Showing posts with label အချို့. Show all posts
Showing posts with label အချို့. Show all posts

14 November 2010

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှု အပေါ် ကမ္ဘာ့ခေါင်းဆောင်များ၏ ပြောကြားချက်များမှ ကောက်နုတ်ချက်အချို့




"သူဟာ ကျွန်တော့်အတွက် သူရဲကောင်းတစ်ဦးပါ။ သူဟာ ဗမာ(မြန်မာ)ပြည်နဲ့ ကမ္ဘာတစ်ဝန်းမှာ လူ့အခွင့်အရေးရရှိဖို့ လှုပ်ရှားနေသူ အားလုံးအတွက်
စေ့ဆော်ပေးနိုင်တဲ့သူပါ။ အောင်ဆန်းစုကြည် လွတ်မြောက်လာမှုအတွက်
အမေရိကန်ပြည်ထောင်စုက ကြိုဆိုပါတယ်"
- အမေရိကန်သမ္မတ အိုဘားမား






"သက်ဆိုင်သူအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲသစ်တစ်ခု စတင်သင့်ပါတယ်။ အောင်ဆန်းစုကြည် အပါအ၀င် အခြားဒီမိုကရက်နှင့် တိုင်းရင်းသား
လူမျိုးစုခေါင်းဆောင်များပါဝင်သော စေ့စပ်ဆွေးနွေးမှုစတင်ပြီး အမျိုးသား
ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းသော၊ ဖွံ့ဖြိုးတိုးတက်ပြီး
ဒီမိုကရေစီနည်းလမ်းကျသော အနာဂတ်အတွက် ပြုလုပ်သင့်ကြောင်း
ကျွန်မတို့အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါတယ်"
- အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်






"တရားမမျှတမှုရင်ဆိုင်နေရချိန်တွင်ပင် သူမ၏ လေးစားစရာကောင်းသော စိတ်ထားတည်ငြိမ်မှုနှင့် စိတ်ဓာတ်ခိုင်မာမှုမှာ ကမ္ဘာတစ်ဝန်းမှ လူအများအတွက်
စံနမူနာတစ်ခုဖြစ်စေခဲ့သည်။ သူမအပေါ် မည်သည့်ကန့်သတ်ချက်မျှ ထပ်မံမထားရှိရန်
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မျှော်လင့်နေပါသည်။ ယခုလွှတ်ပေးမှုကို
အကြောင်းပြု၍ တိုးတက်မှုတစ်ခုအဖြစ် မှတ်ယူကာ ကျန်ရှိနေသော
နိုင်ငံရေးအကျဉ်းသားအားလုံးကို မြန်မာအာဏာပိုင်များက ပြန်လွှတ်ပေးရန်
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းခဲ့သည်။"
- (ကုလသမဂ္ဂပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ထုတ်ပြန်ခဲ့သော အစီရင်ခံစာဖြစ်သည်။)






"လွတ်လပ်စွာပြောဆိုခွင့်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိစ္စတွေအပေါ် ယုံကြည်မှုရှိတဲ့ ကျွန်တော်တို့လိုလူတွေအတွက် အောင်ဆန်းစုကြည်က စေ့ဆော်မှုပေး
နိုင်ပါတယ်။ လွတ်လပ်ခွင့်ဟာ အောင်ဆန်းစုကြည်ရဲ့ အခွင့်အရေးပါ။ ဗမာ
(မြန်မာ) အစိုးရအနေနဲ့ ဒီလိုကောင်းမွန်တဲ့လုပ်ရပ်ကို ထောက်ခံအားပေးရပါမယ်"
- ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း






"ပြင်သစ်နိုင်ငံက အောင်ဆန်းစုကြည်လွတ်မြောက်လာမှုနဲ့ပတ်သက်ပြီး အခြေအနေတွေကို အနီးကပ်စောင့်ကြည့် နေပါတယ်။ သူမရဲ့ လွတ်လပ်စွာ
သွားလာလှုပ်ရှားမှုနဲ့ သဘောထား ဖော်ထုတ်ခွင့်အပေါ် ဟန့်တားတဲ့ ဘယ်လုပ်ရပ်မဆို
သူ့အခွင့်အရေးကိုငြင်းပယ်တဲ့၊ လက်မခံနိုင်တဲ့ လုပ်ရပ်အဖြစ်
မှတ်ယူသွားမှာပါ"
- ပြင်သစ်သမ္မတ နီကိုလပ်ဆာကော်ဇီ





"အောင်ဆန်းစုကြည်သည် လူ့အခွင့်အရေးရရှိရေးအတွက် ကမ္ဘာတစ်ဝန်း တိုက်ပွဲဝင်နေသူများအတွက် အမှတ်သင်္ကေတတစ်ခု ဖြစ်သည်။ သူမ၏
အကြမ်းမဖက်လှုပ်ရှားမှုနှင့် အာဃာတမဲ့သော စိတ်ထားကြောင့် စံပြပုဂ္ဂိုလ်တစ်ဦး
အဖြစ် တွန်းပို့ပေးခဲ့သည်။"
- (ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ် ပြောကြားချက်ကို အစိုးရက ထုတ်ပြန်ခဲ့သော အစီရင်ခံစာဖြစ်သည်။)








"နေအိမ်အကျယ်ချုပ်ကနေ အောင်ဆန်းစုကြည် ပြန်လွှတ်လာလို့ ကျွန်တော်ဝမ်းမြောက်မိပါတယ်။ သတ္တိနဲ့မျှော်လင့်ချက်အမှတ် သင်္ကေတ
တစ်ခုအဖြစ်ရှိနေချိန်မှာ အောင်ဆန်းစုကြည်ဟာ အနှစ် ၂၀ ကျော်
ထိန်းသိမ်းခံထားရတယ်။ အခုအချိန်မှာ အောင်ဆန်းစုကြည်ဟာ လွတ်လပ်စွာ
သွားလာခွင့်နဲ့ ဖော်ထုတ်ပြောဆိုခွင့်၊ နိုင်ငံရေးလှုပ်ရှားမှုတိုင်းမှာ
အပြည့်အ၀ပါဝင်နိုင်ခွင့်ရဖို့ အရေးကြီးပါတယ်။
နိုင်ငံရေးလှုပ်ရှားမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့
အခြားပြည်သူတွေအားလုံးကိုလည်း ခြွင်းချက်မရှိ လွှတ်ပေးဖို့လည်း
ကျွန်တော်တောင်းဆိုပါတယ်။"
- ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာ နာဗီပီလ်လေး



မူရင်း... http://www.news-eleven.com

more.gif