Showing posts with label စစ်ခွေးအာဘော်. Show all posts
Showing posts with label စစ်ခွေးအာဘော်. Show all posts

9 November 2010

စစ်ခွေးအာဘော်

အီးမေလ်ထဲကလာတာပါ။
နန်းယမင်းရေ......

ဘယ်အထောက်ထားနဲ့ လာပြောတာလဲ...သောက်တလွဲတွေချည်းပဲ....။ တောမီးလောင်တောကြောင်လက်ခမောင်းခတ်....ပွဲလန့် တုန်းဖျာဝင်ခင်းတဲ့ ဒီမိုအဖွဲ့ ...။ ဇရှိရင်ကိုယ်တိုင်ဝင်တိုက်ပါလား...။ ဘာလို့ ဘေးထိုင်ဘုပြောပြီး ပုဆိုးခြုံထဲကလက်သီးပုန်းပြမနေနဲ့ ။ တိုက်ပွဲမဖြစ်ရင် တိုက်ပွဲဖြစ်အောင်တို့  မီးရှို့ မီးလုပ်ပေးမယ်...။

တိုက်ပွဲဖြစ်ရင်ဘေးကနေလက်ခုပ်တီးပေးမယ်ဆိုတဲ့ သူငယ်နှပ်စားအတွေးလေးတွေနဲ့ စာဖတ်သူတွေယုံထင်ကြောင်ထင်ဖြစ်အောင်လာပြောနေတယ်...။ သောက်ရူး...ဦးနှောက်မရှိတဲ့လူ....ဘယ်သူမှမယုံဘူး။ မြ၀တီကို ဒီကေဘီလေ ခုပဲလက်လွှတ်လိုက်ရပြီ...သိချင်ရင်နိုင်ငံရေးဆိုဒ်တွေထဲ ရှာဖတ်ကြည့်။ မြ၀တီမှာ ချထားတဲ့ တပ်ရင်းတွေမှအများကြီးပဲ...။ ဝေါလေ မှာ လည်း ဒီကေဘီအေ အီးတောင်မြည်အောင်မပေါက်နိုင်ဘူး...ဟာဟ။ ကိုယ်တိုင်တက်မတိုက်ပဲလက်နက်ကြီးနဲ့ တင် ပြာပုံဖြစ်လို့ ရအောင်လုပ်လို့ ရတယ်သိလား....။ အင်းအားတစ်ထောင်မပြည့်တဲ့ ဒီကေဘီအေတပ်လောက်တော့....ဗမာစစ်တပ်ဆင်းပြီး ခြေထောက်နဲ့ နင်းရင်တောင် ဖိနပ်ဖြစ်သွားအောင်နင်းပစ်လို့ ရတယ်..သဘောပေါက်...ငပေါကောင်။ နန်းယမင်းရေ ခင်ဗျားကရော...တွေ့ ကရာဆိုဒ်တွေထဲက အထောက်အထားခိုင်လုံကြောင်းမပြနိုင်ပဲ ပေါက်တက်ကရရေးထားတာတွေယုံနိုင်လား...။

ဘာအထောက်ထားနဲ့ ယုံနိုင်လဲပြော။အလကား...ကိုယ်ကြည့်မရတဲ့လူကို ပြောတဲ့စကားတစ်ခွန်းကို မျက်စိစုံမှိတ်ပြီး ယုံမနေနဲ့ ...။ ကရင်နိုင်တော့ရောခင်ဗျားတိုင်းပြည်ကြီးအေးချမ်းသွားမယ်ထင်လား....သမိုင်းကြောင်းဘယ်လောက်နားလည်လဲပြော....။ လွတ်လပ်ရေးရြ့ပီးခေတ်ကတည်းက ခုချိန်ထိကရင်တွေအင်အားကောင်းတဲ့အချိန်တုန်းက ဘယ်လိုပြုကျင့်ခဲ့တယ်ဆိုတာခင်ဗျားသိလား....။ ကရင်သမိုင်းကြောင်းကိုပြန်ရှာကြည့်လိုက်ပါဦး...။ ဧရာဝတီတိုင်းတစ်တိုင်းလုံးကရင်သိမ်းထားတုန်းကမြန်မာတွေအပေါ် ဘယ်လို ပြုမူခဲ့လဲဆိုတာသိလား...။ မသိရင်သမိုင်းစာအုပ်တွေရှာဖတ်...( ကရင်လူမျိုးတိုင်းမဟုတ်ပါ... KNU နှင့်ကရင်သောင်းကျန်းသူများကိုသာဆိုလိုပါသည်။မည်သူ့ ကိုမှထိခိုက်ဖို့ မရည်ရွယ်ပါ။)

more.gif