Showing posts with label သုတ. Show all posts
Showing posts with label သုတ. Show all posts

17 December 2011

အရက်အဆိပ်ဖြစ်၍ အိန္ဒိယ တောင်ပိုင်းတွင် လူ များစွာသေဆုံး


အိန္ဒိယမှ ဆရာဝန်များ West Bangal မှ အရက်ဆိပ်သင့်သူများကို ကြိုးစားကယ်တင်နေရတဲ့အကြောင်း ယနေ့ ကမ္ဘာ့သတင်းတစ်ခုနဲ့
ကြော်ငြာသွားတာကိုတွေ့ရပါတယ် ။
အထက်ပါ West Banga lအရပ်မှအရက်ဆိပ်သင့်သူများပျားစွာဖြစ်ပွားခဲ့ပြီး လွန်ခဲ့တဲ့ ကြာသပတေးနေ့မှ စ၍ လူ 169 ဦးတိတိသေဆုံးခဲ့ပြီးဖြစ်ပါတယ် ။
ထို့အပြင် 195 ဦးတိတိ ဆေးရုံမှာ ဆေးကုသမှု့ခံယူနေကြရပြီး ထိုသူများအားလုံး အပြင်းဖျားနေတယ်လို့သတင်းထောက်က တင်ပြထားပါတယ် ။
တောင်ပိုင်းပါဂနတ်စ် ခရိုင် ရှိ ရွာပေါင်း 12 ရွာမှာရှိတဲ့ ရွာသားများ အထက်ပါ အရက်အဆိပ်သင့်မှု့ကို ပြီးခဲ့တဲ့ကြာသပတေးနေ့ ညနေမှ အရက်သောက်အပြီး အဆိပ်သင့်ခဲ့ကြတယ်လို့ဆိုပါတယ် ။ထို့အတွက် တာဝန်အရှိဆုံး တရားခံ 13 ဦးကိုလည်းဖမ်းဆီးထားခဲ့ပြီးပြီလို့ ထုတ်ဖော်ပြောကြားသွားပါတယ် ။
သက်ဆိုင်ရာ အရာရှိများရဲ့ ရှင်းပြချက်ထဲမှာ ထိုလူနားများထဲမှ အဆိပ်သင့်သူ 20 ကျော်မှာ Antifreeze Methanol ဓာတုဗေဒ အဆိပ်များတွေ့ရှိရတယ်လို့ပြောကြားခဲ့ကြပါတယ် ။
BBC မှသတင်းထောက်ကတော့ ဆေးရုံရှိ လူနားများမှာ အများဆုံးဆင်းရဲသူများဖြစ်ပြီး ဆေးရုံရှိ ဆေးဝါးမလောက်ငှမှုကြောင့် အပြင်မှာဆေးဝါးဝယ်ယူနေရတဲ့အတွက် ညည်းတွားဝေဖန်နေကြတယ်လို့ သတင်းတင်ဆက်သွားခဲ့ပါတယ် ။
နိုင်ငံတကာအင်တာနက်စာမျက်နှာက ဝေဖန်သံများအနေနဲ့ အထက်ပါသတင်းအပေါ် ဘာကြောင့် အိန္ဒိယနိုင်ငံမှာ များပျားတဲ့ အရက်ဆိပ်သင့်မှု့တွေဖြစ်နေရသလဲဆိုတာကို အံသြ နေကြရတဲ့ဆိုတဲ့ အကြောင်း ယနေ့ ခေါင်းကြီးသတင်းတစ်ခုအဖြစ် ဧဒင်အဖွဲ့သားများကို တင်ဆက်လိုက်ရပါတယ်ခင်ဗျာ ။

ဘာသာပြန်
KOMYO
Ref : CNN ( Cable News Network )
        BBC Android news !
India doctors fight to save West Bengal alcohol victims
Dozens of people are still critically ill in hospital
Doctors in India's West Bengal state are battling to save the remaining victims of toxic alcohol poisoning that has now killed 169 people.
A total of 195 people are still being treated in hospital, most of them critically ill.
Residents of 12 villages in the South 24 Parganas district fell ill after drinking the alcohol on Tuesday night. Thirteen people have been arrested.
Officials said the antifreeze methanol had been found in at least 20 victims.
The BBC's Amitabha Bhattasali in Calcutta says there is a shortage of medicine in hospitals and many patients complained they were being asked to buy medicine from outside.
Most victims are poor villagers who are unable to afford it.
Views: 700

more.gif

18 April 2011

အိန္ဒိယနိုင်ငံမှ အသက် ၈ နှစ်ရှိ မြွေမင်းသမီးလေး...

အိန္ဒိယနိုင်ငံမှ အသက် ၈ နှစ်ရှိ မြွေမင်းသမီးလေး...

ဒီမြွေမင်းသမီးလေးကတော့ အဆိပ်အလွန်ပြင်းထန်သည့် တောကြီးမြွေဟောက်များက သူမအားသုံးကြိမ်
သုံးခါ ကိုက်ခဲ့ သည့်တိုင် သူမ၏အချစ်ဆုံးသူငယ်ချင်းများ ဟုခေါ်နေဆဲဖြစ်ပါတယ်..
အိန္ဒိယနိုင်ငံ၊ ဥတ္တာရာဒေ့ ရှ်ပြည်နယ်၊ ဂါတမ်ပူရ် ရွာကလေးမှရွားသားများကတော့ အသက်ရှစ်နှစ်အရွယ်
ကလေးမလေး ကဂျိုးခန် တစ်ယောက် ဖုန်ထူသောရွာလမ်းတစ်လျှောက် သူမရဲ့ ချစ်ဆုံးသူငယ်ချင်းတွေကို
( တောကြီးမြွေဟောက်တွေကို ) လည်ပင်းမှာပါတ်ပြီးလျှောက်လာတာတွေ့ ယင် ထိတ်လန့် တကြားနဲ့ ထွက်
ပြေးကြရတာပါပဲ...
" သမီးကမြွေဟောက်တွေနဲ့ နေရတာကိုပဲပျော်ပါတယ်...သူတို့ ကိုက်ယင်တော့ နာကျင်တာပေါ့ ...ဒါပေ
မယ့် လည်း သူတို့ အပြစ်မဟုတ်ပါဘူးလေ...သမီးအပြစ်ပါ...သမီးကသူတို့ ကို " စ " တာကိုး..." လို့ သူမ
ကပြောကြားခဲ့ ပါတယ်...


                                                မျိုးနဲ့ ရိုးနဲ့ မြွေဖမ်းလာတာမို့ မြွေဆိုမကြောက်တဲ့ အပြင် ချစ်တောင်ချစ်ပါတယ်...


အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ ဖခင်ဖြစ်သူ တပ်ဂ်ျမိုဟာမက် ကတော့ လွန်ခဲ့ သည့် ၄၅ နှစ်လုံးလုံး ဂါတမ်ပူရ်မှာ
မြွေဖမ်းသမားလုပ်လာခဲ့ တာဖြစ်ပါတယ်..
သူဟာ အသက် ၂၈ နှစ်ရှိ သားဖြစ်သူ ဂူလက်ဘ် ကိုသူ့ ရဲ့ ကျွမ်းကျင်မှုတွေသင်ကြားပေးခဲ့ ပြီးဖြစ်ပါတယ်...
ဒါပေမယ့် အခုတော့ အငယ်ဆုံးဖြစ်သည့်ကာဂျိုး တစ်ယောက်မိသားစု အစဉ်အဆက်လုပ်လာခဲ့ သည့် လုပ်
ငန်းကို ဆက်လက်လုပ်ဖို့ စိတ်ပါဝင်စားနေပါပြီ...
" သမီးကကျောင်းလည်းမတက်ချင်ပါဘူး...မြွေတွေနဲ့ သာ အလုပ်လုပ်နေရတာကိုပိုနှစ်သက်ပါတယ်..." လို့ 
လည်းသူမကဆိုခဲ့ ပါတယ်...
ငယ်စဉ်ကလေးဘ၀ကတည်းက သူမနားမှာ ရွေ့ လျားသွားလာနေခဲ့ တဲ့ မြွေတွေနဲ့ ယဉ်ပါးပြီးသံယောဇဉ်ဖြစ်
ခဲ့ လို့ အခုတော့ မြွေတွေဟာ သူမရဲ့ အချစ်ဆုံးအဖော်မွန်တွေဖြစ်လာခဲ့ ပါပြီ....

သူမအနေနှင့် ယခုလိုအဆိပ်ပြင်းသည့် သတ္တ၀ါတွေနှင့် သံယောဇဉ်တွယ် ခင်မင်မိကတည်းက သူမရဲ့ ဝမ်း
ဗိုက်၊ ပါးပြင်နှင့် မကြာခင်ကာလများကဆိုလျှင် သူမရဲ့ လက်မောင်းမှာပါ မြွေကိုက်ခံခဲ့ ရပါတယ်...
သူမအကြီးအကျယ်နေမကောင်းဖြစ်ခဲ့ ပေမယ့် အကောင်းပကတိပြန်လည်ကျန်းမာလာခဲ့ ပါတယ်...
" သူတို့ ကိုက်တဲ့ အခါတော်တော်ပဲနာကျင်ခံစားရပါတယ်...ဒါပေမယ့် သူတို့ အနေနဲ့ တမင်သက်သက်ရန်
ငြိုးဖွဲ့ ကိုက်တာတော့ မဟုတ်ပါဘူး...အဖေက ( အဆိပ် ) သွေးတွေညှစ်ထုတ်တာမြင်ရတော့ နည်းနည်း
ကြောက်မိပါတယ်... အဖေဟာတောထဲကိုအပြေးသွားပြီး ( မြွေဆိပ်ဖြေ ) ဆေးတွေယူလာခဲ့ ပါတယ်..."
လို့ သူမကဆိုပါတယ်...


                                           ကျောင်းကိုလည်းကျောပိုးအိတ်ထဲမြွေတွေထည့် လာလို့ ကျောင်းထုတ်ခံရပြီးကတည်းက
                                                                     မြွေတွေနဲ့ သာတစ်ချိန်လုံးဆော့ ကစားနေပါတော့တယ်...


ကဂျိုးရဲ့ ဖခင်ဟာ သူ့ နယ်တစ်ဝိုက်မှာတော့ မြွေဖမ်းသူ ( ဘူရာ ) ဆိုပြီးယခုအခါမှာနာမည်ကြီးနေပါပြီ
ဒါပေမယ့် သူ့ ခမျာထိုဒေသမှာရှိသည့် အိမ်တွေ၊ ဆိုင်တွေကြားမှာမြွေဖမ်းပေးတဲ့ အတွက် ဒေါ်လာ ၂၀ ခန့် 
မျှသာရရှာပါတယ်...
" ကျွန်တော်တို့ က အိမ်တွေမှာမတော်တစ်ဆ၀င်ရောက်နေတဲ့ မြွေတွေကိုဖမ်းပေးပါတယ်...ကျွန်တော့် အ
ဖေကလည်းမြွေဖမ်းသမားပါပဲ...အဖိုးကလည်း မြွေဖမ်းဆရာပါပဲ...မြွေဖမ်းတာဟာကျွန်တော်တို့ မိသားစုရဲ့ 
စီးပွားရေးပါပဲ...ဒီလိုလုပ်နိုင်လို့ လည်းကျွန်တော်တို့ အလွန်ဂုဏ်ယူပါတယ်.." လို့ တပ်ဂ်ျ
ကဆိုပါတယ်...

သူတို့ အသုံးပြုသည့်မြွေဆိပ်ဖြေဆေးကတော့ တောတွင်းအလေ့ ကျပေါက်နေသည့် လျှို့ ဝှက်ရှားပါးသည့်
သစ်ရွက်တွေပဲဖြစ်ပါတယ်...
သူဟာ ထိုသစ်ရွက်တွေကို ထုထောင်းလုံးခြေပြီး ထောပါတ်၊ ငရုတ်ကောင်းတွေနဲ့ နယ်ပါတယ်...ပြီးတော့ 
ဝါးပြီး မြွေကိုက်ခံရသည့် ဒါဏ်ရာကိုပွတ်ခြေပေးပါတယ်...


                                                           ဝေးဝေးနေကြနော်...ငါကမြွေတွေနဲ့ ပဲသူငယ်ချင်းလုပ်တော့မှာ...


" ဒီမြွေဆိပ်ဖြေဆေးနဲ့ သာအချိန်မှီကုသနိုင်ယင် မြွေကိုက်ခံရသူတွေရဲ့ အသက်ကိုကောင်းကောင်းကြီးကယ်
နိုင်ပါတယ်...ဒီဆေးနဲ့ ပဲကျွန်တော့ အသက်ကိုအကြိမ်ပေါင်းများစွာကယ်နိုင်ခဲ့ သလို ကဂျိုး ကိုလည်းကယ်
နိုင်ခဲ့ တာဖြစ်ပါတယ်..." လို့ ဖခင်ဖြစ်သူ တပ်ဂ်ျ ကဆိုပါတယ်...
သို့ သော်လည်း အသက် ၄၅ နှစ်ရှိ မိခင်ဖြစ်သူ ဆယ်လ်မာဘာနို ကတော့ သူမရဲ့ သမီးကို ဒီမြွေတွေနဲ့ ပါတ်
သက်တဲ့ ဘ၀ကနေကင်းကင်းနေစေချင်ပါတယ်...သူမဟာအချစ်တော်မြွေတွေကိုကျောပိုးအိတ်ထဲထည့် ပြီး
ကျောင်းကိုသယ်ဆောင်သွားလို့ ယခုအခါမှာကျောင်းကနေထုတ်ပယ်ထားခြင်းခံခဲ့ ရပါတယ်...
" ကျွန်မက သူ့ ကိုတစ်ခြားကလေးတွေလိုပဲကျောင်းတက်စေချင်တာပါ...ကျွန်မသဘောအတိုင်းသာဆိုယင်
တော့  မြွေတွေကိုစွန့် ပစ်လိုက်စေချင်ပါတယ်...ဒါပေမယ့် သမီးက သူ့ မြွေတွေကိုအရမ်းချစ်လို့ သူမစိတ်မ
ဆင်းရဲစေချင်တာကြောင့် ( ကျောင်းထုတ်ခံလိုက်တာပါပဲ...) ပဲဖြစ်ပါတယ်..." လို့ ဆယ်လ်မာကပြောပြခဲ့ ပါ
တယ်....

                                                                                        မြွေတွေနဲ့ ပဲနေတော့မယ်...


" အခုတော့ သမီးက စာသင်ဖို့ ငြင်းဆိုပြီး မြွေတွေနဲ့ သာတစ်နေ့ လုံးကစားနေပါတော့တယ်...သူ့ ကိုအိမ်မှာ
စာသင်ပေးဖို့ ကြိုစားပါသေးတယ်...ဒါပေမယ့် သူကမြွေတွေကိုသူ့ အနားမှာထားတာနဲ့ စိတ်အာရုံကပြောင်း
နေရတော့တာပါပဲ..." လို့ မိခင်ဖြစ်သူကဆိုပါတယ်...
" ကျွန်တော်တို့ အိမ်ကိုဘယ်သူမှလည်းသိပ်မလာရဲဘူး...လူတွေကမြွေတွေကိုကြောက်ကြတယ်လေ ...ဒါ
ကြောင့် သူတို့ ဝေးဝေးကနေရှောင်ကြတာပေါ့...
လူတွေမလာလည်း သိပ်တော့ အရေးမစိုက်ပါဘူး....ဒါပေမယ့် သမီး ကဂျိုး အတွက်တော့ စိတ်မကောင်း
ဖြစ်မိတယ်...ကလေးတွေကလည်းသူနဲ့ ကစားရမှာကြောက်ကြတယ်လေ...သူကတစ်ခြားကလေးတွေလို
တော့မဟုတ်ဘူးပေါ့..." လို့ ဖခင်ဖြစ်သူကဆိုပါတယ်...

" ဒီလိုမျိုးသာမြွေတွေနဲ့ ကစားတာကို မစွန့် လွှတ်ဖူးဆိုယင်သမီးလေးဟာ ကြီးလာယင်တော့ အိမ်ထောင်
ဖက်ရဖို့ တောင်ခက်မှာပါ..." လို့ စိုးရိမ်ပူပန်နေသည့် မိခင်ဖြစ်သူကဆိုပါတယ်...

......သိစေချင် ၊ ဖတ်စေချင်သော စေတနာဖြင့် ( ကိုပီတာ အတွေးပုံ၇ိပ် ) ထံမှ 
တင်ဆက်လိုက်ပါသည် ။

more.gif

25 February 2011

ဆေးနဲ့ Pepsi သောက်လို့ အသက်ဆုံးပါး



ဂျစ်တူး(မုံရွာ

ကိုကာကိုလာ-ပက်စီ-ကုတ် တွေအကြောင်းကိုလူတိုင်းနှီးပါးသိပြီးကြမယ်လို့ထင်ပါတယ်။
မသိသေးတဲ့သူတွေအတွက်ကတော့သတင်းထူးပါဘဲဗျာ-
ဒီကနေ့ ဂျစ်တူးအကိုရဲ့ သူငယ်ချင်းတစ်ယောက်စင်္ကာပူကိုရောက်လာခဲ့ပါတယ်။အပျော်ထွက်-ဈေးဝယ်လာ
တာတော့မဟုတ်ပါဘူး။သူမရဲ့ ချစ်ဆုံးယောက်ျားဆုံးသွားလို့ အပူနဲ့ လာခဲ့ ရသူပါ။

လက်ထပ်ထားတာမှတစ်နှစ်တောင်မပြည့်သေးပါဘူးတဲ့ ။သူကကျောင်းဆရာမဆိုတော့ခွင့်ယူဖို့ -
အလုပ်ထွက်ဖို့ ဆိုတာတော်တော်ခက်လို့ ယောက်ျားရှိတဲ့နေရာမှာလည်းမလိုက်လာနိုင်။ယောက်ျားကလည်း
သူမနှင့်အတူလိုက်မနေနိုင်ဆိုတော့ မယ်တစ်ရွာမောင်တစ်မြို့ အနေဝေးနေကြတာပေါ့။နောက်နှစ်ဆိုရင်
တော့အတူတူနေလို့ ရပါပြီ။(ဒီလိုအတွေးကလေးတွေနဲ့ ဆရာမလေးတစ်ယောက်ပျော်နေခဲ့ တာပေါ့)
ဒါပေမဲ့အခုတော့သူမအပျော်တွေဘယ်တွေရောက်နေကုန်ပြီမသိတော့ပါဘူး။
ဆရာမလေးယောက်ျားတစ်ယောက်မြန်မာနိုင်ငံထုတ်အကြောဖြေဆေးနဲ့ ပက်စီသောက်မိလို့ သေဆုံးသွား
ပါတယ်။မနက်ဖြန်ဆိုရက်လည်နေ့ ပေါ့။

ဒီလိုသတင်းတွေကြားနေရတာတော်တော်များနေပါပြီ။
ပြီးခဲ့တဲ့သုံးပတ်လောက်ကလည်းပါတာစီတစ်မော့နဲ့ကိုကာကိုလာသောက်မိလို့ သေသွားတဲ့ မြန်မာအမျိုးသား
တစ်ယောက်လည်းဆုံးပါးသွားပါပြီ။
သူ့ခေါင်းတွေကိုက်လွန်းလို့ ပါတာစိတစ်မော့ကိုသောက်တယ်တဲ့(ဆေးရက်စွဲမကုန်သေးပါဘူး)
နဲနဲကြာတော့ရင်တွေပူလွန်းလို့ ဆိုပြီးကိုကာကိုလာသောက်လိုက်တယ်(သူ့အမျိုးသမီးကိုယ်တိုင်ရေခဲသတ္တာ
ထဲကယူပေးလိုက်တာပါ)။ ခဏနေတော့ပါးစပ်ထဲကအမြုတ်တွေထပြီးမူးလဲသွားလို့ ဆေးရုံကိုပို့လိုက်ရပါတယ်
အဲဒီဆေးရုံသွားတဲ့လမ်းမှာဘဲအသက်ဆုံးသွားခဲ့ပါတယ်။
အရင်ဆုံးကြားရတဲ့သတင်းကတော့ ဂျစ်တူးတို့သူငယ်ချင်းအရင်းခေါက်ခေါက်ကိုယ်တိုင်ပါဘဲ။
ကုန်လွန်ခဲ့တဲ့သုံးလလောက်ကဖြစ်ခဲ့တာပါ။

မြန်မာနိုင်ငံထုတ်ညော်ထွက်တဲ့ဆေးတစ်မျိုးကိုသောက်ပြီးတော်တော်ကလေးကြာမှပက်စီကိုသောက်လိုက်တာ
တခါတည်းအသက်ပါ ပါသွားလိုက်တာပါ။
ကြားခါစမယုံမကြည်ဖြစ်မိပါတယ်။ဒီလောက်သန်သန်မာမာကျန်းမာရေးအထူးဂရုစိုက်တဲ့သူတစ်ယောက်သေ
တယ်ဆိုတော့ဘယ်လိုမှမယုံကြည်မိပါဘူး။တကယ်တန်းမီးခိုးငွေ့တွေအဖြစ်ကြုံရတော့မယုံကြည်လို့မရတော့
ပါဘူး။

နီးစပ်ရာသက်ဆိုင်ရာသူငယ်ချင်းအပေါင်းတသင်းများကိုစကားတိုးတိုးပြောပေးပါ။
အထက်ပါအကြောင်းအရာတွေကိုပါ။မဖြစ်အောင်တားလို့ ရပါတယ်။တစ်ယောက်ကြည့်လို့ တစ်ယောက်သိ
ရင်တစ်ယောက်အသက်ကိုကယ်တင်ရာရောက်ပါတယ်။ဘလော့တွေအားလုံးကဖြစ်ဖြစ် - ပြန့် ပွားအောင်
သိသူများအောင်ဖေါ်ထုတ်ပေးကြပါ။

အောက်ကဗွီဒီယိုကလစ်ကလေးကတော့ပူရှိမ်းသကြားလုံးကလေးတွေနဲ့ပက်စီ-ကိုကာကိုလာ-ကုတ်စတာ
တွေနဲ့စမ်းသပ်ထားတာအမျိုးမျိုးကိုတွေ့ မြင်ရမှာဖြစ်ပါတယ်။
လူအသက်တစ်ချောင်းကယ်ကောင်းပါတယ်ဗျာ-
တစ်ယောက်အားနဲ့မရပါဘူးအများသိဖို့ အများမှာတာဝန်ရှိပါတယ်။
သင်သိတာကလေးကိုမျှဝေသိစေခြင်းဖြင့်ကုသိုလ်ယူကြပါ။



more.gif

14 November 2010

မြန်မာနိုင်ငံရဲ့ပိုက်ဆံလေးတွေ သေသေချာချာကြည်.လိုက်ပါ

more.gif