Showing posts with label ရွေးကောက်ပွဲ. Show all posts
Showing posts with label ရွေးကောက်ပွဲ. Show all posts

4 November 2010

မြန်မာပြည် ရွေးကောက်ပွဲ ဗြိတိန် အသိအမှတ်မပြု

ဧရာဝတီဘလော့မှ....


ဗြိတိန်အနေနဲ့ မြန်မာပြည် ရွေးကောက်ပွဲကို တရားဝင်အဖြစ် အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာန လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဂျယ်ရယ်မီ ဘရောင်းက CNA နဲ့ အင်တာဗျူးမှာ ပြောလိုက်တာပါ။

မစ္စတာ ဂျယ်ရယ်မီ ဘရောင်းက “ရွေးကောက်ပွဲကို တရားဝင်အဖြစ် ကျနော်တို့ အသိအမှတ်မပြုပါဘူး။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲမှာ မပါဝင်နိုင်တဲ့ နိုင်ငံရေး အကျဉ်းသား ၂ ထောင်ကျော် ရှိနေတုန်းပါ။ ဒါကြောင့် မြန်မာပြည်သူတွေရဲ့ သဘောထားအစစ်အမှန်ကို ထင်ဟပ်တယ်လို့ ပြောလို့ မရပါဘူး။ ဒါကြောင့် ကျနော်တို့က တရားမဝင်ဘူးလို့ ပြောရတာပါ”

more.gif