Showing posts with label ကချင်သတင်း. Show all posts
Showing posts with label ကချင်သတင်း. Show all posts

14 September 2011

MYEN A LAKNAK KABA HKRA NNA SI AI HPAULA HTU

ကချင်သတင်းမှ......

20/8/2011 ya shani Myen a laknak kaba hkra nna si ai Hpaula Htu (Asak - 8 Ning)
သြဂုတ် ၂၀ ရက်နေဲ့ စစ်အစိုးရတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့်သေဆုံးသွားသော ကျောင်းသူလေး မဖော်လားထု (အသက် ၈ နှစ်)

more.gif

26 July 2011

ပိန်းခင်းအသွား မိုင်းနင်းမိပြီး အမျိုးသမီးကြီး တစ်ဦး သေဆုံး

burmese_sdc
စစ်ဖြစ်ပွားပြီး နောက်ပိုင်း မြစ်ကြီးနား-ဗန်းမော် ကားလမ်းမ။ ဓါတ်ပုံ-ကချင်သတင်းဌာန

ယနေ့ မြစ်ကြီးနား-လိုင်ဇာကားလမ်း မြစ်ကြီးနားမှ ၃၆ မိုင်အကွာ ဂါးရာယန်ကျေးရွာအနီး ယာခင်းသွားသည့် အမျိုးသမီးကြီးတစ်ဦး မိုင်းနင်းမိကာ
ဝိုင်းမော်ဆေးရုံတွင်ရောက်ရှိပြီးနောက်သေဆုံးသွားသည် ဟုဒေသခံများ ပြောသည်။

“မနက်ပိုင်းက အသံကြားလိုက်တယ်။ ကားလမ်းမနဲ့ သိပ်မဝေးတဲ့ ပိန်းခင်းမှာ အမျိုးသမီးကြီးတစ်ယောက် မိုင်းနင်းမိတာ။ အမျိုးသမီးနာမည်က ဂျာရော်၊ ၀ိုင်းမော်ဆေးရုံကို ပို့လိုက်တာ ခုကြားတော့ ဆုံးသွားပြီတဲ့။” ဟုပြောသည်။

ပြီးခဲ့သည့် ဇွန် ၉ ရက် ကစပြီး ကချင်ပြည်နယ်တွင် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)ကြား နေ့စဉ်လိုလို စစ်ပွဲများ ဖြစ်ပွားနေပါသည်။ ယင်းမိုင်းအား မည်သည့်အဖွဲ့ ထောင်ထားသည်ကို မသိနိုင်သေးပါ။

ဇူလိုင် ၂၀ ရက်ညကလည်း ဂါးရာယန်နှင့် ကဇူးကြားရှိ ပုံမွေခ (Pung Mwi Hka) ချောင်းတံတားကို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)မှ ဗုံးဖေါက်ခွဲမှုကြောင့် ကျိုးကျပျက်စီးသွားခဲ့သေးသည်။

ယခုအခါ ၎င်းဒေသရှိကျေးရွာသူရွာသားများကို ရပ်ရွာမှ တိမ်းရှောင်ကြရန် မြန်မာစစ်တပ် ပြောဆိုထားသည်ဟုဆိုသည်။

လူဦးရေ ၁၀၀၀ ခန့်ရှိ ဂါးရာယန်ကျေးရွာသည်ယခုအခါ ၁၀၀ ခန့်ပင်မရှိတော့ကြောင်းဒေသခံများပြောသည်။

“အရင်တုန်းက တနင်္ဂနွေနေ့ဝတ်ပြုစည်းဝေးမှာ လူ ၂၀၀ ကျော် ၃၀၀ လောက်ရှိတယ်။ ခု ပြီးခဲ့တဲ့အပတ်မှာ လူ တစ်ဆယ် နှစ်ဆယ် ပဲရှိတော့တယ်။” ဟု ဂါးရာယန် ဒေသခံတစ်ဦးပြောသည်။

ထို့အတူ ဂါးရာယန်နှင့် တစ်ဆက်တည်း ကဇူးကျေးရွာသားများကိုလည်း မြန်မာစစ်တပ်က နေရပ်စွန့်ခွာစေကာ လူဦးရေ ဆယ်ဂဏန်းတာ ကျန်ရှိသည်ဟု ဆိုသည်။

တိမ်းရှောင်ကြသူများသည် ၀ိုင်းမော်၊ မြစ်ကြီးနား၊ လိုင်ဇာဘက်သို့ သွားရောက်ကြသည်ဟု ဆိုသည်။

more.gif

13 July 2011

KIA အပစ်ခတ်ရပ်စဲရန် ကချင်လူထု မလိုလား

kia-zup-hpawng-3
လိုင်ဇာလူထုအစည်းအဝေးတက်ရောက်သူများအား KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်မှ အပစ်အခတ်ရပ်စဲရေးကိစ္စ ရှင်းပြနေပုံ။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)မှ ကချင်ပြည်သူလူထု သဘောထား အမြင်များ တောင်းခံသည့် စည်းဝေးကျင်းပရာ မြန်မာစစ်တပ်နှင့် KIA အပစ်ရပ်စဲရန် လုံးဝ ကန့်ကွက်သည့် အဖြေများသာ ရရှိခဲ့ကြောင်း သိရသည်။

ဇူလိုင် ၁၂မှ ၁၃ရက်နေ့အထိ နှစ်ရက်ကြာ လူထုသဘောထား တင်ပြဆွေးနွေးမှုကို KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ အလဲန်ဘွမ် (Alen Bum)တွင် စည်းဝေးကျင်းပခဲ့ခြင်းဖြစ်သည်။

“ငါတို့က တိုက်မယ်၊ ချမယ် ဒါပဲ တင်ပြဆွေးနွေးတယ်။ အားလုံး ဒီတစ်သံပဲထွက်တယ်။ အလုအယှက်ပဲ ပြောကြတယ် နောက်မဆုတ်ပဲ ရှေ့တက်ဖို့ပေါ့။ ဒီစစ်တပ်က လိမ်ညာတယ်၊ တစ်ခါ၊ နှစ်ခါလိမ်တာက လိမ်တဲ့သူ အပြစ်ပဲ၊ သုံးလေး ငါးခါ လိမ်ရင်တော့ လိမ်ခံရသူ အပြစ်ပဲ။” ဟု စည်းဝေးတက်ရောက်သူ မြစ်ကြီးနား ကိုယ်စားလှယ် တစ်ဦးမှ ဆိုသည်။

စည်းဝေးတွင် ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ်၊ ဗန်းမော်၊ မြစ်ကြီးနား၊ ဟူးကောင်း၊ ဆွမ်ပရာဘွမ်၊ တနိုင်း၊ ပူတာအို၊ မိုးညှင်း၊ မိုးကောင်း စသည့်မြို့များမှ ကိုယ်စားလှယ်များ၊ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ (WMR)မှ ခေါင်းဆောင်များ၊ ထိုင်းနိုင်ငံ ချင်းမိုင်မြို့နှင့် တရုတ်နိုင်ငံ ယူနန်ပြည်မှ ကိုယ်စားလှယ်များ၊ မြစ်ကြီးနားမြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ MCCမှ ဘာသာရေးဆရာများ အားလုံး စုစုပေါင်း ၁၄၅ဦး တိတိ တက်ရောက်ခဲ့သည်။

KIOမှ ဥက္ကဋ္ဌ ဇောင်းဟရားနှင့် အတူ ဗဟိုဌာနဆိုင်ရာ ထိပ်ပိုင်းခေါင်းဆောင်များ အပါအဝင် ၁၂ ဦး တက်ရောက်ကာ အရပ်ဖက်အုပ်ချုပ်ရေး အရာရှိ လဂျောင်ခေါင်လွမ်းမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဇွန်လ (၉)ရက်နေ့မှ စတင် စစ်ဖြစ်လာသည့် နှစ်ဖက်ကြား တိုက်ပွဲဖြစ်ပွားမှုမှတ်တမ်းကို စစ်ဦးချုပ် ဗိုလ်ချုပ် ဂွမ်ထန် ဂမ်ရှောင်မှ အသေးစိတ် ရှင်းလင်းပြောဆိုခဲ့သည်။

ဆက်ပြီး လက်ရှိ ဖြစ်ပေါ်နေသည့် စစ်ရေးအခြေအနေနှင့် ပတ်သက်ပြီး လူထု၏သဘောထား အမြင်များအား ပြန်လည် တင်ပြတောင်းဆို ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ငြိမ်းချမ်းရေးအတွက် ငါတို့ ဆွေးနွေး သင့်တာကို ဆွေးနွေးမယ်။ ဒါမယ့် ငြိမ်းချမ်းရေး အပစ်ရပ်စဲတာ၊ နားတာမျိုးက မလုပ်တော့ဘူး၊ မြန်မာစစ်တပ်က ညာတာ သိပ်များနေပြီဆိုတော့ ဒါကို မယုံသင့်တော့ဘူး။” ဟု တက်ရောက်သည့် ပြည်သူအသံများ ထွက်ပေါ်နေသည်။

ရန်ကုန်မှလာသည့် ကိုယ်စားလှယ်များမှာမူ “KIO လူတစ်ယောက် နှစ်ယောက်က ကိုယ်ကျိုးစီးပွားရှာတဲ့ အတွက် KIO အနာဂတ် အနှောက်အယှက် ဖြစ်နိုင်တယ်၊ နှစ် (၅၀) သက်တမ်းကို ကြည့်ပြီး ဗဟို အရာရှိ မှားတာတွေ အများကြီး ရှိခဲ့တယ်။ လဆန်အောင်ဝါ၊ မထုနော်၊ NDA-K ခွဲထွက်သွားတာ ကို ဗဟိုဌာနရဲ့ အားနည်းချက်တွေ ဟုတ်တယ် ဒါကို ဆင်ခြင် သင့်တယ်။” ဟု သူတို့ အမြင်များကို ဝေဖန်ပြောဆိုခဲ့သည်။

ရှမ်းပြည်နယ် ကိုယ်စားလှယ် သဘောထားများမူ “ရှမ်းပြည်က ကချင်ဆိုပေမယ့် ကချင်တိုင်းရင်းသားဖြစ်တဲ့ အတွက် ငါတို့က တစ်ခုတည်းဖြစ်တယ်။ ငါတို့ကို မမေ့ပါနဲ့။ တော်လှန်ရေးမှာ ငါတို့ လည်း ပါဝင်ဆင်နွဲမယ်။” ဟု သူတို့ ခံယူချက်ကို ဆိုခဲ့သည်။

နှစ်ရက်ကြာ ကျင်းပသည့် ယင်းစည်းဝေးပွဲ အပြီးတွင် KIO ဥက္ကဋ္ဌ ဇောင်းဟရားမှ ကချင်တိုင်းရင်းသားများ အားလုံး စည်းလုံးညီညွတ်ရန်နှင့် မြို့ပြတွင်နေထိုင်သည့် ကချင်ပြည်သူများ လက်နက် မစွဲကိုင်နိုင်သော်လည်း ပါဝင် ဆင်နွဲရန် အားပေးမိန့် ခွန်းပြောကြားခဲ့သည်။

KIAနှင့် မြန်မာစစ်တပ် အပစ်အခတ်အရပ်စဲရေးနှင့် ပတ်သက်ပြီး KIOမှ ကချင်လူထုသဘောထား တောင်းခံသည့် စည်းဝေးကျင်းပနေသလို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) မှလည်း စစ်ရေးစစ်ဆင်နည်းနှင့် ပတ်သက်ပြီး စည်းဝေးပွဲ တစ်ရပ် ကျင်းပနေသည်။ 

more.gif

23 June 2011

ဆွမ်ပရာဘွမ်လမ်းဗုံးခွဲမှု မြန်မာအစိုးရတပ် ၁ ဦးကျ ၅ ဦးဒဏ်ရာရ

ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုခရိုင် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) ရှိရာသို့ ဆွမ်ပရာဘွမ်လမ်းမှ ဦးတည်လာသည့် မြန်မာအစိုးရတပ်သည် KIA ဗုံးကြောင့် ၁ ဦးကျ၍ ၅ ဦးဒဏ်ရရှိခဲ့ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုကော်မတီဝင် တွဲဖက်အတွင်းရေးမှူး ဦးလနန်ပြောသည်။

KIA တပ်မဟာ (၁) တပ်ရင်း (၇) နယ်မြေတွင်းတက်လာချိန် မြန်မာတပ်တွေဖက်က ထိခိုက်သွားခြင်း ဖြစ်သည်ဟုပြောသည်။
kia_soldier_0906
ဇွန် ၉ ရက်၊ မြန်မာစစ်တပ်မှ KIAအား စတင်ထိုးစစ်ဆင်ပြီးနောက် ကျယ်ပြန့်သောခံစစ် ပေါ်လစီကို KIA ကျင့်သုံးနေရကြောင်း KIA အရာရှိများပြောပါတယ်။
“ခလရ ၁၃၈ နဲ့ပါ မြန်မာတပ်ဖက်က သူတို့တပ်က တစ်ယောက်သေတယ် ၅ယောက် ဒဏ်ရပါတယ်။ ကျွန်တော်တို့ဖက်က ဘာမှမဖြစ်ပါဘူး။ မြန်မာစစ်တပ် ကားတစ်စီးပျက်စီးသွားတယ်။ အခုတိုက်ပွဲဖြစ်နေတဲ့ နေရာမှာတော့ ဘာမှမဖြစ်သေးပါဘူး။ အခုက ဆွမ်ပရာဘွမ်တက်လာတဲ့လမ်းမှာဖြစ်တာပါ။”

မြန်မာစစ်တပ်ဘက်မှ ၄င်းအကျအဆုံးနှင့်ပတ်သက်၍ အတည်ပြုနိုင်ခြင်းမရှိသေးပေ။

တိုက်ပွဲဖြစ်ပွားနေသည့် ပူတာအိုခရိုင်တွင် ကချင်တိုင်းရင်းသား ရ၀မ်၊ လီဆူ၊ ဂျိန်းဖော့ (Duleng) လူမျိုးစုများအများစု နေထိုင်ပြီး မြန်မာအစိုးရစစ်တပ်မှလည်း ၄င်းနယ်မြေတွင်းဒေသခံများအား တပ်သားအဖြင့် စုဆောင်းထားခဲ့သည်ဟု ဒေသခံများပြောသည်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားချိန်တွင် အဓိကနယ်မြေကျွမ်းကျင်သော ကျေးရွာဒေသခံများကိုသာ အသုံးပြုတိုက်ခိုက်နေခြင်းဖြစ်ကြောင်းလည်း KIO ဌာနချုပ်အဖွဲ့ဝင်တစ်ဦး ပြောဆိုသည်။

“အဲဒီနေရာဖက်မှာ သူတို့က ရ၀မ်တိုင်းရင်းသားတွေကိုစည်းရုံးထားတာတွေရှိတယ်။ ပြီးတော့ လီဆူတိုင်းရင်းသားတွေကို စည်းရုံးထားတာတွေလည်းရှိတယ်။ သူတို့နဲ့တိုက်ခိုက်တာလည်းပါတာပေါ့။ ဦးဆောင်တဲ့တပ်ကတော့ သူတို့ပဲဦးဆောင်တာပေါ့။ များသောအားဖြင့်တော့ တိုင်းရင်းသားတွေလည်း ပါလိမ့်မယ်။”

နှစ်ဖက်တပ်များ ဆုတ်ခွာသွားခြင်းမရှိသေးသောကြောင့် ဒေသခံ ပြည်သူလူထုများသည် သေနတ်သံကြောင့် နီးစပ်ရာတောပ၀န်းကျင်သို့ ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရသည်။

ကချင်တပ်နှင့် မြန်မာအစိုးတပ်များ တိုက်ပွဲမရပ်မနားဖြစ်နေခြင်းကြောင့် KIO ထိန်းချုပ်နယ်မြေတွင်းသို့ ထွက်ပြေးခိုလှုံနေသူ စစ်ပြေးဒုက္ခသည် ၂၀၀၀၀ ကျော်ရှိနေကြောင်း ဒုက္ခသည် စောင့်ရှောက်မှုအဖွဲ့မှသိရသည်။

more.gif

30 March 2011

KIO အုပ်ချုပ်ရေးပိုင်း အရာရှိ ၃ ဦး မြန်မာတပ်၏ဖမ်းဆီးခံနေရ

  KNG

မတ်လအတွင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အရပ်ဖက်အုပ်ချုပ်ရေးပိုင်းမှ အရာရှိ ၃ ဦးကို မြန်မာစစ်အစိုးရတပ်က ဖမ်းဆီးထားကြောင်း KIO က ပြောသည်။

၎င်းတို့သည် KIO အောက် “DGA (Department of General Administration)” ခေါ် အရပ်ဖက်အုပ်ချုပ်ရေးဌာန မှ ဒုတိယ တိုက်နယ်မှူးအဆင့် ရှိသူများဖြစ်သည်ဟု KIO အရာရှိများပြောသည်။
kachin_army_kachin_state
ကချင်ပြည်နယ် အရှေ့ဘက်ခြမ်း ရှေ့တန်းနယ်မြေတွင် ရောက်ရှိသော KIA တပ်သားများ။

ကချင်ပြည်နယ်အနောက်ဘက် ဖားကန့်မြို့နယ်၊ ဆိုင်းတောင်မြို့ (KIO ၏ ဆိုင်းဇွပ်တိုက်နယ်) မှ ဒုတိယ အုပ်ချုပ်ရေးမှူး တပ်ကြပ် မရော်ဘရန်မိုင်နှင့် ဆလန်ကဘာ လဆိုင်းတို့ကို မတ်လ ၂၄ ရက်၊ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် မြန်မာစစ်တပ် ခလရ (၇၄)က ဖမ်းဆီးခဲ့သည်။
ဆိုင်းတောင်မြို့ရှိ “ရွှေခြင်္သေ့ ဆီဆိုင်” သို့ အခွန်ကောက်ရန်ရောက်ရှိလာသည့် ယင်း KIO တိုက်နယ်အရာရှိနှစ်ဦးကို မြန်မာစစ်သား ၁၀ ယောက်ကျော်က ၀န်းရံဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မြန်မာစစ်တပ် ခလရ (၇၄)သည် မိုးကောင်း နယ်မြေခံတပ်ရင်းဖြစ်ပြီး ယခုချိန် ဖားကန့်စစ်ဗျူဟာကွပ်ကဲမှုအောက် ဆိုင်းတောင်တွင် တာဝန်ကျနေကြောင်း ဒေသခံများပြောသည်။

ဆိုင်းတောင် KIO တိုက်နယ်အရာရှိ နှစ်ဦးကို “လုံခြုံရေး” အကြောင်းပြချက်ဖြင့် စစ်ဗျူဟာ အခြေစိုက်စခန်းတွင် ဖမ်းဆီးထားရာမှ မတ်လ ၂၆ ရက်နေ့တွင် ဖားကန့်ရဲစခန်း အချုပ်ခန်းသို့ ပြောင်းရွှေ့ခဲ့သည်ဟု ဖါးကန့်ကျောက်စိမ်းမှော်ဒေသဆိုင်ရာ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၆ မှ အရာရှိများကဆိုသည်။

ရဲစခန်းသို့မပို့ခင် ၎င်းတို့ နှစ်ဦးအား စစ်ဗျူဟာစခန်းတွင် ပြင်းပြင်းထန်ထန် ရိုက်နှက်ညှင်းပန်းခြင်းများ ပြုလုပ်ခဲ့သည်ဟု KIA တပ်ရင်း ၆ က ဆိုသည်။

ယမန်နှစ် အောက်တိုဘာလတွင် မြန်မာစစ်တပ်က KIO ကို “သောင်းကျန်းသူ” ဟု ပြန်လည်ခေါ်ဆိုပြီးနောက် KIO က ကချင်ပြည်နယ်အတွင်း အခွန်ကောက်ခံခြင်း ပြန်လုပ်လာသည်။

အစောပိုင်းက ဒု-တိုက်နယ်မှူးအဆင့်ရှိ ယော်ဘောမ်ကို မြစ်ကြီးနားတပ် ခလရ (၃၇) က မတ်လ ၁၀ ရက်တွင် နန်းကွေ့ချောင်းအနီး ဖမ်းဆီးလိုက်သည်။

သူ့ကို ဖမ်းဆီးရခြင်းအကြောင်းပြချက်နှင့် ချုပ်နှောင်ထားသည့်နေရာကိုမူ မသိရသေးပေ။

တစ်ချိန်ထဲမှာ ကချင်လူငယ်တစ်ဦး မရန်ဘရန်ဆန်အောင် ကိုလည်း “မှတ်ပုံတင် ကိုင်ဆောင်ထားခြင်းမရှိခြင်း အကြောင်းပြချက်ဖြင့်” မြစ်ကြီးနား-တနိုင်းကြား နောင်းလုံဂိတ်တွင် တနိုင်းစစ်တပ် ခမရ ၃၁၈ က မတ်လ ၂၀ တွင် ဖမ်းဆီးပြီး ၎င်းအား မြစ်ကြီးနားအနီး ပင်ဒေါင် စစ်သင်တန်းကျောင်းသို့ ပို့ထားကြောင်း လူငယ်နှင့် နီးစပ်သူများကဆိုသည်။

၂၀၁၀ သြဂုတ်လ ၃၀ ရက် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို KIO က လက်မခံသည့်နောက်ပိုင်း KIO/KIA အဖွဲ့ဝင်များကို စစ်ဆေးဖမ်းဆီးခြင်းများ မြန်မာစစ်အစိုးရ ပိုပြုလုပ်လာသည်။

KIO သည် မြန်မာနိုင်ငံ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များတွင် ဒုတိယ အင်အားအကြီးဆုံးဖြစ်ပြီး ပြီးခဲ့သည့်လတွင် ဖွဲ့စည်းခဲ့သော “ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC)” ၏ အဓိကကျသည့် အဖွဲ့ဝင်လည်းဖြစ်သည်။

မြန်မာစစ်အစိုးရက KIO အား သောင်းကျန်းသူ ဟု ခေါ်ဆိုခဲ့သော်လည်း စစ်ရေးအရ တိုက်ခိုက်ချေမှုန်းခြင်း မရှိသေးပါ။

more.gif

3 March 2011

ကေအိုင်အိုက နအဖ ရိက္ခာပို့ တပ်ကို တားမြစ်


more.gif

9 February 2011

မန်မာတပ်များဟန့်တားတိုက်ခိုက်ခံရ ပြီးနောက် KIA နယ်မြေအနီးမှ ဆုတ်ခွာ

http://kachinnews.com/

မြန်မာစစ်အစိုးရတပ်များ တနင်္လာနေ့က ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ၏ ဟန့်တားတိုက်ခိုက်ခံရပြီးနောက် ပစ်ခတ်မှုဖြစ်ပွားရာဒေသအနီးသို့ ပို့ထားသည့်၎င်း၏စစ်ကူများ ယခုပြန်ဆုတ်နေကြောင်း သိရသည်။

ယင်းတပ်များသည် ကချင်ပြည်နယ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်ရှိ အင်မောက် (မိုးမောက်) နယ်မြေခံတပ်ရင်း ခမရ (၄၃၇)၊ မန်ဂျေ (မန်စီ) နယ်မြေခံတပ်ရင်း ခမရ (၃၁၉)၊ မိုးညှင်း နယ်မြေခံတပ်ရင်း ခလရ(၁၅) နှင့် မြစ်ကြီးနား နယ်မြေခံတပ်ရင်း ခလရ (၂၁) တို့ဖြစ်ကြောင်း KIA က ဆိုသည်။
kia_frontline_kng
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရှေ့တန်းတနေရာတွင် တွေ့ရသော KIA စစ်သားများ။ ဓါတ်ပုံ - ကချင်သတင်းဌာန


KIA ဌါနချုပ်သို့ ခွင့်တောင်းခြင်းမရှိဘဲ KIA တပ်ရင်း ၂၇ ထိန်းချုပ်နယ်မြေ ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မန်ဝိန်းမြို့နယ်အတွင်း ပုန်းလိန်-ဒိန်ခရူဒေသသို့ ဖောဝီးလ်ကားတစ်စင်းဖြင့် ချဉ်းနင်းဝင်ရောက်လာသော ခလရ (၁၅)မှ တပ်ဖွဲ့အား KIA စစ်သားများမှ စတင်ဟန့်တားပစ်ခတ်ခဲ့ခြင်းဖြစ်သည်။


ပစ်ခတ်မှုကို ဗိုလ်မှူး ယော်ထုန် ဦးဆောင်သော KIA တပ်ရင်း ၂၇ မှ တပ်သားများ နှင့် ဌာနေအရပ်သားကာကွယ်ရေးတပ်သားများ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု KIA အရာရှိများဆိုသည်။

ပစ်ခတ်မှုကြောင့် မြန်မာဘက်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ယဉ်ထွေး အပါအ၀င် ၈ ဦး ဒဏ်ရာရရှိခဲ့သည်။ တပ်ရင်းမှူး ယဉ်ထွေးအား နမ့်ခမ်းဆေးရုံမှ တရုတ်ပြည်နယ်စပ် ရွှေလီဆေးရုံသို့ အရေးပေါ်ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားကြောင်း KIA သတင်းရပ်ကွက်က ဆိုသည်။

ထိခိုက်ဒဏ်ရာရသူများတွင် စစ်ဆေးဆရာဝန်၏ ဒဏ်ရာမှာ ပြင်းထန်ကြောင်း သိရသည်။ ယခုချိန် စစ်သား ၅ ဦးကလည်း မူဆယ်ဆေးရုံတွင် ဆေးဝါးကုသနေကြောင်းသိရသည်။

တိုက်ခိုက်ချိန်အတွင်း KIA ဘက်မှ ကျဆုံးခြင်းမရှိသော်လည်း အခင်းဖြစ်ပွါးပြီး ညနေပိုင်း ၄ နာရီခန့်တွင် မိုင်းမတော်တဆ ပေါက်ကွဲမှုတစ်ခုတွင် အရပ်သားကာကွယ်ရေးတပ်သားတစ်ဦး သေဆုံးသွားကြောင်း KIA က အတည်ပြုပြောပါသည်။

မြစ်ကြီးနားအခြေစိုက် မပခတိုင်းမှူး ဗိုလ်မှူးချုပ်ဇေယျာအောင်က “KIA နယ်မြေထဲ မြန်မာစစ်တပ် ၀င်ရောက်ရန် ညွှန်ကြားခြင်းမရှိကြောင်းနှင့် ဒုဗိုလ်မှူးကြီးယဉ်ထွေးဦးစီးသောတပ်များသည် အထက်ကညွှန်ကြားခြင်းမရှိဘဲ KIA နယ်မြေထဲ ၀င်ရောက်ခြင်းသာဖြစ်ကြောင်း” ကို KIA သို့ရှင်းလင်းခဲ့ကြောင်း KIA အရာရှိများ ထိုင်းအခြေစိုက်ကချင်သတင်းဌာနသို့ပြောပါသည်။

KIA ဗဟိုကော်မတီဝင်တစ်ဦးက ၎င်းတို့လိုင်ဇာဌာချုပ်သို့ “ခွင့်တောင်းခြင်း” မရှိဘဲ မြန်မာစစ်သားများ နယ်ကျော်ဝင်ရောက်လာသဖြင့် ယခုလိုစတင်ပစ်ခတ်ဟန့်တားခဲ့ရသည်ဟု ကချင်သတင်းဌာနသို့ ရှင်းလင်းခဲ့သည်။

ပြီးခဲ့သည့်နှစ် KIA နှင့် မြန်မာစစ်အစိုးရကြား စစ်ရေး၊ နိုင်ငံရေး တင်းမာလာချိန်မှစ၍ “ဒိုင်လောန်ရုန်း” ခေါ် KIA စစ်ဌာနချုပ်က ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းရှိ ၎င်းတို့တပ်ဖွဲ့ဝင်အားလုံးကို KIA နယ်မြေထဲ ထိုးဖောက်ဝင်ရောက်လာသော မြန်မာစစ်သားများအား ဟန့်တားပစ်ခတ်ရန် “ပစ်မိန့်” ပေးထားသည်။

၁၇ နှစ်ကြာအပစ်အခတ်ရပ်ဆိုင်းကာလအတွင်း မြန်မာစစ်တပ်က KIA စစ်သား အနည်းဆုံး ၁၆ ဦး ကို သတ်ဖြတ်ခဲ့သည်။ သို့သော် KIA ဘက်မှ မြန်မာစစ်တပ်အားတုန့်ပြန်တိုက်ခိုက်ခြင်းကို ယခုချိန်တွင် စတင်ပြုလုပ်လာခြင်းလည်းဖြစ်သည်။

၂၀၁၀ စက်တင်ဘာ ၁ တွင် မြန်မာစစ်အစိုးရနှင့် KIO ကြား ၁၉၉၄ အပစ်အခတ်ရပ်ဆိုင်းစာချုပ်ကို စစ်အစိုးရဘက်မှ စတင်ဖျက်ဆီးခဲ့သည်။

၂၀၀၉ ဧပြီ် မှ ၂၀၁၀ သြဂုတ်ထိ စစ်အစိုးရက KIO အား ၎င်းတို့လက်အောက်ခံ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ဖိအားပေးခဲ့ပြီး နောက်ဆုံး လက်နက်ချရန် ရာဇသံပေးခဲ့သည်။

သို့သော်လည်း KIO က နှစ်ဖက်နိုင်ငံရေးပြဿနာ ဆွေးနွေးဖြေရှင်းခြင်းလုံးဝမရှိဘဲ တပ်ဖွဲ့ အပြောင်းအလဲလုပ်ရန် ငြင်းဆန်ခဲ့သည်။

ထို့နောက် ၂၀၁၀ အောက်တိုဘာ ၁၅ တွင် KIO အား “သောင်းကျန်းသူ” ဟု စစ်အစိုးရက စတင်ခေါ်ဆို သတ်မှတ်ခဲ့သည်။

ယခုတိုက်ခိုက်မှုနှင့်ဆက်နွယ်ပြီး မြန်မာစစ်အစိုးရက KIA အား စစ်ရေးဖြင့်သာ တုံ့ပြန်ချေမှုန်းရန် ပြင်ဆင်ကြိုးပမ်းလာပါက ပြည်တွင်းစစ် ဖြစ်လာမည်ဟု KIA အရာရှိများ ပြောသည်။

more.gif

8 February 2011

KIA နှင့်တိုက်ပွဲတွင် နအဖဘက်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ယဉ်ထွေး ကျဆုံး

http://www.ninedeblood.blogspot.com/



ယမန်နေ့က KIA တပ်ရင်း ၂၇ မှ ဗိုလ်မှူးယော်ထုန်ဦးဆောင်သောတပ်ဖွဲ့နှင့်
ဟန့်တားသည့်ကြားက နယ်မြေကျူးကျော်ဝင်ရောက်လာသော နအဖတပ်ဖွဲ့တို့
ဖြစ်ပွားသော တိုက်ပွဲတွင် နအဖဘက်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ယဉ်ထွေး
ကျဆုံးသွားပြီး ဒဏ်ရာရရှိသည့်အထဲတွင် တပ်ရင်းဆရာဝန်က
ဒဏ်ရာပြင်းထန်ကြောင်းသိရှိရပါသည်။


more.gif

7 February 2011

နယ်ကျော်ဝင်ရောက်လာသည့် မြန်မာတပ်အား KIA စတင်ဟန့်တားပစ်ခတ်

http://kachinnews.com/burmese/2


တနင်္လာနေ့ မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်တွင် မြန်မာစစ်အစိုးရတပ်ဖွဲ့အား ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) မှ ပထမဆုံး ဟန့်တားပစ်ခတ်လိုက်ခြင်းသည် နှစ်ဖက်ကြား ၁၇ နှစ်ကြာ အပစ်အခတ်ရပ်ဆိုင်းထားခြင်းအား အဆုံးသတ်စေခဲ့သည်။

မန်မော် (ဗန်းမော်)
kia_soldier
ကချင်ပြည်နယ် ရှေ့တန်းတနေရာတွင် တွေ့ရတဲ့ KIA စစ်သားတစ်ဦး။ ဓါတ်ပုံ - ကချင်သတင်းဌာန
အရှေ့တောင်ဘက် မန်ဝင်းမြို့နယ်၊ ပုန်းလိမ် ဒုံခရွန်းဧရိယာတွင် ဒေသစံတော်ချိန် နံနက် ၁၀ ခွဲခန့် ဗိုလ်မှူး ယော်ထုန် ဦးဆောင်သော KIA တပ်ရင်း ၂၇ က ၎င်းတို့ကန့်သတ်ထားသည့် ထိုနယ်မြေသို့ နယ်ကျော် ၀င်ရောက်လာသည့် မိုးညှင်းအခြေစိုက် ခလရ (၁၅) မော်တော်ယာဉ်တစ်စင်းအား ပစ်ခတ်ခဲ့ကြောင်း KIA အရာရှိများပြောသည်။

တိုက်ခိုက်မှုကြောင့် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ယဉ်ထွေးကျဆုံးပြီး တပ်ဆေးဆရာဝန် အပါအ၀င် မြန်မာစစ်သား ၇ ဦးပါ ဒဏ်ရာရရှိကြောင်း KIA က သိရသည်။ ဒဏ်ရာရရှိသူများတွင် တပ်ရင်းဆရာဝန်မှာ ပြင်းထန်ကြောင်း သိရသည်။

ပစ်ခတ်မှုများ ညနေ ၆ တွင် ပြန်လည်ဖြစ်ပွားကြောင်း KIA က ပြောသည်။

မြန်မာတပ်ရင်း ၂ ခု ဖြစ်သည့် မြစ်ကြီးနားအခြေစိုက် ခလရ (၂၁) နှင့် မန်ဂျေ (မန်စီ) အခြေစိုက် ခမရ (၃၁၇) တို့သည် တိုက်ပွဲဖြစ်ပွားပြီးနောက် တပ်ကူရောက်လာကြကြောင်း KIA မှ သိရသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က ၁၉၆၃ ခုနှစ်ကတည်းက လူများစု ဗမာနိုင်ငံရေးသမားများဦးစီးသော မြန်မာအစိုးရအဆက်ဆက်နှင့် နှစ်ဖက်နိုင်ငံရေးပြဿနာအား ငြိမ်းချမ်းသောနည်းဖြင့် ဆွေနွေးဖြေရှင်းရန် ကြိုးပမ်းခဲ့သော်လည်း အစိုးရမှ ယခုချိန်ထိပယ်ချထားဆဲဖြစ်သည်။

KIO သည် မကြာခင်က ထိုင်း-မြန်မာနယ်စပ်တွင်ဖွဲ့စည်းခဲ့သည့် နိုင်ငံရေး၊ စစ်ရေးမဟာမိတ်အဖွဲ့ “အရေးပေါ်ပြည်ထောင်စုကော်မတီ (Committee for Emergence of a Federal Union)” ၏ ခေါင်းဆောင်လည်း ဖြစ်သည်။

ယခုချိန်ထိ CEFU တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) (SSA-N) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ ပါဝင်သည်။

more.gif

ကေအိုင်အိုနှင့် နအဖ တိုက်ပွဲဖြစ်ပွား


more.gif

26 January 2011

ကွဲနေသော ကချင်တော်လှန်ရေးအဖွဲ့ နှစ်ဖွဲ့ ပြန်လည်ပူးပေါင်း


http://kachinnews.com
ကွဲနေသော အဓိက ကချင်တော်လှန်ရေးအဖွဲ့ နှစ်ဖွဲ့ဖြစ်သည့် ပြည်တွင်းအခြေစိုက် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် ပြည်ပအခြေစိုက် ကချင်အမျိုးသားအစည်းအရုံး (KNO) တို့သည် နိုင်ငံနှင့်လူမျိုးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။

ဇန်န၀ါရီ ၂၂ ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင်  KIO မှ ခေါင်းဆောင်များနှင့် KNO ဥက္ကဌနှင့် ခေါင်းဆောင်များသည် မြန်မာနိုင်ငံအတွက် ပူးပေါင်းဆောင်ရွက်ကြရန် ၎င်းစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။

“ကျွန်တော်တို့ ၀မ်းမြောက်စွာနဲ့ ဒီဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်။” ဟု UK-KNO ရုံးတာဝန်ခံ လရှီးဂွန်းတောင်က ပြောသည်။
nbanla_bawmwang_laraw
KIO ဒု-ဥက္ကဌ အင်ဘန်ဘ (ဘယ်) နှင့် KNO ဥက္ကဌ ဒူဝါဘွမ်ဝေါင်လရော်။ ဓါတ်ပုံ-KNO

ဆက်လက်ပြီး “ဒီပေါင်းစည်းမှုက ကျွန်တော်တို့လူမျိုးတွေကို ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်မယ်လို့ ယုံကြည်တယ်။” ဟု ဆိုသည်။

၂ ရက်ကြာအစည်းအဝေးအပြီးတွင် မြန်မာပြည်တွင်းပြည်ပရှိ ကချင်လူမျိုးများအတွက် နိုင်ငံရေးလမ်းစဉ် ၆ ချက်ကိုအခြေခံကာ ပူးပေါင်းလုပ်ဆောင်သွားရန် ဇန်န၀ါရီ ၂၂ ထုတ် နားလည်မှုစာချွန်လွှာတွင် ဖော်ပြထားသည်။

လွတ်လပ်၍ တရားမျှတမှုအတွက် ငြိမ်းချမ်းစွာ နိုင်ငံရေုးညှိနှိုင်းဆွေးနွေးအဖြေရှာခြင်းဖြင့် ပင်လုံစိတ်ဓါတ်ကို အခြေခံကာ ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းသဘောတူညီမှုတွင် ပါရှိသည်။

ဗမာ၊ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် အခြားလူမျိုးစုများ ပါဝင်သည့် ပြည်ထောင်စုမူကို ခံယူပြီး လုပ်ဆောင်မည်ဖြစ်သည်ဟုလည်း ပါရှိသည်။

KNO ဥက္ကဋ္ဌ ဘွမ်ဝေါင်လရော်က ယခင်က KNO နှင့် KIO ကြား ရည်ရွယ်ချက်ခြင်း တူသော်လည်း ခေါင်းဆောင်များကြား နားလည်မှုလွှဲကာ အတူတကွပူးပေါင်းလုပ်ဆောင်ရာတွင် အခက်အခဲများရှိခဲ့သည်ဟု ပြောခဲ့ကြောင်း လရှီးဂွန်းတောင်ဆိုသည်။

ဆက်လက်ပြီး အဖွဲ့အစည်း ၂ ခုသည် အတူတကွပူးပေါင်းရန် ကာလအတန်ကြာကတည်းက ကြိုးစား ခဲ့သော်လည်း ယခုမှ နားလည်မှုစာချွန်လွှာပေါ်လက်မှတ်ရေးထိုးနိုင်ခဲ့သည်ဟု ပြောသည်။

“ကျွန်တော်တို့လူမျိုးတွေ ခက်ခဲတဲ့ အခြေအနေမှာခု ရောက်နေတော့ ကျွန်တော်တို့ကြား စည်းလုံးမှုက အင်မတန် အရေးကြီးတယ်။” ဟုဂွန်တောင်ကပဲ ဆက်ပြောသည်။

၁၉၉၄ KIO နှင့် မြန်မာစစ်အစိုးရကြား အပစ်အခတ်ရပ်စဲခဲ့ပြီးနောက် KNO အား ၁၉၉၉ ခုနှစ် ဇန်န၀ါရီ ၉ ရက်တွင် ပြည်ပရောက်ကချင်များ ထူထောင်ခဲ့သည်။

၁၉၆၀ အောက်တိုဘာ ၂၅ ရက်နေ့တွင်စတင်ဖွဲ့စည်းခဲ့သည့် KIO သည် ရည်မှန်းချက်ပန်းတိုင် ကချင်လူမျိုးများကိုယ်ပိုင်ပြဋ္ဌါန်းခွင့်အတွက် ၁၉၆၁ ဖေဖော်ဝါရီ ၅ တွင်စတင်သည့် ၎င်း၏လက်နက်ကိုင် KIA တပ်ဖွဲ့ဖြင့် မြန်မာစစ်အစိုးရကို အပစ်မရပ်ခင် ၁၉၉၄ အထိ တိုက်ခိုက်ခဲ့သည်။

“ခု အဖွဲ့ ၂ ခုကြားမှာ နားလည်မှုရတာက ကျွန်တော်တို့လူမျိုးတွေအတွက်ကောင်းတယ်။ ဘာလို့လဲဆိုတော့ KNO က ပြည်ပမှာ အလုပ်လုပ်ပြီးတော့ KIO က ပြည်တွင်းမှာလုပ်။ ဒီပေါင်းစည်းမှုက အရေးကြီးတယ်။” ဟု ပြည်ပတက္ကသိုလ်တစ်ခုမှ နိုင်ငံရေးသိပ္ပံကျောင်းသားတစ်ဦးပြောသည်။

KIO က KNO နှင့်ပူးပေါင်းရခြင်းသည် နိုင်ငံတကာလူ့အဖွဲ့အစည်းကို အလေးထားလာရခြင်းကြောင့် ဖြစ်ကြောင်း ယခင် ၁၉၉၄ KIO ဥက္ကဋ္ဌ မရန်ဘရန်ဆိုင်း ကွယ်လွန်ပြီးနောက် ပြည်တွင်းထဲသာ နိုင်ငံရေး ပြုလုပ်ခဲ့ရာမှ ပြောင်းလဲလာခြင်းဖြစ်ကြောင်း ယင်းကျောင်းသားကပဲ ပြောသည်။

“ဒီသဘောတူညီမှုဟာ အဖွဲ့အစည်းနှစ်ခုကြားမှာ အသီးသီးရဲ့လက်နက်ကိုင်တပ်ဖွဲ့အတွက်မစဉ်းစားသေးတဲ့ သဘောတူညီမှုဖြစ်တယ်။ လူငယ်တစ်ယောက်အနေနဲ့ ကချင်လူမျိုးအတွက် စစ်တပ် တစ်ခုပဲ လိုအပ်တယ်လို့ ခံစားရတယ်။ ၂ ခုမလိုအပ်ဘူး” ဟု ဆက်ပြောသည်။

ယင်းကျောင်းသားကပဲ နှစ်ဖွဲ့လုံးသည် တူညီတဲ့နိုင်ငံရေးရည်မှန်းချက်ဆီလျှောက်လှမ်းနေကြောင်း ပြောသည်။

၎င်းနားလည်မှုစာချွန်လွှာအား KIO ဘက်မှ ဒု-ဥက္ကဋ္ဌ အင်ဘန်လ၊ ဒု-သဘာပတိ ဂေါ်ရီဇော်ဆိုင်း၊ ဗဟိုကော်မတီဝင် လဖိုင်လ နှင့် KNO ဘက်မှ သဘာပတိ ဒူဝါဟော်ဝါးဂျာလ၊ ဥက္ကဋ္ဌ ဒူဝါဘွမ်ဝေါင်လရော် နှင့် အထွေထွေအတွင်းရေးမှုး ဒေါက်တာလထော်နော်လောန် တို့ လက်မှတ်ရေးထိုးခဲ့သည်။

more.gif

21 December 2010

ဖားကန့် ကျောက်စိမ်းမော်ထဲ KIO မှ တဖန် အခွန်ကောက်ခံနေ

ကချင်သတင်းမှ.....

ဖါးကန့်ကျောက်စိမ်းမော်၊ ကချင်ပြည်နယ်။ ဓါတ်ပုံ - ကချင်သတင်းဌာန
ဒီဇင်ဘာလ 21 ရက် 2010 ခုနှစ်။

ကချင်သတင်းဌာန သတင်း - ကချင်သတင်းဌာန .မြန်မာ စစ်အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှစ်ဖက်ကြား ငြိမ်းချမ်းရေး ပျက်ပယ် သွားပြီးနောက် KIO မှ ဖါးကန့် ကျောက်စိမ်း မော်ထဲတွင် အခွန်ကောက်ခံမှု ၁၆ နှစ်ကြာ ရပ်တန့်ထားရာ ဒီဇင်ဘာလလဆန်းမှ ပြန်လည် ကောက်ခံနေပြီ ဖြစ်ကြောင်း KIO အရာရှိ တစ်ဦးက ပြောသည်။

KIO ထိန်းချုပ်နယ်မြေများဖြစ်သည့် ဖားကန့်မြို့နယ် ဂင်ဆီ ဆိုင်းရာ (Gin Si Seng Ra) ကျေးရွာစသည့် ကျောက်စိမ်းမော်များနှင့် အခြား စစ်အစိုးရ ထိန်းချုပ်နယ်မြေတစ်ချို့မှာလည်း ကောက်ခံနေပြီ ဖြစ်ကြောင်း အမည်မဖော်လိုသူ အထက်က KIO အရာရှိမှ ပြောသည်။

ယခု အခွန်ကောက်ခံခြင်းကို ရွှေမော်၊ ကျောက်စိမ်း ကုမ္ပဏီ လုပ်ငန်းတွေအား လုပ်ပိုင်ခွင့် သတ်မှတ် ပေးထား သည့်ပေါ် မူတည်ကာ ကောက်ခံသွားရန် ရှိကြောင်း ကိုလည်း KIO အရာရှိမှ ပြောသည်။

“အခု KIO က တရားဝင် မြို့အဝင်အထွက် သွားလာဖို့ ခက်ခဲလာပြီဆိုတော့ သူတို့လက်အောက်မှာရှိတဲ့ သူတို့မြင်နေရတဲ့ ကုမ္ပဏီတွေကို အခွန်ကောက်ခံလာတာ ဖြစ်တယ်” ဟု ဖားကန့် ဒေသခံတစ်ဦး သုံးသပ် ပြောဆိုသည်။

၁၉၉၄ အရှေ့ပိုင်း၌ KIO သည် ဖားကန့်မြို့နယ် တစ်ခုလုံး၌ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများတွင် အခွန် ကောက်ခံခဲ့ပြီး စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူပြီး နောက်ပိုင်း အခွန်ကောက်ခံမှုကို ရပ်တန့်ခဲ့သည်။ ယခု တဖန် ငြိမ်းချမ်းရေးပျက်ပယ်ပြီးနောက် ပြန်လည် ကောက်ခံဖို့ရန် နိုဝင်ဘာလ ကုန်ပိုင်းတွင် ကုမ္ပဏီကြီးများ အား အခွန်ကောက်ခံ ငွေပေးဆောင်ရန် အကြောင်းကြားစာ ပေးပို့လာခဲ့သည်။

ယခုလို အခွန်ကောက်ခံလာရခြင်းကို KIO အရာရှိတစ်ခုမှ “ငြိမ်းချမ်းရေးယူတဲ့အချိန်တုံးကတော့ ငြိမ်းချမ်းရေးကတိတိုင်း သူတို့ထိန်းချုပ်တဲ့နယ်မြေမှာ အခွန်တွေ မကောက်ဖို့ ပိတ်ပင်ထားတာတွေ အများအပြားရှိတယ်။ ခုတော့ငြိမ်းချမ်းရေးကလည်းမဟုတ်တော့တဲ့အတွက် ကျွန်တော်တို့လုပ်ဆောင်မှုနဲ့ ပါတ်သက်ပြီး ကောက်ရတဲ့အပိုင်းဖြစ်တယ်။” ဟု ပြောသည်။

စစ်အစိုးရမှ KIO အား သောင်းကျန်းသူဟု တရားဝင်ပြောဆိုလိုက်ပြီးနောက် KIO စီးပွားရေးကို ပိတ်ဆို့လိုက်ကာ KIO ဆက်ဆံရေးရုံးတွေကိုလည်း ပိတ်ပင်လိုက်ရသည်။ KIO အား စီးပွားရေး ပိတ်ပင် နေသည့်ကြားမှ အခွန်စကောက်လာသည်မှာ အခွန်မထည့်သူများအတွက် တစ်စုံတစ်ရာ အပြစ်ပေးခံ ရနိုင်သည်ဟု ဒေသခံများ ပြောသည်။

more.gif

17 December 2010

ယနေ့ သတင်း (၁၇ ရက် ဒီဇင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ၊ ၁၇ ရက် ဒီဇင်ဘာလ ၂၀၁၀

နေ့လယ် (၁၂ နာရီ ၃၀ မိနစ်) ဒီကေဘီအေ တပ်များနဲ့ နယ်ခြားစောင့်တပ်မှ ဒီဇင်ဘာ ၁၄ ရက်နေ့က လာရောက်ပူးပေါင်းတဲ့ ၁၀၂၂ တပ်ရင်းမှ ဗိုလ်ကြီးစောဒိုစိုး ပူးပေါင်းတိုက်ခဲ့ရာ ဝေါလေဒေသရှိ နအဖ စခန်းထိုင်နေသော အင်ကြင်းမြိုင် စခန်းကို ယမန်နေ့ည ၁၁ နာရီတွင် သိမ်းယူခဲ့သည်။

နေ့လယ် (၁၂ နာရီ ၂၀ မိနစ်) နအဖ စစ်အစိုးရက ကရင်ပြည်အတွင်း အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာမယ်ဆိုရင် ဒီကေဘီအေအနေနှင့်လည်း မြို့ပြတိုက်ပွဲတွေ နိုင်ငံအနှံ့ ဆင်နွှဲသွားမယ်လို့ ဒီကေဘီအေ ကလိုထူးဖော် ဗျူဟာမှူး ဗိုလ်မှူးကျော်သက်မှ ယမန်နေ့က ပြောဆိုလိုက်သည်။ (ကိုးကား - ဒီဗွီဘီ)



more.gif

13 December 2010

ကချင်ပြည်နယ်နေ့ စစ်အာဏာပိုင်များ ဦးဆောင်မည်

ဧရာဝတီ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၆၃) ကြိမ်မြောက် ကချင်ပြည် နယ်နေ့ မနောပွဲအခမ်းအနားကို စစ်အစိုးရ အာဏာပိုင်များက ဦးဆောင်၍ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

လာမည့်နှစ် ကချင်ပြည်နယ်နေ့ မနောပွဲ ကျင်းပရေး ကော်မတီအဖွဲ့တွင် ဥက္ကဌ အဖြစ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မပခ) မှ ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် စိုးဝင်းကို ခန့်အပ်ထားကြောင်း ကချင်ဖွံ့ဖြိုးရေး ကွန်ရက်(KDNG)မှ ကိုအောင်ဝါက ဧရာဝတီသို့ပြောသည်။ ယခင် ဥက္ကဌ ဦးလခီလအောင် ၏ နေရာတွင် အစားထိုးခန့်အပ်ခြင်း ဖြစ်သည်။


cachine
ကချင်ပြည်နယ် မြစ်ကြီးနားတွင် ကျင်းပခဲ့သော မနောပွဲတခု။ (ဓာတ်ပုံ - Reuters)
ဒီဇင်ဘာလဆန်းပိုင်းက ကချင် တိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူများနှင့် မနောပွဲ ဖြစ်မြောက်ရေး ကော်မတီ ၀င်များကို မပခ တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး မပခ တိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင်က ခန့်အပ် ခဲ့ကြောင်း ၎င်းက ဆိုသည်။

“မနောပွဲ ကျင်းပရေး ကော်မတီနဲ့ ကချင် စာပေယဉ်ကျေးမှု ဌာနချုပ်ကနေ ဒီဟာကို သဘောမတွေ့ဘူး၊ ကချင်ပြည်နယ်နေ့ မနောပွဲကို ကချင် ရိုးရာ အနေနဲ့ ကျင်းပခြင်း ဖြစ်တယ်၊  ဒီဟာကို ဘာမှ မသိတဲ့ ပုဂ္ဂိုလ် တယောက်အနေနဲ့ ဦးစီး မယ်ဆိုတာ မဖြစ်နိုင်ဘူး၊ ကချင်လူထု အနေနဲ့လည်း ပါဝင်လာဖို့ နည်းသွားမယ်”ဟု ကိုအောင်ဝါက ဆက်ပြောသည်။

ဗိုလ်မှူးချုပ် ဇေယျာအောင်က ခန့်အပ်လိုက်သည့် အတွက် မနောပွဲ ကျင်းပရေး ကော်မတီနှင့် ကချင်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင် များက လက်ခံ၊ မလက်ခံကိုမူ ပြန်မပြောခဲ့ကြောင်း သိရသည်။ ကချင် တိုင်းရင်းသား တချို့က စစ်အစိုးရ ၏ ယခုအစီအစဉ် ကို လက်မခံကြောင်း သိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ( ကြံ့ဖွံ့ပါတီ)မှ မြစ်ကြီးနား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်းဖြစ်သည့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဦးသိန်းဇော်ကလည်း မနောပွဲဖြစ်မြောက်ရေး အတွက် ကျပ်ငွေ သိန်း ၅၀၀ ကို ရန်ပုံငွေ အဖြစ် ထည့်ဝင် လှူဒါန်းကြောင်း ကချင် ဒေသခံများက ပြောသည်။

ဦးသိန်းဇော်သည် ကချင်ပြည်နယ်၊ မြစ်ကြီးနား ဇာတိဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း ၏ ကချင်ပြည်နယ် တာဝန်ခံလည်း ဖြစ်သည်။

အတည်မပြုနိုင်သော သတင်းများအရ စစ်အာဏာပိုင်များက မနောပွဲတွင် ကချင်လွတ်မြောက်ရေး အဖွဲ့(KIO) ခေါင်းဆောင် များကို တက်ရောက်ခွင့်မပြုကြောင်း ကြားသိရသည်။

စစ်အစိုးရက ကချင် လက်နက်ကိုင် တပ်ဖွဲ့များကို ယခုနှစ်အတွင်း ကျင်းပခဲ့သော မနောပွဲတော်သို့ တက်ရောက် ရာတွင်လည်း စစ်ဝတ်စုံ ၀တ်ဆင်ခြင်း မပြုရန် ညွန်ကြားခဲ့သည်။ ထိုညွန်ကြားချက်ကြောင့် မနောပွဲသို့ တက်ရောက်သည့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင် အရေအတွက် နည်းပါးသွားသည်ဟု သိရသည်။

ကချင်ပြည် နယ်နေ့ကို ၁၉၄၈ ခုနှစ်မှ စတင် သတ်မှတ်ခဲ့ကြပြီး စုပေါင်း ကခုန်ကြသည့် မနောပွဲနှင့် ပျော်ပွဲရွှင်ပွဲများကိုလည်း နှစ်စဉ် ကျင်းပကြသည်။

စစ်အစိုးရက KIO ကို သောင်းကျန်းသူဟု ခေါ်ဝေါ် သုံးစွဲပြီးနောက်ပိုင်း ယခုကဲ့သို့ ကုန်ပစ္စည်း ပိတ်ပင်မှုများ အပါအ၀င် နိုင်ငံ တဝန်းရှိ KIO ဆက်ဆံ ရေးရုံးများကိုလည်း ပိတ်ရန် ဖိအားပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့က လိုင်ဇာဌာနချုပ် နယ်မြေ အတွင်းသို့ ပျံသန်း ဝင်ရောက်လာသော နအဖ အစိုးရ၏ ရဟတ် ယာဉ် တစင်းကို KIA တပ်ဖွဲ့ဝင်များက သတိပေး ပစ်ခတ်ခဲ့ပြီးနောက် စစ်ရေးအရ နှစ်ဘက် တင်းမာခဲ့ခြင်း ဖြစ်သည်။

မြစ်ကြီးနားနှင့် လိုင်ဇာဌာနချုပ် ဒေသများတွင်လည်း ယခင် တိုးချဲ့ထားသည့် နအဖ စစ်အစိုးရတပ်များ ယခုလဆန်းပိုင်းမှ စတင်၍ စစ်ရေးအရ ပို၍လှုပ်ရှားလာကြောင်း သိရသည်။

တခြားသော KIO ဒေသများကိုလည်း စစ်အစိုးရက ထိန်းချုပ်နိုင်ရန်အတွက် ကချင်ပြည်နယ် အခြေစိုက်မြောက်ပိုင်း တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများကို တိုးချဲ့ထားသည်။ KIO သည် ၁၉၉၄ ခုနှစ်မှ စတင်၍ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည်။

more.gif

3 December 2010

ကချင်ပြည်နယ်တွင် စစ်ရေးပြင်ဆင်

ဧရာဝတီ
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များ စစ်ရေး လေ့ကျင့်နေကြစဉ် (ဓာတ်ပုံ - Time)


ကချင် အမျိုးသား လွတ်လပ်ရေး အဖွဲ့ (KIO)ထိန်းချုပ်ထားသော ကချင်ပြည်နယ် မြစ်ကြီးနားနှင့် လိုင်ဇာဌာနချုပ် ဒေသများ တွင် ယခင်တိုးချဲ့ထားသည့် နအဖ စစ်အစိုးရတပ်များ ယခုရက်ပိုင်းအတွင်း စစ်ရေးအရ ပို၍လှုပ်ရှားလာကြောင်း KIOဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ဧရာဝတီသို့ ပြောသည်။


“အရင်ကတည်းက ရှိပြီးသား တပ်တွေက ပိုပြီးတော့ လှုပ်ရှားလာတဲ့ သဘောပါ၊ အဲဒီတော့ ဘာတွေ ဖြစ်လာမလဲဆိုတော့ ရှေ့ တန်မှာ တာဝန် ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင်တွေ အပေါ်မှာပဲ မူတည်တယ်”ဟု ပြောသည်။ KIO ထိန်းချုပ် နယ်မြေ အတွင်း၌ စစ်ရေးအရ အသင့်ပြင်ဆင်ထားကြောင်းလည်း ၎င်းက ဆိုသည်။

လိုင်ဇာမြို့တွင် တခြားဒေသများမှ လာရောက် လုပ်ကိုင်နေသူများကိုလည်း နေရပ်ပြန်ရန် နှိုးဆော်ထားကြောင်း သိရသည်။

ဗိုလ်မှူးချုပ် ဂွမ်မော်က“လောလောဆယ် အခြေအနေ မကောင်းတဲ့ အချိန်မှာ၊ အခြေအနေ မကောင်းဘူးဆိုတာက အလုပ်မရှိ တဲ့ အချိန်မှာပေါ့နော်၊ အလုပ်မရှိတဲ့အခါ ခဏပြန်ပြီးတော့ အခြေအနေတွေ ကောင်းလာတယ်၊ အလုပ်ပြန်လုပ်လို့ရရင် ပြန်လာ ဖို့ နှိုဆော်ထားတာပါ”ဟု ပြောသည်။

လိုင်ဇာမြို့ရှိ ကုန်သွယ်ရေး လမ်းကြောင်းကို နအဖ အာဏာပိုင်များက ပိတ်လိုက်သည့် အတွက် သုံးဘီးနှင့် တက္ကစီမောင်းနေ သည့် လူများကို ပြောကြောင်း၊ ကုန်သည်အများစုက အလုပ်အဆင်ပြေသည့် အခါ လုပ်ကိုင်နေ သကဲ့သို့ အလုပ်အဆင် မပြေ သော အခါ ကိုယ့်သဘောနှင့် ကိုယ် ပြန်ကြကြောင်း ၎င်းက ဆိုသည်။

ယင်းကုန်ပစ္စည်းများ တင်သွင်းခွင့် ပိတ်ပင်မှုကို နိုဝင်ဘာလ တတိယ အပတ်က စတင်ခဲ့သည်။ သို့သော် စစ်အစိုးရက KIO ကို သောင်းကျန်းသူဟု ခေါ်ဝေါ် သုံးစွဲပြီးနောက်ပိုင်း ယခုကဲ့သို့ ကုန်ပစ္စည်း ပိတ်ပင်မှုများ အပါအ၀င် နိုင်ငံတဝန်း ရှိ KIO ဆက်ဆံ ရေးရုံးများကိုလည်း ပိတ်ရန် ဖိအားပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့က လိုင်ဇာဌာနချုပ် နယ်မြေ အတွင်းသို့ ပျံသန်း ဝင်ရောက်လာသော နအဖ အစိုးရ၏ ရဟတ် ယာဉ် တစင်းကို KIO တပ်ဖွဲ့ဝင်များက သတိပေး ပစ်ခတ်ခဲ့ပြီးနောက် စစ်ရေးအရ နှစ်ဘက် တင်းမာခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံအခြေစိုက် ကချင်ဖွံ့ဖြိုးရေး ကွန်ရက်(KDNG)မှ ကိုအောင်ဝါက“မန္တလေးဘက်ကနေ ဗန်းမော်ဘက်ကိုလည်း လက် နက်ကြီး လက်နက်ငယ်တွေ အခုပို့နေပြီး ပို့တဲ့စစ်ကားတွေလည်း ပိုဝင်လာတယ်လို့ ကြားနေရတယ်၊ ဗန်းမော်ဘက်ဆိုရင် တရုတ်ပြည်နယ်စပ်ကနေ ရှမ်းပြည်နယ်စပ်အထိ KIA ရဲ့လှုပ်ရှားမှုကို ထိန်းချုပ်ဖို့ ကြိုးစားလိမ့်မယ်”ဟု ပြောသည်။

တခြားသော KIO ဒေသများကိုလည်း စစ်အစိုးရက ထိန်းချုပ်နိုင်ရန်အတွက် ကချင်ပြည်နယ် အခြေစိုက်မြောက်ပိုင်း တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများကို တိုးချဲ့ထားကြောင်း ၎င်းက ဆိုသည်။

အောက်တိုဘာလ ၁၅ ရက်နေ့ထုတ် စစ်အစိုးရသတင်းစာတွင် KIO ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ကို ၁၆ နှစ်တာ ကာလအတွင်း မြန်မာ စစ်အစိုးရက သောင်းကျန်းသူများဟု ပထမဆုံးအကြိမ် ခေါ်ဝေါ် သုံး စွဲခဲ့သည်။

စစ်အစိုးရ သတင်းစာ၌ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်း မိုင်းနင်းမိသောကြောင့် ပြည်သူ နှစ်ဦး သေဆုံးပြီး တဦး ဒဏ်ရာရ ရှိခဲ့ကြောင်း ဖော်ပြသည့် သတင်းတွင် KIA ကို သောင်းကျန်းသူအဖြစ် သုံးနှုန်းထား ခြင်းဖြစ်သည်။

KIO သည် ၁၉၉၄ ခုနှစ်မှ စတင်၍ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည်။

more.gif