
ရန်ကုန်မြို့ လူစည်ကားသော နေရာသုံးခုတွင် တစ်ပြိုင်နက်တည်း ဗုံးဖောက်ခွဲရန် ကြံစည်ခဲ့သူနှင့် သက်သေခံပစ္စည်း လက်ဝယ်တွေ့သူ အမျိုးသားနှစ်ဦးကို ဒီဇင်ဘာလ ၂၁ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။
ဗုံးပေါက်ကွဲခဲ့ပြီးသော လှည်း တန်းလမ်းဆုံ နေရာအပါအဝင်၊ သမိုင်းလမ်းဆုံ၊ စော်ဘွားကြီးကုန်း လမ်းဆုံ စသည့် လမ်းဆုံ ၃ ခု တွင် ဗုံးထောင်ရန် ကြံစည်သူဟု ယူဆ ရသော အမျိုးသား ၃ ဦး အနက် ညီအစ်ကိုနှစ်ဦးဖြစ်သူ စိုင်းတင်မင်းကိုနှင့် စိုင်းတင်မင်းထွန်း တို့ကို အဆိုပါနေ့ရက်က ပဲခူး တိုင်းဒေသကြီး သုံးဆယ်မြို့နှင့် ရန်ကုန်တိုင်း ဒေသကြီး မြောက်ဥက္ကလာပမြို့နယ်တို့မှ သက်သေခံ ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ လက်ရ ဖမ်းဆီးရမိခဲ့ကြောင်း အထက်ပါ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ဖမ်းဆီးရမိထားသူ နှစ်ဦး အနက် စိုင်းတင်မင်းကိုမှာ KIA အဖွဲ့သို့ ဝင်ရောက်ခဲ့ကာ ဖောက်ခွဲ ရေးသင်တန်း၊ စစ်သင်တန်းများ တက်ရောက်ခဲ့ဖူးပြီး မြန်မာနိုင်ငံ တွင်းသို့ ပြန်လည်ဝင်ရောက်လာ ပြီးနောက် ဖောက်ခွဲရေး ကိစ္စများ ပြုလုပ်ရန် တာဝန်ပေးခြင်း ခံရ သော်လည်း မပြုလုပ်လို၍ အစ်ကိုဖြစ်သူ စိုင်းတင်မင်းထွန်း၏ နေအိမ်သို့ ရောက်ရှိလာပြီး ၄င်းနှင့် အတူပါလာသော ဖောက်ခွဲရေး ပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်း ထွက်ချက်ပေးခဲ့ကြသည်ဟု ၄င်းက ထပ်လောင်း ပြောကြားသည်။ ရန်ကုန်မြို့ သုံးနေရာကို ဗုံးခွဲရန် တာဝန်ပေးခံရသူ သုံးဦးရှိပြီး ၄င်းတို့အနက် စိုင်းတင်မင်းကိုမှာ တစ်ဦးအပါအဝင် ဖြစ်သော်လည်း အခြား နှစ်ဦးကို မသိသေးကြောင်း ၄င်းက ဆိုသည်။
လူတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ သည့် လှည်းတန်းလမ်းဆုံး ဗုံးခွဲမှု တွင် အဓိကတရားခံဟု ယူဆထား ရသည့် အသက် ၂၃ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး၏ပုံတူပန်းချီကို ရန်ကုန်မြို့ လူစည်ကားရာ နေရာ များတွင် ချိတ်ဆွဲကြေညာထားပြီး သတင်းပေးပါက ဆုငွေကျပ်ငါး သိန်းပေးမည်ဟု ဖော်ပြထားသည်။
ယင်းသို့တောင်းဆိုမှုများနှင့် ဆက်စပ်သော တာဝန်ပေးစေခိုင်းသည့် အဖွဲ့အစည်းကို တရားဝင် ကြေညာခြင်း မပြုသေးသကဲ့သို့ အထက်ပါ သတင်းတွင် ပါဝင် သည့် KIA အဖွဲ့အစည်းကလည်း ၄င်းတို့ လက်ချက်ဖြစ်ကြောင်း ပြောဆိုထားခြင်း မရှိသေးပေ။
http://popularmyanmar.com/mpaper/archives/33158






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment