မြန်မာနိုင်ငံ၏ လွတ်လပ်ရေးခေါင်းဆောင်များအနက် ရဲရဲတောက်အာဇာနည် မီးရှူးတန်ဆောင်
နိုင်ငံခေါင်းဆောင် ဆရာတော်ဦးဥတ္တမ၏ ကျေးဇူးတရားကို မမေ့စေရန် အကျိုးတရားများနဲ့
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာလိုအပ်နေတဲ့ အမျိုးသားရင်ကြားစေ့ရေးကို လုပ်ဆောင်ရာတွင်
မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အနုနည်း(သို့မဟုတ်)အကြမ်းနည်းဖြင့် တော်လှန်တိုက်ပွဲဝင်ခဲ့ကြ
သော ခေါင်းဆောင်ကြီးများကို သတိတရ မှတ်တမ်းတင်ဂါရဝပြုကာ အမျိုးသားရင်ကြားစေ့ရေးသို့
ညီညွတ်ခြင်းလည်းဖြစ်ပါတယ်။
ဆရာတော်ဦးဥတ္တမသည် ဗုဒ္ဓဘာသာရဟန်းတစ်ပါးပင်ဖြစ်သော်လည်း ဗုဒ္ဓဘာသာဝင်များသာလွတ်
လပ်ရန်ကြိုးပန်းခဲ့သူမဟုတ်သလို မြန်မာနိုင်ငံတစ်ခုတည်းအတွက် လွတ်လပ်ရန်ကြိုးပန်းခဲ့သူလည်း
မဟုတ်ပါ၊ အာရှတိုက်တစ်ခွင် နယ်ချဲ့အင်္ဂလိပ်လက်အောက်က လွတ်မြောက်အောင် မီးမောင်းထိုးပြ
ခဲ့သူတစ်ဦးလည်းဖြစ်ကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံသူ နိုင်ငံသားတိုင်းအသိပင်ဖြစ်ပါတယ်။
အမိမြန်မာနိုင်ငံကိုတန်ဖိုးထားချစ်မြတ်နိုးကြသော ပြည်ထောင်စုမြန်မာနိုင်ငံဖွါး တိုင်းရင်းသား
ညီနောင်များတို့သည် မိမိပိုင်ဆိုင်သော ပစ္စည်းဥစ္စာရတနာများကိုတန်ဖိုးထားတတ်ကြသလို
နိုင်ငံသားတိုင်း နိုင်ငံသားတိုင်းတို့ရဲ့ အဖိုးမဖြတ်နိုင်သော ခေါင်းဆောင်ကောင်းတွေကို အထွဋ်အမြတ်
ထားဂါရဝပြုခြင်းအားဖြင့် မျိုးဆက်သစ် ခေါင်းဆောင်များကို တဖန်မွေးထုတ်ပေးရာရောက်တဲ့
ရည်ရွယ်ချက်နဲ့ ဒီအထိမ်းအမှတ် အခမ်းအနားကိုပြုလုပ်ရခြင်းဖြစ်ပါတယ်၊

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment