ဇူလိုင် ၂၊ ၂၀၁၁-ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ လက်အောက် တပ်ရင်း ၉ ဒေသ၊ မွန်း ၁ နာရီကျော်ချိန် နောင်ရွှေ-နာမ်ဂွတ်လမ်းပိုင်း နောင်ရွှေကွေ့၌ မြန်မာစစ်သား ၁၀ ခန့်ပါသည့် ဖောဝီးလ်ကားတစ်စီးအား တပ်ရင်း ၉ က ဗုံးနှင့် လက်နက်ငယ်ဖြင့် တိုက်ခိုက်ခဲ့သည်။ သေဆုံးဒဏ်ရရမှုရှိမရှိကို မသိရပါ။
Showing posts with label သတင်းတိုများ. Show all posts
Showing posts with label သတင်းတိုများ. Show all posts
3 July 2011
16 February 2011
ဒုဗိုလ်ချုပ်ကြီးမောင်အေး၏ သားမက် ဗိုလ်မှူးပြည်အောင်ကို တပ်မှထုတ်ပယ်
ဧရာဝတီ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး၏ တဦးတည်းသောသမီး မနန္ဒာအေး၏ ခင်ပွန်း ဗိုလ်မှူး ပြည်အောင်ကို တပ် စည်းကမ်း မလိုက်နာမှုဖြင့် တပ်မှ ထုတ်ပယ်လိုက်ကြောင်း စစ်ဘက်အသိုင်းအဝန်းက ပြောသည်။ စက်မှု ၁ ၀န်ကြီး ဦးအောင်သောင်း၏သား ဗိုလ်မှူး ပြည်အောင်သည် ဗိုလ်မှူးများ မဖြစ်မနေ တက်ရောက်ရမည့် တပ်ရင်းမှူး သင်တန်းကို မတက်ရောက်ဘဲ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် အတွက် ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ အသိပေး တိုင်ကြားခဲ့ရာမှ တပ်စည်းကမ်းမလိုက်နာမှုဖြင့် တပ်မှထုတ်ပယ်ခြင်း ဖြစ်ကြောင်း သိရသည်။Etiketter: သတင်းတိုများ
Subscribe to:
Posts (Atom)







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

