ဂျာတော့ပ်(မြစ်မခ)
မေ(၂)ရက်၊၂၀၁၂ခုနှစ်။ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဗုံးပေါက်ကွဲမှုများအထိ ဖြစ်ပွားနေသောကြောင့် လုံခြုံရေးအတွက် ဒေသခံပြည်သူများ ည(၈) နာရီ နောက်ပိုင်းအပြင် မထွက်ရဟု ရပ်ကွက်အုပ်ချုပ်ရေးရုံးများက မေ(၁)ရက်မှ စတင်ကာ ကာဖြူးထုတ်လိုက်ကြောင်း သိရသည်။
ကချင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) နှင့် မြန်မာအစိုးရတပ်များကြား ယခင်ထက် ပိုမိုပြင်းထန် ပစ်ခက်မှုများဖြစ်နေပြီး မြို့တွင်း၌ပါ ဗုံးပေါက်ကွဲမှုများအထိ ဖြစ်ပေါ်နေသောကြောင့် ဒေသခံများ၏ လုံခြုံရေး အတွက် အပြင်ထွက်ခွင့်ပိတ်ပင် ရခြင်းဖြစ်ကြောင်း သိရသည်။
ယမန်နေ့ မေ (၁) ရက်၌လည်း ဆားမှော်ဘူတာ တစ်မိုင်ခွဲခန့်ရှိ မီးရထားသံလမ်းတွင် မိုင်းပေါက်ခွဲမှုနှစ်ကြိမ် ထပ်မံ ဖြစ်ပွားခဲ့သည်။
“ကျတော်တို့ မနေ့ညနေ ပိုင်း ရပ်ကွက်ရုံးမှာ စည်းဝေးကြတယ်။ ည (၈) နာရီ နောက်ပိုင်း အပြင် မထွက်ရ ဘူးတဲ့။ အရမ်းအရေးကြီးတဲ့ ကိစ္စတွေ ရှိရင်တော့ မှတ်ပုံတင်ကိုင်ပြီး ထွက်ပါတဲ့။” ဟု ဒူကထောင်ရပ်ကွက်မှ ဒေသခံ တစ်ဦးက ဆိုသည်။
မြစ်ကြီးနားမြို့တွင် နေထိုင်သူများ မိမိအိမ်ခြံဘေးပတ်ပတ်လည် လျှပ်စစ်မီးထွန်းရန်လည်း ရပ်ကွက်အုပ်ချုပ် ရေးမှူးက လှုံဆော်ထားသည်။
ပြီးခဲ့သည့် ဧပြီလတွင် မြစ်ကြီးနားမြို့တွင်း ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့ပြီး၊ ဧပြီလ (၂၉) ရက်နေ့ တွင်လည်း မိုးညှင်းမြို့နယ်တောင်ဘက် (၁၈) မိုင်အကွာ နန့်စီးအောင်ဘူတာနှင့် မော်ဟန်ဘူတာကြားရထား လမ်းတွင် မိုင်းပေါက်ကွဲခဲ့သည်။
ယင်းသို့ မိုင်းဖောက်ခွဲသူ တရားခံ လက်သည်မပေါ်သေးသော်လည်း အစိုးရပိုင် သတင်းစာတွင်မူ ကေအိုင်အိုမှ ဖောက်ခွဲခဲ့ကြောင်း ရေးသားဖော်ပြထားသည်။
အဆိုပါ မိုင်းပေါက်ကွဲမှုများကြောင့် ရပ်ရွာ လုံခြုံရေးအတွက် မိမိတို့ ရပ်ကွက်ရှိ ရပ်ကွက်ရုံး (ရဝတ)တွင် အရပ်သား(၈)ဦး ညစဉ် အလှည့်ကျကင်းစောင့် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး မီးရထားသံလမ်းများတွင် ညနေစောင်းချိန်မှစ၍ သံလမ်းဘေး ထိုင်ခြင်း၊ လမ်းလျှောက်ခြင်းများအား အထူးတားမြစ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
မြစ်ကြီးနားမြို့တွင် ရပ်ကွက်ပေါင်း ၅၈ ခုရှိပြီး၊ ကချင်တိုင်းရင်းသားများနှင့် ရှမ်းတိုင်းရင်းသားများ နေထိုင်မှုများ ကြောင်း သိရသည်။
Shwe Myitmakha Media Group








စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment