Showing posts with label မျှဝေမယ်. Show all posts
Showing posts with label မျှဝေမယ်. Show all posts

19 August 2011

Steve Jobs ပြောကြားခဲ့သည့် မိန့်ခွန်း





နေ့သစ့်

(ချစ်လှစွာသော သူငယ်ချင်းတယောက်ထံမှ Forward Mail ပါ။ လူတယောက်ရဲ့ ဘဝတက်လမ်းအတွက် အတုယူစရာ မှတ်သားစရာ ဖြစ်တဲ့အတွက် ပြန်လည်ဝေမျှလိုက်ပါတယ်။ ကျွန်မလည်း ဘဝအတွက်အများကြီး ကြိုးစားနေဆဲဖြစ်တဲ့ အတွက် ဒီလိုမှတ်သားစရာတွေ ပညာယူစရာတွေ လိုအပ်ပါတယ်။ လှေကားထစ်တွေအတွက် အားဆေးတခွက်လို့ လည်း ပြောလို့ရပါတယ်။)

၂၀၀၅ ခုနှစ် ဇွန်လ ၁၂ရက် နေ့တွင် ကျင်းပခဲ့သော Stanford တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် Apple Computer နှင့် Pixar Animation Studio တို့ကို စတင်တည်ထောင်ခဲ့သူ Steve Jobs ပြောကြားခဲ့ သည့် မိန့်ခွန်း

ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်ကြီးတခုရဲ့ ဘွဲ့ရ မောင်မယ်များကို တွေ့ဆုံစကားပြောခွင့်ရတဲ့အတွက်ကြောင့် အင်မတန် ဂုဏ်ယူမိကြောင်း ပြောပါရစေ။ ကျနော်ဟာ တက္ကသိုလ်ဘွဲ့ရ တယောက်မဟုတ်ပါ။ အမှန်အတိုင်း ပြောရရင် ဘွဲ့နှင်းသ ဘင် အခမ်းအနားဆိုတာ ဒီနေ့မှ တက်ဖူးတာပါ။ ဒီ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ကျနော့်ဘဝ ဇာတ်လမ်းလေး သုံးပုဒ် ပြောပါရစေ။ မိန့်ခွန်းအရှည်ကြီး မဟုတ်ပါ။ ကြီးကြီးကျယ်ကျယ် အကြောင်းအရာတွေ မဟုတ်ပါ။ ဇာတ်လမ်း သုံးပုဒ် ထဲ ပါ။

ပထမဆုံးဇာတ်လမ်းကတော့ ဆက်စပ်ပုံဖော်ခြင်း အကြောင်းပါ။

ကျနော် Reed College မှာ ခြောက်လပဲ တက်ပြီး ကျောင်းထွက် ခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းက မခွါနိုင်သေးပဲ နောက် ၁၈ လလောက် အတန်းတွေ ဆက်တက်ခဲ့ပါတယ်။ ကျနော် ဘာကြောင့် ကျောင်းထွက်ခဲ့ရတယ် ထင်ပါသလဲ။

ဒီဇာတ်လမ်းက ကျနော် မမွေးခင် အချိန်ကစပြီး ပြောပြရမှာပါ။ ကျနော့်ကို ကိုယ်ဝန်ရှိတဲ့အချိန်မှာ အမေဟာ အိမ်ထောင် မရှိသေးတဲ့ ဘွဲ့လွန်ကျောင်းသူ တယောက်ပါ။ အဲဒါကြောင့်လည်း ကျနော့်ကို မွေးစားဖို့ ပေးလိုက်မယ်လို့ ဆုံးဖြတ်ခဲ့ပါ တယ်။ ကျနော့်ကို မွေးစားမဲ့ မိဘများဟာ ဘွဲ့ရပညာတတ်တွေသာ ဖြစ်သင့်တယ်လို့ အမေ့ စိတ်ထဲမှာ အကြီးအကျယ် စွဲနေခဲ့ပါတယ်။ ဒါကြောင့်လဲ ဥပဒေပညာရှင် တယောက်နဲ့ သူ့ဇနီးတို့က ကျနော့်ကို မွေးပြီးပြီးချင်း လွှဲယူလိုက်ဖို့ ကြိုတင် စီစဉ် ထားခဲ့ပါတယ်။ ဖြစ်ချင်တော့ ကျနော် ကို “အူဝဲ” ဆိုပြီး မွေးလိုက်တဲ့အချိန်မှာ သူတို့က မိန်းကလေးမှ လိုချင်ပါ တယ်လို့ စိတ်ပြောင်း သွားခဲ့ပါတယ်။ ဒါကြောင့်မို့ အချိန်မတော် ညကြီးသန်းခေါင်မှာ မွေးစား မိဘလောင်း တန်းစီစာ ရင်းထဲက ကျနော့်မိဘများကို ဖုံးဆက်ခဲ့ပါတယ်။

“ဒီမှာ မမျှော်လင့်ဘဲ ယောကျာင်္းလေး တယောက် ရထားတယ်။ ယူမလား…” တဲ့။ မိဘများကလဲ “သိပ်ယူတာပေါ့…” တဲ့။ အဲဒီလို ပေးလိုက်ပြီးမှ ကျနော့်ရဲ့ အမေဟာ ဘွဲ့ရပညာ တတ်မဟုတ်တာ၊ ကျနော့်ရဲ့ အဖေဟာလဲ အထက် တန်းကျောင်း တောင်မှ မအောင်တာကို ကျနော့် မွေးမိခင်က သိသွားတာပါ။ မွေးမိခင်ဟာ မွေးစားစာချုပ်မှာ သဘောတူကြောင်း လက် မှတ်ထိုးမပေးခဲ့ပါဘူး။ နောင်လပေါင်း အတော်ကြာပြီး ကျနော့်ရဲ့ မိဘတွေက ကျနော့်ကို “တက္ကသိုလ် ထားပေးပါ့မယ်…” လို့ ကတိပေးမှ မွေးမိခင်က စိတ်လျော့ပြီး လက်မှတ်ထိုးပေးခဲ့တာပါ။

နောက် ၁၇ နှစ် အကြာမှာတော့ ကျနော် တက္ကသိုလ်ကျောင်းသား ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်ဟာ အဆင်အခြင် ကင်းမဲ့စွာ နဲ့ Stanford တက္ကသိုလ်နီးပါး စားရိတ်ကြီးတဲ့ တက္ကသိုလ်ကို ရွေးခဲ့ပါတယ်။ ကျနော့်ရဲ့ တတ္ကသိုလ်ပညာရေး အတွက် အခြေခံလူတန်းစား မိဘများရဲ့ စုငွေတွေအားလုံးကို ကျနော်သုံးမိရက်သား ဖြစ်သွားပါတယ်။ နောက်ခြောက်လ အကြာမှာတော့ ဒီပညာရေးဟာ တကယ်ပေးရတာနဲ့ တန်တယ်လို့ ကျနော် မထင်တော့ပါဘူး။ အဲဒီအချိန်က ကျနော့်မှာ ဘဝရည် မှန်းချက်ဆိုတာ မရှိခဲ့ပါဘူး။ တတ္ကသိုလ်ပညာရေးကနေပြီး ကျနော့်ရဲ့ ဘဝရည်မှန်းချက်ကို ဘယ်လိုလုပ်ပြီး အဖြေထုတ်ပေးနိုင်မယ် ဆိုတာလဲ စဉ်းစားလို့မရခဲ့ပါ။ ဒီတော့ ကျနော်ဟာ မိဘတွေရဲ့ တသက်စာစုငွေကို တက္ကသိုလ် မှာလာပြီး ဖြုံးနေတာပါပဲ။

ဒါနဲ့ကျနော်လဲ တက္ကသိုလ်ကထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အချိန်ကျရင်အားလုံး အဆင်ပြေ သွားမှာပါလို့ မျက်စိစုံမှိတ်ပြီး လုပ်ခဲ့တာပါ။ အဲဒီတုန်းကတော့ ကြောက်ကြောက်နဲ့ လုပ်ခဲ့တာပါ။ ခု ပြန်စဉ်းစား ကြည့်တဲ့အခါမှာတော့ ဒီဆုံးဖြတ်ချက် ဟာ ကျနော့်ရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်တခုပါ။ ကျောင်းကထွက်လိုက်တာနဲ့ ချက်ချင်းပဲ မတက်ချင်ဘဲ တက်နေရတဲ့ အတန်းတွေကို တက်စရာမလိုတော့တာကြောင့် တက်ချင်စရာကောင်းတဲ့ အတန်းတွေထဲမှာ ဝင်ထိုင် ကျောင်းသားလုပ် ခဲ့ပါတယ်။

ဒီဇာတ်လမ်းမှာ ကဗျာမဆန်တာ တွေလဲပါပါတယ်။ ကျနော့်မှာ နေစရာအခန်း မရှိတော့ပါဘူး။ ဒီတော့ ကျနော့် သူငယ် ချင်းတွေရဲ့ အခန်း ကြမ်းပြင်ပေါ်မှာ အိပ်ခဲ့ရပါတယ်။ Coke ပုလင်းတွေကို လိုက်စုပြီး ပြန်အပ်လို့ရတဲ့ တပုလင်း ၅ဆင့်

ဆိုတဲ့ ပိုက်ဆံနဲ့ ဗိုက်ဖြည့်ရပါတယ်။ တနင်္ဂနွေနေ့ညတိုင်း ခုနှစ်မိုင်လမ်းလျှောက်ပြီး Hare Krishna ဟိန္ဒူ ဘုရားကျောင်း မှာ ထမင်းတနပ် အဝသွားစားရပါတယ်။ စားလို့ အင်မတန်ကောင်းပါတယ်။ စူးစမ်းလိုစိတ်နောက်လိုက်ရင်း၊ စိတ်ထဲမှာ ပေါ်လာတာတွေကို လိုက်လုပ်ရင်း ကြုံကြိုက်ခဲ့တာ အတော်များများဟာ နောက်ပိုင်းမှာ အဖိုးမဖြတ်နိုင်တဲ့ အတွေ့အ ကြုံတွေ ဖြစ်လာခဲ့ပါတယ်။ ဥပမာလေးတခု ပေးပါရစေ။

အဲဒီအချိန်က Reed College မှာ ရှိတဲ့ စာလုံးအလှရေးနည်းသင်တန်းဟာ တနိုင်ငံလုံးမှာ အကောင်းဆုံးသင်တန်းပါ။ တက္ကသိုလ်နယ်မြေ တခုလုံးမှာ ရှိသမျှ ပိုစတာတွေ၊ စာတန်းတွေ၊ နာမည်တွေဟာ အင်မတန်လှပတဲ့ လက်ရေးစာလုံး တွေနဲ့ ချယ်သထားပါတယ်။ ကျောင်းက ထွက်လိုက်ပြီဆိုတော့ ပုံမှန်သင်တန်းတွေ တက်စရာ မလိုတော့တဲ့ ကျနော်ဟာ စာလုံးအလှရေးနည်းသင်တန်းကို ဝင်တက်ပြီး အတတ်သင်ခဲ့ပါတယ်။ စာလုံးပုံစံတွေထဲမှာ Serif စာလုံးပုံ၊ San Serif စာလုံးပုံတွေအကြောင်းကို သင်ယူခဲ့ပါတယ်။ စာလုံးတလုံးနဲ့ တလုံးကြားမှာ ဘယ်လို အနီးအဝေးခြားတယ်ဆိုတာ လေ့ လာခဲ့ပါတယ်။ စာလုံးရေးနည်းပညာရဲ့ နက်ရှိုင်းမှုကို တွေ့ရှိခဲ့ပါတယ်။ ဒီပညာရပ်ဟာ အင်မတန်လှပတဲ့၊ သမိုင်းဝင်တဲ့၊ အနုပညာမြောက်ပြီး၊ သိပ္ပံနည်းနဲ့ စူးစမ်းလို့မရတဲ့ ပညာပါ။ ဒီပညာရပ်က ကျနော့်ကို ညှို့ယူဖမ်းစား ခဲ့ပါတယ်။

ဒါတွေကို ကျနော့်ဘဝမှာ ဘယ်လိုလက်တွေ့အသုံးဝင်မလဲ ဆိုတာကိုတော့ မျှော်လင့် မထားခဲ့ပါဘူး။ ဒါပေမဲ့ နောင် ၁၀ နှစ် အကြာမှာ ပထမဆုံး Macintosh ကွန်ပျုတာကို ဒီဇိုင်းဆွဲတဲ့ အခါမှာတော့ ဒီပညာရပ်ကို ပြန်လည်ပြီး သတိရလာခဲ့ ပါတယ်။ ဒီပညာရပ်ကို အစွမ်းကုန်သုံးပြီး Mac ကို ဒီဇိုင်းလုပ်ခဲ့တာပါ။ Mac ဟာ ကမ္ဘာ့ပထမဦးဆုံး စာလုံးအလှတွေသုံး တဲ့ PC ကွန်ပျုတာပါ။ တက္ကသိုလ်က ဒီသင်တန်းကိုသာ ကျနော်မတက်ခဲ့ရင် Macintosh ကွန်ပျုတာမှာ အင်မတန်သေ သပ်ပြီး အစိပ်အကျဲအချိုးကျ လှပတဲ့စာလုံးတွေ ထည့်ပေးနိုင်ခဲ့မှာ မဟုတ်ပါဘူး။ ပြီးတော့ Windows ဆိုတာကလဲ Mac က စာလုံးတွေကိုပဲ ကူးချထားတာဆိုတော့ PC တွေပေါ်မှာ စာလုံးအလှ ပေါ်ထွက်ခဲ့မှာ မဟုတ်ဘူးလို့တောင် ပြော ကောင်းပြောနိုင်ပါလိမ့်မယ်။ ကျနော် ကျောင်းမထွက်ခဲ့ရင် စာလုံးအလှသင်တန်းကို တက်ခဲ့မှာမဟုတ်ပါ။ ဒီသင်တန်း

ကို ကျနော်မတက်ခဲ့ရင် PC တွေပေါ်မှာ စာလုံးလှလှ လေးတွေ ရှိကောင်းမှရှိမှာပါ။ မှန်ပါတယ်။ ကျနော်တက္ကသိုလ် တက်နေစဉ်အခါကတော့ အနာဂါတ်ကို ကြိုမြင်ပြီး ဒီအကျိုးအကြောင်းတွေကို ဆက်စပ်ပုံဖော်ကြည့်ဖို့ဆိုတာ ဘယ်ဖြစ် နိုင်ပါ့မလဲ။ နောင် ၁၀ နှစ်ကြာအပြီး အတိတ်ကို ပြန်ကြည့်တဲ့အခါမှာတော့ ဒီဆက်စပ်မှုတွေကို ရှင်းရှင်းကြီး တွေ့နေရပါ တယ်။

ထပ်ပြောရမယ်ဆိုရင်တော့ ရှေ့အနာဂါတ်မှာ ဘာတွေဘယ်လို ဆက်စပ်ပုံပေါ်လာမယ် ဆို တာကို ကျနော်တို့ မမြင်နိုင် ပါ။ နောက်ပြန်ကြည့်မှသာ ဆက်စပ်မှုတွေကို တွေ့နိုင်တာပါ။ ဒါကြောင့်မို့ ဘွဲ့ရမောင်မယ်တို့တွေဟာလဲ အနာဂါတ်မှာ ဖြစ်ရပ်တွေဆက်စပ်ပြီး ပုံပေါ်လာလိမ့်မယ်လို့ ယုံကြည်ထားရပါလိမ့်မယ်။ ဘွဲ့ရမောင်မယ်တို့တတွေဟာ မိမိရဲ့ ရင်တွင်း ခံစားချက်ကို ယုံကြည်မှုရှိပါ။ ကံစီမံတယ်ဆိုတာ ယုံပါ။ ကံ၏အကျိုးဆိုတာ ယုံပါ။ တခုခုကိုတော့ယုံပါ။ ဒီယုံကြည်ချက် ကြောင့် ကျနော် ဂျောက်ကျခဲ့ရတယ်ဆိုတာ ဘယ်တော့မှမရှိခဲ့ပါ။ ကျနော့်ဘဝကို အကြီးအကျယ် ပြောင်းလဲစေခဲ့တာ ဒီ

ယုံကြည်ချက်ကြောင့် ပါပဲ။

ကျနော့်ရဲ့ ဒုတိယ ဇာတ်လမ်းကတော့ အချစ်နဲ့ အရှုံး အကြောင်းပါ။

ကျနော် ကံကောင်းခဲ့ပါတယ်။ ကျနော်တကယ် စွဲစွဲလမ်းလမ်း ချစ်ခင်မိတဲ့ အလုပ်ဟာ ဘာလဲ ဆိုတာ အသက်ငယ်ငယ် မှာ ရှာဖွေတွေ့ရှိခဲ့တာပါ။ ကျနော့် မိဘတွေရဲ့ ကားဂိုဒေါင် ထဲမှာ Apple ကို Woz နဲ့အတူ စတင်တည်ထောင်စဉ်က ကျနော် အသက် ၂၀ ပဲ ရှိပါသေးတယ်။ ကျနော်တို့ ၂ ယောက် တကယ်အလုပ်ကြိုးစား ခဲ့ကြတာပါ။ Apple ဟာ ၁၀နှစ် အတွင်းမှာ ကားဂိုဒေါင် ထဲက ကျနော်တို့ ၂ ယောက်ကနေပြီး ဒေါ်လာ သန်း ၂ ထောင်တန် ဝန်ထမ်း ၄ ထောင်ရှိတဲ့ ကုမ္ပဏီကြီး ဖြစ်သွားခဲ့ပါတယ်။ ကျနော်တို့ရဲ့ အကောင်းဆုံး တီထွင်မှုဖြစ်တဲ့ Macintosh ကို ဈေးကွက်တင်ပြီး တနှစ် လောက် ကျနော်လဲ အသက် ၃၀ ပြည့်ပြီးခါစလေးပါ။ အဲဒီမှာ ကျနော်အလုပ်က အထုတ်ခံရပါတယ်။ ကိုယ်တိုင်တည် ထောင်ခဲ့တဲ့ ကုမ္ပဏီကနေ ဘယ်လိုလုပ်ပြီး အထုတ်ခံရနိုင်ပါ့မလဲ။ အဲ ဇာတ်လမ်းက တော့ဒီလိုပါ။

Apple ကုမ္ပဏီကြီးပွါးလာတဲ့အချိန်မှာ ကျနော်က အင်မတန်တော်တယ်လို့ ထင်ခဲ့တဲ့ လူတယောက်ကို ကျနော်နဲ့အတူ ကုမ္ပဏီမှာ စီမံခန့်ခွဲဖို့ အလုပ်ခန့်ခဲ့ကြပါတယ်။ ပထမတနှစ်လောက်ကတော့ အတော်လေးအဆင်ပြေပါတယ်။ ဒါပေမဲ့ တဖြေးဖြေးနဲ့ အနာဂါတ် အလားအလာတွေကို အမြင်မတူတာတွေ ပေါ်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အကြီးအ ကျယ် ကတောက်ကဆ ဖြစ်တဲ့အထိပါပဲ။ ဒီကတောက်ကဆ ဖြစ်တဲ့ အခါမှာ ဒါရိုက်တာအဖွဲ့က သူ့ဖက်က ရပ်ခဲ့ပါတယ်။ ဒါနဲ့ အသက် ၃၀ မှာ အလုပ်လက်မဲ့ ဖြစ်သွားပါတယ်။ တကဲ့ကို ဟိုးလေးတကျော်ဖြစ်ပြီး အလုပ်ထုတ်ခံရတာပါ။ ကျနော့် ရဲ့ ဘဝ တခုလုံးကိုပုံပြီး စိုက်လိုက်မတ်တပ်လုပ်ခဲ့တဲ့ အရာကြီးကို ဆုံးရှုံးခဲ့တာပါ။ ဒါဟာ ကျနော့်အတွက် အင်မတန် တုန် လှုပ်စရာ၊ ကြေကွဲစရာ ဖြစ်ခဲ့ပါတယ်။

လပေါင်းအတော်ကြာ တကဲ့ကို ဘာလုပ်လို့ လုပ်ရမှန်းမသိအောင် ဖြစ်ခဲ့တာပါ။ တီထွင်သူ လုပ်ငန်းရှင် မျိုးဆက်ဟောင်း ကြီးများအပေါ်မှာ ကျနော် တာဝန်မကျေဘူးလို့လဲ ခံစားခဲ့ရပါတယ်။ သူတို့က လက်ဆင့်ကမ်းပေးခဲ့တဲ့ တာဝန်ကို ပေါ့ လျော့မိတဲ့၊ လက်ဆင့်ကမ်းပြေးပွဲမှာ တုတ်တိုင် ပြုတ်ကျခဲ့တဲ့သူလို ခံစားရတာပါ။ ကျနော် David Packard နဲ့ Bob Noyce တို့ကို သွားတွေ့ခဲ့ပါတယ်။ ပြီးတော့ ကျနော့်ကြောင့် ပြဿနာအကြီးအကျယ် ဖြစ်ခဲ့တာကို ကြိုးစားပြီး တောင်းပန် ခဲ့ပါတယ်။ ကျနော့်ကျဆုံးခန်းဟာ ဟိုးလေးတကျော် ဖြစ်ခဲ့တာပါ။ Silicon Valley ကနေပြီး အရှုံးပေး ထွက်ပြေးသွားဖို့ အထိတောင် ကျနော်စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ အချက်တချက်ကို ကျနော် တဖြေးဖြေးနဲ့ သတိပြုမိလာပါတယ်။ အဲဒါက တော့ ကျနော်လုပ်ခဲ့တဲ့အလုပ်ကို ကျနော် ချစ်ခင်ဆဲ၊ စွဲလမ်းဆဲ ဆိုတာပါဘဲ။ Apple မှာ ဖြစ်ခဲ့တဲ့ ကမောက်ကမ ဖြစ်ရပ် တွေဟာ ကျနော့်ရဲ့ အလုပ်အပေါ် စွဲလမ်းမှု အပေါ်မှာ အရာမထင်ခဲ့ပါဘူး။ ကျနော့်ကို ကန်ထုတ်တာခံရပေမဲ့ ကျနော်က တော့ ချစ်ခင်စွဲလမ်းလျှက်ပါ။ ဒါကြောင့်လဲ ကျနော် တစ်ကနေ ပြန်စဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Apple ကနေပြီး အလုပ်ဖြုတ်ခံရတာဟာ ကျနော့်ဘဝတလျှောက်လုံး ဖြစ်နိုင်ခဲ့သမျှထဲမှာ အကောင်းဆုံးအဖြစ်ပါ။ အဲဒီ အချိန်ကတော့ ဒီလိုမတွေးခဲ့မိပါဘူး။ အောင်မြင်မှုဆိုတဲ့ ဝန်ထုပ် ဝန်ပိုးကြီးကို ပေါ့ပေါ့ပါးပါး လူသစ်တခါ ပြန်ဖြစ်ရတယ် ဆိုတာနဲ့ လဲလိုက်ရတာပါ။ အရာရာတိုင်းမှာ မသေချာ မှုတွေချည်းပါဘဲ။ ဒီဖြစ်ရပ်ကပဲ ကျနော့်ကို အနှောင်အဖွဲ့တွေက

ကင်းလွတ်ခွင့်ပေးပြီး ကျနော့်ဘဝရဲ့ ဖန်တီးမှုအား အကောင်းဆုံးကာလကို စတင်စေခဲ့ပါတယ်။

နောက် ၅ နှစ် အတွင်းမှာတော့ NeXT ဆိုတဲ့ ကုမ္ပဏီကို ကျနော် တည်ထောင်ပါတယ်။ Pixar ဆိုတဲ့ ကုမ္ပဏီကို ကျနော် တည်ထောင်ပါတယ်။ ပြီးတော့ အင်မတန် ပြည့်ဝတဲ့ အမျိုးသမီးတယောက်နဲ့ မေတ္တာမျှပြီး ကျနော်အိမ်ထောင်ပြု ခဲ့ပါ တယ်။ Pixar ကတော့ ကမ္ဘာ့ပထမဆုံး ကွန်ပျုတာ ကာတွန်းကားကို ဖန်တီးထုတ်လုပ်ခဲ့တာပါ။ ခုချိန်မှာတော့ Pixar ဟာ ကမ္ဘာ့ အအောင်မြင်ဆုံးကာတွန်းရုပ်ရှင် စတူဒီယို ဖြစ်နေပါပြီ။ ပြောစမှတ်ပြုစရာ အလှည့် အပြောင်းမှာ Apple က ကျနော့်ရဲ့ NeXT ကုမ္ပဏီကို ဝယ်ပါတယ်။ ကျနော် Apple ကို ပြန်ရောက်သွားပါတယ်။ NeXT မှာ ကျနော်တို့ စတင်ခဲ့တဲ့ နည်းပညာဟာ Apple ပြန်လည် ဆန်းသစ်ခြင်းရဲ့ ဗဟိုချက်မှာ ရှိပါတယ်။ Laurene နဲ့ ကျနော်တို့ကတော့ အင်မတန် ပျော်စရာကောင်းတဲ့ မိသားစုလေးတခု ဖြစ်လာပါတယ်။

ကျနော်သာ Apple က အလုပ်ထုတ်မခံခဲ့ရရင် ဒါတွေတခုမှ ဖြစ်လာမှာ မဟုတ်တာ အတော်သေချာပါတယ်။ အလုပ် ထုတ်ခံရခြင်းဟာ အင်မတန်အဝင်ဆိုးတဲ့ ဆေးခါးကြီးပါ။ ဒါပေမဲ့ လူနာကိုကြည့်ရတာလဲ ဒီလိုဆေးမျိုး လိုနေပုံ ပါဘဲ။ တခါတလေ တော့လဲ ဘဝမှာ ခေါင်းကိုအုတ်ခဲနဲ့ထုသလို ခံရတာမျိုး ရှိပါတယ်။ မိမိယုံကြည်ရာကို မစွန့်လွှတ်ပါနဲ့။ ကျနော့်ရဲ့ ဘဝ တလျှောတ်လုံးမှာ အရာရာကို ဖြတ်ကျော်ဖို့ ခွန်အားပေး နေခဲ့တာဟာ ကျနော့်အလုပ်ကို ကျနော် ချစ်ခင် စွဲလမ်းမှုပဲလို့ ကျနော်ယုံကြည် ပါတယ်။ ဘွဲ့ရမောင်မယ် တို့လဲ ကိုယ့်ရဲ့ အချစ်စစ်အချစ်မှန်ကို တွေ့အောင်ရှာပါ။ ဒီအ ဆိုဟာ မောင်မယ် တို့ရဲ့ ချစ်သူရည်းစားရှာဖို့နဲ့ဆိုင်သလို အလုပ်ရှာဖို့နဲ့လဲ သက်ဆိုင်ပါတယ်။

ခုချိန်ထိမတွေ့သေးဘူးဆိုရင်လဲ တွေ့တဲ့အထိ ဆက်ရှာပါ။ ရရာနဲ့မကျေနပ်ကြပါနဲ့။ နှလုံးသားရေးရာကိစ္စဆိုတော့ တွေ့ပြီ လား၊ မတွေ့သေးဘူးလား ဆိုတာကို ကိုယ့်ဟာကိုယ် သိလာပါလိမ့်မယ်။ ပြီးတော့ ဘဝအဖော်မွန်တွေရဲ့ သဘာဝအတိုင်း နှစ်ကြာလေပိုပြီး ခိုင်မြဲလာလေလေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် မောင်မယ်တို့ အချစ်စစ်အချစ်မှန်ကို တွေ့အောင်ရှာ ကြပါ။ ရရာလေးနဲ့ မရောင့်ရဲလိုက်ကြပါနဲ့။

ကျနော့်ရဲ့ တတိယ ဇာတ်လမ်းကတော့ သေခြင်းတရား အကြောင်းပါ။

ကျနော်အသက် ၁၇ နှစ်မှာ ကောက်နှုတ်ချက် စာသားတခု ဖတ်ခဲ့ရပါတယ်။ မှတ်မိသလောက်ဆိုရင်တော့ “နေ့တိုင်းကို သင့်ဘဝရဲ့ နောက်ဆုံးနေ့အဖြစ် နေထိုင်ခဲ့ရင် တနေ့မှာတော့ အဲဒီအတိုင်းဖြစ်လာဖို့ သေချာပါတယ်” တဲ့။ ဒီစာသားက

ကျနော့်စိတ်မှာထင်ဟပ် သွားခဲ့ပါတယ်။ အဲဒီကစပြီး နောက် ၃၃ နှစ်လုံး မနက်အိပ်ရာထမှာ မှန်ကိုကြည့်ပြီး ကိုယ့်ကို ကိုယ် မေးခဲ့ပါတယ်။ “ဒီနေ့သာ ငါ့ဘဝရဲ့ နောက်ဆုံးနေ့ဆိုရင် ဒီနေ့ လုပ်မဲ့အလုပ်တွေကို ငါ လုပ်ချင်ပါ့မလား” မေးခွန်းရဲ့ အဖြေဟာ ရက်ပေါင်းများစွာ ဆက်တိုက် “မလုပ်ချင်ဘူး” ဖြစ်နေပြီဆိုရင်တော့ အပြောင်းအလဲ တခုခုလုပ်ဖို့ လိုနေပြီလို့ ကျနော် သိလိုက်ပါတယ်။

ဘဝအတွက် အလွန်အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကိုချရာမှာ အရေးကြီးဆုံး အထောက်အပံ့ကိရိယာအဖြစ် ကျနော်တွေ့ ရှိခဲ့တာကတော့ သေခြင်းတရားဟာ လက်တကမ်းမှာပဲ ရှိတယ်လို့ သတိချပ်ခြင်းပါ။ ဘာလို့လဲဆိုတော့ အရေးမပါတဲ့ မျှော်မှန်းချက်တွေ၊ ဂုဏ်မာနတွေ၊ အရှက်ကွဲမှာ ဒါမှမဟုတ် ရှုံးနိမ့်မှာကို ကြောက်တဲ့စိတ်တွေ ဒါတွေ အားလုံးနီးပါးဟာ သေခြင်းတရား ဆိုတာနဲ့ ရင်ဆိုင်တွေ့လိုက်ရင် အလိုလို ပျောက်ကွယ်သွားပြီး တကယ့်ကို အရေးကြီးတဲ့အရာတွေသာ ကျန်ရစ်ခဲ့ပါတယ်။ မင်းမှာလက်လွှတ် ဆုံးရှုံးစရာ ပိုင်ဆိုင်မှုတွေရှိတယ်ဆိုတဲ့ အတွေးထောင်ချောက်ကို ရှောင်လွှဲဖို့ နည်း လမ်းတွေထဲမှာ ကျနော်သိတဲ့ အကောင်းဆုံး နည်းကတော့ မင်းဟာသေရတော့မှာဘဲလို့ သတိချပ်ခြင်းပါ။ မင်းဟာ ဗ လာထီးထီး ကိုယ်ချည်းဖြစ်သွားပါပြီ။ အဲဒီတော့ ကိုယ့်နှလုံးသားရဲ့ ခေါ်ရာနောက်ကို မလိုက်ဘဲနေဖို့ရာ အကြောင်းမရှိ တော့ပါ။

လွန်ခဲ့တဲ့ တနှစ်လောက်က ကျနော့်မှာ ကင်ဆာရောဂါရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။ မနက် ၇နာရီ ခွဲမှာ ဆေးဓာတ်မှန်ရိုက် ပါတယ်။ ကျနော့်ရဲ့ သရက်ရွက် (Pancreas) မှာ အကြိတ်ရှိတာ ဓာတ်မှန်မှာ ထင်းထင်းကြီး ပေါ်နေပါတယ်။ သရက်ရွက်

ဆိုတာဘာလဲဆိုတာတောင်မှ ကျနော်မသိခဲ့ပါ။ ဒီလို ကင်ဆာမျိုးဟာ ကုစရာဆေးမရှိတဲ့ ကင်ဆာမျိုးဖြစ်ဖို့ အတော်သေ ချာတယ်လို့ ကျနော့်ကို ဆရာဝန်ကြီးတွေက ပြောခဲ့ပါတယ်။ ပြီးတော့ နောက် ၃လ ကနေ ၆လ အထိဘဲနေရဖို့ မျှော် လင့်ထားပါလို့ ပြောပါတယ်။ ဒါဟာဘာအဓိပ္ပါယ်လဲဆိုတော့ ကျနော့်ရဲ့ ကလေးတွေကို နောင် ၁၀ နှစ် အတွင်းမှာ ပြောပြ ဖို့ စဉ်းစားထားသမျှကို နောင်လ အနည်းငယ်အတွင်းမှာ အကုန်အစင်ပြောဖို့ ကြိုးစားပါ ဆိုတဲ့ အဓိပ္ပါယ် ပါပဲ။ ကျန်ရစ် သူမိသားစု ဒုက္ခမများရလေအောင် ရှိသမျှ ကိစ္စတွေအားလုံးကို လက်စသိမ်းပါဆိုတဲ့ အဓိပ္ပါယ်ပါ။ သွားတော့မယ်လို့ နှုတ်ဆက်တော့ဆိုတဲ့ အဓိပ္ပါယ်ပါ။

တနေ့လုံး ဒီကင်ဆာ အကြောင်းကဘဲ ကျနော့်ကို လွှမ်းမိုးထားခဲ့ပါတယ်။ အဲဒီနေ့ ညနေမှာတော့ အသားစထုတ်ပြီး ဆေး စစ်ခံခဲ့ရပါတယ်။ ခန္ဓာကိုယ် အတွင်းပိုင်းကြည့် ကရိယာကို ကျနော့်လည်ချောင်း ထဲကတဆင့် အစာအိမ်ကိုဖြတ်ပြီး အူ သိမ်ထဲကိုရောက်အောင် ထည့်ပါတယ်။ ပြီးတော့မှ ကျနော့်ရဲ့ သရက်ရွက်ကို အပ်နဲ့စိုက်ပြီး အသားစ အနည်းငယ်ကို ထုတ်ယူပါတယ်။ အဲဒီအချိန်မှာ ကျနော်က မေ့ဆေးနဲ့ မျောနေခဲ့ပါတယ်။ ဒါပေမဲ့ အတူရှိနေတဲ့ ဇနီးက ပြန်ပြောခဲ့တာက ဒီအသားစကို အဏုကြည့် မှန်ဘီလူးအောက်မှာ ကြည့်ခဲ့တဲ့ ဆရာဝန်ကြီးတွေ “ဟေးကနဲ…” ထပြီးအော်ခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ ကျနော့်ရဲ့ကင်ဆာဟာ အင်မတန်မှ ရှားပါးတဲ့ ခွဲစိတ်ပြီးကုသလို့ရတဲ့ သရက်ရွက်ကင်ဆာမျိုး ဖြစ်နေ လို့ပါ။ ကျနော် ခွဲစိတ်ကုသခံခဲ့ရပါတယ်။ ကျနော် အခုနေကောင်းပါပြီ။

ဒါဟာ ကျနော့်အဖို့ သေခြင်းတရားနဲ့အနီးကပ်ဆုံးရင်ဆိုင်ဖြစ်ခဲ့ခြင်းပါဘဲ။ နောင် ၁၀ နှစ်၊ အနှစ် ၂၀ အတွင်းမှာလဲ ဒီထက် ပိုပြီးနီးနီးစပ်စပ် မတွေ့ကြုံရတော့ဘူးလို့ မျှော်လင့်ပါတယ်။ ဒီဖြစ်ရပ်ကို ကိုယ်တွေ့ကြုံရတဲ့ အတွက်ကြောင့် ဘွဲ့ရမောင် မယ်တို့ကို သေခြင်း တရားအကြောင်း ပြောပြရာမှာ သုံးဖြစ်ရုံ ဥာဏ်သိအဓိပ္ပါယ်ဖွင့်ဆိုချက်ထက် နဲနဲပိုပြီး သေသေချာ ချာ ကျနော် ပြောနိုင်ပါပြီ။

*ဘယ်သူမှမသေချင်ပါဘူး။ ကောင်းကင်ဘုံကို သွားချင်တဲ့သူများတောင်မှ အဲဒီကိုရောက်ဖို့ မသေချင်ကြပါဘူး။ သို့သော် လည်း လူတိုင်းဟာ တနေ့တော့ သေကြရမှာပါ။* ခုထက်ထိ သေခြင်းတရားကို လွန်ဆန်နိုင်တဲ့သူ ဆိုတာ မရှိသေးပါ။

ဒါဟာလဲ ဖြစ်သင့်လို့ပါ။ ဘဝတရားရဲ့ တခုတည်းသော အကောင်းဆုံးဖန်တီးမှုဟာ မရဏတရား ဖြစ်စရာအကြောင်း ရှိပါ တယ်။ မရဏတရားဟာ ဘဝဖြစ်တည်ခြင်းတရားရဲ့ အပြောင်းအလဲဖြစ်အောင် ဖော်ဆောင် ပေးတဲ့အရာပါ။ မရဏတရား က ဟောင်းဆွေးအိုမင်းမှုတွေကို ဖယ်ရှားပြီး နုပျိုသစ်လွင်မှုတွေနဲ့ အစားထိုးပေးနေပါတယ်။ ဒီနေ့ဒီအချိန်အခါမှတော့ ဘွဲ့ရမောင်မယ်တို့ဟာ နုပျိုသစ်လွင်မှုတွေနဲ့ အပြည့်ပါ။ သို့သော်မကြာတော့တဲ့ အခါမှာ မောင်မယ်တို့လဲ အိုမင်းရင့်ရော် လာမှာပါ။ ပြီးတော့အဖယ်ရှားခံကြရမှာပါ။ စိတ်ထိခိုက်အောင်ပြောမိတာကို ကျနော် တောင်းပန်ပါတယ်။ သို့သော်လဲ ဒါက အမှန်တရားပါ။

ဘွဲ့ရမောင်မယ်တို့မှာ အချိန်တွေအများကြီးမရှိတော့ပါဘူး။ ဒီတော့တခြားသူတွေ နေသလိုဘဲနေပြီး အချိန်ကိုမဖြုန်းပါနဲ့။ သူများတွေရဲ့ အတွေးအထင်ထဲကအတိုင်း နေရတဲ့ဘဝကို တရားသေဆုပ်ကိုင်ထားပြီး ချောင်ပိတ်မမိပါစေနဲ့။ မိမိရဲ့အ တွင်းစိတ်က နှိုးဆော်သံကို သူတပါးတွေရဲ့ထင်မြင်ချက် အနှောင့်အယှက်သံတွေက ဖုံးလွှမ်းမသွားပါစေနဲ့။

*ဒီထက်ပိုပြီးအရေးကြီးဆုံးအချက်ကတော့ ကိုယ့်ရဲ့ နှလုံးသားနဲ့ ရင်တွင်းသိစိတ်တို့က ခေါ်ဆောင်ရာကိုလိုက်ပါ။* သူတို့ က မောင်မယ်တို့ အမှန်တကယ် ဘာဖြစ်ချင်တယ်ဆိုတာကို သိနေကြပြီးသားပါ။ ကျန်တဲ့အရာတွေအားလုံးက သာမည အချက်တွေပါ။

ကျနော်ငယ်စဉ်အခါက “The Whole Earth Catalog” ဆိုတဲ့ အင်မတန် ပြောင်မြောက်တဲ့ ကတ်တလောက်စာအုပ် တခု ရှိခဲ့ဘူးပါတယ်။ ဒီစာအုပ်ဟာအဲဒီတုန်းက ကျနော်တို့တွေအတွက်တော့ ကိုးကွယ်စရာကျမ်းစာတွေထဲက တအုပ်ပေါ့။

အဲဒီစာအုပ်ရဲ့ ဖန်တီးရှင်ကတော့ ဒီ Stanford တက္ကသိုလ် နဲ့ သိပ်မဝေးတဲ့ Menlo Park မှာနေတဲ့ Stewart Brand ဆို သူပါ။ ဒီစာအုပ်ကို သူက ကဗျာဆန်ဆန်အလှတွေနဲ့ ချယ်မှုန်းပြီးထုတ်ဝေခဲ့တာပါ။ ဒီစာအုပ်ကို ထုတ်ဝေချိန်က ၁၉၆၀ ခုနှောင်းပိုင်းကာလ ကွန်ပျူတာနဲ့ ကွန်ပျူတာစာစီလုပ်ငန်းတွေ မပေါ်ခင်ကပါ။ အဲဒီတော့ စာအုပ်တအုပ်လုံးက လက်နှိပ် စက်ရိုက်၊ ကပ်ကြေး နဲ့ကိုက်၊ Polaroid ကင်မရာနဲ့ ဓာတ်ပုံတွေရိုက်ပြီး စာအုပ်ကို ဖန်တီးရတာပါ။ Google ကို စာအုပ် အဖြစ် ဖတ်ရသလိုပါပဲ။ ဒ်ီစာအုပ်ဟာ Google မတိုင်ခင် ၃၅ နှစ်က ပေါ်ခဲ့တာပါ ။ တကယ့်ကို စံနမူနာယူစရာ စာအုပ်ပါ။ စာအုပ်တခုလုံးလဲ သပ်ရပ်လှပတဲ့ ကရိယာတွေနဲ့ အကြံကောင်းတွေနဲ့ ပြည့်နေပါတယ်။

Stewart နဲ့သူ့အဖွဲ့သားတွေဟာ “The Whole Earth Catalog” စာအုပ် တော် တော်များများကို ထုတ်ဝေခဲ့ပါတယ်။ ထုတ်ဝေခြင်းကနေ ရပ်ဆိုင်းရတဲ့အခါမှာတော့ သူတို့တတွေ နောက်ဆုံးနှုတ်ဆက် ခြင်းစာအုပ်ကို ထုတ်ကြပါတယ်။ အဲဒီအချိန်မှာ ကျနော်က ခုဘွဲ့ရမောင်မယ်တို့ရဲ့ အရွယ်၊ ၁၉၇၀ နှစ်လယ်ကာလများပါ။ နှုတ်ဆက်စာအုပ်ရဲ့ ကျောဖုံးပုံက မနက်စောစော တောဘက်ကကားလမ်းလေးတခုရဲ့ ဓာက်ပုံပါ။ စွန့်စားခန်း အင်မတန် ကြိုက်သူများ ကားကြုံစီးခရီးထွက်ရာမှာ တွေ့ကောင်းတွေ့ဖူးကြမဲ့ ကားလမ်းလေးမျိုးပါ။ အောက်မှာစာတန်းလေးရေး ထားပါတယ်။ “ဆာလောင်မွတ်သိပ်ပါ။ အရူးထပါ။” တဲ့။

ဒါသူတို့ရဲ့ နောက်ဆုံးစာအုပ်မှာ နောက်ဆုံးနှုတ်ဆက်တဲ့စကားပါ။ ကျနော် ကိုယ်တိုင်လဲ ဒီဆုကိုပဲ အမြဲတမ်းတောင်းခဲ့ ပါတယ်။ ခုဘွဲ့ရမောင်မယ် တို့ဘဝအသစ် စကြရတော့မယ်ဆိုတော့ မောင်မယ်တို့ကိုလဲ ဒီဆုကိုပဲ တောင်းပေးပါ့မယ်။

“ဆာလောင်မွတ်သိပ်ပါ… အရူးထပါ…”

အားလုံးကိုကျေးဇူးတင်ပါတယ်။

more.gif

24 January 2011

အာဏာသိမ်းကြပုံများ

2002-ခုနှစ် လုပ်ကြံမှု
မြန်မာဆိုရှယ်လစ်လမ်စဉ် ပါတီဥက္ကဋ္ဌဟောင်း ဦးနေဝင်း၏ သမတ်ဖြစ်သူ ဦးအေးဇော်ဝင်းနှင့် မြေးများ
ဖြစ်ကြသည့် အေးနေဝင်း၊ ကျော်နေဝင်း၊ဇွဲနေဝင်းတို့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေအမှူးပြုသည့်နိုင်ငံတော်
ခေါင်းဆောင်ကြီးများကို မိမိတို့၏ အဖိုးဖြစ်သူ ဦးနေဝင်းထံ ထိန်းသိမ်းခေါ်ဆောင်သွားပြီး ဦးနေဝင်းစိတ်
တိုင်းကျ ပြောင်းလွှဲမှုများပြုလုပ်စေရန်-ဦးနေဝင်းအမိန့်အတိုင်း မလိုက်နာသူများကို ဖမ်းဆီးထိန်းသိမ်း
ထားရန်နှင့် တပ်မတော်ခေါင်းဆောင်များ အပြောင်းအလွှဲပြုလုပ်ရန် ကြံစည်ခဲ့ကြသည်၊ သက်ဆိုင်က -
အချိန်မှီသိရှိ၍ အဖမ်းအဆီးခံရပြီး သားအဖ လေးဦးစလုံး သေဒဏ်နှင့် တစ်သက်တစ်ကျွန်းဒဏ်များ ကျ
ခံစေရန်အပြစ်ပေးခံကြရသည်၊ထိုကြံစည်မှု၌သွေးဆောင်စည်းရုံးသိမ်းသွင်းခံရသူကာကွယ်ရေးဦးစီးချုပ်
(လေ) နှင့် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူးစသော တပ်မတော်အရာရှိကြီးများလည်း အရေး
ယူခံကြရသည်။ အတွင်းကျကျ ပါဝင်ပတ်သက်ခဲ့သည့်  ဦးနေဝင်း၏သမီး ဒေါ်ခင်စန္ဒာဝင်းနှင့် ထိန်ချန်မှုကို
ကျူးလွန်ခဲ့သူ ဦးနေဝင်းတို့ကိုမူ တစ်စုံတစ်ရာ အရေးယူ အပြစ်ပေးခြင်းမပြုခဲ့ပေ၊။(ယခုအခါတွင်မူဦးနေဝင်း
သည် အထီးကျန် ညိုးငယ်စွာဖြင့် ကွယ်လွန်သွားခဲ့ပြီးဖြစ်သည်။)
1988-ခုနှစ် လုပ်ကြံမှု (၂)
ဦးနု စစ်ပြိုင်အစိုးရဖွဲ့ပြီး၍ (၉) ရက်အကြာ စက်တင်ဘာ (၁၈) ရက်နေ့တွင် ဗိုလ်ချုပ်ကြီး စောမောင်
ဦးဆောင်သောတပ်မတော်ခေါင်းဆောင်များက ဒေါက်တာမောင်မောင်အစိုးရထံမှအာဏာ သိမ်းရန်
ကြံစည်ခဲ့ကြသည်၊ နှစ်ဘက်ကြိုတင် ညှိနှိုင်းထားမှုကြောင့် အခက်အခဲတစ်စုံတစ်ရာမရှိအလွယ်တကူ
ပင်အာဏာသိမ်းနိုင်ခဲ့သည်။(၁၉၅၈ခုနှစ်တုန်းကလိုအာဏာလွှဲပြောင်းခြင်းဖြစ်သည်၊အာဏာသိမ်းခြင်း
မဟုတ်ဟုဆိုသော်လည်း၊ အာဏာသိမ်းသည်ဟုသာအများကမြင်ကြသည်။)အာဏာသိမ်းမှုကိုဝန်ကြီး
ချုပ်ဟောင်း ဦးနု၊ ဗိုလ်ချုပ်ကြီးဟောင်းသူရ ဦးတင်ဦး၊ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီး၊ ဗိုလ်မှူးချုပ်
ဟောင်း ဦးအောင်ရွှေ၊ ဗိုလ်မှူးကြီးဟောင် ဦကြည်မောင်၊ဗိုလ်ချုပ်အောင်ဆန်း၏ သမီ ဒေါ်အောင်ဆန်း
စုကြည်စသောလူထုခေါင်းဆောင်အားလုံးကပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြသည်၊"စစ်တပ်ကအာဏာ
သိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်လာမည့်အကျိုးဆက်အားလုံးအတွက်စစ်အစိုးရတွင်သာလုံးဝတာဝန်ရှိမည်ဖြစ်
ကြောင်း"ကြေငြာချက်ထုတ်ခဲ့ကြသည်။
"ယခုလိုစစ်တပ်က ဝင်လာခြင်းသည် ပိုမိုသွေးဆွသလိုဖြစ်ပြီ့း ပဋိပက္ခအသွင်ကို ပို၍ ဆောင်သွားသည်ဟု
မြင်ကြောင်း၊ ဒီမိုကရေစီအရေး ရပ်တန့်သွားဖို့အတွက် ယခုလိုလက်နတ်နဲ့လုပ်ခြင်းသည်ဘယ်သမိုင်းမှာမှ
အဆုံးသတ်အောင်မြင်မှုမရှိကြောင်းသမိုင်းမှာတပ်ရဲ့အစဉ်အလာဆိုးဝါးသွားကြောင်းလူထုအင်မတန်ရွံရှာ
မုန်းတီးသည့် တပ်မတော်ဖြစ်သွားရသည်မှာ ရင်နာစရာကောင်းလှကြောင်း"ဦးတင်ဦးကပြောခဲ့သည်။
အာဏာလည်းရှိ နိုင်ငံတော်ခေါင်းဆောင်ကြီးများအထဲမှ တစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆည်းထိန်းသိမ်း
မှုမပြုဘဲဒီမိုကရေစီအင်အားစုများနှင့်ဒီမိုကရေစီခေါင်ဆောင်များကိုသာရန်သူသဖွယ်သဘောထားပြီး
ဖြိုခွဲနှိမ်နှင်း၍ အရေးယူခဲ့ခြင်း၊ယခင်ခေါင်းဆောင်ဟောင်းကြီးများ၏ သြဇာလွှမ်းမိုးမှုကို ခံယူနေခြင်း၊
ယခင်ပါတီဟောင်းနှင့်ခေါင်ဆောင်ဟောင်းးကြီးမျာအတွက်ရှေ့နေလိုက်ကာကွယ်ပေးနေခြင်းစသည်
တို့ကြောင့်ဗိုလ်ချုပ်ကြီးစောမောင် အစိုးရမှာ တိုင်းပြည်အတွက် မနားမနေ အလုပ်လုပ်ပေးသော်လည်း
ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုကို ရသင့်သလောက် မရဘဲ ဖြစ်ခဲ့ရလေသည်၊(ယခုအခါတွင်မူ
ဒေါက်တာမောင်မောင်ရောဗိုလ်ချုပ်ကြီးစောမောင်ပါ ကွယ်လွန်သွားခဲ့ကြပြီးဖြစ်သည်။)

1988-ခုနှစ် လုပ်ကြံမှု
၁၉၈၈-ခုနှစ် ဒီမိုကရေစီ အရေးအခင်းကြီး ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၉-ရက်နေ့၌ နိုင်ငံတော် ဝန်းကြီး
ချုပ်ဟောင်း ဦးနုက "မိမိသာလျှင် ပြည်သူက ရွေးချယ်တင်မြောက်ထားသည့် တရားဝင်ဝန်ကြီးချုပ်
ဖြစ်ကြောင်းဦးနေဝင်းမိမိထံမှအာဏာသိမ်းယူသွားပြီးနောက်ပိုင်းပေါ်ပေါက်ခဲ့သောအစိုးရအဆက်
ဆက်သည် တရားမဝင်းကြောင်း၊ မိမိသာ တရားဝင် ဝန်ကြီးချုပ်ဖြစ်၍ နိုင်ငံတပ်မတော် အနေဖြင့်
ဝန်ကြီးချုပ်၏အမိန့်ကိုသာနာခံရမည်ဖြစ်ကြောင်း၊ယခင်သမ္မတဟောင်းဦိးဝင်းမောင်ကိုနိုင်ငံတော်
သမ္မသအဖြစ်တင်မြှောက်ကြောင်း၊ဗိုလ်ချုပ်ကြီးဟောင်းဦးတင်ဦးကိုကာကွယ်ရေဝန်းကြီးအဖြစ်ခန့်
အပ်ကြောင်း"စသည်ဖြင့် ကြေငြာပြီး စစ်ပြိုင်အစိုးရ ထူထောင်သည်။ နိုင်ငံရေး ဝါရင့်သူ ပီပီ ဒီမိုကရေစီ-
အမြန်ရရေးအတွက် ဆောက်ရွက်လိုက်ဟန်ရှိသော်လည်း ပြည်သူလူထုက သဘောတရားနားမလည်ဘဲ
၎င်း၏လုပ်ရက်ကို မထောက်ခံသဖြင့် စစ်ပြိုင်အစိုးရမှာ အရာမထင်ဘဲ ဖြစ်သွားရသည်၊ ဦးနုကို တစ်စုံတရာ
အရေးယူခြင်းမပြုခဲ့ပေ၊
၁၉၉၀-ခုနှစ် ရွေးကောက်ပွဲ နီးလာသည့်အခါ နဝတ'က ဦးနုအား "စစ်ပြိုင်အစိုးရကို ဖျက်သိမ်းပေးရန်" ပြော
လာသည်တွင် ဦးနုက "မိမိထံမှ ဦးနေဝင်း အာဏာသိမ်းသွားသည့် ကိစ္စတွင် ဦးနေဝင်းကို ဘာမှ မပြောဘဲ
မိမိကိုယ်သာ အပြစ်ပုံချနေခြင်းမှာ မတရားကြောင်း တူမောင် ဗိုလ်ချုပ်တို့ကို မေတ္တာလည်းမပျက်' ကြောက်
လည်းမကြောက်ကြောင်း၊ မိမိကို သတ်လိုကသတ်နိုင်ကြောင်၊ မိမိသေသွားလျှင်မူ မိမိအလောင်းကို ရေသ
တွာများ စားသုံးနိုင်ရန် မြစ်ထဲသို့ ပစ်ချပေးစေလိုကြောင်း"အကြောင်းပြန်လိုက်သဖြင့်ရွေးကောက်ပွဲဝင်ခွင့်
မရရုံမက နေအိမ်၌ အကျယ်ချုပ် ချထားခြင်းကိုပါ ခံရသည်၊ဦးနုသည် အရေးခင်အပြီးပါတီများဖွဲ့သောအခါ
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့၏ နာယကကြီးအဖြစ်ဆောင်ရွက်သည်၊ ထိုသို့ဆောင်ရွက်နေစဉ် အကျယ်
ချုပ် ချထားခံရခြင်းဖြစ်၍ ဇနီး ဒေါ်မြရီက ဦးနုကိုယ်စား ရွေးကောက်ပွဲ အောင်နိုင်ရေး တရားဟောရသည်။
မိမိတို့အဖွဲ့သာ အာဏာရခဲ့ပါက ဆန်တစ်ပြည် ၆၅- ပြား ပြန်ဖြစ်အောင် ဆောင်ရွက်ပေးမည်"ဟုထည့်သွင်း
ဟောပြော စည်းရုံးခဲ့သော်လည်း ဦးနု ဦးဆောင်သော ဒီ-ငြိမ်း အဖွဲ့သည် မဲဆန္ဒနယ် တစ်နယ်မှ အနိုင်မရခဲ့
ပေ။ ။

1977-ခုနှစ် လုပ်ကြံမှု

နိုင်ငံတော်ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီးစန်းယုနှင့် ရင်းနှီးအကျွမ်းဝင်သူ ဦးမန်းငွေအောင်နှင့် အဖွဲ့
က- ဦးနေဝင်၊ ဗိုလ်ချုပ်ကြီး စန်းယုနှင့် အပေါင်းပါကို လုပ်ကြံရန် ကြံစည်ခဲ့သည်။ နိုင်ငံတော် အခန်းအနား
များ၌ အသံချဲ့စက်ကိုင်ရသူ မောင်ကျော်ထူးနှင့် ပူးပေါင်းပြီး အသံချက်စက်ပုံးများအတွင်း လက်နက်ငယ်
များထည့်ယူကာ ပစ်ခတ်လုပ်ကြံရန် ကြံရွယ်ခဲ့ကြသော်လည်း အကြံမအောင်မီ သက်ဆိုင်ရာက သိရှိသွား
၍ -အဖမ်းခံကြရသည်။
အမှုစစ်ဆေးသည့်အခါ ဦးမန်းငွေအောင်က"မိမိိသည် နိုင်ငံတော်အကြီးအကဲများနှင့် ရင်းနှီးသူဖြစ်ကြောင်း
၎င်းတို့အား ပုဂ္ဂိုရေး မုန်းတီးမှုကြောင့် ယခုလို ကြံစည်ရခြင်းမဟုတ်ကြောင်း၊ နိုင်ငံတော်နှင့် တိုင်းသူပြည်
သားများ ကြီးပွားတိုးတက် ချမ်းသာရေးအတွက် ကြံစည်ရခြင်းဖြစ်ကြောင်း၊ ဤကြံစည်မှုအတွက် မိမိအား
သေဒဏ်ပေးလိုက ပေးနိုင်ကြောင်း" ထည့်သွင်းအစစ်ခံခဲ့သည်၊ အစစ်ခံသည့်အတိုင်းပင် ဦးမန်းငွေအောင်
ဦးမန်းဒါဝိတ်၊ ကျော်ထူးနှင့် ဦးထိန်းလင်းတို့ လေးယောက်စလုံး သေဒဏ်အပြစ်ပေးခံကြရသည်၊ သို့ရာတွင်
၁၉၈၀-ခုနှစ်၌ နိုင်ငံတော်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် အမှတ်၂/၈၀-ဖြင့်ပြန်လည်လွတ်မြောက်
လာခဲ့ကြပြီးနောက် ဦးမန်းငွေအောင်သည် ၁၉၈၁- နှစ် တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ အသံလွှင့်ရုံကို လောင်
ချာသေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှု၌ ကျဆုံးခဲ့သည်။ ။

1976- ခုနှစ် လုပ်ကြံမှု
ဗိုလ်ကြီးအုန်းကျော်မြင့် ဦးဆောင်သော တပ်မတော်အရာရှိများက ဦးနေဝင်း အမှူးပြုသော နိုင်ငံတော်
ခေါင်းဆောင်ကြီးများကို လုပ်ကြံသတ်ဖြတ်ပြီး ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးကို နိုင်ငံတော်ခေါင်းဆောင်
တင်မြောက်ရန် ကြံစည်ခဲ့သည်၊ "မြန်မာနိုင်ငံမှာ နံပါတ်ဝမ်း (ဦးနေဝင်း)ရယ် နံပါတ်တူး(ဗိုလ်ချုပ်ကြီး စန်း
ယု)ရယ် အက်စ်ဝမ်း(ဦးသောင်းကြည်)ရယ် မျက်မှန်ကြီး (ဗိုလ်မှူးချုပ်တင်ဦး)ရယ် ခြယ်လှယ်နေကြောင်း၊
သူတို့ကို ရှင်းပစ်နိုင်မှ တိုင်းပြည်တိုးတက်ကြီးပွားချမ်းသာနိုင်မည် ဖြစ်ကြောင်း" တိုင်ပင်ပြောဆိုကြပြီး -
သမ္မတအိမ်တော်ကို စစ်လေယဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ရန် အထိ ကြံရွယ်ခဲ့ကြသော်လည်း၊ အကြံမအောင်
မြင်မီ ပေါက်ကြားသွားသဖြင့် အဖမ်းခံရသည်၊ လိုက်လံ ဖမ်းဆီးသည့်အခါ ဗိုလ်ကြီးအုန်းကျော်မြင့်သည်
ကိုယ်တိုင်ကားမောင်း၍ အမေရိကန်သံရုံးအတွင်း ဝင်ပြေးရာ သံရုံးက အဝင်မခံသဖြင့် သံရုံးအဝမှာပင်
အဖမ်းခံရသည်။

ဗိုလ်ကြီးအုန်းကျော်မြင့် သေဒဏ်နှင့် ထောင်ဒဏ် ၁၄- နှစ် အပြစ်ပေးခံရပြီး ဗိုလ်ကြီးဝင်းသိန်း တစ်သက်
တစ်ကျွန်း ဒဏ်ခံရသည်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်မှူးကြီး လှဖေ ထောင်ဒဏ် ၁၀- နှစ်
ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး ထိန်ချန်မှုဖြင့် ထောင်ဒဏ် ၇- နှစ်၊ ဗိုလ်မှူးစိန်မြင့်နှင့် ဗိုလ်ကြီးဘချစ်တို့
ထောင်ဒဏ် ၅- နှစ်စီ အသီးအသီး အပြစ်ပေးခံရသည်၊ ဒုတိယခေါင်းဆောင်အဖြစ် ပါဝင်လှုပ်ရှားခဲ့သူ
ဗိုလ်ကြီး ထွန်းကျော်နှင့် ဦးတင်ဦး၏ ကိုယ်ရေးအရာရှိဟောင်း ဗိုလ်ကြီးစံကြည်တို့မှာမူ နိုင်ငံတော်သက်
သေအဖြစ် အစစ်ခံခဲ့ကြသည့်အတွက် အပြစ်ပေးမခံကြရပေ၊ ၊



1962-ခုနှစ်လုပ်ကြံမှု
ပြည်နယ်များက ခွဲထွက်ရေးဖက်ဒရယ်မူ တင်ကြသဖြင့် နိုင်ငံတော်ပြိုကွဲမည့် အန္တရယ်ရှိသည်ဟု
ဆိုကာ ဗိုလ်ချုပ်ကြီးနေဝင်း၊ဗိုလ်မှူးချုပ်အောင်ကြီးတို့ အမှူးပြုသော တပ်မတော်ခေါင်းဆောင်များ
က-ဝန်ကြီးချုပ်ဦးနု အစိုးရထံမှ အာဏာသိမ်းရန် ဒုတိယအကြိမ် ကြံစည်ခဲ့ကြသည်။အာဏာသိမ်း
ပွဲ အစစ်ဖြစ်၍ ပြန်လည်ခုခံမှုများ ရှိသဖြင့် အငြိမ်စားသမ္မတကြီး စဝ်ရွှေသိုက်၏သား စဝ်ဝဏ္ဏ ကျ
ဆုံးခဲ့ရသည်၊လက်နက်ရှိသောတပ်မတော်က လက်နက်မရှိသော အရပ်သား ပြည်သူ့အစိုးရကို
စိတ်တိုင်းကျ လုပ်ကြံနိင်ခဲ့ရာ လုပ်ကြံမှုထမြောက်အောင်မြင်၍ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာရ
သွားပြီး ဝန်ကြီးချုပ်ဦးနု,သမ္မတကြီးဦးဝင်းမောင်, အငြိမ်းစားသမ္မတကြီး စဝ်ရွှေသိုက်စသောနိုင်
်ငံတော်ခေါင်းဆောင်ကြီးများ ဖမ်းဆီးထိန်းသိမ်းခံကြရသည်။
ဗိုလ်ချုပ်ကြီးနေဝင်းကို ယုံကြည်နေမိသူ ဝန်ကြီးချုပ်ဦးနုမှာ မိမိအဖမ်းခံရသည်ကို ဗိုလ်ချုပ်ကြီး
နေဝင်း၏လက်ချက်ဟု မမြင်,ဗိုလ်ချုပ်ကြီးပါ အဖမ်းခံရသည့်အထဲတွင် ပါသည်ထင်သဖြင့်"မင်းတို့
ဗိုလ်ချုပ်နေဝင်းကို သွားဖမ်းတော့ ခုခံသေးလား၊သွေးထွက်သံယိုမှုတွေကော ရှိလား"ဟုပင် မိမိကို
လာဖမ်းသူ စစ်အရာရှိအား မေးရှာသေးသည်၊ ဗိုလ်ချုပ်ကြီးမသိခင် လက်အောက် တပ်မတော်အရာ
များ၏ တပ်တွင်းပုန်ကန်မှုတစ်ခုသာဖြစ်ကြောင်း စွဲမြဲစွာ ယုံကြည်ယူဆထားသည့် ဝန်ကြီးချုပ်ဦးနု-
မှာ"တိုင်းပြည်အခြေအနေ ယိုယွင်းလာသည့်အတွက်စစ်တပ်က အာဏာသိမ်းလိုက်ရကြောင်း"ဗိုလ်
ချုပ်ကြီးနေဝင်း၏ အသံလွှင့် မိန့်ခွန်းကို ကြားလိုက်ရသည့်အခါ အကြီးအကျယ်ပင် အံသြသွားခဲ့သည်၊
"ဤသည်မှာ တိုင်းပြည်အခြေအနေ ယိုယွင်းလာခြင်းမဟုတ်ကြောင်း ဒီမိုကရေစီ စနစ်သဘောအရ
လွှတ်တော်အတွင်းဝယ် တရားဝင် ငြင်းကြ ခုံကြခြင်းသာဖြစ်ကြောင်း" ဝန်ကြီးချုပ်က ရှင်းပြသည်၊သို့
ရာတွင် ဗိုလ်ချုပ်ကြီးက နားမထောင်ဘဲ ဝန်ကြီးချုပ်အား ထောင်သွင်းအကျဉ်းချထားခဲ့သည်။
၁၉၆၆-ခုနှစ်တွင် ဗိုလ်ချုပ်ကြိးနေဝင်းသည် အင်းစိန်ထောင်တွင်းသို့ဝင်၍ ဝန်ကြီးချုပ်ဦးနုအား လာ
ရောက်တွေ့ဆုံရာ ဦးနုက "ဗိုလ်ချုပ် ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ၊အာဏာလိုချင်လို့လား၊အာဏာလို
ချင်ရင် စောစောစီးစီးပြောရောပေါ့၊၅၈-ခုနှစ်တုန်းကလို တရားဝင်ဖြစ်အောင် လွှတ်တော်ကတစ်ဆင့်
ကျနော် အာဏာလွှဲပေးမှာပေါ့"ဟုပြောသည့်အခါ သစ္စာဖောက်မိသူ ဗိုလ်ချုပ်ကြီးနေဝင်းမှာ မည်သို့မျှ
မပြောသာတော့ဘဲ ခေါင်းငုံ့လျက် ပ်ြလည်ထွက်ခွါသွားခဲ့ရသည်၊ (၁၆၉၉) ရက်တိုင်တိုင် ထောင်ထဲ၌
နေခဲ့ရပြီး ၁၉၆၆-ခုနှစ် ပြန်လည်လွတ်မြောက်လာပြီးနောက် ၁၉၆၈-ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်းက
နိုင်ငံရေးသမားဟောင်းကြီးများနှင့် တွေ့ဆုံပြီး နိုင်ငံတော်အတွက် အကြံဥာဏ်ကောင်းများပေးကြပါ
ရန်တောင်းခံသည့်အခါ ဦးနုက "ပြည်သူရွေးချယ်တင်မြှောက်ထားသည့် အစိုးရကိုဖြုတ်ချပြီးအာဏာ
သိမ်းထားခြင်းးမှာ ဥပဒေအရ တရားမဝင်းကြောင်း၊ထို့ကြောင့် တရားဝင်ဖြစ်အောင် မိမိကို အာဏာ
ပြန်အပ်စေလိုကြောင်း၊မိမိကလွှတ်တော်ခေါ်ယူပြီး လွှတ်တော်မှတစ်ဆင့် အာဏာပြန်လွှဲပေးမည်
ဖြစ်ကြောင်း" ဥပဒေနှင့်အညီပြောပြသည်ကို ဗိုလ်ချုပ်ကြီးနေဝင်က လက်မခံခဲ့ပေ။
ထိုနောက် ဦးနုသည် ဗုဒ္ဓဂယာသို့ ဘုရားဖူးသွားရောက်ရာမှ မြန်မာနိုင်ငံသို့ ပြန်မလာတော့ဘဲ
ပြည်ပ၌ပင် နှစ်ပေါင်းများစွာ နေထိုင်ကာ နိုင်ငံရေးလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ပြီး ၁၉၈၀-ခုနှစ်
ကျမှ နိုင်ငံတော်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာခဲ့
သည်။ (ယခုအခါ၌မူ ဦးနုရော ဗိုလ်ချုပ်ကြီးနေဝင်းပါ ကွယ်လွန် သွားခဲ့ကြပြီ ဖြစ်သည်။)


1958-ခုနှစ် လုပ်ကြံမှု

ဖဆပလ-နှစ်ခြမ်းကွဲသွားပြီးနောက် သန့်ရှင်း ဖဆပလခေါင်းဆောင် နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုက
"တိုင်းပြည်လွတ်လပ်ရေးရပြီး၍ ၁၀-နှစ်ကြာသည့်အထိ ပြည်တွင်းသောင်းကြမ်းမှု မချုပ်ငြိမ်းသေး
သဖြင့် ငြိမ်းချမ်းရေး ရစေရန် ရောင်စုံသူပုန်အားလုံးအား အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး
၎င်းတို့နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း" ကြေငြာလိုက်ရာ "တိုင်းပြည်မှာ သူပုန်ရှိမှ စစ်တိုက်ရ
မယ၊်စစ်တိုက်ရမှ ရာထူးတိုးမယ်"ဟုသောမူကို ကိုင်စွဲထားသူ ဗိုလ်ချုပ်ကြီးနေဝင်းမှာ သူပုန်မရှိဘဲ
ဖြစ်သွားမှာစိုးသဖြင့် " နိုင်ငံရေးသမားတွေ လုပ်ချင်ရာ လုပ်နေလျှင် စစ်တပ်က သည်းခံလိမ့်မည်
မဟုတ်"ဟုကြေငြာချက်ထုတ်ပြီး ဗိုလ်မှူးချုပ်အောင်ကြီး၊ဗိုလ်မှူးချုပ်မောင်မောင်၊ ဗိုလ်မှူးချုပ်တင်
ဖေတို့ကို ဝန်ကြီးချုပ် ဦးနုထံ စေလွတ်ပြီး ဝန်ကြီးချုပ်ထုတ်ပြန်သော အမိန့်ကို တပ်မတော်ကမကြေ
နပ်ကြောင်း၊ထို့ကြောင့် အာဏာသိမ်းမည်ဖြစ်ကြောင်းပြောခိုင်းလိုက်သည်။
ဝန်ကြီးချုပ်ဦးနုက "အာဏာမသိမ်းကြရန်၊ အာဏာသိမ်းမည်ဆိုလျှင် တိုင်းပြည်လည်း နစ်နာမည်၊
တပ်မတော်လည်း နာမည်ပျက်မည်ဖြစ်ကြောင်း၊ယခုထုတ်ပြန်လိုက်သည့် အမိန့်ကို တိုင်းပြည်ငြိမ်း
ချမ်းရေး အတွက်ဖြစ်၍ သဘောမတူစရာ ရှိမည်မထင်ကြောင်း၊ မိမိတို့ သန့်ရှင်းအစိုးရ လုပ်တာ ကိုင်
တာလမ်းလွဲနေသည်ဆိုပါက ရွေးကောက်ပွဲလုပ်ပြီး ပြည်သူလူထုက သဘောတူ-မတူ ပြည်သူ့ဆန္ဒခံ
ယူရန်သာ ရှိကြောင်း၊ ရွေးကောက်ပွဲ လုပ်သည့်အခါ မိမိတို့က အာဏာဆုပ်ကိုင်ထားပြီးလုပ်လျှင် ရွေး
ကောက်ပွဲသည် တရားမျှတမှုမရှိဟု ပြောလာနိုင်သေးကြောင်း၊ထို့ကြောင့် စစ်တပ်ကပဲ ဦးစီးပြီး ရွေး-
ကောက်ပွဲ ကျင့်ပပေးစေလိုကြောင်း၊ ရွေးကောက်ပွဲ မကျင့်ပမီ စစ်တပ်ကပဲ တိုင်းပြည်ကို ခေတ္တအုပ်
ချုပ်ပေးစေလိုကြောင်း၊ ဥပဒေနှင့်အညီ ခြောက်လအတွင်း ရွေးကောက်ပွဲ ကျင့်ပပေးမည်ဆိုပါက လွတ်
တော်မှ တဆင့် တရားဝင် အာဏာလွဲပေးမည် ဖြစ်ကြောင်း" ဒီမိုကရေစီအစဉ်လာကို ပြောပြလိုက်ရာ
အပြီးအပြတ် အာဏာသိမ်းရန် ကြံရွယ်ထားခဲ့သူ ဗိုလ်ချုပ်ကြီးနေဝင်းမှာ အကြံအစည် ပျက်သွားပြီး-
ဥပဒေနှင့်အညီ အိမ်စောင့်အစိုးရအဖြစ်ဖြင့်သာ အာဏာလွှဲယူလိုက်ရတော့သည်။
အာဏာသိမ်းရန်ကြံစည်ရခြင်း၏ အခြားအကြောင်းများမှာ ဤနှစ်ပိုင်းအတွင်း ဗိုလ်ချုပ်ကြီးနေဝင်း
ကလင်ရှိမယားဖြစ်သူ ဒေါ်ခင်မေသန်းကို သူ့ယောက်ျားလက်မှ လုယူမှု ပေါ်ပေါက်ခဲ့ရာ ဝန်ကြီးချုပ်
ဦးနုမှာ လူမှုရေး ကျူးလွန်ဖောက်ဖျက်သူ ဗိုလ်ချုပ်ကြီးနေဝင်းအတွက် လွန်စွာ ရှက်လှသဖြင့် ကာ
ကွယ်ရေး ဦးစီးချုပ်အဖြစ်မှ ဖြုတ်ပစ်ရန် ပါလီမန်သို့တင်သည်၊ ပါလီမန်က သဘောတူ အတည်ပြု
ဆုံးဖြတ်ပြီးမှ (ပြည်ထဲရေး ဝန်ကြီး ဦးဘစော၏ ကြိုတင်သတင်းပေးချက်အရ) ဦးဘဆွေနှင့် ဦးကျော်
ငြိမ်းတို့က ဝိုင်းဝန်းအသနားခံ တောင်းပန်ပေးကြသဖြင့် ရာထူးမှ မပြုတ်ခြင်းဖြစ်သည်၊သို့အတွက် မိ
မိကို ဖြုတ်ပစ်ချင်နေသူ ဝန်ကြီးချုပ်အား မိမိက လက်ဦးမှုပြန်ယူကအာဏာသိမ်းရန် ကြံစည်ခြင်းဖြစ်
သည်။
ထို့ပြင် ထိုအချိန်က ဗိုလ်ချုပ်ကြီးနေဝင်း ဖွဲ့ပေးထားသည့် စစ်တပ်လက်ကိုင်ဒုတ်ပျူစောထီးတပ်ဆိုသော
အရန်တပ်များမှာ နယ်များတွင် ပြည်သူလူထုကို မတရားညှင်းပန်းနှိပ်စက်နေခြင်း၊ဒုစရိုက်မှူများကျူးလွန်
နေခြင်းတို့ကြောင့် ဝန်ကြီးချုပ်က"ပျူစောထီးတပ် အားလုံးကို ဖျက်သိမ်းကြောင်း"ကြေငြာပြီး ဖျက်သိမ်း-
သည်ကိုမကြေနပ်သဖြင့်လည်း အာဏာသိမ်းရန် ကြံစည်ခြင်းဖြစ်သည်။တရာဝင်ဖြစ်အောင် ဦးနုနှင့်
ဗိုလ်ချုပ်ကြီးနေဝင်းတို့အပြန်အလှန် စားများရေးကြရာတွင် ဦးနုက "စစ်တပ်က တိုင်းပြည်ကို ခေတ္တ
ထိန်သိမ်း အုပ်ချုပ်ပေးပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို ကျင့်ပပေးပါရန်" ရေးခဲ့ပြီး
ဗိုလ်ချုပ်ကြီးနေဝင်းကမူ "ဤမျှလောက် ကြီးလေးသောတာဝန်ကို မထမ်းဆောင်ဘူးသဖြင့် တာဝန်
မကျေဖြစ်မည်ကို စိုးရိမ်မိကြောင်း ၊သို့ရာတွင် ဝန်ကြီးချုပ် တာဝန်ပေးသည့်အတိုင်း ကြိုးစား၍ ထမ်း
ဆောင်ပေးမည်ဖြစ်ကြောင်း"ပြန်လည်ရေးသားခဲ့သည်။
(ခြောက်လအတွင်း ရွေးကောက်ပွဲလုပ်ပေးရန် အခြေခံ ဥပဒေပါအတိုင်း ကတိထားခဲ့ကြသော်လည်း
၁၅-လ ကြာမှ ဗိုလ်ချုပ်ကြီးနေဝင်းက ရွေးကောက်ပွဲ ကျင့်ပပေးသည်၊ ရွေးကောက်ပွဲ၌ ဦးနုသည် အပြတ်
အသက်အနိုင်ရခဲ့သည်၊ ပြည်သူများက ဦးနု၏ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို မည်မျှနှစ်သက်သဘော
ကျကြောင်း ငြိမ်းချမ်းရေးကို မည်မျှလိုလားကြောင်းဖော်ပြလိုက်ခြင်းပင်ဖြစ်၏၊
သန့်ရှင်း ဖဆပလ,တည်မြဲ ဖဆပလ,ပမညတနှင့်တသီးပုဂ္ဂလတို့ ဝင်ရောက် ယှဉ်ပြိုင်ရာ စစ်တပ်က သူ
တို့နှင့် သင့်မြတ်သည့် တည်မြဲ ဖဆပလ အနိုင်ရရေးအတွက် ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်
ခြိမ်းခြောက်ဆောင်ရွက်နေသည့် ကြားမှပင် ပြည်သူများသည် ဦးနု၏ သန့်ရှင်း ဖဆပလကို မဲပေး၍ ရွေး-
ချယ်ခဲ့ကြသည်၊ စစ်တပ်၏ဘက်လိုက်ဆောင်ရွက်ပေးမှုကို များစွာ ရရှိနေသည့် တည်မြဲခေါင်းဆောင်,
ဦးဘဆွေ၊ ဦးကျော်ငြိမ်းတို့က "တည်မြဲနိုင်လျှင်လည်း နိုင်ရမည်၊ ရှုံးလျှင်လည်း နိုင်ရမည်" ဟုပင် အတည်
အလင်းခြိမ်းခြောက်ပြောဆိုခဲ့သည်၊ သို့ရာတွင် တကယ်တမ်း၌မူ စစ်တပ်နှင့် တည်မြဲခေါင်းဆောင်များ
သည် ပြည်သူများ၏ ဆန္ဒကို မလွန်ဆန်နိုင်ခဲ့ကြပေ။)

1948-ခုနှစ် လုပ်ကြံမှု
လွတ်လပ်ရေးရပြီးခါစ နိုင်ငံတစ်ဝန်းလုံး ရောင်စုံသူပုန်းများ လှုပ်ရှား ထကြွနေချိန်၌
ကွန်မြူနစ်ပါတီနှင့် အဆက်အသွယ်ရှိသည့် ရဲဘော်သုံးကျိပ်ဝင် ဝါရင့်စစ်ခေါင်ဆောင်
များဖြစ်ကြသော ဗိုလ်ဇေယျနှင့် ဗိုလ်ရဲထွဋ်တို့က နိုင်ငံရေး မငြိမ်မသက်ဖြစ်မှုကို အခွင့်
အကောင်းယူပြီး ကွန်မြူနစ် သိန်းဖေမြင့်ကို ခေါင်းဆောင်တင်ကာ လက်ဦးမှုရယူ အာ
ဏာသိမ်းရန် စီစဉ်ခဲ့ကြသည်၊ ထိုအစီအစဉ်ကို ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်နေဝင်း
ထံ တင်ပြရာ ၄င်းက လက်မခံခဲ့ပေ၊ ထို့အပြင် ဗိုလ်ဇေယျနှင့် ဗိုလ်ရဲထွဋ်တို့သည် ကာ-
ကွယ်ရေးနှင့် ပြည်ထဲရေး ဝန်ကြီးရာထူးများကို သူတို့အား ပေးရန် ဝန်ကြီးချုပ် ဦးနုထ တောင်းဆိုသည်ကိုလည်း ဦးနုက မပေးခဲ့ချေ၊
အာဏာလည်း မသိမ်းရ' ဝန်ကြီးရာထူးလည်း မရသဖြင့် ၄င်းတို့ နှစ်ဦးသည် တပ်မတော်
သားအများအပြားနှင့်အတူ မော်တော်ယဉ်များဖြင့် မင်္ဂလာဒုံမှ ပြည်ဘက်သို့ ထွက်ခွါ၍
တောခိုခဲ့ကြသည်၊ ဗမာ့သေနတ်ကိုင် တပ်ရင်း (၃) မှ တပ်မတော်သားအင်းအားတစ်
ဝက်ကျော်မှာ ဗိုလ်ဇေယျနှင့်ဗိုလ်ရဲထွဋ်တို့နောက်သုံ့ ပါသွားခဲ့သည်၊ ၄င်းတို့နှစ်ဦးအနက်
ဗိုလ်ဇေယျသည် ၁၉၆၈-နှစ်မြန်မာတပ်မတော်က ဗကပဌာနချုပ်ကို ဝင်ရောက်စီးနင်း
တိုက်ခိုက်စဉ် ကျဆုံးခဲ့ပြီး ဗိုလ်ရဲထွဋ်မှာမူ သက်ရှိထင်ရှားရှိဆဲဖြစ်သည်။

မြန်မာနိုင်ငံတော် ၁၉၄၇-ခုနှစ် လုပ်ကြံမှု
မြန်မာပြည် နန်းရင်းဝန် (ဝန်ကြီးချုပ်) ဖြစ်ခဲ့ဖူးသူ ဂဠုန်ဦးစောက အမျိုးသား ခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများကို လုပ်ကြံသတ်ဖြတ်ပြီး နိုင်ငံတော်အာဏာ
ပြန်လည်ရယူနိုင်ရန် ကြံစည်ခဲ့သည်။ လုပ်ကြံမှု ထမြောက်အောင်မြင်သွား၍ဗိုလ်ချုပ်အောင်ဆန်း
သခင်မြ၊ ဒီးဒုတ်ဦးဘချို၊မန်းဘခိုင်၊ဦးရာဇတ်၊ဦးဘဝင်း၊မိုင်းပွန်စောဘွားကြီးစဝ်စံထွန်းနှင့် အတွင်း
ဝန် ဦးအုန်းမောင်တို့ ကျဆုံးသွားကြသော်လည်း သူမျှော်မှန်းသလို အာဏာကိုမူ ပြန်မရခဲ့ပေ။လုပ်
ကြံသည့်နေ့မှာပင် တပည့်များနှင့်အတူ အဖမ်းခံလိုက်ရသည်။
အမှုစစ်ဆေးလိုက်သည်အခါ ဦးစော၏လက်ချက်များဖြစ်ကြောင်း ငြင်းမရအောင် ပေါ်လွင်နေသည့်
တိုင် ဦးစောသည် ဝန်မခံဘဲ "ဤကိစ္စနှင့်ပတ်သက်၍ မိမိဘာမှ မသိရကြောင်း၊မိမိစိတ်ကျေနပ်မှုရှိ
စေရန် တပည့်များက သူတို့သဘောနှင့်သူတို့ ပြုလုပ်လိုက်ခြင်း ဖြစ်ဟန်တူကြောင်း"ပြောဆိုပြီးကိုယ်
လွတ်ရုန်းကာ တပည့်များအပေါ် အပြစ်ပုံချခဲ့သဖြင့် တပည့်များ၏ စက်ဆုတ်ရွံရှာမုန်းတီးသွားမှုကိုခံ
ခဲ့ရသည်၊ လုပ်ကြံမှုကြီးကို ဦးစီးစီမံစေခိုင်းခဲ့သူ ဂဠုန်ဦးစောနှင့်အတူ လုပ်ကြံမှုတရားခံများဖြစ်ကြ
သည့် မှုံကြီး၊မောင်စိုး၊သက်နှင်င်း၊စိန်ကြီးနှင့် ရန်ကြီးအောင်တို့ သေဒဏ်အပြစ်ပေးခံကြရပြီးမောင်နီ
သုခနှင့် ခင်မောင်ရင်တို့တစ်သက်တစ်ကျွန်းဒဏ်ခံကြရသည်၊လုပ်ကြံမှုကြီး၌အတွင်းကျကျပါဝင်ပတ်
သက်ခဲ့သူဘညွန့်မှာမူ ဖော်ကောင်လုပ်ပြီး နိုင်ငံတော်သက်သေအဖြစ် အစစ်ခံခဲ့သည့်အတွက် အပြစ်
တစုံတရာပေးခြင်း မခံခဲ့ရပေ။
======================================================================
(ထိုလုပ်ကြံမှုကြီး၌ ဗိုလ်မှူးချုပ်နေဝင်း (နောင်-ဗိုလ်ချုပ်ကြီး)၏ပယောဂမကင်းကြောင်း၊
လုပ်ကြံသူများအခွင့်အရေးများရစေရန် ဗိုလ်ချုပ်တို့အတွက် ပေးထားသောလုံခြုံရေး
စစ်သားများကို ဗိုလ်မှူးကြီးနေဝင်းက ထိုနေ့တွင် ဝန်ကြီးများရုံးမှ ဖယ်ထုတ်ပေးထား
ကြောင်း ဆိုကြသည်၊)

Posted by မေ့မေ့သား

more.gif

25 November 2010

အတွေ့ အကြုံကို ဘ၀ မှတ်တမ်းတင်ပါ***

ကျွနုပ်၏ ခြေတောက်များကို
လမ်းပြဖို့ ရာ ကျွနုပ်တွင်
မီးအိမ်တစ်လုံးသာ ရှိသည်
ထိုမီးအိမ်မှာ အတွေ့ အကြုံ
တည်းဟူသော မီးအိမ်သာ ဖြစ်သည် ။ ( ပတ်ထရစ် ဟင်နရီ )

လူ၏ ဘ၀ပေးတာဝန်က အဘယ်နည်း ။
လူ၏ ဘ၀ပေးတာဝန်က ဘ၀တစ်လျှောက် အတွေ့ ကြုံရသော ကောင်းမှု ၊မကောင်းမှု ၊
ဆင်းရဲမှု ၊ချမ်းသာမှု ၊အတွေ့ အကြုံကိုယူကာ လမ်းမမှားအောင် အသက်ဆုံးသည်အထိ
နေသွားရခြင်းပင် ဖြစ်တယ် ။
လူတို့ ဆိုတာ မိမိဘ၀တစ်လျှောက်တွင် အတွေ့ အကြုံ ရင့်ကျက်လာပြီး မှန်ကန်သော
သဘောတရားရရှိရေးသာ ပဓာနဖြစ်တယ် ။

မှန်ကန်သော အသိတရားကို ရရန်မှာ ဗဟုသုတနှင့် အတွေ့ အကြုံ များခြင်းမှ စတင်၏
အတွေ့ အကြုံရင့်ကျက်လာသော သဘောတရားဟူသည် တစ်နေ့  ၊တစ်လ ၊ တစ်နှစ် ၊
ဖြင့်ခံယူ ရရှိပြည့်စုံသည်မဟုတ် အကြောင်းအရာပေါင်းများစွာ ၊ဒေသပေါင်းများစွာ ၊
နှစ်ပေါင်းများစွာ လူမျိုးအသီးသီး ဘာသာအဖုံဖုံတို့ နှင့် အကြောင်းခြင်းရာအဖြာဖြာတို့ ကို
ကိုယ်တိုင်တွေ့ ထိ ခံယူချက်တို့ မှ အသိဥာဏ်ဖြင့် အတွေ့ ကြုံရင့်ကျက် လာသည်နှင့်အမျှ
ဆင်ဖြင်တုံ အသိပညာဥာဏ်ကို ကြောင်းကျိုးထင်ထင် သိမြင်ခြင်းဖြင့် ခံယူပြီး လက်တွေ့ 
ကျင့်သုံးခြင်းမှရရှိသော သဘောတရားရေး ခံယူရချက် ပင်ဖြစ်တယ် ။

ဘ၀ဆိုတာ ယထာ ဘူတ ကျနပေမဲ့ အတွေ့ ကြုံ တန်ဖိုး ငွေကဲ့သို့ ပင် သုံးစွဲ၍ ရ၏ အတွေ့ ကြုံ
ရင့်ကျက်ခြင်းသည် သဘောတရား အသိပညာအလိမ္မာ ဥာဏ်ဖြစ်စေ၏ ။
ပီယာဝါစာ ချစ်ဖွယ်စကား ဆိုခြင်းသည်လည်းကောင်း၊မာနကိုနှိမ့်ချလေ့ ရှိခြင်းသည်လည်းကောင်း၊
မှတ်ဥာဏ် သည်လည်းကောင်း ၊ အတွေ့ အကြုံ ဗဟုသုတ သည်လည်းကောင်း ၊ သင့်ကိုရှေ့ 
တန်းသို့  ပို့ ပါလိမ့်မယ် ။

လောကီ အကျိုးစီးပွားရှာ ခြင်းနှင့် အတတ်ပညာ ဗဟုသုတ အတွေ့ ကြုံ ရှာဖွေရာ၌ မအို ၊မနာ ၊
မသေ ၊တော့မည်ကဲ့သို့  ရှာရမှာဖြစ်တယ် (လောကုတ္တရာ တရားဓမ္မ)ကို ရှာမှသာ သေမင်းသည်
ယခုပင် သျောင်ကိုဆွဲထားသကဲ့သို့  ရှာရပေမည် ။
လူတစ်ယောက်သည် အသက်ကြီးရင့်သည်နှင့်အမျှ အတွေ့ အကြုံ ရင့်ကျက်လျက် ဆင်ခြင်တုံ
အသိပညာ အလိမ္မာ ဥာဏ်ကိုရလာလိမ့်မည် ။

ဆရာသမားကောင်းနှင့် နည်းလမ်းကောင်းသည် အသိတရားကို ပိုမိုဖွံ့ ဖြိုးစေပြီး လက်တွေ့ 
ကျင့်သုံးခြင်းဖြင့်သာ အသိတရားကို အထွတ်အထိပ်သို့  ရောက်စေ၏ ။
အချို့ တို့ သည် ဘ၀အတွေ့ ကြုံကို မမှတ်သားဘဲ ပေါ့ပေါ့ဆဆ ကိုနေသဖြင့် ထပ်မံ၍ မှားပြီး
သောအမှားမျိုးကို ပြန်လည်ပြုတတ်ကြတယ် ဘ၀အတွေ့ ကြုံ က မိမိအတွက် အကောင်းဆုံး
သော ဆရာသမားဖြစ်တယ် အတွေ့ ကြုံ များလေ ဆရာများလေ (သို့ မဟုတ်) သင်ခန်းစာ
များလေဘဲ ဘ၀အတွေ့ ကြုံများသူ သည် သူများထက် ခေါင်းတစ်လုံးပိုမို၍ မြင့်တတ်၏ ။
ဘယ်ကိစ္စ ဘယ်အရာ၌ သူက ကြိုတင်ကြုံထားဖူးသဖြင့် ဖြေရှင်းကျော်ဖြတ်နိုင်ရန်

နည်းလမ်းကို သိနေသဖြင့် အခက်ခဲဖြေရှင်းရန် လွယ်နေတယ် အတွေ့ ကြုံ နည်းသူသည်
စမ်းတ၀ါးဝါးနှင့် မှန်သည်ထင်ရာကို လုပ်တတ်တယ် ထို့ ကြောင့် မှန်ချင်မှန်၏ မှားချင်မှားသည်
ဗဟုသုတသည် ဘ၀၏ အခြေခံပင်ဖြစ်တယ် ။

အရာရာမှာ ပထမ ဗဟုသုတရှိရန် ၊ ဒုတိယ သတိထားရန် ၊တတိယ မှန်မမှန် စုံစမ်းရန် ၊ နှင့်
စတုတ္ထမှ ၀ီရိယနှင့် အလုပ်လုပ်ရန် ၊တို့ ဖြစ်တယ် အတွေ့ ကြုံဟူသော ပညက်ချက်သည် လူများ
ကသူတို့ ၏ မိုက်မဲမှုများနှင့် ကြေကွဲ ဖွယ်ရာဖြစ်ရပ်များ ကိုပေးထားသော သညာမျှသာဖြစ်တယ် ။

အတွေ့ အကြုံဟူသည်
နှိုင်းယှဉ်သိမြင် နိုင်သော
ဥာဏ်၏ မိတ်ဘက်ဖြစ်က
အကောင်းဆုံးပင် သို့ မဟုတ်
ရန်ဘက်ဖြစ်ပေ တော့၏ ။ (ယန်း)

မိမိဘ၀ အတွေ့ အကြုံကို ပြန်လည်သုံးသပ် လိုက်နာကျင့်သုံးခြင်းက အမှန်လမ်းကို လျှောက်နိုင်အောင်
ကြိုးစားခြင်းဖြစ်သည် ခါသီးသော အတွေ့ ကြုံမျိုးကို နောက်ထပ်တစ်ဖန် မတွေ့ ကြုံရအောင် ကြုံခဲ့ဖူး
သော အတွေ့ ကြုံက သင်ခန်းစာပေးလေ၏ လောကတွင် အတွေ့ ကြုံရဲ့  အင်အားသည် ကြီးမှားလှ၏
အတွေ့ ကြုံများကို သတိထားနိုင်လေ အမှားနည်းလေဖြစ်သည် ။

(တွေးခေါ်ရှင် ကိုလာရစ်(ချ)က)
များသောအားဖြင့် လူတို့ အတွက်
အတွေ့ ကြုံသည် သင်္ဘော၏
ပဲ့ပိုင်းမှ မီးရောင်နှင့် အလားသဏ္ဍန်တူပေ၏
အဘယ်ကြောင့်ဆိုသော် ဖြတ်သန်းလာခဲ့သော
လမ်းကြောင်းကိုသာ ထိုးပြသောကြောင့်ဖြစ်၏ ။

ဘ၀တွင် ခံစားခဲကြ၏ ခံစားခြင်းက သိမြင်ခဲ့ကြ၏ သိမြင်သောအခါ လူ့ ဘ၀တွင် ပြောင်းလဲ
တိုးတက်လာ နိုင်တော့သည် လူတစ်ယောက်၏ ဘ၀နဲ့  ဥာဏ်ပညာ တိုးတက်ပွင့်လန်းမှုမှာ
ထိုသူ၏ စိတ်ဓတ် ကွန့် မြူးခြင်းနှင့် ဗဟုသုတ အတွေ့ ကြုံ ပြည့်ဝခြင်းအပေါ်၌သာ တည်ရှိ၏ ။

ဘ၀တွင် လောကဓံရှိ၏
လောကဓံဟူသည် အကောင်းရော အဆိုးပါရှိ၏
ကောင်းနေစဉ် သုခ၌ ( မော် ) နေပြီး
ဆိုးသောအခါ ဒုကဟု ( အော် ) နေသူသည် သဘာဝမကျ
အဓိပ္ပါယ်ရှိသော လူမှန်သမျှ
လောကဓံကို အမောခံနိုင်ရမည်
ဘ၀၏ အောင်မြင်ရေး လျှို့ ဝှက်ချက်ကို
မသိ၍ အရှုံးပေးကြရ၏
ဘ၀၏ အောင်မြင်ရေဒလျှို့ ဝှက်ချက်များကိုသိလျှင်
ဘယ်သူတစ်ယောက်မျှ အရှုံးပေးကြမည်မဟုတ် ။

သူငယ်ချင်းတို့ ရေ...သင့်ဘ၀ အောင်မြင်ရေးအတွက် အတွေ့ အကြုံကို အမြဲတမ်း မှတ်သား
တင်နေသော အကျင့်ကို ကျင့်ကြံနိုင်ကြပါစေ....လို့ 
ဖူး စေတနာမေတ္တာထားကာ သုတေသီ ဘုန်းမြင့်သွေးစာအုပ်မှ သူငယ်ချင်းတို့ အတွက်
ရေးသားလိုက်ခြင်းဖြစ်ပါသည်.....ရွှင်လန်းချမ်းမြေ့ကြပါစေ.....ဖူး

more.gif

14 November 2010

အချစ်ကြီးသူ


ဗီယင်နန် အမျိုးသားတစ်ယောက်ဟာ သေဆုံးသွားတဲ့ သူ့ဇနီးအလောင်းကို တူးယူပြီး အိမ်သို့ပြန်သယ်လာပြီး ရွံ့စေးနှင့် ပုံစံခွက် လုပ်ပြီး ဖုံးအုပ်ကာ သူ့ရဲ့အိပ်ယာပြီး ညစဉ်တိုင်းဖက်အိပ်လာတာ လွန်ခဲ့တဲ့ငါးနှစ်လောက်ကတည်းကဖြစ်ပါတယ်။ ၅၅ နှစ်အရွယ်ရှိတဲ့ လီဗန်ဟာ ဗီယင်နန် ကွမ်းနန် ခရိုင် ဟလမ်း မှာနေထိုင်သူတစ်ယောက်ဖြစ်ပါတယ်။
ဖော်ပြချက်တစ်ခုကတော့ပထမတော့ လီဗန်ဟာ ၂ဝဝ၃ ခုနှစ် ကတည်းက သေဆုံးသွားပြီဖြစ်တဲ့ သူ့မိန်းမရဲ့ အုပ်ဂူအပေါ်မှာ သွားအိပ်ပါတယ်။
ဒီလို တစ်နှစ်ခွဲလောက် ကြာခဲ့တော့ လီဗန် ဆုံးဖြတ်ချက်ချပြီး သူ့မိန်းမမြှုပ်တဲ့ အုပ်ဂူဘေးမှာ လှိုင်ဂူတစ်ခုတူးပြီး သူ့မိန်းမဘေးမှာ အတူသွားအိပ်ခဲ့တယ်။ ထိုကဲ့သို့ ပြုလုပ်ခြင်းကြောင့် အရင်ကလို မိုးဒါဏ် လေဒဏ် တွေ မခံရတော့ဘူးပေါ့။ အဲ့လိုနဲ့ဘဲ တဖြေဖြေနဲ့ သူလုပ်နေတာကို အိမ်နီးခြင်းတွေ နဲ့ ရပ်ကွက် အာဏာပိုင်တို့က သူ့ကို ထိုကဲ့သို့မလုပ်ဘဲ ရပ်ပစ်ဖို့ ပြောတော့ ဗန် ဟာ ၂ဝဝ၄ ခုနှစ်ပါ ရပ်တန့်ခဲ့ ရပါတယ်။ နောက်ကြာတော့ ၂ဝဝ၄ နိုဝင်ဘာလမှာ ဗန် ဟာ သူ့မိန်းမအုပ်ဂူရှိတဲ့နေရာကို ပြန်လည်ရောက်လာပြီး မိန်းမရဲ့ ရုပ်အလောင်းကို တူးယူကာ အိမ်သို့ ပြန်လည်ယူဆောင်လာခဲ့ပါတယ်။
ဗန်နဲ့ သူ့သားလေးဟာ ညတိုင်းမအိပ်ခင် သေးဆုံးသွားတဲ့ ဇနီးရဲ့ အလောင်းကိုဖက်ပြီးမှ အိပ်ပါတယ်။ ကျွန်တော်က လူတစ်ယောက်ဖြစ်ပေမဲ့ သာမှန်လူ တစ်ယောက်ရဲ့ဘဝကို မကြိုက်နှစ်သက်ဘူး နည်းနည်းလေးတော့ ထူခြားမှပါ။ ကျွန်တော့်မိန်းမက ခန္ဓာကိုယ်ဘဲသေသွားတာပါ ဝိဥာဉ်ကမသေးပါဘူး ကျွန်တော်တို့နဲ့ အတူ အဖော်ပြုနေပါတယ်။ သူနဲ့သွားအိမ်တဲ့အခါမှာလည်း ကျွန်တော် ကြောက်စိတ်လုံးဝ မရှိပါဘူး။ အာဏာပိုင်တွေကတော့ ဒီကိစ္စနဲ့ပါတ်သက်ပြီး လိုက်လံစစ်ဆေးနေပါတယ်။ သေတဲ့ လူကို မီးရှို့ခြင်း သို့မဟုတ် မြေမြှုတ်ခြင်းပြုရမယ်။ ထို အလောင်းဟာ မြေမြှုတ်ထားတယ်ဆိုရင် ဒါမျိုးသယ်လာလို့မရဘူးဆိုတာ ဥပဒေရှိတယ်လို့သိရပါတယ်။

မေလ်ထဲကပါ

 အဲလိုချစ်တက်တဲ့ချစ်သူတယောက်တော့ရချင်တယ်။

more.gif

29 October 2010

Denmark is a big shame.

သူငယ်ချင်းတယောက်ကပို့လာတာပါ။

      ဒိန်းမတ်နိုင်ငံအတွက် သိပ်ကို ရှက်ဖို့ကောင်းတဲ့ လုပ်ရပ်တခုပါ။
The sea is stained in red and it’s not because of the climate effects of nature.
                  သဘာဝ ရာသီဥတုဖောက်ပြန်လို့ ပင်လယ်ပြင်ကြီး အနီရောင်တွေ စွန်းထင်းနေတာ မဟုတ်ပါဘူး။
??? ???????
It's because of the cruelty that the human beings (civilised human) kill hundreds of the famous and intelligent Calderon dolphins.
 လိမ္မာပြီး ဥာဏ်ရှိ ယဉ်ပါးတဲ့ လင်းပိုင်ရာပေါင်းများစွာကို အသိဥာဏ်တွေရော နည်းပညာတွေပါ တိုးတက်နေပါတယ်ဆိုတဲ့ လူသားတွေက ရက်ရက်စက်စက် သတ်ဖြတ်လိုက်လို့ သူတို့ရဲ့သွေးတွေနဲ့ ပင်လယ်ပြင်ကြီး နီစွေးနေတာပါ။
??? ???????
This happens every year in Feroe iland in Denmark . In this slaughter the main participants are young teens.  WHY?
To show that they are adults and mature.
ဒီလိုမျိုး အဖြစ်အပျက်က ဒိန်းမတ်နိုင်ငံ ဖဲဖိုးကျွန်းမှာ နှစ်စဉ်ဖြစ်နေကျပါ။ ဒီလိုမျိုး လင်းပိုင်တွေကို သတ်တဲ့ပွဲမှာ လူငယ်အဖွဲ့တွေက အဓိကပါဝင်လုပ်ဆောင်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ အရွယ်ရောက်ကြောင်းကို ပြသဖို့ အတွက် လင်းပိုင်တွေကို သတ်ပြဖို့ လိုအပ်တယ်လေ။

??? ???????
In this big celebration, nothing is missing for the fun. Everyone is participating in one way or the other, killing or looking at the cruelty “supporting like a spectator”

 ဒီပွဲကြီး ကျင်းပနေဆဲအချိန်တော့ ဘယ်သူမှ အပေါင်းအသင်းကို သတိရလေ့မရှိဘူး။ လူတိုင်းက ကိုယ်တိုင်သတ်ရင်သတ် ဒါမှမဟုတ် တခြားလူနဲ့ပေါင်းပြီး သတ်၊ မသတ်ရဲတဲ့လူက သူများသတ်တာကို ဘောလုံးပွဲလိုပဲ စိတ်ဝင်တစားနဲ့ ကြည့်လေ့ရှိကြတယ်။
??? ???????
Is it necessary to mention that the dolphin calderon, like all the other species of dolphins, it’s near instinction and they get near men to play and interact. In a way of PURE friendship

လင်းပိုင်ဆိုတာ  လူတွေနဲ့အတူနေပြီး ဆော့ကစားဖို့ စိတ်ဝင်စားတဲ့ လူသားတွေရဲ့ ဖြူစင်တဲ့သူငယ်ချင်းတွေဆိုတာ ပြောဖို့ လိုသေးသလားဗျာ။
??? ?????????? ???????
They don’t die instantly; they are cut 1, 2 or 3 times with thick hocks. And at that time the dolphins produce a grim extremely compatible with the cry of a new born child.
 သူတို့ကို သတ်တဲ့အချိန်မှာ ချက်ချင်း မသေကြပါဘူး။ လူတွေက သံမဏိအချွန်ကြီးတွေနဲ့ တချက်ပြီးတချက် ထိုးနေတဲ့အချိန်မှာ လင်းပိုင်တွေဟာ မွေးကင်းစကလေးတွေငိုတဲ့အသံနဲ့ ညီးတွားအော်ဟစ်နေကြတယ်။
??? ???????
But he suffers and there’s no compassion till this sweet being slowly dies in its own blood

ဒါပေမယ့် အဲဒီကလူတွေဟာ ဝေဒနာခံစားနေတဲ့လင်းပိုင်ကိုတော့ အသေသတ်လေ့မရှိဘဲ သူတို့ရဲ့သွေးရဲရဲတွေကြားမှာပဲ တဖြည်းဖြည်း သေအောင် ထားလိုက်ကြတယ်။
??? ?????????? ???????
Its enough! We will send this mail until this email arrives in any association defending the animals, we won’t only read.
ဒီလောက်ဆို တော်လောက်ပါပြီ။  ဒီမေးလ်ကို ဖတ်ရုံဘဲ မလုပ်ပါနဲ့ သနားစရာ အပြစ်မဲ့တဲ့ တိရိ စ္ဆာန်တွေကို သတ်နေတဲ့ဖြစ်ရပ်ကြီး ပျောက်ကွယ်သွားဖို့ တိရိစ္ဆာန်အခွင့်အရေး ကာကွယ်တဲ့ အဖွဲ့ထိရောက်သွားအောင် ဒီမေးလ်ကို ဆက်ဖြန့်ဝေပေးကြပါ။
??? ???????
Take care of the world, it is your home!
Assine contra essa crueldade:
ကမ္ဘာဟာ မင်းရဲ့အိမ်ဖြစ်တယ်။ ဒါကြောင့် ဂရုစိုက်ပါ။ စောင့်ရှောက်ပါ။
Please type your name and forward to as many people as possible. Sign and send on – this is serious.....
Sign Against this cruelty:


             တကယ်တော့ လူသားတွေဟာ အသိဥာဏ် အကြီးဆုံးဖြစ်တဲ့အတွက် အသိဥာဏ်နည်းပါးတဲ့ သတ္တဝါတွေကို စောင့်ရှောက်သင့်ပါတယ်။ ကိုယ့်ကို အန္တရာယ်မပေးဘဲ အေးအေးဆေးဆေး နေတဲ့သတ္တဝါကို ဘာသာတရား အဆုံးအမအရ၊ ထုံးတမ်းစဉ်လာ အဆုံးအမအရ မသတ်ဖြတ်သင့်ပါဘူး။ ကိုယ့်အသားဆိပ်ရင် နာတတ်သလို သူ့အသားဆိပ်ရင်လည်း နာမယ်ဆိုတာ တွေးကြည့်စရာ မလိုပါဘူး။ ကိုယ်ချင်းစာတရားဆိုတာ အဆင့်မြင့်တဲ့လူသားတွေ ထားအပ်တဲ့တရားပါ။
ထားကောင်းပါတယ်။ ထားသင့်ပါတယ်။
           တကယ်လို့သာ ဒီနေရာမှာ လင်းပိုင်တွေမဟုတ်ဘဲ လူသားစား ငမန်းတွေသာဆို ဒီလူတွေ ဒီလိုလုပ်ရဲပါ့မလား။ စဉ်းစားစရာပါနော်။ တွေးကြည့်တတ်ဖို့ပါ။ သူ့အလှည့်ကျတော့ အသေအကြေလုပ် ကိုယ့်အလှည့်ကျတော့ နာမှာကြောက် သေမှာကြောက်တဲ့ သူရဲဘောကြောင်တဲ့ စိတ်မျိုး မမွေးကြပါနဲ့။ ကိုယ်ချင်းစာတရား ထားပြီး အဆင့်မြင့်တဲ့ လူသား ဖြစ်အောင် ကြိုးစားကြစေချင်ပါတယ်။ နောက်ဆုံးပြောရရင် ဒီဓာတ်ပုံထဲက လူတွေလို မရက်စက်ကြပါနဲ့။
ကမ္ဘာမြေဟာ မင်းရဲ့အိမ်ပါ သူငယ်ချင်း။ ကမ္ဘာမြေကို ဖျက်ဆီးခြင်းဟာ ကိုယ့်ကိုယ်ကို ဖျက်ဆီးခြင်းပါပဲ။
နောက်ပြီး  ဒီလို အဓိပါယ်မရှိတဲ့ လုပ်ရပ်မျိုးတွေ ရပ်တန့်သွားဖို့ တထောင့်တနေရာက ကြိုးစားပေးလိုက်ပါလို့ တောင်းဆိုချင်ပါတယ်။ မလုပ်ရင် ဘာမှ မလုပ်ပါနဲ့။ လုပ်ရင်အဓိပ်ပယ်ရှိတဲ့အလုပ်ကိုလုပ်ကြပါ........။

                              
                                အားလုံးပဲ ကျန်းမာ ချမ်းသာကြပါစေ။ ကိုယ်ချင်းစာတရား ထားတတ်ကြပါစေ

more.gif

8 October 2010

ခေတ်လူ မိုက်ကြီးများသို့

မေလ်ထဲံကပါအကိုတွေအားလုံးကိုသိစေချင်လို့

“ပညာရှိများသည် သူတပါး၏ အမှားမှ သင်ခန်းစာယူကြ၏။ သာမန်လူများသည် မိမိအမှားမှ သင်ခန်းစာယူကြ၏။ လူမိုက်များသည်ကား မည်သည့် သင်ခန်းစာမျှယူနိုင်ခြင်း မရှိကြကုန်”


မစင်သည် ခြောက်သွေ့သော်လည်း နံ့ကို မစွန့်။
လူမိုက်များသည်ကား ဆင်းရဲခြင်းသို့ ရောက်သော်လည်း မိမိအမှားတရားကို မစွန့်။

ဆရာတော် ရှင်ဥာဏိဿရ အခုလိုဟောထားပါတယ်။
၁ - လူမိုက်သည် နည်းမှားတွေကို အမှန်ထင်ပြီး လျှောက်လုပ်တယ်။

၂ - အဲဒီ မလုပ်သင့်တဲ့ အမှားတွေကို သူချည်း လုပ်တာ မဟုတ်ဘူး၊ သူများတွေကိုလည်း လုပ်ခိုင်းတယ်။

၃- အဲဒီနည်းမှားကြီးကို သိပ်ပြီးတော့ အမြတ်တနိုး တန်ဖိုးထားတယ်။

၎ - အကျိုးနဲ့အကြောင်းနဲ့ ပြောပြပြန်တော့လည်း စိတ်ဆိုးကြတယ်။

မင်းတို့လုပ်နေတာတွေ မှားနေတယ်လို့ ပြောလို့ရှိရင်လည်းပဲ ပြောတာ
လက်မခံဘူး။ ပြောတဲ့လူကို စိတ်ဆိုးတယ်။ ပြောတဲ့လူကို ရန်ရှာတယ်။”‘ငါနဲ့မတူ ငါ့ရန်သူ’ တဲ့။

” မကောင်းမူတွေကိုတဲ့ … ဘယ်သူတွေက လွယ်လွယ်ကူကူ ပြုကြသလဲ ဆိုလို့ရှိရင် လူမိုက်တွေ မကောင်းမူတွေကို လွယ်လွယ်ကူကူ လုပ်ကြတယ်။ ထမင်းစားသလိုပဲ၊
ရေသောက်သလိုပဲ၊ ရေချိုးသလိုပဲ၊ အိမ်သာတက်သလိုပဲ လွယ်လွယ်လေး
လုပ်လိုက်ကြတယ်။
ဘယ်လိုလူတွေလဲ။ လူမိုက်တွေ။ မကောင်းမူ လွယ်လွယ်ပြုတယ် ဆိုတာဟာ
ဘယ်သူလဲဆိုရင် လူမိုက်တွေ၊ မကောင်းမူကို သူတော်ကောင်းတွေကျတော့ ပြုဖို့
ခက်တယ်။ မကောင်းမူ … လွယ်တာက လူမိုက်မှာ လွယ်တယ်။
“အကေသိ ဇာတ်” ဖတ်တော့၊ အကေသိ ရှင်ရသေ့
ဟောသွားတာ၊ အကေသိ ရသေ့က ဆုတောင်း ၁၄ မျိုး ပြောတယ်။ အဲဒီထဲက တခု။
လူမိုက်တွေကို မမြင်ပါရစေနဲ့။

လူမိုက်တွေရဲ့ သတင်းစကားကို မကြားပါရစေနဲ့။

လူမိုက်တွေနဲ့ ဘယ်ဘ၀မှာမှ အပေါင်းအသင်း မဖြစ်ပါရစေနဲ့။

လူမိုက်တွေနဲ့ စကား မပြောပါရစေနဲ့။

လူမိုက်တွေရဲ့ စကားကို နှစ်သက်ခြင်း၊ ကျေနပ်ခြင်း၊ ထောက်ခံခြင်း၊ အားပေးခြင်း မလုပ်ပါရစေနဲ့။ … ”


လူမိုက်ဟာ ကိုယ်မိုက်တယ်လို့ သိရင်
လူကောင်းဖြစ်နိုင်တယ်။

လူမိုက်ဟာ သူ့ကိုယ်သူ
လူကောင်းပါလို့ ပြောနေသရွေ့
လူမိုက်ပဲဖြစ်နေပါမယ်။

လူမိုက်တို့သည် ကတိက၀တ် တစ်စုံတစ်ရာကိုမျှ မပြုရဲကြ။
လူမိုက်တို့သည် ကတိစကားကို မတည်နိုင်ကြ၍ မည်သူကမျှ သူတို့ကို မယုံကြည်ကြပေ။
တာဝန်ရှိမှုဟူသမျှကို ရှောင်လွှဲရန်သာ ကြိုးစားကြ၏။
ထို့ကြောင့် သူတို့သည် မိမိကိုယ်ကို အတွက်ပင် ယုံကြည်စိတ်ချရဖွယ် မရှိ။
ထို့ကြောင့် သူတို့သည် ကိုယ့်ကိုယ်ကိုယ် လေးစားနိုင်မှုကိုပင် ပျောက်ဆုံးကြရ၏။

လူမိုက်တို့သည် လောကအမြင်-------အဆိုးမြင်တတ်ကြ၏။
ယင်းတို့၏ အဆိုးဖြစ်ရပ်များကိုသာ သူတစ်ပါးအား မျှဝေခံစားစေ၏။
ထို့ကြောင့် ၄င်းတို့သည် ပူဆွေးခြင်းနှင့် ဘေးဒုက္ခများကို ဆုလာဘ်အဖြစ် ရကြ၏။

လူမိုက်တို့သည် မိမိကိုယ်မိမိ ကြီးကျယ်မြင့်မြတ်သည်ဟု ယူဆကြ၏။
မိမိတို့မှာ အတိုင်းအဆမရှိသည့် သဘာဝတရား၏ ဖုန်မှုန့်မျှသာ ဖြစ်ကြောင်း သဘော
မပေါက်ကြသောကြောင့် သူတို့သည် သေးငယ်၍ တဒင်္ဂ သတ္တ၀ါများသာ ဖြစ်ကြ၏။

လူမိုက်တို့သည် သူတစ်ပါးအပေါ် အခွင့်ကောင်းယူတတ်သဖြင့် ရေတို ဆက်ဆံရေးကိုသာ ရ၏။
လူမိုက်တို့သည် ကျေးဇူးရှင်ကိုပင်လျှင် သစ္စာဖောက်၏။
ထို့ကြောင့် သူတို့သည် ရထားသည်ထက် ပို၍ ပေးဆပ်ရ၏။

လူမိုက်တို့သည် လူတို့ကို အောင်လက်မှတ်များအပေါ်တွင် မူတည်၍ အမျိုးအစား ခွဲခြားကြသဖြင့် သူတို့သည် ဘ၀၏ ပညတ် အမျိုးအမည်များကိုသာ နားလည်ကြ၏။

လူမိုက်တို့သည် လူ့တန်ဖိုးကို ထိုသူ၏ အမူအကျင့်အားဖြင့် ခန့်မှန်းကြသဖြင့် သူတို့သည် လှုပ်ရှားပြုမူ ဆောင်ရွက်မှုများကိုသာ နားလည်ကြ၏။

လူမိုက်တို့သည် ရှင်သန်နိုင်ရုံမျှအတွက်သာ ရုန်းကန်ကြ၏။ သူတို့သည် ပူဆွေးမှု ကျရှုံးများတွင် နေထိုင်ရလေ့ ရှိ၏။

လူမိုက်တို့သည် ကိစ္စမရှိပါ ဟူသောအတွေးဖြင့် သတိအာရုံမဲ့ခြင်းကို အားအင်ပြည့်ဖြိုးစေ၏။ ထို့နောက်သူတို့ သည် အမှားများကို ဆက်ကာဆက်ကာ ပြုကြလေ၏

လူမိုက်တို့သည် အရာရာတွင် သူတစ်ပါးကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလွန်းအားကြီးသောကြောင့် ၄င်းတို့၌ တိုးတက်ရန် နေရာလပ်
မကျန်တော့ပေ။

မကောင်းမှုကိုသာ ကြံစည်ခြင်း၊
မကောင်းသောစကားကိုသာ ပြောဆိုခြင်း၊
မကောင်းမှုကိုသာ ပြုလုပ်ခြင်း။
ပညာတတ်သူပင်ဖြစ်စေ၊ အမျိုးမြတ်သူပင် ဖြစ်စေ၊ ပစ္စည်းဥစ္စာကြွယ်ဝသူပင်ဖြစ်စေ၊ မည်သူမဆို ဗာလ (သူမိုက်) ပင်တည်း

“မိမိတို့ပြုသော အပြုအမူအတွက် မိမိတို့တွင် တာဝန်ရှိသည်”
ကောင်းမှု, မကောင်းမှုတို့သည် ကောင်းကျိုး, မကောင်းကျိုးပေးမည်။ ကောင်းမှု၊
မကောင်းမှုတို့ကို မိမိတို့ကိုယ်တိုင် ရွေးချယ်ပြုလုပ်ခြင်းဖြစ်သည်

စန္ဒကူးပင်သည် ခြောက်သွေ့သော်လည်း မွှေးရနံ့ကို မစွန့်။
ဆင်ပြောင်ကြီးသည် စစ်မြေပြင်သို့ ရောက်သော်လည်း လူတို့၏ မျက်မှောက်၌ တင့်တယ်ခြင်းကို မစွန့်။
ကြံသည် ယန္တရားစက်ဖြင့် ကြိတ်သော်လည်း ချိုသောအရသာကို မစွန့်။
ပညာရှိ သူတော်ကောင်းသည် ဆင်းရဲခြင်းသို့ ရောက်သော်လည်း သူတော်ကောင်းတရားကို မစွန့်။
( လောကနီတိ)

အသေဝနာစ ဗာလာနံ = လူဆိုးလူမိုက်ကို မမှီဝဲမပေါင်းသင်းရခြင်း။

လူမိုက်ဆိုလျှင်၊ ရှောင်သွေလွဲလို့၊ မမှီဝဲနှင့်၊ ကင်းအောင်နေ။
ပညာရှိကို၊ အရှည်တွဲလို့၊ မှီဝဲဆည်းကပ်၊ နည်းယူလေ။
သုံးပါးရတနာ၊ မိဘများနှင့်၊ ဆရာသမားကို၊ ပူဇော်လေ။
ချမ်းသာကိုပေး၊ ဆက်ဆံရေး၊ မျှော်တွေ သုံးချက်ပေ။
အဲဒါမှ “ဗုဒ္ဓဝါဒ” ကမ္ဘာ့မင်္ဂလာတွေ။

more.gif

မအောင်မြင်ခြင်းအကြောင်းရင်း (၄၅)ချက်



မအောင်မြင်ခြင်း အကြောင်းအရင်း (၄၅)ချက်"
လက္ခဏ ဗေဒ ဆရာကြီး ဦးစံတင်အောင် (ရွှေဘို) အား
အိန္ဒိယ နိုင်ငံ၊ ကိုးလ်ကတ္တားမြို့၊ အပြည်ပြည်ဆိုင်ရာ ရှေးဟောင်း ယဉ်ကျေးမှူ့ အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့မှ လက္ခဏာ ပညာ ပါရဂူဘွဲ့ Ph.D
(Palmistry)

ချီးမြှင့် ခံရခြင်း အတွက် ဂုဏ်ပြုပွဲ အခမ်းအနားတွင် အမှတ်တရ ထုတ်ဝေသော
လက်ကမ်း စာအုပ်ငယ်လေး ထဲမှ " မအောင်မြင်ခြင်း အကြောင်းအရင်း (၄၅)ချက်"
ကို ကူးယူ ဖော်ပြပါသည် ရှင့်

၁။ တိကျသော ရည်ရွယ်ချက် မရှိခြင်း
၂။မျိုးရိုးလိုက်ပြီး မွေးရာပါ ကိုယ်အင်္ဂါများ မတင့်တယ် မဖွယ် မရာ ရှိခြင်း။
၃။ အခြားသူများ၏ အရေးအခင်းများတွင် ၀င်ရောက် စွက်ဖက် တတ်သော ထူးဆန်းသည့် အကျင့်ရှိခြင်း။
၎။ မိမိ အလုပ်အကိုင်နှင့် ပက်သက်ပြီး လုံလောက်သော ပြင်ဆင်မှူ့ မရှိခြင်း။
၅။ ကိုယ်တိုင် စည်းကမ်းသေ၀ပ်မှူ့ မရှိခြင်း။
၆။ မိမိ၏ တိုးတက်ရေးနှင့် အခွင့်အလမ်းများအပေါ် အရေးမစိုက်ခြင်း၊ စိတ် ၀င်စားမှူ့ မထားခြင်း

၇။ အလယ် အလတ် တန်းစား အဆင့်ထက် ကျော်လွန်၍ ရောက်ရှိရန် မှန်းဆသော ကြီးမြင့်စိတ် မရှိခြင်း။
၈။ ကျန်းမာရေးကို အလေးမထား၊ ဂရုမစိုက်ခြင်း ။
၉။ ငယ်စဉ် ဘ၀က ပတ်ဝန်းကျင်၏ မကောင်းမှူ့ အရှိန်အ၀ါများ ရိုက်ခတ်မှူ့ဒဏ်
ခံခဲ့ရခြင်း။
၁၀။ စတင်ထားသော အလုပ်ကိစ္စကို ပြီးဆုံးသည် အထိ လုပ်ကိုင်နိုင်သော ဇွဲမရှိခြင်း။
၁၁။ အဖျက်စိတ်ထားများ လက်ခံ ကျင့်သုံးနေခြင်း။
၁၂။ စိတ်ထိခိုက် လှူပ်ရှားမှူ့များအပေါ် ထိမ်းချုပ် ကွပ်ကဲမှူ့ မပြုနိုင်ခြင်း။
၁၃။ မိမိက ဘာမျှ မပေးပဲ နှင့် သူတပါးထံမှ ရယူလိုသော ဆန္ဒ ထားရှိခြင်း။
၁၄။ ဆုံးဖြတ်နိုင်စွမ်း မရှိခြင်းနှင့် အရာရာကို တိကျမှူ့ မရှိခြင်း။
၁၅။ တစ်စုံ တစ်ခုကို ဖြစ်စေ၊ ထို့ထက် များများကို ဖြစ်စေ မလုပ်ရဲ မကိုင်ရဲဘဲ အမြဲ ကြောက်ရွံ့စိတ် ရှိနေခြင်း။ ၇
မျိုး ၇ှိသည်။
(က) ဆင်းရဲ ပင်ပမ်းမည်ကို ကြောက်ရွံ့ခြင်း။
(ခ) ဝေဖန် ပြစ်တင် ခံရမည်ကို ကြောက်ရွံ့ခြင်း
(ဂ) မကျန်းမမာ ဖြစ်မည်ကို ကြောက်ရွံ့ခြင်း။
(ဃ) ချစ်ခင်မှူ့ များ ပျက်ပြားမည် ၊ ချစ်ခင်သူများ ဆုံးရှုံးမည်းကို
ကြောက်ရွံ့ခြင်း။
(င) အသက်ကြီးရင့် အိုမင်းမည်ကို ကြောက်ရွံ့ခြင်း။
(စ) လွတ်လပ်ခွင့် ဆုံးရှုံးမည်ကို ကြောက်ရွံ့ခြင်း။
(ဆ) သေရမည်ကို ကို ကြောက်ရွံ့ခြင်း တို့ ဖြစ်သည်။
၁၆။ အိမ်ထောင်ပြုရာတွင် အိမ်ထောင်ဖက် အရွေးမှားခြင်း။
၁၇။ အလုပ်အကိုင်၊ အရောင်းအ၀ယ်ပြုလုပ်ရာတွင် ပေါင်းသင်း ဆက်ဆံသူ အရွေးမှားခြင်း။
၁၈။ မတော် တဆ ဖြစ်မလားဟု တွေးတော စိုးရိမ်မှူ့ လွန်ကဲခြင်း။
၁၉။ အလုပ် အကိုင်၊ အသက်မွေး ၀မ်းကျောင်းပြု မှူ့ အရွေးမှားခြင်း။
၂၀။ မိမိ၏ အချိန်နှင့် အားများ ဆုတ်ယုတ်ပျက်ပြားမှူ့ ဖြစ်စေခြင်း၊ စိတ်အာရုံ စူးစိုက် ထိမ်းချုပ်ရန် အားမထုတ်ခြင်း။
၂၁။ ၀င်ငွေနှင့် ထွက်ငွေကို စာရင်းဇယား စီမံချက် မထားခြင်း၊ မဆင်မခြင် မထိမ်းချုပ်ပဲ
သုံးစွဲခြင်း။
၂၂။ မိမိကိုယ်ပိုင် အချိန်ကို စာရင်းဇယားဆွဲ၍ မှန်ကန် အကျိုးရှိစွာ မသုံးတတ်ခြင်း။
၂၃။ စိတ်ဝင်စားမှူ့၊စိတ်အားထက်သန်မှ
ူ့တို့အပေါ် ထိမ်းချုပ်ကွပ်ကဲမှူ့ မပြုခြင်း။
၂၄။ စိတ်ရှည် သီးခံနိုင်စွမ်း မရှိခြင်း။
၂၅။ လူအများနှင့် ဆက်ဆံရာတွင် မျှတ မှန်ကန်မှူ့ မရှိခြင်း၊ သဟ ဇာတ စိတ်နှင့် မပူးပေါင်းခြင်း။
၂၆။ ရသင့် ရထိုက်သည်ကို အခြေမခံ အကြောင်းမပြု ၊ ထိုက်သင့်သော ကြိုးပမ်းမှူ့ မပါပဲ တန်ခိုး၊ အာဏာ၊ ကြွယ်ဝမှူ့များ
လိုချင်တပ်မက်မောလွန်းခြင်း။ ( တန်ရာတန်ရာ မမှန်းပဲ အချောင်လိုချင်လွန်း၊
လောဘကြီးလွန်းခြင်း)

၂၇။ သစ္စာ မရှိ၊ သစ္စာတရား မဲ့ခြင်း။
၂၈။ မာနကြီး ဘ၀င်မြင့်ခြင်း ၊ ၀ါကြွားအထင်ကြီးခြင်းများကို ထိမ်းချုပ် ကွပ်ကဲမှူ့
မပြုနိုင်ခြင်း။
၂၉။ တစ်ကိုယ်ကောင်း ဆန်လွန်း၊ တစ်ကိုယ်ကောင်း စိတ်ကြီးခြင်း။
၃၀။ မိမိသိပြီးသား အမှန်တရားအပေါ် အခြေမခံပဲ၊ ၀င်ရောက်စပ်စု အကြံပေးခြင်း။
( မိမိ အမှန်တကယ် မသိသော ကိစ္စများကို ၀င်ရောက် စပ်စု အကြံပေးခြင်း)
၃၁။ ဖြစ်နိုင်ရာ ဖြစ်တန်ရာကို မကြံစည် မကြည့်မြင်တတ်ခြင်း။
၃၂။ အရည်အချင်း၊ အတွေ့အကြုံ၊ ဗဟုသုတ ရှိသူများနှင့် ကြီးမြင့်စိတ် မဖွဲ့ခြင်း၊
ပူးပေါင်းလုပ်ကိုင်ရန် ပျက်ကွက်ခြင်း။ (အရည်အချင်း၊ အတွေ့အကြုံ၊ ဗဟုသုတ
ရှိသူများကို အားကျစိတ်၊ အတူပူးပါင်းလုပ်ကိုင် လိုစိတ် မရှိခြင်း၊
မပူးပေါင်းခြင်း)
၃၃။ အနန္တ ဥာဏ်ပညာရှင် ရှိသည်ကို အသိအမှတ် မပြု၊ ဥာဏ်တော် ရှင်၏ အင်အာကို မိမိ
နှင့် သင့်လျော်အောင် ရယူသုံးစွဲခြင်း မပြုခြင်း။ (ပညာရှိကို မမှီဝဲ မဆည်းကပ်ခြင်း)
၃၄။ ညစ်ညမ်း-ရိုင်းစိုင်း- ဆိုးသွမ်းသော စကားများ ပြောဆိုခြင်း။
၃၅။ စဉ်းစား ဆင်ခြင်မှူ့ မပြုပဲ စကားပြောဆိုခြင်း ၊ စကားများလွန်းခြင်း။
၃၆။ သူတပါးပိုင် ပစ္စည်းများ တပ်မက်မောခြင်း။
၃၇။ အချိန်ဆွဲခြင်း ၊ဖင့်နွှဲလေးကန်မှူ့ အကျင့်ရှိခြင်း ။
၃၈။ အကြောင်း တစ်စုံ တစ်ရာ မရှိဘဲ သူတပါး မကောင်းသတင်း မ မှန် မကန် လုပ်ကြံ ပြောဆိုခြင်း။
၃၉။ စိတ်တန်ခိုး အင်အားများနှင့် စိတ်၏ သဘောသဘာဝများကို နားမလည်ခြင်း၊ မလုပ်ဆောင်တတ်ခြင်း။
၄၀။ တိကျသော ရည်ရွယ်ချက် မရှိ၍ ကိုယ်တိုင်ဦးဆောင် တီထွင် လုပ်ကိုင်မှူ့ မပြု
တတ်ခြင်း။
၄၁။ တိကျသော ရည်ရွယ်ချက် မရှိ၍ မိမိကိုယ် ကို အားထားယုံကြည်စိတ် မရှိခြင်း။
၄၂။ နှစ်လိုဖွယ်ရာ ၊ ခင်မင်ဖွယ်ရာ၊ ကြည်ညိုဖွယ်ရာ ရုပ်အဆင်း အင်္ဂါ မရှိခြင်း။
၄၃။ လာလတ္တံ့သော အချိန်ကာလအပေါ် မိမိ အပေါက်းအသင်း ၊ မိမိလူမျိုး၊ မိမိ ကိုးကွယ်ရာ ဘုရားအပေါ် ယုံကြည်မှူ့ မရှိခြင်း။
၄၄။ ထိမ်းချုပ် ကွပ်ကဲမှူ့ မပါပဲ ကြံစည်ခြင်း၊ မိမိစိတ်တန်ခိုး အင်အား ကို တိုးတက်အောင် မပြုလုပ်ခြင်း။
(မူရင်း စာတွင် နံပတ် ၁၇ နှင့် ၁၉ အချက် နှစ်ခုက ထပ်သွား၍ ဖြုတ်ချန်ထားခဲ့ ပါသည်။
လက်သဲကွင်း ထဲမှ စာသားများသည် ကျနော် နားလည်သလို လွယ်ကူအောင် ရေးထားခြင်း မျှသာ
ဖြစ်ပါသည်။)

အဆင်ပြေရာများကို မှတ်သား၊ ရှောင်ရှား၊ သတိပြုနိုင်ကြပါစေ

more.gif