ အခု ၇နာရီခွဲကျော်အထိ လက်နက်ကြီး အလုံး ၂၀နီးပါးလောက်ရှိပြီ။ အခုချိန်ထိဆို ဒုက္ခသည်လူထုဟာ ထိုင်းဘက်ခြမ်းကို ထွက်ပြေးလာတာ ခန့်မှန်းခြေ ၁သောင်းကျော်လောက် ရှိပြီလို့ သိရတယ်။ အဲဒီဒုက္ခသည်တွေဟာ ထိုင်းဘက်ခြမ်းက ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ အားကစားရုံတွေမှာ ရောက်ရှိနေကြတယ်။
သူတို့ကို ထိုင်းလူမှုကယ်ဆယ်ရေး တွေကလည်း ကူညီပေးနေတယ်။ ဒီကေဘီအေဘက်က သုံးတာက ၆၀-မမ။ နအဖဘက်က သုံးတာက ၁၂၀ စိန်ပြောင်း။ အဲဒီ နအဖ ခမရ(၄၀၅)တပ်ရင်းဟာ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကပဲ ဘုရားသုံးဆူဘက်ကို စစ်ကူထပ်ရောက်လာတဲ့ တပ်ရင်းဖြစ်တယ်။ နအဖဘက်က ပစ်ခတ်တာဖြစ်ပြီး ဒီကေဘီအေဘက်က ခံပစ်ပုံစံမျိုးပဲ။
ဒါပေမဲ့ နအဖဟာ သူတို့ရဲ့ လက်နက်ကြီးတွေကို ဒီကေဘီအေရှိရာ ပစ်ခတ်ထည့်တာမဟုတ်ဘဲ မဲ့ကသာရွာထဲကို ပစ်ခတ်နေတာ ဆိုတော့ ရွာသားတွေက ထွက်ပြေးရတယ်။ အခု ၈နာရီနီးပါးအထိ ထိုင်းဘက်ခြမ်းကို လက်နက်ကြီးကျလာတာတော့ မရှိသေးဘူး။ ဖြစ်တာက တနေရာထဲမဟုတ်ဘဲ ဘုရားသုံးဆူ နယ်စပ်တကြောလုံးပဲ။)

မေလ်းထဲကပါ။

more.gif

ဘုရားသုံးဆူတွင် လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်

ဧရာဝတီ Thursday, 11 November 2010 12:08


ယနေ့ နံနက် ၃ နာရီ ကျော်မှ စတင်ကာ DKBA တပ်များက နအဖ စစ်တပ် ခလရ ၂၈၃ တပ်စွဲရာ ထိုင်း-မြန်မာနယ်စပ် ဘုရား သုံးဆူ မြို့ပြင်ရှိ တောင်ကုန်းကို လက်နက်ကြီများဖြင့် စတင်ပစ်ခတ်သည်။ ခန့်မှန်းခြေ လက်နက်ကြီး အလုံး ၃၀ ခန့်ရှိပြီး နံနက် ၆ နာရီခန့်အထိ အပြန်အလှန် ပစ်ခတ်ကြခြင်းဖြစ်သည်။ နံနက် ၈ နာရီ ခန့်အထိ ပစ်ခတ်မှုများ ကြိုကြားကြိုကြား ရှိနေကြောင်း နယ်စပ် အခြေ အနေ ကို လေ့လာနေသူ ထိုင်းနယ်ခြားစောင့်အဖွဲ့ ဝင် တဦးက ပြောသည်။ မြ၀တီဘက်မှ ဆုတ်ခွာ လာသော ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး)၏ DKBA တပ်ဖွဲ့ဝင်များ ဘုရားသုံးဆူသို့ ယမန်နေ့က ရောက်ရှိလာကြောင်း၊ နအဖ စစ်ကူ တပ်များလည်း သံဖြူဇရပ်ဘက်မှ ဘုရားသုံးဆူရှိရာသို့ ဦးတည် လာနေကြောင်း၊ ထိုင်းဘက်သို့ တိမ်းရှောင်လာသော စစ်ပြေး ဒုက္ခသည်များစွာ ယမန်နေ့က ဘုရားသုံးဆူဘက် ပြန်သွားကြောင်း သတင်းရရှိသည်။

more.gif

မြ၀တီ စစ်ဘေး တတိယနေ့  ပြည်သူ့ အခြေအနေ















ပြည်သူတွေ ထိုင်းဖက် ကမ်း က စက်ရုံ နဲ့ ဘုန်းကြီးကျောင်းတွေ မှာ ပုန်းနေတာပါ သူတို့ ပေါ်တာကြောက်တယ် ထပ်ပစ်မဲ့ အခြေအနေရှိတယ် ဆိုပြီး မပြန်ရဲ ကြဘူး တဲ့ ။ ပုံမှာ တွေ့ ရတဲ့ ဆရာတော်က တော့ ၁၄နှစ်ကျော် အကျဉ်းကျခဲ့တဲ့ နိုင်ငံရေးအကျဉ်းကျဆရာတော် ရှင်ဇ၀န ဖြစ်ပါတယ် လူထုတိုက်ပွဲကော်မတီရဲ့ ဦးဆောင်ကော်မတီဝင် တစ်ဦးလည်းဖြစ်ပါတယ် ။

more.gif

မြဝတီမြို့ပေါ်မှ ဒီကေဘီအေတပ်များ ဆုတ်ခွါ၊ ဘုရားသုံးဆူတွင် တိုက်ပွဲဆက်ဖြစ်

မြဝတီမြို့ပေါ်ရှိ ဒီကေဘီအေတပ်များက ၎င်းတို့ ခြေကုပ်ယူထားသည့် ချစ်ကြည်ရေးတံတားထိပ်နှင့် မြို့တွင်းနေရာများမှ ဆုတ်ခွါသွားပြီ
ဖြစ်သော်လည်း ဘုရားသုံးဆူဒေသနှင့် ဒီကေဘီအေ တပ်မဟာ (၅) တည်ရှိရာ
ဝေါလေဂွင်များတွင် ယနေ့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။

ယနေ့နံနက် (၈) နာရီနှင့် (၉) နာရီကြားတွင် မြဝတီမြို့ပေါ်၌ ပစ်ခတ်မှုတချို့ရှိခဲ့သော်လည်း ဒီကေဘီအေ တပ်များမြို့တွင်းမှ
ဆုတ်ခွါသွားသည့်အတွက်ကြောင့် မဲဆောက်ရောက် စစ်ပြေးဒုက္ခသည် တဝက်ခန့်
မြဝတီသို့ ယနေ့ နေ့လည် (၂) နာရီခန့်တွင် ပြန်လည်ထွက်ခွါသွားပြီဖြစ်ကြောင်း
သိရသည်။

တပ်မဟာမှူး ဗိုလ်နှုတ်ခမ်းမွှေး(ခေါ်) ဗိုလ်မှူးကြီး စောလားဗွယ် ဦးစီးသည့် ဒီကေဘီအေ တပ်မဟာ (၅) အခြေစိုက်ရာ ဝေါလေဂွင်တွင် တိုက်ပွဲများ
ဆက်လက်ဖြစ်ပွားမှုကြောင့် အဆိုပါဒေသရှိ ကျေးရွာများမှ စစ်ပြေးဒုက္ခသည်များ
ထိုင်းဘက်သို့ ဆက်လက်ထွက်ခွါလာနေဆဲဖြစ်သည်။

ထိုင်းနိုင်ငံ၊ စံခလဘူရီနယ်စပ်မြို့ တဘက်ခြမ်းရှိ ဘုရားသုံးဆူဘက်တွင် ဒီကေဘီအေ တပ်မဟာ (၅) တပ်များနှင့် နအဖစစ်အစိုးရတပ်များ ယနေ့မနက်
တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်အစိုးရဘက်မှ လေယာဉ်သုံးပြီး
ပတ်ခတ်မှုကြောင့် ရွာသူရွာသားများ ထိခိုက်ဒဏ်ရာရ သေဆုံးမှုများနှင့်
ထိုင်းဘက်သို့ ထွက်ပြေးနေမှုများ ရှိနေကြောင်း ဒီကေဘီအေနှင့်နီးစပ်သည့်
ကရင်အမျိုးသားတဦးက ပြောသည်။

သူက “ဘုရားသုံးစူမှာ စစ်တပ်က သူတို့ လေယာဉ်နဲ့ကို လာတယ်။ မနက် (၁ဝ) နာရီလောက်တုန်းက လေယာဉ် ၂ စီး လာတယ်။ သူတို့ ရွာထဲကို ပစ်ထည့်တယ်။
လက်နက်ကြီးတပ်ဆင်ထားတဲ့ အပေါ်ကနေပြီးတော့ ရွာထဲကိုပစ်တော့ ရွာသားတွေ
တော်တော်လေး ထိနေပြီ။ ပြည်သူလူထုလည်း ထိုင်းထဲကို ပြေးလာတယ်။
ဒဏ်ရာရတဲ့သူတော့ ရှိတယ်။ ဒဏ်ရာရတဲ့သူက ဘယ်နှစ်ယောက်လဲ မသိဘူး။
သေတာလည်းရှိတယ်” ဟု ပြောသည်။

more.gif

တိုက်ပွဲသတင်း

ဆုံဆည်းရာ မှ...

ဘားအံခရိုင် ဘားအံမြို့အနီး မြင်စိုင်းတောင်ကုန်းပေါ်ရှိ နအဖ စစ်တပ်နဲ့ ဒီကေဘီအေ လက်ကျန် အဖွဲ့များ စခန်းထိုင်ရာ ငကျိဘုရားကုန်းစခန်းကို ကေအန်ယူ တပ်မဟာ (၁) မှ ယမန်နေ့ ညက တက်ရောက် သိမ်းပိုက်လိုက်ကြောင်း သိရှိရသည်။

more.gif

တိုက်ပွဲအခြေအနေများ

ယနေ.ကြွေးကြော်သံ

ဒီကေဘီအေကိုထောက်ခံပါ၊ဝိုင်းဝန်ကူညီပါ၊

စစ်အာဏာရှင်အစိုးရကိုဖြုတ်ချပါ၊

ဒီမိုကရေစီအစိုးရကိုတင်မြှောက်ပါ



2:00 pm
ထိုင်းအစိုးရဘက်မှပြန်ပို.လိုက်သည့်စစ်ဘေးထွက်ပြေးသူများကို
ဗမာစစ်အစိုးရတပ်၏ဓားစာခံတွေဖြစ်ကုန်ပြီ၊ပေါ်တာဆွဲခံထိသည့်ယောင်္ကျားလည်း
အနည်းဆုံး၁၀ယောက်လောက်ရှိနေပြီ၊
သုံးဆူးမြို.ဖမ်းဆီးထားသည့်အရပ်သားများကို
အပြင်လုံးဝမထွက်ခိုင်းဘဲဓားစာခံလုပ်ထားသည့်သဘောဟုသိရှိရပါသည်၊

၁၂း၀၀ နေ.လည်
ဘုရားသုံးဆူနေရာအနှံ.မှာသေနတ်သံကြားနေရဆဲဖြစ်ပြီး
စစ်အစိုးရတပ်သားများသည်စစ်ပြေးလူထုတွေအိမ်ကနေစွန်.ခွာရပြီး
နောက်မှာအိမ်းတွေအပေါ်တက်ပြီးတန်ဘိုးရှိသည့်ပစ္စည်းများ၊
သယ်ယူခိုးဝှက်နေသည်၊အိမ်မှာမထွက်ဘဲပုန်းနေသည့်
လူတွေကိုဒီကေဘီအေနှင့်ပတ်သက်နေတယ်ဆိုပြီး
ရိုက်နှက်၊ဖမ်းဆီးခြင်းပြုလုပ်လျက်ရှိသည်၊စစ်မြင်ကွင်းမှာမပတ်သက်တဲ့အပြစ်မဲ့လူထိုတွေ
ကိုရိုက်နှက်၊ဖမ်းဆီးနေခြင်းအပေါ်ရှုတ်ချရမည်
၊မြို.ပေါ်မှာစစ်ကားတွေနဲ.အင်းအားပြလှည့်လည်လျက်ရှိသည်၊
အရပ်သားများမြို.တွင်းမရှိတော့ဘဲအားလုံးနီးပါးထွက်ပြေးကြပြီးဖြစ်သည်၊ဟုသိရှိရပါသည်၊



တိုင်းရင်သားအသံမှ.......

more.gif

စစ်ပွဲများကြောင့် မွန်နှင့် ကရင် လူမျိုးများ ထပ်မံထွက်ပြေးလာနေ

Freedom News Group မှ....

မြန်မာစစ်တပ်နှင့် ကရင်တော်လှန်ရေးတပ်ဖွဲ့ တို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေမှုကြောင့် တိုက်ပွဲများကြားတွင်ရှိနေကြသောကရင်နှင့်မွန်ရွာသား၂၅၀၀
ခန့်သည်ထိုင်းနိုင်ငံဘက်ခြမ်းစန်ခပူရီခရိုင်အတွင်းသို့ယနေ့မနက်ပိုင်းတွင်ထပ်မံထွက်ပြေးလာကြကြောင်းဘန်ကောက်ပို့စ်အင်တာနက်စာမျက်နှာတွင်ဖေါ်ပြ ထားသည်။

မြန်မာစစ်တပ်ဟာ DKBA တပ်ဖွဲ့ဝင်တွေ ထိမ်းချုပ်ထားတဲ့ ဘုရားသုံးဆူ စခန်းကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ တိုက်ခိုက်လာတဲ့အတွက် လက်နက်ကြီးများပစ်ခတ်မှုကြောင့် ရွာသားများထွက်ပြေးလာကြကြောင်းကချပ်နဘူရီ ရဲမှုးကြီးဗာရာသွန် ၀စ်ထရာဘန်ရမ်က ပြောပြခဲ့သည်။ DKBA တပ်ဖွဲ့တွေ ရဲ့ အခြေစိုက်လှုပ်ရှားနေတဲ့ စခန်းဟာ စန်ခပူရီနဲ့ မီတာ ၄၀၀အကွာမှာ တည်ရှိနေကြောင်းသတင်းမှာဖေါ်ပြထားသည်။

ရဲမှုးကြီး ဗာရာသွန်က မြန်မာစစ်တပ်ဘက် ၁၁ယောက်ကျဆုံးပြီး DKBA တပ်ဖွဲ့ဝင်တွေဘက် ဘယ်လောက်ကျဆုံး၊ဒါဏ်ရာ၇တယ်ဆိုတာကို တိတိကျကျမသိကြောင်းပြောဆိုခဲ့သည်။

more.gif

9 November 2010

ဘုရားသုံးဆူတိုက်ပွဲ အရပ်သား ၂ ဦးသေ

 ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် အုပ်ချုပ်ရေးမှူး နာတာပွန် ဝိချီယန်ပရက်က နအဖစစ်သားများ ပတ်ခတ်မှုကြောင့် ၉ နှစ်အရွယ် မြန်မာ မိန်းကလေးတဦး ထိမှန်ခဲ့ရာ ထိုင်းဆေးရုံတွင် သေဆုံးသွားကြောင်း၊ DKBA ဘက်မှ ပစ်ခတ်မှုကြောင့် ၁၃ နှစ်အရွယ် မြန်မာမိန်းကလေးတဦး ထိမှန်သည့် နေရာတွင်ပင် သေဆုံးကြောင်း ပြောသည်။ ယမန်နေ့ညတွင် ထိုင်းဘက်သို့ မြန်မာစစ်ပြေးဒုက္ခသည် ၃၅၀၀ ခန့် ထွက်ပြေးခိုလှုံလာသဖြင့် ထိုင်းတာဝန်ရှိသူများနှင့် နိုင်ငံတကာအဖွဲ့များက ကူညီနေကြောင်း သိရသည်။

more.gif

ကရင်လက်နှက်ကိုင်တပ်များပူးပေါင်းလာပြီ

Karen United မှ......

တရားမျှတမှု့မရှိသော ရွေးကောက်ပွဲကို လက်နက်အားကိုးဖြင့်ပြည်သူများ ကိုအနိုင်ကျင့်ခဲ့သော နအဖ အားတော်လှန်နေသော ဗိုလ်မှုးချုပ် နှုတ်ခမ်းမွှေး နှင့်အဖွဲ့ ကို မိခင်KNLA တပ်နှင့်အတူ အခြားလက်နှက်ကိုင်အဖွဲ့များဖြစ်သော ဟောင်သရောနှင့် ဗိုလ်ချုပ် ထိန်မောင် ဦးဆောင်သော ငြိမ်းချမ်းရေးကောင်စီအဖွဲ့များ ပူးပေါင်းပါဝင်လာပြီဖြစ်သည်။ဗိုလ်မှုးချုပ် နှုတ်ခမ်းမွှေး၏ ယောက်ဖတော်သူ BGF မှ ဗိုလ်မုတ်သုန်လည်း ပြန်လည်ပူးပေါင်းရန်ပြင်ဆင်နေပြီး ကျောင်းသားတပ်တစ်ချို့လည်းဝင်ရောက်ပူးပေါင်းလာပါသည်။ မြ၀တီဘက်က ဗိုလ်ကျော်သက်တို့အဖွဲ့က နောက်ဆုတ်သွားပြီးမဲဆောက်ဘက်

ကို ရောက်နေတဲ့ သူတွေ မနေ့ညနေမှစပြီး မြ၀တီဘက်ကို ပြန်ကူး သွားတယ်။ ထိုင်းဖက်မှာ
စစ်ပြေး ၁၀၀၀ ကျော် ကျန်ရှိနေပါသည်။ မဲဆောက်က ဘုန်းကြီးကျောင်းကတော့ ပြန်လက်ခံထားပြီးတချို့က ကမ်းနားမှာ ရှိတဲ့ အလုပ်သမားတန်းလျားမှာ သွားနေကြတယ်။တချို့က နီးစပ်ရာနီးစပ်ကြောင်း အသိအိမ်မှာ သွားနေကြတယ်။ မနေ့က ဝေါလေမှာ တိုက်ပွဲ ပြင်းထန်နေပြီး DKBA နှင့်အတူ KNU လက်အောက်ခံ KNLA မှ တပ်ရင်း ၂၀၁ မှပူးပေါင်းတိုက်ပွဲဝင်နေပါသည်။

တိုက်ပွဲတွင် နအဖ မှ ဗိုလ်ကြီး တစ်ဦး ကိုအရှင်ဖမ်းဆီးမိခဲ့ပါသည်။ မနေ့က ဒေသခံတစ်ဦးမှ ပြောပြသည်မှာ-“နအဖ က ဝေါလေကို မီးရှို့လိုက်ပီ။ထိုင်းဘက်အခြမ်းက ဝေါလေမှာ ထိုင်းစစ်တပ်စောင့်နေတယ်။လူထု က ၃-၄ ထောင် လောက် ထိုင်းဘက်ကို ကူးလာတယ်။ အဲမှာ ဖုတ်ဖရ ဆိုတဲ့ ကရင်ရွာရှိတယ်။လောလောဆယ်တော့ ဟိုနားမှာ တချို့ ဒီနားမှာ တချို့ နေနေကြတယ်။ဖုတ်ဖရ ဘုရားကျောင်းမှာတော့ ၂၀ ကျော်နေနေတယ်။ နေအိမ်တွေမှာတော့ မျှပီး လိုက်နေကြတယ်။အသင်းတော်ကတော့ ဧည့်ခံကျွေးမွေးထားတယ်။ မော်လီချိုင်းမှာ တချို့၊ ဖုတ်ဖရမှာ တချို့၊ ထိုင်းဘက်က ဝေါလေ မှာလည်း တချို့ ပေါ့... တည်းနေတယ်။

လူထုတွေ မော်လီချိုင်း၊ လယ်ဃေါ၊ ဖုတ်ဖရ၊ ဝေါလေ (ထိုင်း) မှာ လာနေကြတယ်။
”ဆိုတော့ လူထု ရွှေ့ဖို့ အချိန်စောင့်တဲ့ သဘောပေါ့။”ယမန်နေ့က ကြာအင်းဆိတ်ကြီးရှိ စစ်သဘောင်္အသွင်ပြောင်းထားသော နှစ်ထပ်သင်္ဘောကို KNU တပ်မှဝင်ပစ်သဖြင့် နအဖ ဖက်မှအသေအပျောက်အပျက်ဆီးများရှိခဲ့ကြောင်းသတင်းရရှိပါသည်။ ယခုသတင်းရေးချိန်၊ မြန်မာစံတော်ချိန် နံနက် ၉း၃၀ တွင် မြ၀တီမြို့တွင်းသို့ နအဖ တပ်အလုံးအရင်းနှင့် ၀င်လာပြီး ဆိုင်များပိတ်ရန်လိုက်ပြောပါသည်။ ထို့အတူ ပေါ်တာ လိုက်ဆွဲ

သဖြင့် မြသတီ တွင် ရုတ်ရုတ်သဲသဲ ဖြစ်ပြီး ပြည်သူလူထု များကြောက်လန့်နေရပါသည်။


more.gif

ယနေ့တိုက်ပွဲများ (၁၀ ရက်နိုဝင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ မှ....


မြန်မာစံတော်ချိန်..... ၁၀ နာရီ ၃၅ မိနစ်

ထိုင်းနိုင်ငံ ဖုတ်ဖရတ်မြို့နယ်တွင် မြန်မာပြည်ဘက်ခြမ်း ကျေးရွာတွေမှာ နေထိုင်တဲ့ ရွာသူရွာသား ၅၀၀ ကျော် စစ်ပြေးဒုက္ခသည် အဖြစ် ရောက်ရှိနေပါတယ်။ မနေ့က ဝေါလေ ဒေသကို ထိုးစစ်ဆင်ခဲ့တွေနဲ့ ယနေ့ ဒီကေဘီအေ အခြေစိုက်ရွာတွေ နအဖ စစ်တပ်က ၂၄ နာရီအတွင်း ထိုးစစ်ဆင်မယ်ဆိုတဲ့ သတင်းကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းကို စစ်ပြေးဒုက္ခသည်အဖြစ် ထွက်ပြေးလာခဲ့ရတာပါ။ ထို စစ်ပြေးဒုက္ခသည် ၅၀၀ ကျော်ကို လောလောဆယ် IRC နဲ့ အခြား လူမှုရေးအဖွဲ့တွေက သွားရောက်ကူညီနေတယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ အစားအသောက်နဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေပါသေးတယ်။ နောက်ထပ်ပြီးလည်း စစ်ပြေးဒုက္ခသည်တွေ ရောက်ရှိလာမယ်လို့ စစ်ပြေးဒုက္ခသည်အဖြစ် ရောက်ရှိလာတဲ့ ရွာသားတဦးကဆိုပါတယ်။


(၁၀ နာရီ ၅ မိနစ်) ဘုရားသုံးဆူဒေသမှာ ဒီကေဘီအေ အင်အား ၂၀၀ ခန့် နအဖ အခြေစိုက်စခန်း ခလရ ၂၈၃ ကို ၀ိုင်းထားကြောင်း သိရှိရသည်။ ဒီကေဘီအေနဲ့ နအဖ တပ်များ တဖက်နဲ့တဖက် ယခုအချိန်အထိ ကြို့ကြား ကြို့ကြား ပစ်ခတ်မှုများ ရှိနေပါတယ်။ ဘုရားသုံးဆူဒေသခံ ပြည်သူလူထုတွေကတော့ စစ်ပြေး ဒုက္ခသည် အဖြစ် ထိုင်းဘက်ကမ်းကိုနဲ့ ဂျပန်ရေတွင်း ဘက်ကို ၀င်ရောက်နေတယ်လို့ သိရှိရပါတယ်။ ဘုရားသုံးဆူဒေသ တဘက်ရှိ ထိုင်းဘက်ကမ်းမှာတော့ စစ်ပြေးဒုက္ခသည် ၁၀၀၀၀ (တစ်သောင်း) ကျော်သွားပြီလို့ ထိုင်း သတင်းဌာနတွေက ကြေညာထားတာတွေ့ရပါတယ်။

(၉ နာရီ ၅၁ မိနစ်) မြ၀တီမြို့မှာ ယခုပဲ လက်နက်ငယ်သံတွေ ပြန်ကြားရတယ်လို့ သတင်းပို့လာပါတယ်။
(၉ နာရီ ၃၈ မိနစ်) ထိုင်း-မြန်မာ နယ်စပ် ဒီကေဘီအေနဲ့ နအဖ စစ်တပ်များဖြစ်ပွားနေသည့် တိုက်ပွဲများ မြ၀တီကနေ ဆုတ်ခွာသွားပါတယ်။ သို့ပေမယ့် မနေ့က ညနေပိုင်းအထိ နအဖ တပ်တွေ ဒီကေဘီအေ ဗိုလ်စောလားဘွယ် နေထိုင်သည် ဝေါလေ ဒေသကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ လတ်တလော သတင်းများအရ နအဖ စစ်တပ်များမှ ထိုင်းနိုင်ငံ ဖုတ်ဖရတ်မြို့နယ် တဖက်ကမ်းရှိ ဒီကေဘီအေ အခြေစိုက် သီပေါဘိုး၊ ကနဲလေး ဒေသတွေကို နအဖ စစ်တပ်က ၂၄ အတွင်း ၀င်တိုက်မယ်လို့ ဗျူဟာကနေ့ အမိန့်ချလိုက်သည်။

(၈ နာရီ ၃၈ မိနစ်) ထိုင်း စစ်တပ်မှ တပ်မမှူး သည် ဒုက္ခသည်များအား " ဗမာပြည်ဘက်တွင် တိုက်ပွဲများ ရပ်သွားပြီ။ အေးအေးဆေးဆေးဖြစ်သွားပြီ။ ကျနော်တို့လည်း သူတို့နဲ့ ညှိနှိုင်းနေပါတယ်။ အေးအေးဆေးဆေး ဖြစ်သွားတဲ့အချိန်ကျရင် တံတားကနေ ပြန်ပို့ပေးမယ်။ ကိုယ့်အိမ် ကိုယ့်ယာမှာ ကိုယ့်ပစ္စည်းတွေကို ပြန်ကြည့်လို့ရတာပေါ့။ တံတားကနေ ပြန်ပို့ဖို့ ထိုင်း မြန်မာ လူကြီးတွေနဲ့ ညှိနေပါတယ်" ဟု ပြောကြားခဲ့သည်၊
" ဒီကေဘီအေ တွေ မြ၀တီမှာ မရှိတော့ဘူး။ သူ့နေရာသူ ပြန်ဆုတ်သွားပြီ။ ' ဟု ပြောကြားခဲ့သည်၊
ထိုင်းစစ်တပ်နှင့် အာဏာပိုင်များမှ အထက်ပါအတိုင်း ပြောကြားခဲ့သော်လည်း ဒုက္ခသည်များမှာ ယနေ့ မနက်အထိ ထပ်ရောက်နေဆဲဖြစ်သည်၊ ယနေ့ ထပ်မံ ရောက်ရှိလာသော ဒုက္ခသည်များတွင် ဘုန်းကြီးများ။ ကိုရင်များ ပါလာသည်၊ ဒုက္ခသည်များမှ သူတို့အနေဖြင့် မပြန်ရဲသေးကြောင်း ထိုင်းအာဏာပိုင်တဦးမှ ပြောကြားကြသည်၊
တခြားအခြေအနေများမှာ-

ဒုက္ခသည်ဝင်းထဲသို့ ရောက်ရှိနေသော နယ်စပ်မှာရှိတဲ့ စက်ရုံအလုပ်သမားများကို အလုပ်ပြန်ဆင်းရန် အလုပ်ရှင်(စက်ရုံပိုင်ရှင်)များမှ ပြန်ခေါ်သွားကြောင်းသိရသည်၊ ဒုက္ခသည်များကို ထိုင်းပြည်သူများ။ မဲဆောက် ဒေသအခြေပြု အဖွဲ့အစည်းများမှ ရေများ။ ထမင်းထုပ်များ ကူညီပေးပို့ခြင်း။ ကိုယ်တိုင်ကိုယ်ကျ ပါဝင် ကူညီ ဝေငှခြင်းများပြုလုပ်နေကြပါသည်။

more.gif

ဗိုလ်ချစ်သူ ၏ သိန်းထောင်ကျော်တန် အိမ် ပြာပုံဖြစ်အောင် ဖျက်ဆီးခံရ နှင့် မြ၀တီ နှင့် ဘုရား သုံးဆူ တိုက်ပွဲ များ အတွင်း သေဆုံး၊ဒဏ်ရရသူ စာရင်း

freedom news group မှ.....

ထိုင်းအင်ဂျင်နီယာများကိုအသုံးပြုကာသိန်းထောင်ချီအကုန်အကျခံပြီးဆောက်လုပ်ထားသည့်တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသား တပ်မတော်(DKBA)၉၉၉မှ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးစောချစ်သူ၏ မြ၀တီရွှေကုက္ကုလ်မြိုင် ကျေးရွာမှချစ်သူမြိုင်စံအိမ်သည် ပြာပုံဖြစ်အောင် ဖျက်ဆီးခံလိုက်ရကြောင်း FNG မှ သတင်းရရှိသည်။

ထိုအိမ်ကိုနှစ်ရက်တာတိုက်ပွဲအတွင်းနအဖစစ်တပ်ကဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟုအမည်မဖော်လိုသည့်၉၉၉တပ်မှ အရာရှိတစ်ဦးကပြောသည်။

ဗိုလ်ချစ်သူသည်သူ၏ သိန်းထောင်ချီတန်အိမ်ကိုယခုနှစ်မတ်လကရန်ကုန်နှင့်ထိုင်းမှအဆိုတော်များငှားရန်းကာနေ့စဉ်ကြည့်ချင်ပွဲများလုပ်ပြီးဖွင့်လှစ် ခဲ့ခြင်းဖြစ်သည်။
ဗိုလ်မှုးချုပ် စောလားဘွယ် ၏မြ၀တီမြို့ ရှိ ယခင်နေအိမ်မှာလည်းမီးရှို့ ဖျက်ဆီးခံလိုက်ရသည်ဟု သတင်းရရှိသည်။
နအဖ စစ်တပ်နှင့်ရဲတပ်များ - အရာရှိနှစ်ဦးသေ။ တပ်သားအဆင့် ရှစ်ဦးသေ။ လေးဆယ် ကျော်ဒဏ်ရာရ။ အရာရှိအဆင့် ၁ဦးနှင့်တပ်သား၃ဦး
(DKBA) မှ ဖမ်းဆီးခံထားရ။ လ၀က ၂ ဦးနှင့်ကြံ့ဖွံ လေးဦးသေ။ စစ်သား လေးဦး ဘက်ပြောင်းခိုလှုံ။ ဗိုလ်ချစ်သူ အဖွဲ့ မှနှစ်ဦးသေ။

DKBA နှင့် မဟာမိတ် တပ်များ - တပ်သားအဆင့် လေးဦးသေဆုံး။ ၁၄ဦးခန့် ဒဏ်ရာရ။ ဘုရားသုံးဆူတွင် DKBAအရာရှိတစ်ဦးဒဏ်ရာရ။
မွန်ပြည်သစ် ပါတီမှတစ်ဦး သေဆုံး။

ပျက်စီးမှုများ - ဘုရားသုံးဆူနှင့်မြ၀တီတွင် အစိုးရအဆောက်အဦး အားလုံးနီးပါးပျက်စီးဆုံးရှုံးခဲ့သည်။

more.gif

ကျောင်းသားတပ်မတော် အမှတ် (၄) တပ်ရင်း လွိုင်ကော်-ရှားတောကားလမ်းပေါ်က နအဖ စခန်းတခုကို သိမ်းပိုက

ABSDF အမှတ် (၄) တပ်ရင်းနဲ့ ကရင်နီတပ်မတော် အမှတ် (၃) တပ်ရင်းတပ်ဖွဲ့များ ပူးပေါင်းကာ ကရင်နီပြည် လွိုင်ကော် ရှားတော ကားလမ်းပေါ်ရှိ ပွန်းချောင်းတံတား စ ခန်းကို ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၆ ရက် မနက်ပိုင်းမှာ သိမ်းပိုက်လိုက် ပါတယ်။

တိုက်ပွဲတွင် ရန်သူ့ နအဖ ဘက်မှာ သုံ့ပန်း (၄) ဦး၊ ရန်သူ့အလောင်း (၄) လောင်း၊ လက် နက်ကြီး ငယ်မျိုး စုံ (၉) လက်နဲ့ ခဲယမ်းမီးကျောက်တွေ သိမ်းစီးနိုင်ခဲ့ကြပါတယ်။











မနက် ၁၁း၀၀ လောက်မှာ သုံ့ပန်းတွေကို ပြန်လွတ်ပေးပြီး၊ သိမ်းပိုက်စခန်းကို မီးတင်ရှို့ ကာ တံတားကိုလည်း ဖေါက်ဖွဲခွဲပစ်ပြီး ပြန်လည်ဆုတ်ခွာခဲ့လို့ သတင်းရရှိပါတယ်။










http://www.naytthit.net/?p=3606

more.gif

မြဝတီမြို့ပေါ်မှ ဒီကေဘီအေတပ်များ ဆုတ်ခွါ၊ ဘုရားသုံးဆူတွင် တိုက်ပွဲဆက်ဖြစ်



မြဝတီမြို့ပေါ်ရှိ ဒီကေဘီအေတပ်များက ၎င်းတို့ ခြေကုပ်ယူထားသည့် ချစ်ကြည်ရေးတံတားထိပ်နှင့် မြို့တွင်းနေရာများမှ ဆုတ်ခွါသွားပြီ ဖြစ်သော်လည်း ဘုရားသုံးဆူဒေသနှင့် ဒီကေဘီအေ တပ်မဟာ (၅) တည်ရှိရာ ဝေါလေဂွင်များတွင် ယနေ့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။

ယနေ့နံနက် (၈) နာရီနှင့် (၉) နာရီကြားတွင် မြဝတီမြို့ပေါ်၌ ပစ်ခတ်မှုတချို့ရှိခဲ့သော်လည်း ဒီကေဘီအေ တပ်များမြို့တွင်းမှ ဆုတ်ခွါသွားသည့်အတွက်ကြောင့် မဲဆောက်ရောက် စစ်ပြေးဒုက္ခသည် တဝက်ခန့် မြဝတီသို့ ယနေ့ နေ့လည် (၂) နာရီခန့်တွင် ပြန်လည်ထွက်ခွါသွားပြီဖြစ်ကြောင်း သိရသည်။

တပ်မဟာမှူး ဗိုလ်နှုတ်ခမ်းမွှေး(ခေါ်) ဗိုလ်မှူးကြီး စောလားဗွယ် ဦးစီးသည့် ဒီကေဘီအေ တပ်မဟာ (၅) အခြေစိုက်ရာ ဝေါလေဂွင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမှုကြောင့် အဆိုပါဒေသရှိ ကျေးရွာများမှ စစ်ပြေးဒုက္ခသည်များ ထိုင်းဘက်သို့ ဆက်လက်ထွက်ခွါလာနေဆဲဖြစ်သည်။

ထိုင်းနိုင်ငံ၊ စံခလဘူရီနယ်စပ်မြို့ တဘက်ခြမ်းရှိ ဘုရားသုံးဆူဘက်တွင် ဒီကေဘီအေ တပ်မဟာ (၅) တပ်များနှင့် နအဖစစ်အစိုးရတပ်များ ယနေ့မနက် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်အစိုးရဘက်မှ လေယာဉ်သုံးပြီး ပတ်ခတ်မှုကြောင့် ရွာသူရွာသားများ ထိခိုက်ဒဏ်ရာရ သေဆုံးမှုများနှင့် ထိုင်းဘက်သို့ ထွက်ပြေးနေမှုများ ရှိနေကြောင်း ဒီကေဘီအေနှင့်နီးစပ်သည့် ကရင်အမျိုးသားတဦးက ပြောသည်။

သူက “ဘုရားသုံးစူမှာ စစ်တပ်က သူတို့ လေယာဉ်နဲ့ကို လာတယ်။ မနက် (၁ဝ) နာရီလောက်တုန်းက လေယာဉ် ၂ စီး လာတယ်။ သူတို့ ရွာထဲကို ပစ်ထည့်တယ်။ လက်နက်ကြီးတပ်ဆင်ထားတဲ့ အပေါ်ကနေပြီးတော့ ရွာထဲကိုပစ်တော့ ရွာသားတွေ တော်တော်လေး ထိနေပြီ။ ပြည်သူလူထုလည်း ထိုင်းထဲကို ပြေးလာတယ်။ ဒဏ်ရာရတဲ့သူတော့ ရှိတယ်။ ဒဏ်ရာရတဲ့သူက ဘယ်နှစ်ယောက်လဲ မသိဘူး။ သေတာလည်းရှိတယ်” ဟု ပြောသည်။

http://www.yoma3.org/?p=1683



more.gif

တိုက်ပွဲအခြေအနေများ



မြန်မာစံတော်ချိန်.....ညနေ ၄ နာရီ ၅၅ မိနစ်
-----------------------------------------------------------------------
ညနေ(၄ နာရီ ၅၅မိနစ်) ဒီကေဘီအေနဲ့ နအဖ တပ်များ ဝေါလေ ဒေသတွင် ဆက်လက် တိုက်ပွဲဖြစ်နေတယ်လို့ သိရှိသည်။ ယခု ဝေါလေမှာ ဖြစ်နေတဲ့ တိုက်ပွဲပြင်းထန်တာ ယခုတိုက်ပွဲကို ဦးဆောင်သူ ဗိုလ်မှူးစောလားဘွယ်နေတဲ့ဒေသဖြစ်လို့ တိုက်ပွဲပြင်းထန်တာလို့ ဆိုပါတယ်။ မဲဆောက်မှ မြ၀တီသို့ ပြန်နေကြသည့် မြန်မာပြည်သားများ.... အခုညနေ ၄ နာရီခွဲလောက်က ပုံပါ... (ဓါတ်ပုံ - REUTERS)



အောက်ကပုံကတော့ မဲဆောက်ဘက်နေ မြ၀တီကို လှေဖြင့် ပြန်ဖို့ စောင့်ဆိုင်းနေတဲ့ သူတွေပါ...




ညနေ(၄ နာရီ ) မြ၀တီမြို့သို့ စစ်ပြေးဒုက္ခသည်များ ပြန်သွားရာ နအဖ စစ်တပ်မှာ ပြန်လည် မောင်းထုတ်နေကြောင်း သိရသည်။ မြ၀တီမြို့တွင်းမှ ဒီကေဘီအေ တပ်များ တဖြည်းဖြည်း ဆုတ်ခွာသွားကြောင်း သိရှိရသည်။

နေ့လည်(၃ နာရီ ၄၅ မိနစ်) ဒီမွန်းလွဲပိုင်း ၃း၃၀နာရီလောက်မှာ နအဖ အမှတ်(၁၂) စစ်ကွပ်ကဲရေးဌာနချုပ် နည်းဗျူဟာ(၃)က တပ်ရင်းသုံးရင်းဟာ အခုဆိုရင် ဖားချောင်းနဲ့ မြ၀တီမြို့ကြားမှာ ရောက်ရှိနေပြီလို့ သိရတယ်။ အဲဒီတပ်ရင်းတွေက ခလရ(၂၃၀)၊ ခမရ(၃၅၅)နဲ့ ခမရ(၅၄၇)တို့ဖြစ်တယ်။ (ကိုးကား - kicupdatenews)

နေ့လည်(၃ နာရီ ၄၁ မိနစ်) ဘုရားသုံးဆူတွင် နအဖ စစ်တပ်နှင့် ဒီကေဘီအေ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပါတယ်။ နအဖ စစ်တပ်က ရွာသစ်ဘက်တွင်နေရာယူပြီး ဒီကေဘီကေ တောင်ဝိုင်းဘက်တွင်နေရာယူထားကြကာ တဖက်နှင့်တဖက် ပစ်ခတ်နေကြကြောင်း သိရှိရသည်။

နေ့လည်(၃ နာရီ ၃၆) ဘုရားသုံးဆူတွင် နေ့လည်ပိုင်းက စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီး ထိုင်းဘက်ကမ်းကို ကျပြီး အရပ်သား ၅ ယောက်နဲ့ ကရင်ဘုန်းကြီး ၂ ပါး ဒဏ်ရာရသွားတယ်သိရှိရသည်။

နေ့လည်(၂ နာရီ ) နအဖ စစ်တပ်များနဲ့ ဗိုလ်ချုစ်သူ ဦးဆောင်တဲ့ နယ်ခြားစောင့်တပ်များ မြ၀တီကို ပြန်သိမ်းမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

နေ့လည်(၁ နာရီ ၅၀ မိနစ် ) မဲဆောက်မြို့ တပ်မဟာ ဘုန်းကြီးကျောင်းအတွင်းရှိ စစ်ပြေးဒုက္ခသည်များ ဘုန်းကြီးက ပြန်လို့ရပြီဖြစ်ကြောင်း ကြေညာနေတယ်လို့ သိရပါတယ်။ သို့ပေမယ် မြ၀တီမြို့တွင်းက လူများမဟုတ်ပဲ မြ၀တီရွာနီးစပ်ချုပ်မှ နယ်ခြားစောင့်အုပ်ချုပ်ကျေးရွာတွေမှာ နေထိုင်သူတွေကိုပဲ ပြန်ခွင့်ပေးတာလို့ သိရှိပါတယ်။ မြ၀တီ မြို့တွင်းအခြေအနေ သေချာ မသိသေးလို့ မြို့တွင်းက လူတွေကို မပြန်ခိုင်းဘူးလို့လည်း သိရပါတယ်။

နေ့လည်(၁ နာရီ ၄၅ မိနစ် ) ဘုရားသုံးဆူတွင် ဒီကေဘီအေနှင့် ကေအန်ယူပူးတွဲပြီး ယမန်နေ့ တိုက်ပွဲဖြစ်ရာမှာ ပြန့်ကျဲနေသော နအဖ စစ်သားများနှင့် ချောင်းဆုံနေရာတွင် စစ်ပွဲဖြစ်နေကြောင်း သိရှိရသည်။

နေ့လည်(၁ နာရီ ၁၅ မိနစ် ) မြ၀တီမြို့မှာ ဖြစ်ပေါ်နေတဲ့ ဒီကေဘီအေနဲ့ နအဖ စစ်တပ် တိုက်ပွဲအခြေအနေကို ထိုင်း တီဗွီ ချယ်နယ် ၃ က နေ့လည် ၁၂ နာရီ ၅၀ မှာ ထုတ်လွှင့်ပြသ သွားတာပါ။




နံနက်(၁ နာရီ ၉ မိနစ် ) ဘုရားသုံးဆူတိုက်ပွဲ အခြေအနေကို ထိုင်း တီဗွီ က ယနေ့ မြန်မာစံတော်ချိန် ၁၂ နာရိ ပြသသွားတာပါ။



နံနက်(၁၂ နာရီ ၄၆ မိနစ် ) နအဖနဲ့ ဒီကေဘီအေတပ်များ တဖက်နဲ့ တဖက် ပစ်ခတ်မှုတွေ ရပ်ထားတယ်လို့ သိရှိရပါတယ်။ ဒီကေဘီအေ တပ်တွေကတော့ မြ၀တီမြို့ မေတ္တာလင်းမြိုင်ဘက်မှာ စခန်းထိုင်ထားပြီး ပြန်လည်ထိုးစစ်ဆင်ဖို့ လူအင်အား၊ လက်နက်အင်အား ပြင်ဆင်နေတယ်လို့ နောက်သတင်းရရှိပါတယ်။

နံနက်(၁၂ နာရီ ၃၀ မိနစ် ) အတည်ပြုဖို့ ခက်ခဲ့တဲ့ သတင်းတွေ ရနေလို့ ခဏလေးစောင့်ပေးပါ။ ဖုန်းဆက်သွယ်နေပါသည်။

နံနက်(၁၁ နာရီ ၄၄ မိနစ် ) မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီတွင် မြ၀တီမြို့တွင် တိုက်ပွဲများ ပြင်းထန်နိုင်တယ်လို့ ဒီကေဘီအေနဲ့ နီးစပ်သူတဦးက ပြောဆိုသည်။ ဒီကေဘီအေဘက်မှ ဦးဆောင်သူ ဗိုလ်မှူးစောလားဘွယ် ဆုတ်ခွာဖို့ အမိန့်မပေးမချင်း ဘယ်တော့မှ မြ၀တီမြို့မှ ဆုတ်ခွာမဟုတ်ဘူးလို့ ဒီကေဘီအေ ဘက်မှပြောသည်။

နံနက်(၁၁ နာရီ ၃၃ မိနစ် ) လတ်တလော အတည်မပြုနိုင်သေးသည့် သတင်းများအရ ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့နှင့်နီးသည့် ဝေါလေ ဘက်မှလည်း တိုက်ပွဲတွေဖြစ်ပေါ်နေကြောင်း သိရှိရသည်။ စစ်ရေးသုံးသပ်သူတဦး အပြောအရ တံတားတွေ ကျိုးသွားသည့်အတွက် လတ်တလော စစ်ကူလာလို့မရတဲ့အတွက် ရှေ့တန်းအထိုင်တပ်တွေကို မြ၀တီကို စစ်ကူသွားခိုင်းတော့ ရှေ့တန်းအထိုင်တပ်တွေမှာ စစ်အင်အားနည်းတဲ့ အချိန်မှာ ဒီကေဘီအေ ဘက်မှ နအဖ ရှေ့တန်းအခြေစိုက်စခန်းတွေ ၀င်တိုက်တာ ဖြစ်နိုင်တယ်လို့ပြောဆိုသည်။

နံနက်(၁၁ နာရီ ) မြ၀တီမြို့တွင် မနေ့က ပိတ်မိနေပြီး ထွက်မလာနိုင်ပဲ ယနေ့ မနက်ပိုင်းမှ ရောက်ရှိလာသည့် သစ္စာမဂ္ဂဘုန်းကြီးကျောင်းနှင့် အခြားဘုန်းကြီးကျောင်းများ ဘုန်းကြီးများ စစ်ပြေးဒုက္ခသည်များ ဓါတ်ပုံတွေကို တင်ပေးလိုက်ပါတယ်။

(ဓါတ်ပုံ - REUTERS)






နံနက်(၁၀ နာရီ ၅၀ မိနစ်) ABSDF (ကျောင်းသားတပ်မတော်)မှ နအဖ စစ်အုပ်စုအား ဒီကေဘီအေ အပါအ၀င် အခြား အဖွဲ့အစည်းများနဲ့ ပူးတွဲတိုက်ပွဲဝင်သွားရန် စုဖွဲ့မှုများ ပြုလုပ်ပြီးစီး၊ တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေကြောင်း ကြေညာချက် ထုတ်ပြန်လိုက်သည်။ ( ABSDF - ထုတ်ပြန်ကြေညာချက်) ကြည့်ရန် ယခု Link ကို နှိပ်ပါ။ တိုက်ရိုက်လင့် http://www.scribd.com/doc/41643779/Statement-on-Attack-Between-DKBA-and-SPDC

နံနက်(၁၀ နာရီ ၃၀ မိနစ်) ရန်ကုန်မြို့နေ ပြည်သူလူထုက ရွေးကောက်ပွဲ အနိုင်ရ သတင်းထက်၊ မြ၀တီ တိုက်ပွဲသတင်းကို ပိုမိုစိတ်ဝင်စားမှုများနေကြောင်း မြို့ခံတဦးမှ ပြောဆိုသည်။ ရန်ကုန်တွင်လည်း ကုန်ဈေးနှုန်း ပိုမိုတိုးမြင့်လာကြောင်းလည်း ပြောဆိုသည်။ လူထုအုံကြွမှုတရပ် ဖြစ်ပေါ်လာနိုင်ကြောင်း ၄င်းက သုံးသပ်ပြောဆိုလိုက်သည်။ ရန်ကုန်တွင် လုံခြုံရေး ပိုမိုတင်းကြပ်နေကြောင်းလည်း သိရှိရသည်။

နံနက်(၁၀ နာရီ ၂၀ မိနစ်) ဘုရားသုံးဆူအခြေစိုက် နအဖ စစ်တပ် ခမရ ၂၈၃ အခြေစိုက် စစ်တပ်ဝင်းကို ဒီကေဘီအေမှ သိမ်းပိုက်မှု မရရှိသေးပါဘူး။ မနက်ပိုင်းက အပြန်လှန် ပစ်ခတ်နေရာမှ ယခု ပစ်ခတ်မှုများ ရပ်နားထားတယ်လို့ သိရှိရပါတယ်။ နအဖ က ဘုရားသုံးဆူအခြေစိုက် ခမရ ၂၈၃ အခြေစိုက် စစ်တပ်ကို စစ်အင်အားဖြည့်ဖို့ စစ်ကူလွှတ်ထားတယ်လို့ သိရှိရပါတယ်။

နံနက်(၁၀ နာရီ ၃ မိနစ်) ဘုရားသုံးဆူမြို့တွင် ဒီကေဘီအေ တပ်ရင်း ၉ဝ၆နှင့် ၉ဝ၇ က အချက်အခြာကျရာ နေရာများကို သိမ်းပိုက်ထားရာမှ ယနေ့မနက် ၈ နာရီက ဒီကေဘီအေနဲ့ နအဖ စစ်တပ်များ အပြန်အလှန်ပစ်ခတ်မှုများ ပြန်လည် စတင်နေပြီဖြစ်ကြောင်း သိရှိရသည်။

နံနက်(၉ နာရီ ၄၇ မိနစ်) မြ၀တီမြို့ပေါ်မှာ ဒီကေဘီအေနဲ့ နအဖ တိုက်ပွဲတွေ ရပ်လိုက်နားလိုက်နဲ့ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ AJC သတင်းဌာန ပြောဆိုလိုက်ပါတယ်။ (ကိုးကား - AJC)

နံနက်(၉ နာရီ ၃၅ မိနစ်) မြ၀တီမြို့ပေါ်မှာ ဖြစ်နေသော စစ်ပွဲအတွက် နအဖ စစ်တပ်မှရန်ကုန်၊ ပဲခူးနှင့် နေပြည်တော် မှ လက်နက်ကြီးတင် စစ်ကား ၆၀ ကျော် စစ်တောင်းမြစ် ကို ကျော်ဖြတ်လာနေကြောင်း သိရှိရသည်။

နံနက်(၉ နာရီ ) ဒီကေဘီအေ ဗိုလ်စောလားဘွယ်တို့နဲ့ ပူးပေါင်းရန် ကေအယ်ယူ တပ်မဟာ ၇ နယ်မြေမှ စစ်ကြောင်းတကြောင်း ယမန်နေ့ညက ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

နံနက်(၈ နာရီ ၃၀ မိနစ်) မနေ့ညက နအဖ တပ်မှ တိုက်ပွဲ အရှိန်အဟုန်မြင့်တင်ဖို့ ကော့ဂရိတ်နှင့် သင်္ကန်းညီနောင်တွေမှာ ပေါ်တာ လိုက်ဆွဲခဲ့တယ်လို့ သိရှိရသည်။

နံနက်(၈ နာရီ ၂၂ မိနစ်) ABSDF စစ်ကော်မရှင်အတွင်းရေးမှူး ကိုခင်ကျော်မှ မြ၀တီတွင်ဖြစ်ပေါ်နေသော တိုက်ပွဲ အခြေအနေကို ယခုလိုသုံးသပ်ထင်ပြလိုက်ပါတယ်။ (လက်ရှိအခြေအနေမှာ ဗိုလ်မှူးစောလားဘွယ် ဦးစီး DKBA အဖွဲ့က မြ၀တီစစ်ပွဲကိုရက်အတန်ကြာ ထိမ်းထားနိုင်မယ်လို့ သုံးသပ်ရပါတယ်၊ ကနေ့ ကာလ နအဖ က ရွေးကောက်ပွဲလုပ်ပြီး ကမ္ဘာကိုအလှပြနေချိန် မြ၀တီကိုသိမ်းပိုက်ခံလိုက်ရ တာဟာ အရှိုက်အထိုးခံလိုက်ရသလို ဖြစ်နေတယ် နအဖ ကတတန်ပြန်ထိုးစစ် ဆင်တဲ့ နည်းရော ညှိနိုင်းတဲ့နည်းပါ သုံးမှာပါ၊ ပထမနည်းဖြစ်တဲ့ တန်ပြန်ထိုးစစ်ဆင်တဲ့ နည်းသုံးရင်တော့ တိုက်ပွဲကပြီးသေိးမှာမဟုတ်ဘူး။ ယာယီရပ်ဆိုင်းသွားနိုင်ပေမဲ့ ရေရည်မှာ DKBA က တိုက်ပွဲပုံစံပြောင်း ပြီး တိုက်ပွဲဆက်ဝင်သွာယးမယ်ဆိုရင် ပိုပြီးတောင် အင်အားတောင့်တင်း လာနိုင်မယ်၊ ဘ၀တူတွေက လက်ပိုက်ကြည့်နေကြမှာ မဟုတ်ဘူး။ တွေ့ဆုံ ညှိနိုင်းတဲ့နည်းနဲ့ ရန်သူကသုံးရင်တော့ ဗိုလ်မှူးကြီးစောလားဘွယ်တို့က နိုင်ငံရေးအရပါ စကားပြောလိမ့်မယ်လို့ ယူဆရပါတယ်၊)

နံနက်(၈ နာရီ ၁၀ မိနစ်) ယနေ့နံနက်ပိုင်းတွင် မြ၀တီမှ မဲဆောက်သို့ စစ်ပြေးဒုက္ခ္ခသည်များ ထိုင်းနိုင်ငံ မဲဆောက်မြို့လေယာဉ်ကွင်းရှေ့ ထိုင်းစစ်တပ်ဝန်းအတွင်းတွင်ထားသော စစ်ပြေးဒုက္ခ္ခသည်စခန်းသို့ တဖွဲဖွဲ ထပ်မံရောက်ရှိလာကြောင်း သိရှိရသည်။

နံနက်(၈ နာရီ ၄ မိနစ်) မြ၀တီမြို့ပေါ်မှာ နအဖ စစ်တပ်မှ မြို့ပေါ်တွင် နောက်ဆုံးကျန်ရှိနေသေးသော ပြည်သူလူထုကို မြ၀တီမြို့အတွင်းမှ ၁ နာရီအတွင်း အပြီးထွက်သွားကြရန် စစ်ကားများဖြင့် လိုက်လံကြေညာကြောင်း သိရှိရသည်။

နံနက်(၇ နာရီ ၄၀ မိနစ်) ရွေးကောက်ပွဲရလဒ်ကို သိရှိရပြီဖြစ်ပေမယ့် ယမန့်နေ့ ဖြစ်ပွားသော ပြည်တွင်းစစ်ပွဲကြောင့် နအဖမှ လွှတ်တော်ခေါ်ယူခြင်းနဲ့ အစိုးရ အသစ် ဖွဲ့စည်းဖို့ကို အကန့်အသတ်မရှိ ရက်ရွေ့ဆိုင်းလိုက်ကြောင်း သိရှိရသည်။

နံနက်(၇ နာရီ ၃၅ မိနစ်) ဒီကေဘီအေနှင့်နအဖ တိုက်ပွဲဖြစ်သောကြောင့် ကလေးကျောင်းသွားကြိုသော ကြံ့ဖွတ် ကိုယ်စားလှယ်လောင်းတဦးလည်း သေဆုံးသွားကြောင်း သိရှိရသည်၊ သေဆုံးသူ ၁၀ ဦးတက်မနည်းရြှိ့ပီး... ဒဏ်ရာရသူ ၃၀ နီးပါးခန့်ရှိကြောင်း သိရှိရသည်။

နံနက်(၇ နာရီ ၃၀ မိနစ် ) မနေ့ညက မြ၀တီတွင် ဒီကေဘီအေနှင့်နအဖ တိုက်ပွဲကြောင့် ဒေသခံ ပြည်သူလူထု ၁၀ ဦးထက်မနည်းသေဆုံးမှုရှိကြောင်း သိရှိရသည်။

နံနက်(၇ နာရီ ) မနေ့ညက မြ၀တီတွင် ဒီကေဘီအေနှင့်နအဖ တိုက်ပွဲဖြစ်သံများ ရပ်ဆဲသွားပြီး ယနေ့မနက် ၆ နာရီကျော်လောက်တွင် လက်နက်ငယ်သံများ တဖန်ပြန်ကြားလာရကြောင်း သိရှိရသည်။

ဆုံဆည်းရာဘလော့ဘ် မှကူးယူဖော်ပြသည်။

more.gif

နအဖတပ်သတင်း

ကေအိုင်စီ

ဒီမွန်းလွဲပိုင်း ၃း၃၀နာရီလောက်မှာ နအဖ အမှတ်(၁၂) စစ်ကွပ်ကဲရေးဌာနချုပ် နည်းဗျူဟာ(၃)က တပ်ရင်းသုံးရင်းဟာ အခုဆိုရင် ဖားချောင်းနဲ့ မြ၀တီမြို့ကြားမှာ ရောက်ရှိနေပြီလို့ သိရတယ်။ အဲဒီတပ်ရင်းတွေက ခလရ(၂၃၀)၊ ခမရ(၃၅၅)နဲ့ ခမရ(၅၄၇)တို့ဖြစ်တယ်။

more.gif

မြဝတီမြို့နယ်သတင်း

ကေအိုင်စီမှ....

နအဖက ဒီနေ့မွန်းလွဲပိုင်းမှာ မြ၀တီမြို့နယ် ဝေါ်လေကျေးရွာက ဗိုလ်မှူးချုပ်စောလားပွယ်နဲ့ ဗိုလ်ရွှေဝ တို့ရဲ့ နေအိမ်တွေကို နအဖက မီးရှို့လိုက်တယ်။
ဘုရားသုံးဆူသတင်း
နအဖ အမြှောက်ကြီးတပ်က ပစ်ထဲ့လိုက်တဲ့ ၁၂၀ စိန်ပြောင်းက ဘုရားသုံးဆူ ဆေးခန်းအနားမှာကျလို့ အရပ်သား ၅ဦး ထိတယ်။

more.gif