အမေနေရာက ခံစားကြည့်တာ တော်တော်စိတ်မကောင်းဘူး......... ရှင့်အကိုတို့တွေလည်းအဲလိုမလုပ်ကြပါနဲ့။
forward mail မှတစ်ဆင့်
ကျွန်တော် အမေ့ကိုမုန်းတယ်…
အမေဟာ သူများတွေရဲ့ အမေနဲ့မတူဘူး….မျက်လုံးတစ်ဘက်ဘဲ
ရှိတယ်….ရုပ်ဆိုးလိုက်တာ…
အရမ်းကို ရှက်ဖို့ ကောင်းတာဘဲ… ဆိုင်လေး သေးသေး ၊ စုတ်ပြတ်ပြတ် လေးမှာ အမေက
ဟင်းသီး ဟင်းရွက်လေးတွေ ရောင်းတယ် ဒီလို ဆင်းဆင်းရဲရဲ ဈေးရောင်းနေတဲ့ အမေ့ကို
ကြည့်ပြီး ကျွန်တော် ရှက်တယ်….အမေ့ကြောင့် လူတွေက ကျွန်တော်တို့ကို အထင်သေး
ကြတယ်လို့ ကျွန်တော်ထင်တယ်… သူများ အမေတွေလို ဘာလို့များ အမေဟာ ချမ်းသာအောင်
မလုပ်သလဲ ဆိုတာ ကျွန်တော်ဖြင့် နားကို မလည်နိုင်ပါဘူး…. ဒါကြောင့် အမေ့ကို
ကျွန်တော် မချစ်ဘူး..မုန်းတယ်…
ဒီနေ့ ကျွန်တော်တို့ မူလတန်းကျောင်းမှာ အားကစား ပြိုင်ပွဲတွေ
လုပ်တယ်….ကျောင်းသား မိဘတွေကို ဖိတ်တယ်…ကျွန်တော် အမေ့ကို မလာစေချင်ဘူး…
ဒါပေမဲ့ အမေက ကျောင်းကို ရောက်လာတယ်… အမေ ဘယ်လိုများ လုပ်လိုက်တာလဲ ..
လူတွေကြားမှာ ကျွန်တော့ ကို အရှက် လာခွဲတယ်…. ရှက်စရာ ကောင်းလိုက်တာ.. အခုတော့
ကျွန်တော့အမေဟာ ရုပ်ဆိုးဆိုးနဲ့ မျက်လုံးတစ်ဖက်ထဲ ရှိတဲ့သူဆိုတာ ကျောင်းက
သူငယ်ချင်းတွေ အကုန် သိကုန်ပြီ ကျွန်တော် အမေ့ကို ခါးခါးသီးသီး
ကြည့်မိတယ်…ပြီးတော့ ကျောင်းထဲကနေ ပြေးထွက်ခဲ့မိတယ်…
နောက်တစ်နေ့ ကျောင်းတက်တော့ အတန်းဖော်တွေက ကျွန်တော့ကို ၀ိုင်းပြီး ” မင်းအမေက
မျက်လုံး တစ်ဘက် တည်း ရှိတယ်နော် ” လို့ စကြတယ်.. အော်ဟစ် နောက်ပြောင်ကြတယ်…
ကျွန်တော် ဒေါသလဲထွက် ရှက်လဲ ရှက်မိတယ်….အမေ့ကို ကမ္ဘာမြေကြီးပေါ်ကနေ ပျောက်ကွယ်
သွားပါစေလို့ကို ဆုတောင်းမိတယ်… သူများ အမေတွေလို ကြည့်ကောင်းတဲ့ရုပ်ရည်လဲ
မရှိဘူး.. သူများအမေတွေလို ပိုက်ဆံလဲ မချမ်းသာဘူး.. ကျွန်တော် အမေ့ကို
အရမ်းမုန်းတာဘဲ..
အိမ်ပြန်ရောက်တော့ ကျွန်တော် အမေ့ကိုမေးတယ်.. “ အမေ့မျက်လုံးတစ်ဘက်က ဘယ်ရောက်
သွားတာလဲ .. အမေက သူများအမေတွေ လိုလဲ မလှဘူး…. ရုပ်ကဆိုး. ဆင်းကလဲ
ဆင်းရဲသေးတယ်…..အမေဟာ ကျွန်တော့ကို အရှက်ခွဲဖို့သက်သက်များ အသက်ရှင်နေတာလား…
အမေဘာကြောင့် မြန်မြန်မသေတာလဲ “ လို့ ရက်ရက် စက်စက် ကျွန်တော်
ပြောပစ်လိုက်တယ်…….. အမေက ဘာမှကို ပြန်မပြောဘူး…. ၀မ်းနည်းတဲ့ မျက်နှာလေးနဲ့
တိတ်တိတ် ဆိတ်ဆိတ်ဘဲ လုပ်စရာရှိတာကို လုပ်နေခဲ့တယ်… ကျွန်တော် နည်းနည်းတော့
စိတ်မကောင်း ဖြစ် သွားမိတယ်… အမေ့ကို အဲလို ပြောလိုက်မိလို့.. ဒါပေမဲ့
တစ်ချိန်တည်းမှာဘဲ အဲလို ပြောလိုက်ရတာကိုလည်း ကျေနပ် သွားမိတယ်…ကျွန်တော်
တစ်ချိန်လုံး အမေ့ကို ပြောချင်ခဲ့တဲ့ စကားကို ပြောလိုက်ရလို့လေ…
အဲဒီည…. ကျွန်တော် တစ်ရေးနိုးလားတော့ ရေဆာတာနဲ့ ရေသောက်ဖို့ ထမင်းစား ခန်းထဲကို
အသွား တိတ် တိတ်လေး ငိုကြွေးနေတဲ့ အမေ့ကို ကျွန်တော် တွေ့လိုက်တယ်.. ကျွန်တော်
နိုးသွားမှာစိုးလို့ အသံ မထွက် ရှာဘဲ တိုးတိုးလေး ငိုနေတဲ့ အမေ…..
အမေ့ကို ကျွန်တော် တစ်ချက်ကြည့်ပြီး အမြန်ဆုံး ပြန်ထွက်လာခဲ့တယ်…
တကယ်တော့ နေ့လည်က အမေ့ကို ကျွန်တော်ပြောလိုက်မိတဲ့စကာြးေ*
*ကာင့် ကျွန်တော်
ကိုယ်တိုင်လည်း အသည်း နှလုံးထောင့် တစ်နေရာမှာလဲ တဆစ်ဆစ်နဲ့ ကိုက်ခဲ
နေသလိုပါဘဲ… ဒါပေမဲ့ အရုပ်ဆိုးလှတဲ့ မျက်လုံး တစ်ဖက်တည်းနဲ့ ငိုနေတဲ့အမေ့ကို
ကျွန်တော် မုန်းတယ်…
ဒီတော့…. ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်မိတယ်…. ခုချိန်ကစပြီး ငါ့ခြေထောက်ပေါ်
ငါ ရပ်တည် နိုင်အောင် ကြိုးစား တော့မယ်… ငါ့ဘ၀ကို
အောင်မြင်အောင်လုပ်မယ်..ငါအမေ့ကို မုန်းတယ်..ပြီးတော့ ဒီ စုတ်ပြတ်ဆိုးဝါး လှတဲ့
ဆင်းရဲခြင်းကို ငါမုန်းတယ်..ဒီကနေ ငါ လွတ်အောင် ရုန်းမယ်.. အမေ့ဆီကနေ…..
ပြီးတော့ ဆင်းရဲခြင်း ဆီကနေ…..
အမေ့အိမ်ကနေ ထွက်လာပြီး.. ဆိုလ်းမြို့မှာ ကျွန်တော် ပြင်းပြင်းထန်ထန်
ကြိုးစားတယ်..ကျွန်တော့်ဘ၀အတွက်……. ရှေ့ခြေလှမ်းတွေအတွက်…… ရည်မှန်းချက်
အပြည့်နဲ့ပေါ့ အထက်တန်းအောင်တော့ ဆိုလ်း တက္ကသိုလ်ကြီးမှာ ပညာသင်ခွင့် ရတယ်.
ကျွန်တော် ကိုယ့်ကိုယ်ကို ယုံကြည်ချက်တွေ ပိုပြီး ပြင်းထန် လာတယ်
ခိုင်မာလာတယ်..
ကျောင်းပြီးတော့ ကျွန်တော်အိမ်ထောင်ပြုတယ်…. စီးပွားရေးလဲ အဆင်ပြေတော့
ကိုယ်ပိုင် အိမ်နဲ့ ဘာနဲ့ ဖြစ်လာ တယ်.. သားသမီးတွေ ရလာတယ်.. ခုတော့ ကျွန်တော့်
ဘ၀မှာ ပျော်ရွှင် သာယာတဲ့ အိမ်ထောင်နဲ့၊ အောင်မြင် တဲ့ လူတစ်ယောက်အဖြစ်
ရပ်တည်နေပြီ… ဒီမှာနေရတာ ကျွန်တော် သဘောကျတယ်.. ကျွန်တော်ဘ၀ရဲ့ အတိတ်၊
ရုပ်ဆိုးလှတဲ့ ကျွန်တော့အမေ၊ ဆင်းရဲလွန်းတဲ့ ကျွန်တော့ငယ်ဘ၀ အဲဒါတွေကို သတိရစရာ
ပြန်အမှတ် ရစရာ ဘာမှလဲ မရှိတော့ဘူး… ကျွန်တော်ရဲ့ အတိတ်တွေ အားလုံးကို
မေ့ထားပြီး ခုလက်ရှိဘ၀မှာ ကျွန်တော် ပျော်နေပြီ ....ကျေနပ်နေပြီ…
ကျွန်တော် ဘ၀ကို အကျေနပ်ကြီး ကျေနပ်ပြီး ပျော်ရွှင်နေတုန်း လုံးဝ ဘယ်တုန်းကမှ
မမျှော်လင့်ထားတဲ့ သူ တစ်ယောက် ကျွန်တော့်ရှေ့ကို ရောက်လာတယ်..
"ဘုရားရေ…..အမေပါလား"
“ခုချိန်ထိ မျက်လုံးတစ်ဘက်ပျက်ကြီးနဲ့ရှိနေတုန်း… ဆိုးလိုက်တာဗျာ”..
ကောင်းကင်ကြီး တစ်ခုလုံး ကျွန်တော့ရှေ့ကို ပြိုကျလာသလိုဘဲ…. ကျွန်တော့သမီးလေးက
မျက်လုံး တစ်ဖက် တည်းနဲ့ ရုပ်ဆိုးလှတဲ့ အမေ့ကို မြင်တော့ လန့်အော်ပြီး
အိမ်ထဲကို ပြေးဝင်သွားတယ်.. ကျွန်တော် ဒေါသတွေ ဒီရေလို တက်လာတယ်…
“ခင်ဗျားဘယ်သူလဲ.. ခင်ဗျားကို ကျုပ်မသိပါလား .. ခင်ဗျားက ကျုပ် အိမ်ကို
ဘာကိစ္စနဲ့ လာရတာလဲ..ကျုပ်သမီးလေး ခင်ဗျားရဲ့ ရုပ်ကြီးကို မြင်ပြီး
လန့်သွားပြီ….
သွား….. ခင်ဗျား ခုချက်ခြင်း ကျုပ်အိမ်က ထွက်သွား”
ကျွန်တော် မသိဟန်ဆောင်ပြီး တကယ့်ကို မမှတ်မိသလိုနဲ့ အမေ့ကို ပြောပစ်လိုက်တယ်..
“အိုး ၀မ်းနည်းပါတယ်ရှင်…. ကျွန်မ အိမ်လိပ်စာမှားပြီး ၀င်လာမိတာပါ”…
အမေက တိုးတိုးတိတ်တိတ်လေးဘဲ ပြန်ဖြေပြီး ကျွန်တော့်မျက်စိရှေ့ကနေ
တစ်ရွေ့ရွေ့နဲ့ ပျောက်ကွယ်သွားတယ်.. တော်ပါသေးရဲ့..ဘုရား မ လို့.. အမေ
ကျွန်တော့်ကို မမှတ်မိဘူး..ကျွန်တော့်စိတ်တွေ အတော် သက်သာရာ ရသွားတယ်..
ကိုယ့်ကိုယ်ကို ပြောမိတယ်.. “ငါနောက်ကို သတိထားစရာ မလိုတော့ဘူး…
ငါ့ဘ၀တစ်လျှောက် လုံး ဒီအကြောင်းတွေ ထပ်ပေါ်လာတော့မှာ မဟုတ်တော့ဘူး”
တစ်နေ့…..ကျွန်တော့်ဇာတိ ဖြစ်တဲ့ ငယ်ငယ်ကနေခဲ့တဲ့ကျောင်းကနေ ကျောင်းသား
ဟောင်းတွေ ပြန်လည် တွေ့ဆုံပွဲ လုပ်မဲ့ ဖိတ်စာလေး ရောက်လာတယ်.. မသွားချင်ပေမဲ့
ကျွန်တော် သွားရဦးမယ်… ကျွန်တော့မိန်းမကို အမှန်အတိုင်းမပြောဘဲ စီးပွားရေး
ကိစ္စနဲ့ ခရီးထွက်စရာ ရှိတယ်လို့ ကျွန်တော် လိမ်လိုက်တယ်…ကျွန်တော့ရဲ့
ဆင်းရဲတဲ့ငယ်ဘ၀အကြောင်း ကျွန်တော့်မိန်းမကို ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူးလေ…
တွေ့ဆုံပွဲပြီးတော့ ကျွန်တော် ငယ်ငယ်ကနေခဲ့တဲ့ အိမ်လေးကို ကြည့်ဖို့
ထွက်လာခဲ့တယ်… အိမ်လို့သာ ခေါ်တာပါ အိမ်နဲ့တောင် မတူပါဘူး… အမိုးအကာ မလုံတဲ့
တဲကုတ်လေးပါ… ဘာရယ်မဟုတ်ပါဘူး.. စပ်စုချင်တဲ့စိတ်ကလေးနဲ့ အိမ်ကလေးက ဘယ်လိုများ
ဖြစ်နေမှာပါလိမ့် ဆိုပြီးကြည့်ချင်တာနဲ့ ထွက်လာတာ….
ဒီမှာဘဲ.. ကျွန်တော့အမေကို အေးစက် စိုစွတ်နေတဲ့ မြေပြင်ပေါ်မှာ လဲကျနေတာ
တွေ့လိုက်ရတယ်… ဒါပေမဲ့ ကျွန်တော် မျက်ရည်ကျဖို့ မပြောနဲ့ ၀မ်းနည်းတဲ့ စိတ်
နည်းနည်း လေးတောင် မဖြစ်မိဘူး… အမေ့လက်ထဲမှာ စာရွက်ပိုင်းလေးတစ်ခုကို တွေ့ရတယ်…
ကျွန်တော်ယူကြည့်လိုက်တော့အမေရဲ့ မပီမသ မလှမပ လက်ရေး လေးတွေနဲ့ ကျွန်တော့်
အတွက် ရေးထားတဲ့စာမှန်း သိလိုက်ရတယ်…
သားလေးရေ…
အမေ မကျန်းမမာ ဖြစ်နေတာကြာပါပြီ….. အမေမသေခင် သားလေးဖတ်ဖို့ ဒီစာလေး
ရေးထားခဲ့ချင်လို့ပါ… အမေ နေရတော့မယ် မထင်ပါဘူးကွယ် …. သားလေးရှိတဲ့ဆိုလ်းကိုလဲ
နောက်တစ်ကြိမ် ဘယ်တော့မှ အမေ ရောက်နိုင် တော့မှာ မဟုတ်ပါဘူး…. သားလေးကို အမေ့ဆီ
တစ်ခေါက်လောက် လာလည် စေချင်လိုက်တာကွယ်…. အမေလေ သားလေးကို အရမ်းလွမ်းလို့ပါ..
တွေ့ချင်လွန်းလို့ပါ… ကျောင်းသားဟောင်းတွေ ပြန်လည်တွေ့ဆုံပွဲကို သားလေး လာမယ်
ကြားတော့ အမေ ၀မ်းသာ လိုက်တာ.. ဒါပေမဲ့ ကျောင်းကို အမေမလာဖို့ ဆုံးဖြတ်
ထားပါတယ် အဲဒါက သားလေးအတွက်ပါကွယ်…အမေ့မှာက မျက်စိတစ်ဖက်ထဲ ရှိတာကိုး….
ဒီအတွက်နဲ့ သားကို အရှက်ရစေ တာ အမေ ၀မ်းနည်း ပါတယ်သားရယ်.
အမေပြောပြပါ့မယ်သားရယ်… အမှန်တော့ သားငယ်ငယ်တုန်းက ဆော့ကစားရင်း
မတော်တဆဖြစ်ပြီး သားမျက်စိ တစ်ဖက် ပျက်စီး သွားခဲ့တယ်. အမေ တစ်ယောက် အနေနဲ့
မျက်စိတစ်ဖက် မရှိတော့တဲ့ သားကို ဘယ်လိုလုပ် ကြည့်ရက် နိုင် ပါ့မလဲကွယ်…
သားကြီးလာရင် မျက်စိတစ်ဘက်တည်းနဲ့ လူတွေကြား ဘယ်လိုများ နေမလဲလို့
တွေးကြည့်တိုင်း စိတ်ဆင်းရဲမိတယ်… ယူကျုံးမရ ဖြစ်ရတယ်….ကြီးလာရင်
ငါ့သားလေးရှက်မယ် ဆိုတာ အမေ သိတယ်…. အမေက အသက်ကြီးပြီ.. သားက လူ့ဘ၀ကို
အရှည်ကြီး လျှောက်လှမ်း ရဦးမှာလေ… ဒါကြောင့် အမေ့ရဲ့မျက်စိတစ်ဘက် သားကို
ပေးလိုက်တာပါ… အမေ့ရဲ့မျက်လုံးနဲ့ လောကကြီးကို ငါ့သားလေး ကောင်း ကောင်း
မွန်မွန် ပြန်မြင်လာနိုင်တဲ့ အတွက် သားကို ကြည့်ပြီး
အမေ၀မ်းသာမိတယ်..ဂုဏ်ယူမိတယ်…. ဒီ့အတွက် အမေဘယ်တော့မှ စိတ်မကောင်းမဖြစ်ပါဘူး..
ဝမ်းလဲ မနည်းခဲ့ပါဘူး. ငယ်ငယ်က အမေ့ကို သားလေး စိတ်ဆိုး
ခဲ့ဖူးတယ်..စိတ်ဆိုးပြီး အမေ့ကို ပြောခဲ့ ဆိုခဲ့တာတွေ အမေ သားကို ဘယ်တော့မှ ဗွေ
မယူခဲ့ပါဘူး….ငါ့သားလေး ငါ့ကို ချစ်လို့ပြောတာဘဲလို့ အမေတွေးခဲ့ပါတယ်..
အမေသားကို ချစ်တယ် သားရယ်…. သားဟာ အမေ့ရဲ့ ဘ၀၊ အမေရဲ့ ကမ္ဘာပါကွယ်……..
သွားပြီ .... ကျွန်တော့်အသည်းတွေကွဲပါပြီ…..အမေရယ် ….သားကိုခွင့်မလွှတ်ပါနဲ့
…ဘယ်တော့မှ သားမိုက်ကို ခွင့်မလွှတ်ပါနဲ့…..
ကျွန်တော် ရှိုက်ကြီးတငင် ငိုကြွေးနေမိပါပြီ…. ကျွန်တော် သိပ်မုန်းခဲ့တဲ့
မျက်လုံးတစ်ဖက်တည်းရှိခဲ့တဲ့ အမေဟာ ကျွန်တော့ အတွက် သူ့မျက်လုံးကို
စွန့်လွှတ်ခဲ့တယ်ဆိုတာ အမေသေမှ ကျွန်တော်သိလိုက်ရပါပြီ..
ကျွန်တော့်အတွက် ပေးဆပ်အနစ်နာခံပြီး ချစ်သွားတဲ့ အမေ့ရဲ့မေတ္တာကို ဘယ်တုန်းကမှ
မသိတတ် နားမလည် တတ်ခဲ့တဲ့ ကျွန်တော် ၊ ဘယ်တုန်းကမှ မငိုခဲ့ဖူးတဲ့ ကျွန်တော်
လူမိုက်ကြီး၊ ခုတော့ မဆုံးနိုင်တဲ့ မျက်ရည်တွေနဲ့ အမေ့အတွက် ငိုကြွေးနေမိပါပြီ…
ကျွန်တော့်လို မိဘကျေးဇူး မသိတတ်တဲ့သား.. မိဘစေတနာကို နားမလည်တဲ့ သားမျိုး၊
မိဘသေမှ နောင်တရတဲ့သားမျိုး ဘယ်တော့မှ မဖြစ်ကြပါ စေနဲ့ဗျာ….*
ဖတ်ရင်းနဲ့ မျက်ရည်ဝဲလာလို့ ... ပို့လိုက်ပါတယ် ... အပြင်မှာ
အဲလိုလူမျိုးတွေ ရှိတတ်ပါတယ် ... ဒါပေမယ့် ရှားရှားပါးပါးပါ ...
forward mail မှတစ်ဆင့်
Showing posts with label forward mail. Show all posts
Showing posts with label forward mail. Show all posts
16 October 2010
အမေသေမှမငိုပါနဲ့....
Etiketter: forward mail
Subscribe to:
Posts (Atom)







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

