အခင်းဖြစ်ပွားမှုအကျင်းဗဟန်းမြို့နယ် ကိုယ့်မင်းကိုယ့်ချင်းရပ်ကွက်နေမဆုမွန်ကိုသည်မေ(၁)ရက်မါန်းလွဲ(၁)နာရီခန့်က နေအိမ်သို့ပြန်လာစဉ်
မိခင်ဖြစ်သူဒေါ်ခင်လေးမွန်(56)နှစ်မှာ နေအိမ်ခန်းကြမ်းပြင်ပေါ်၌ထိုးသွင်းဒဏ်ရာ
(၁၁)ချက်ဖြင့်လှဲကြသေဆုံးနေသည်ကို တွေ့ရ၍ သက်ဆိုင်ရာသို့တိုင်ကြားခဲ့သည်။အမှုကို ရန်ကုန်တိုင်းအနောက်ပိုင်းခရိုင်အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှူးရဲအုပ်မျိုးညွှန့်လူနှင့်အဖွဲ့၊ဗဟန်းရဲစခန်းမှုးနှင့်အဖွဲ့တို့က
စုံစမ်းခဲ့ရာ အလောင်းအနီး၌ တွေ့ရှိခဲ့သည် ဖန်စီကြိုးအနက်ရောင်နှင့်ဂစ်တာပုံဆွဲသီးတို့ကိုသိမ်းဆည်းပြီး မသင်္ကာသူအရှေ့ရွှေဂုံတိုင်ရပ်ကွက်နေ ဇာနည်ဦးကို စုံစမ်းခဲ့သည်။
ဇာနည်ဦးအား၎င်းနေထိုင်ရာအနီးမှဖမ်းဆီးစစ်ဆေးခဲ့ရာအခင်းဖြစ်သည့်နေ့ကအဒေါ်ဖြစ်သူတိုက်ခန်းတို့ နံနက်(၉)နာရီတွင်ရောက်ရှိခဲ့ပြီး နံနက်(၁၀)နာရီခွဲလောက်တွင်အစ်မဖြစ်သူနှင့်တိုက်ခန်းမှ
ဆင်းလာကြောင်း၊ တိုက်အောက်တွင်လမ်းခွဲခဲ့ကြောင်း၊ ထို့နောက် တိုက်ခန်းပေါ်သို့ပြန်တက်သွားပြီး အဒေါ်ဖြစ်သူအားအင်တာနက်မှတွေ့ရှိသူ ချစ်သူနှင့်တွေ့ဆုံရန်ငွေမရှိသဖြင့် အဒေါ်ဖြစ်သူထံမုန်ဖိုးကျပ်တစ်သောင်းခွဲတောင်းရာမှမပေးနိုင်ကြောင်းပြော၍တွန်းလိုက်ရာ အဒေါ်ဖြစ်သူ စက်တီခုံပေါ်သို့ ထိုင်လျှက်ကျသွားကြောင်း။
ပါးရိုက်ဆုံးမ
အဒေါ်ဖြစ်သူက ပြောဆိုဆုံးမ၍ပါးတစ်ချက်ရိုက်ခဲ့ကြောင်း၊ မီးဖိုချောင်မှ စတီးဓားတစ်ချောင်းကိုဝှက်၍ယူခဲ့ပြီး အဒေါ်ဖြစ်သူကိုအိပ်ချင်ကြောင်းပြော၍အဒေါ်အိပ်ရာခင်းပေးနေစဉ်အနောက်မှဓားဖြင့်ဆက်တိုက်ထိုးခဲ့ကြောင်း၊ အဒေါ်ဖြစ်သူကလှမ်းဆွဲသဖြင့်လည်ပင်း၌ဆွဲထားသည့်ဂစ်တာပုံဆွဲသီးပါလည်ဆွဲပြုတ်ကျခဲ့ြော့င်းထွက်ဆိုခဲ့သည်။
ထို့နောက်အဒေါ်၏လက်ကိုင်အိပ်အတွင်းမှ ငွေကျပ်သုံးသောင်းကျော်ခန့်ကိုယူ၍အ၀င်ထွက်တံခါးကိုကတ်ထူစက္ကူကိုညှပ်၍
ပိတ်ခဲ့ကြောင်း၊သူငယ်ချင်းနှစ်ဦးကိုခေါ်၍အင်တာနက်မှချစ်သူအားလက်ဆောင်ပေးရန်ကုန်တိုက်၌ကျပ်(၃၀၀၀)ကျော်ဖိုး
ခန့်လက်ဆောင်ပစ္စည်းဝယ်ယူခဲ့ကြောင်းချိန်းဆိုထားသည့် နေရာသို့သွားရောက်ရှာဖွေသော်လည်းချစ်သူရောက်မလာခဲ့
ကြောင်း၊ မြိုးထဲသို့သွားရောက်ကာ ဖန်စီပစ္စည်းအရောင်းဆိုင်မှ ဖန်စီပစ္စည်း ကျပ်(၂၀၀၀)ဖိုးခန့်ဝယ်ယူခဲ့ကြောင်း၊ထို့နောက် နေအိမ်သို့ပြန်လာစဉ် ဖမ်းဆီးခံရကြောင်းထွက်ဆိုသည်။
သက်ဆိုင်ရာက ဇာနည်ဦး ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အရိုးအသွား(၈)လက်မခန့်ရှိ ဓားဦးချွန်တစ်ချောင်းကိုလွှင့်ပစ်ခဲ့သည့်နေရာမှ သိမ်းဆည်းရမိခဲ့ပြီး ဗဟန်းရဲစခန်း က(ပ) 226/11 ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။ ။္ကဤ ပြစ်မှုဆိုင်ရာသတင်းဆောင်းပါကို (Favourite News)အပတ်စဉ်သတင်းစာ၏ (16.05.2011)ရက်နေ့ သတင်းများတွင်ဖော်ပြပါရှိပါကြောင်း တင်ပြလိုက်ရပါသည်။
Showing posts with label သတင်းပြစ်မှု. Show all posts
Showing posts with label သတင်းပြစ်မှု. Show all posts
18 May 2011
အင်တာနက်ချစ်သူကိုတွေ့ဖို့ ငွေလိုလို့ အဒေါ်ကို ဓားနဲ့ထိုးသတ်ငွေ(၃၀၀၀၀) ယူသွား
Etiketter: သတင်းပြစ်မှု
Subscribe to:
Posts (Atom)







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

