Showing posts with label နိုးဆော်. Show all posts
Showing posts with label နိုးဆော်. Show all posts

9 November 2010

နိုးဆော်,


သင်သည် ကရင်လူမျိုးမှန်လျှင်
ကရင်အရေး ကရင်ဝန်ကို ထမ်းဆောင်ဖို့ရန်
ခေါင်းမရှောင်နှင့်
သင့်ကို အမိကရင်ပြည်နယ်က အလိုရှိသည်။ ၀၈၁-၉၇၃-၁၉၈၂ ကိုဆက်သွယ်ပြီး တပ်နိုင်တဲ့ဘက်က ပါဝင်ကူညီဖို့ဖိတ်ခေါ်ပါသည်။

more.gif

နိုးဆော်,

သခင်ခြံတဝိုက်ကရင်အလံပြန်စိုက်လိုက်တဲ့ဗိုလ်မှူးကြီး စောလားပွယ်ကို ကျမတိုတတွေက ဂုဏ်ပြုရအောင်အကိုတို့ရေ  
 
 
ဒီနေ့ တိုင်းပြည်ကို အနိုင်ကျင့်မှုမျိုးစုံ ၊ ခြိမ်းခြေက်မှုမျိုးစုံနဲ့ မတရားအုပ်ချုပ်နေတဲ့၊သန်းရွှေနဲ့
အပေါင်းပါတွေကို
အံကြိတ်ငြိမ်ခံနေကြရတာကြပါပြီ။သူတို့စစ်ဗိုလ်ချုပ်တွေက ချမ်းသာချင်တိုင်းချမ်းသာနေပြီး ပြည်သူတွေက ဆိုးဆိုးရွားရွား ဆင်းရဲမွဲတေနေတာ ၊တိုင်းပြည်လဲ ဘက်စုံခေတ်နောက်ကျနေတာ ၊သိသိနဲ့ငြိမ်ခံနေကြရတာကြာပြီ။
မနိုင်,နိုင်သေးတိုင်းသာ ငြိမ်ခံနေကြရင် ဘယ်တော့မှနိုင်မှာမဟုတ်ပဲ နောင်နှစ်များစွာဒီ့ထက်ဆိုးတာတွေပဲဖြစ်လာတော့မှာပါ၊နည်းလမ်းရှာပြီး အန္တရယ်လဲကင်းကင်းတိုက်ပွဲဝင်ရအောင် လျှို့လျှို့ ၀ှက်ဝှက်နည်းတွေနဲ့ တဖြည်းဖြည်း
စစ်အာဏာရှင်တစုလုံးဖြုတ်ချနိုင်တဲ့အထိ၊ကြိုးစားကြည့်ရအောင်ပါ။
ဆန္ဒတူသူတွေ mailကနေ အလုပ် လုပ်ကြမယ်။ 
 

more.gif

8 November 2010

နိုးဆော်,

အနယ်နယ် အရပ်ရပ် မှ ညီအကိုမောင်ညီမများကို တိုက်တွန်းအပ်ပါတယ် မြဝတီ လက်တလောစစ် ပွဲကြောင့်

လောလောဆယ် မြန်မာပြည်သူ/သားများ မြဝတီဖက် မှာ ငတ် နေကြပါ သည် အလှုလုပ်ဖို့ တိုက်တွန်း နိုးဆော် အပ်ပါ ဒယ် တဦးချင်ပဲဖြစ်ဖြစ် အဖွဲ့လိုက်ပဲဖြစ်ဖြစ် တက်အားသရွေပါဝင်ထည့်ဝင်ကြပါရန်
ရေတဗူးကို ၅ ဘတ်ပါ ထမင်း တဗူး
လူတယောက်စာကို ၂၅ ဘတ်ပါ မာမားထုတ် တထုတ်ကို ၅ ဘတ်ပါ အဆင်ပြေတာ လှူလို့ရပါတရပါသည်
ဒုက္ခသည်တွေများနေပြီး ကူညီကြပါ ၀၈၁-၉၇၃-၁၉၈၂ ကိုဆက်သွယ်ပြီး တပ်နိုင်တဲ့ဘက်က ပါဝင်ကူညီဖို့ဖိတ်ခေါ်ပါသည်။

ငြိမ်းချမ်းသူလေး

more.gif

26 October 2010

အလံ သစ် ကို မီးရှို့ ခြင်း



                     ဓါတ်ပုံ  လွမ်းထူးနိုင်ဘလော့မှ...........



အလံ ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့  သင်္ကေတ ။ အဲဒီမှာ နေတဲ့ သူတွေကို ကိုယ်စားပြုတယ်။
နိုင်ငံဆိုတာကလဲ မင်းတိုတွေရပ်နေတဲ့ မြေကြီးကိုပြောတာ မဟုတ်ဘူးလေ။

နိုင်ငံဆိုတာ ကချင်၊ကယား၊ကရင်၊ချင်း၊ဗမာ၊မွန် ၊ရခိုင်၊ရှမ်းနဲ့  ကျန်တဲ့ တိုင်းရင်းသား အားလုံးနေတဲ့
နေရာ ။ ဒီမြေပေါ်မှာ ဒီတိုင်းရင်းသားတွေ မရှိရင် ဒီနိုင်ငံဆိုတာလဲ မရှိဘူး။
နိုင်ငံလို့ ပြောလိုက်ရင် အဲဒီမှာနေတဲ့ လူတွေရှိမယ်။ သူတို့ သဘောတူညီမူရှိရမယ်။
အများစုလက်ခံတဲ့ အလံတစ်ခုရှိရမယ်။ အဲဒီအလံက နိုင်ငံသားတွေကို ကိုယ်စားပြုရမယ်။

ဘယ်အလံပဲ တင်တင် နိုင်ငံက လူတွေအားလုံး သဘောတူညီမူ တော့ ရှိရမယ်။

ခုဟာက နိုင်ငံသားတွေ ရဲ့ စိတ်ဆန္ဒ သဘောတူညီမူ တစ်ခုမှ မပါပဲနဲ့  စိတ်ကြိုက် ကိုယ့်သဘောနဲ့
ကိုယ်ထလုပ်ထားတဲ့ အလံ ။ သူတို့ ပိုင်တဲ့ မြေကြီးလို လုပ်ချင်တိုင်းလုပ်တယ်။
တိုင်းပြည်တစ်ခုရဲ့ သင်္ကေတကို ပြောင်းချင်သလိုပြောင်းတယ်။

နိုင်ငံမှာနေတဲ့ တိုင်းရင်းသားအားလုံး တစ်စိတ်တစ်ဝမ်းထဲ ဆုံးဖြတ်ပြီး ထွက်လာတဲ့ အလံတော့ မဟုတ်ဘူး

more.gif