Showing posts with label မွန်သတင်း. Show all posts
Showing posts with label မွန်သတင်း. Show all posts

24 March 2011

ထိုင်းက သောင်းကျန်းသူကို ခြေကုပ်ပေးထားဟု ပြန်ကြားရေးဝန်ကြီး ပြော

မွန်သတင်းအေဂျင်စီ 


-မြန်မာနိုင်ငံ၏ ဆူပူသောင်းကျန်းမှုကို လုပ်ဆောင်နေသည့် လက်နက်ကိုင် သောင်းကျန်းသူများကို ထိုင်းနိုင်ငံက ခြေကုပ်ပေးထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဆန်းက မတ်လ ၂၂ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ကေအင်ယူ နယ်မြေအတွင်း ပြုလုပ်သည့် အခြေခံ စစ်သင်တန်းဆင်းပွဲ (ဓါတ်ပုံ - ကေအိုင်စီ)
ကေအင်ယူ နယ်မြေအတွင်း ပြုလုပ်သည့် အခြေခံ စစ်သင်တန်းဆင်းပွဲ (ဓါတ်ပုံ - ကေအိုင်စီ)
ယမန်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဝန်ကြီး ဦးကျော်ဆန်းက ထိုင်းနိုင်ငံဟု အမည်နာမ တိုက်ရိုက်သုံးနှုန်းပြောဆိုခြင်း မဟုတ်ပဲ ကရင်ပြည်နယ်ကို ရည်ညွှန်းပြီး နယ်နိမိတ်ချင်း ထိစပ်နေသော အိမ်နီးချင်းနိုင်ငံဟု သုံးနှုန်း ပြောဆိုခဲ့သည်။
ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၄) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစခုန်တိန့်ယိန်း၏ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် စပ်လျဉ်းသည့် မေးခွန်းကို မြန်မာနိုင်ငံ အစိုးရ ပြောရေးဆိုခွင့် အာဏာပိုင်
အဖွဲ့ခေါင်းဆောင် ဦးကျော်ဆန်းက ပြောကြားခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံသည် မြန်မာ့ဒုက္ခသည်များကို အများဆုံး လက်ခံထားသည့် နိုင်ငံ ဖြစ်သည့်ပြင် အချို့ဒုက္ခသည် စခန်းများတွင် သောင်းကျန်းသူ သူပုန်များ ပုန်းအောင်းနေကြောင်းလည်း ထပ်လောင်းပြောဆိုခဲ့သေးသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံတွင် အများဆုံး စီးပွားရေး ရင်းနှီးမြှပ်နှံမှု ပြုထားသည့် နိုင်ငံတနိုင်ငံ ဖြစ်သည်။ အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများကို တရုတ်နိုင်ငံကဲ့သို့ မကန့်ကွက်ပဲ ထောက်ခံသောနိုင်ငံ ဖြစ်သည်။

၎င်းပြင် “နိုင်ငံတော် အစိုးရ၏ ငြိမ်းချမ်းရေး နည်းလမ်းသစ်ဖြင့် ဆောင်ရွက်မှုကြောင့် နိုင်ငံတော်အစိုးရအား ဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီး ၁၇ ဖွဲ့၊ အဖွဲ့ငယ် ၂၃ ဖွဲ့ ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ပြီး ယင်းအဖွဲ့များမှ ပဲ့ထွက် ကျန်ခဲ့သည့် အဖွဲ့ ၃ ဖွဲ့သာ ဥပဒေပြင်ပ၌ ကျန်ရှိကြောင်း” ဦးကျော်ဆန်းက ထည့်သွင်း ပြောကြားခဲ့သေးသည်။

သို့သော်လည်း ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့နှင့် ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလထုတ် မြန်မာ့အလင်း သတင်းစာကပင် အပစ်ရပ် သဘောတူချက် ပျက်ပြားခဲ့သည့် အဖွဲ့များ ဖြစ်သည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ လက်နက်ကိုင်တပ်မတော် (KIA) နှင့် မွန်ပြည်သစ်ပါတီတို့ကို လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့ဟု အသီးသီး သုံးနှုန်းခဲ့သေးသည်။

more.gif

12 January 2011

လက်နက်ကိုင် မွန်ခွဲထွက်တပ်ဖွဲ့ တဖွဲ့ မွန်ပြည်သစ်ပါတီထံ ပြန်လည်ဝင်ရောက်လာ


more.gif

28 December 2010

မွန် ပါတီ စီးပွားရေး လုပ်မည်

ဧရာဝတီ 


မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) သည် ရေရှည်ရပ်တည်ရေး အတွက် စီးပွားရေးလုပ်ငန်း တချို့လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ အဓိကစီးပွားရေး လုပ်ငန်းများမှာ ရာဘာလုပ်ငန်း၊ ရေလုပ်ငန်း၊ ဆန်စပါးလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး စသည့် လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဟု AMDP ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောသည်။ ၎င်းတို့ ပါတီသည် လွှတ်တော် အတွက် ကြိုတင်ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၇ ရက် နှင့် ၂၈ ရက်တို့တွင် အစည်းအဝေး လုပ်နေကြောင်း သိရသည်။

more.gif

5 December 2010

လက်နက်ချနိုင်ရှောင်းအဖွဲ့ စစ်အစိုးရတပ်နှင့်အတူစစ်ဆင်ရေးလှုပ်ရှားရန်သဘောတူ


မင်းထက်အောင်၊ ကောင်းဝါ

မင်းထက်အောင်(ဒီဇင်ဘာ-၅)။     ။ လက်နက်ချနိုင်ရှောင်းအဖွဲ့သည် ရေးမြို့နယ်တောင်ပိုင်းဒေသ၌ မြန်မာစစ်အစိုးရတပ်ဖွဲ့နှင့်အတူ စစ်ဆင်ရေးလှုပ်ရှားမှုပြုလုပ်သွားရန် လွန်ခဲ့သည့်ရက်ပိုင်းတွင် သဘောတူညီမှုရရှိခဲ့ကြောင်း အဆိုပါမွန်လက်နက်ချအဖွဲ့မှ အမည်မဖေါ်လိုသူ ထိပ်ပိုင်းပုဂ္ဂိုလ်တစ်ဦးက ပြောသည်။

မငြိမ်းချမ်းသေးသောရေးတောင်ပိုင်းဒေသမြေပုံ
“အစိုးရတပ်ဖွဲ့တွေနဲ့ ပေါင်းပြီးလှုပ်ရှားသွားမယ်၊ သူတို့လက်နက်ထုတ်ပေးမယ်၊ ဒါပေမယ့် အဲဒီက ကျနော်တို့တပ်ဖွဲ့ကို ဘယ်သူဦးစီးမလဲဆိုတာ မဆုံးဖြတ်ရသေးဘူး” ဟု အဆိုပါထိပ်ပိုင်းပုဂ္ဂိုလ်တစ်ဦးက ဆက်ပြောသည်။

၎င်းပုဂ္ဂိုလ်အပြောအရ မွန်လက်နက်ချအဖွဲ့မှ တပ်စိပ် ၃ စိပ်၊ အင်အား ၂၀ ယောက်ဝန်းကျင်ခန့် အဆိုပါစစ်ရေးလှုပ်ရှားမှုတွင်ပါဝင်ဆောင်ရွက်သွားရန် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ သဘောတူညီခဲ့သည်ဟု သိရသည်။

ရေးမြို့နယ်တောင်ပိုင်းဒေသတဝိုက် ခေါဇာမြို့နယ်ခွဲတွင် ခလရ ၃၁ တပ်ရင်းဌာနချုပ်တည်ရှိနေပြီး တပ်ပြေးအင်အားများပြားနေကြောင်း၊ ယခုအခါအဆိုပါတပ်ရင်းတစ်ရင်းလုံး၌ စစ်သည်အင်အား ၇၀ ယောက်ပင်မပြည့်နိုင်သောကြောင့် နယ်မြေစိုးမိုးရေးအတွက် အခက်ကြုံလာရသဖြင့် မွန်လက်နက်ချအဖွဲ့ကို အသုံးချရခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူတစ်ဦး သုံးသပ်ပြောဆိုသည်။

“နိုင်ရှောင်းတို့အဖွဲ့ကိုစိတ်ချလက်ချအယုံအကြည်ရှိတာတော့မဟုတ်သေးဘူး၊ ဒါပေမယ့်အစမ်းသဘောအနေနဲ့ ထုတ်သုံးကြည့်တာ၊ အမိန့်ဘယ်လောက်အထိနာခံမလဲပေါ့” ဟု အဆိုပါစစ်ရေးလေ့လာသူက ဆက်ပြောသည်။
ယင်းဒေသတဝိုက်တွင် မြန်မာစစ်အစိုးရတပ်ဖွဲ့အား လက်ရှိတိုက်ခိုက်နေသည့် အခြားမွန်လက်နက်ကိုင် အဖွဲ့ငယ်အချို့လည်း လှုပ်ရှားလျှက်ရှိနေကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။

ရေးတောင်ပိုင်းဒေသသည် ယခင်ကမွန်ပြည်သစ်ပါတီအမာခံဒေသဖြစ်ခဲ့ပြီး ၁၉၉၅ ခုနှစ် မြန်မာစစ်အစိုးရနှင့်အပစ်ရပ်ပြီးနောက်ပိုင်း သဘောတူညီချက်အတိုင်း ထိုနယ်မြေမှမွန်ပြည်သစ်ပါတီတပ်ဖွဲ့များ ဆုတ်ခွာပေးခဲ့ရသည်ဟု မှတ်တမ်းများအရသိရသည်။

၎င်းဒေသခံများသည် မြန်မာစစ်အစိုးရတပ်ဖွဲ့၏နှိပ်စက်မှုဒဏ်ကို မခံမရပ်နိုင်ဖြစ်လာသည့်အတွက် နောက်ပိုင်းတွင် လက်နက်ကိုင်မွန်တပ်ဖွဲ့ငယ်များပေါ်ပေါက်လာပြီး စစ်အစိုးရအားခုခံတိုက်ခိုက်လျှက်ရှိရာ အခြားမွန်ဒေသများကဲ့သို့ နယ်မြေအေးချမ်းမှုမရှိကြောင်း ဒေသခံများထံမှသိရသည်။

“ငါးကြင်းဆီနဲ့ငါးကြင်းကျော်တဲ့နည်းပဲ၊ မွန်ဒေသကျေးရွာတွေမှာ မွန်တွေအချင်းချင်းတိုက်ခိုက်ကြဖို့ ဒီလက်နက်ချတဲ့အဖွဲ့ကို ပုဆိန်ရိုးလိုအသုံးပြုသွားဖို့ပဲ” ဟု ရေးတောင်ပိုင်းမှ မွန်ဆရာတော်တပါးက သုံးသပ်ပြောဆိုသည်။

နိုင်ရှောင်းနှင့်အဖွဲ့သည် လွန်ခဲ့သည့်အောက်တိုဘာလ ၂၆ ရက်နေ့တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ လက်နက်အပ်နှံပွဲပြုလုပ်ခဲ့သည်ကို ယခင်သတင်းများတွင်ဖေါ်ပြခဲ့ပြီး ဖြစ်သည်။

တဖန် ယခုလ ၃ ရက်နေ့တွင်လည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ပေါက်(ကော့ဘိန်းအနီး)ရွာတွင်လည်း လက်ကျန်နောက်လိုက်အင်အား ၅၀ ခန့် ဒုတိယအကြိမ်လက်နက်အပ်နှံပွဲ အခမ်းအနားတစ်ရပ်ထပ်မံပြုလုပ်ခဲ့သည်ဟု မွန်ပြည်သစ်ပါတီအရာရှိတဦးပြောကြားခဲ့သော်လည်း သီးခြားအတည်ပြုချက် မရရှိသေးပေ။

အဆိုပါအခမ်းအနားသို့  တပ်မတော်အင်အားဖြည့်တင်းရေးညွန်မှုး ဗိုလ်ချုပ်ငွေသိန်းနှင့် ကရင်ပြည်နယ်ဥက္ကဌဖြစ်သူအရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းတက်ရောက်ခဲ့သည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။

ဗိုလ်မှူးကြီးနိုင်ရှောင်းသည် အသက်ကြီးရင့်လာသဖြင့်မွန်ပြည်သစ်ပါတီမှအနားယူပြီးနောက် စစ်အစိုးရအားပြန်လည်တိုက်ခိုက်ရန် ရာမညတပ်ဖွဲ့အားဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းတွင်သူ၏အဖွဲ့သားများ ပြန်ပေးဆွဲငွေတောင်းခံသည့်လုပ်ရပ်များပြုလုပ်လာသည့်အတွက် အခြေအနေမဟန်သဖြင့် ယမန်နှစ်တွင်စစ်အစိုးရထံ ဝင်ရောက်လက်နက်ချခဲ့ကြောင်း ယခင်သတင်းများတွင်ဖေါ်ပြခဲ့ပြီးဖြစ်သည်။

more.gif

3 December 2010

မွန်ခွဲထွက် နိုင်စိုက်ချမ်းအဖွဲ့ရုံးကို စီးပွားရေးသမား သူရဲကောင်းအဖွဲ့ ကလုနေ

မွန်ခွဲထွက် နိုင်စိုက်ချမ်းအဖွဲ့

more.gif