3 September 2012
ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်လူမှုအဖွဲ့ အစည်းခေါင်းဆောင်များတွေ့ ဆုံပွဲ (၂/၉/၂၀၁၂)
Etiketter: : video မှတ်တမ်း
4 August 2012
သတင်းလွတ်လပ်ခွင့်နောက်ကြောင်းမပြန်ဘို့ဆန္ဒဖေါ်ထုတ်နေသူမီဒီယာသမားများအား မင်းကိုနိုင်လာရောက်အားပေး
Etiketter: : video မှတ်တမ်း
3 November 2011
18 September 2011
လက်လွှတ်ဆုံးရှုံးမခံနိုင်ပါ
ပဒို
ကျုပ်ကတော့ ပဒိုမသိတဲ့ လူတယောက်ပါ။
ပဒိုပြောခဲ့တဲ့စကားတွေကို ကျုပ် အမြဲတမ်းမှတ်မိနေပါတယ်။
ဘယ်တော့မျှ မမေ့ပါဘူး။
ကျုပ်တို့ ကရင်တွေအတွက် ဘယ်နည်းနဲ့မျှဖျက်လို့မပျက်နိုင်တဲ့ သမိုင်းအမဲစက်ဖြစ်ခဲ့တဲ့ ကာလတုန်းက
စကားလုံးလေးတွေပါ။
တိတိကျကျပြောမယ်ဆိုလျင် လူထုရှင်းလင်းပွဲလုပ်တဲ့ အချိန်ကာလတွေမှာပေါ့။
ဘယ်လိုပဲဖြစ်ဖြစ် ပဒိုရေ ကျုပ်ကတော့ ခွင့်မလွှတ်နိုင်ပါဘူး။
စာရင်းရှင်းစရာရှိတာ စာရင်းရှင်းရမှာပါပဲ။
ကျုပ်ရင်ထဲမှာ အထုပ်အပိုးကြီးဖြစ်နေပါစေ အဲဒီအထုပ်အပိုးကို ဘယ်ဘ၀ရောက်ရောက် သယ်သွားမှာပဲ။
ဘယ်လောက်ပဲလေးနေပါစေ နှလုံးသားထဲ အသွေးအသားတွေထဲ ဦးဏှေက်ထဲအထိ
သိမ်းထားမှာပဲ။
ဘာကြောင့်လဲဆိုတော့ စစ်အာဏာရူးအထောင်အသောင်းနဲ့ ပြည်သူ့သူရဲကောင်းတယောက်ကို ကျုပ် မလဲနိုင်လို့ပါ။
လက်လွှတ်ဆုံးရှုံးမခံနိုင်တော့လို့ပါ။
ပဒို နေကောင်းကျန်းမာပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
Source Audio from http://www.dvb.no
Source Video from http://www.fra.org/burmese
Source Picture from http://www.google.com/images
Source Video from http://www.youtube.com/user/Phanwilliam
Posted by မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
Etiketter: : video မှတ်တမ်း
1 September 2011
KNU ဗဟိုကော်မတီဝင် မန်းငြိမ်းမောင် ပျောက်ဆုံးနေ
ဗီဒီယိုဖိုင် - RFA
ဒီဗီဒီယိုဖိုင်က 25 Jan 2011 က RFA မှာတင်ဆက်ထားတာပါ။
သတင်း - VOA
By မအေးအေးမာ
ကရင်အမျိုးသား အစည်းအရုံးရဲ့ ဗဟိုကော်မတီဝင် ဦးမန်းငြိမ်းမောင်ဟာ ထိုင်းနိုင်ငံကနေ တရုတ်နိုင်ငံကို သွားစဉ်မှာ ဗီဇာသက်တမ်း ကုန်ဆုံးသွားတာကြောင့် တရုတ်နိုင်ငံကရော ထိုင်းနိုင်ငံကပါ ပြန်ဝင်ခွင့်မပေးဘဲ ရှိနေရာက တရုတ်နိုင်ငံ ကူမင်းလေဆိပ်ကနေ ပျောက်ဆုံးသွားခဲ့တယ်လို့ KNU ဘက်က ထုတ်ဖော်ပြောကြားပါတယ်။ အပြည့်အစုံကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ပြီးခဲ့တဲ့ တလလောက်က ကရင်အမျိုးသား အစည်းအရုံးရဲ့ မဟာမိတ် ဆက်ဆံရေး ဗဟိုကော်မတီဝင် ဦးမန်းငြိမ်းမောင်ဟာ ခရီးသွားရင်း ဗီဇာသက်တမ်း ကုန်ဆုံးသွားတဲ့အတွက် ထိုင်းနိုင်ငံကို ပြန်ဝင်လာဖို့ အခက်အခဲ ရှိရာကနေ တရုတ်နိုင်ငံကို ပြန်ပို့တာ ခံရပြီးနောက် တရုတ်နိုင်ငံ ကူမင်းလေဆိပ်ကနေ ပျောက်ဆုံးသွားခဲ့ကြောင်း KNU တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေက အခုလို ပြောပါတယ်။
“သူ ထိုင်းနိုင်ငံကနေ ထွက်ပြီး ကူမင်းကို သွားတယ်။ ကူမင်းရောက်ပြီး ပြန်လာတဲ့ အခါကျတော့ သူ့ရဲ့ ထိုင်းနိုင်ငံ ဗီဇာသက်တမ်း ကုန်ဆုံးနေပြီ။ အဲဒီတော့ ဒီကလည်း လက်မခံတော့ဘဲ ကူမင်း ပြန်ပို့တယ်။ ကူမင်းကလည်း ဒီဘက်ကို ပြန်ပို့ရင်း ပို့ရင်းနဲ့ ကျနော်တို့ သိရသလောက် ၂ ပတ် ၃ ပတ်လောက် ဟိုလေဆိပ်နဲ့ ဒီလေဆိပ် လူးလာခေါက်တုံ့ သုံးလေးခေါက်လောက် ဖြစ်ပြီး နောက်ပိုင်းမှာ ပျောက်သွားတယ်။ နောက်ဆုံး ပျောက်သွားတာ ကူမင်းလေဆိပ်မှာပဲ ပျောက်သွားတယ်။”
ဦးမန်းငြိမ်းမောင် ပျောက်ဆုံးသွားတာနဲ့ ပတ်သက်ပြီး တရုတ်ပြည်ကနေ မြန်မာပြည်ကို ပြန်ပို့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။
တရုတ်၊ မြန်မာ နယ်စပ်က စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကတော့ တရုတ်နိုင်ငံက သက်ဆိုင်ရာ ရုံးတွေကို စုံစမ်းတဲ့ အခါမှာ တရုတ်နိုင်ငံဘက်က ပြန်ပို့တာ မဟုတ်ဘူးလို့ သတင်းရတယ်လို့လည်း ဆိုပါတယ်။ ဒီနောက် ကူမင်းကနေ ရန်ကုန်ကိုထွက်တဲ့ လေယာဉ်ရဲ့ အထွက်စာရင်းမှာ သူ့ရဲ့ ပတ်စ်ပို့ (Passport) နာမည်ကို တွေ့ရှိရကြောင်း စုံစမ်းတွေ့ရှိရတယ်လို့ ဦးအောင်ကျော်ဇောက ဆက်ပြောပြပါတယ်။
“ဇူလိုင်လကုန်ပိုင်းမှာ တပ်ပေါင်းစု ခေါင်းဆောင်တယောက် ကျနော့်ကို အကူအညီတောင်းတယ်။ တရုတ်ပြည်ကို နည်းနည်း စုံစမ်းပေးပါ၊ ကိုမန်းငြိမ်းမောင် ဇူလိုင်လပိုင်းက ခွေးမင်လေဆိပ်မှာ ပျောက်သွားတယ်လို့ သတင်းကြားတယ်။ အဲတော့ ကျနော်နဲ့ သူနဲ့ပဲ သက်ဆိုင်ရာ တရုတ်ဌာနတွေကို စုံစမ်းတဲ့ အခါမှာ ကျနော်တို့ရတဲ့ သတင်းက ၂၃ ရက်နေ့မှာ သူ တခေါက် ချင်းမိုင်ကို ထွက်တယ်။ ချင်းမိုင်လေဆိပ်က လက်မခံလို့ ပြန်လာတယ်။
“နောက်တခါ ညနေပိုင်းမှာ ဘန်ကောက်ကို လေယာဉ်ပျံ တခေါက် ပြန်ကူးတယ်။ ဘန်ကောက်လေဆိပ်က လက်မခံလို့ ပြန်လာရတယ်။ အဲဒီလို ဖြစ်ပြီးနောက် ဒီမှာရှိတဲ့ သူ့ရဲ့အသိတယောက်က ရန်ကုန်လက်မှတ် ၀ယ်ပေးတယ်။ ကျနော်တို့ ၂ ယောက် ထပ်စုံစမ်းတဲ့ အခါကျတော့ သူက ၂၄ ရက်နေ့လား၊ ၂၅ ရက်နေ့လား မသိဘူး၊ အဲဒီ ရန်ကုန်လက်မှတ်နဲ့ လေယာဉ်ကွင်းမှာတော့ အထွက်ပြထားတယ်။ သူ ပါသွား၊ မပါသွားတော့ ကျနော်တို့ မသိဘူးပေါ့ဗျာ။”
ဦးမန်းငြိမ်းမောင် ပျောက်ဆုံးတဲ့ သတင်းနဲ့ ပတ်သက်လို့ ကရင်အမျိုးသား အစည်းအရုံးက ရှာဖွေ စုံစမ်းတာတွေ လုပ်တဲ့အခါမှာ မြန်မာပြည်မှာ အဖမ်းခံထားရတယ်ဆိုတဲ့ သတင်းသာ ကြားရပြီး အတည်ပြုချက်တော့ မရသေးဘူးလို့ ဆိုပါတယ်။
“KNU က ရှာတာတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ လက်လှမ်းမီသလောက် ပြည်တွင်း ပြည်ပ သက်ဆိုင်ရာ မဟာမိတ်တွေ၊ မိတ်ဆွေတွေနဲ့ ရှာပါတယ်။ မြန်မာပြည်ထဲ ပြန်ရောက်သွားပြီးတော့ လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေနဲ့ ငြိပြီးတော့ တခြားပုဂ္ဂိုလ်တချို့နဲ့အတူ အဖမ်းခံရတယ်လို့ အဲဒီလောက်ပဲ ကျနော်တို့ သိရပါတယ်။”
ဦမန်းငြိမ်းမောင်ဟာ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ ဗဟိုကော်မတီဝင်တဦး ဖြစ်သလို KNU အပါအ၀င် တခြား တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဖွဲ့စည်းထားတဲ့ တပ်ပေါင်းစုဖြစ်တဲ့ တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှာလည်း ကရင်အမျိုးသား အစည်းအရုံးရဲ့ မဟာမိတ် ဆက်ဆံရေး တာဝန်ခံအဖြစ် လုပ်ဆောင်နေသူ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/mann-nyein-maung-arrested-128717873.html
Etiketter: : video မှတ်တမ်း
15 August 2011
The world's longest ongoing war
http://english.aljazeera.net/programmes/101east/2011/08/201181073919760492.html
Type the rest of your post here.
Etiketter: : video မှတ်တမ်း
3 August 2011
KNU တပ်မဟာ ၃ နှင့် မြန်မာစစ်တပ် တိုက်ပွဲ (မှတ်တမ်းဗီဒီယို)
မကြည့်ရသေးသူများအတွက် ပြန်လည် တင်ဆက်လိုက်ပါသည်။
သေ့စေးခီး တိုက်ပွဲနှင့်တပ်ရင်း(၉) နယ်မြေ အတွင်းက တိုက်ပွဲများ (သတိ-သွေးထွက် သံယိုတဲ့ ရိုက်ကွင်း ပါဝင်သည်)
သေ့စေးခီး တိုက်ပွဲ
ညောင်လေးပင်ခရိုင် အခြေစိုက် KNLA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၇ တပ်ဖွဲ့က မြန်မာစစ်တပ် ခမရ(၃၅၀)ကို တပ်ရင်း၇ အပိုင် သေ့စေးခီးနေရာ တွင် ခြုံခို တိုက်ခိုက်ရာ နအဖဘက်မှ ၅ယောက် သေဆုံးပြီး လက်နက် ၃လက်ကို KNLA ဘက်မှ သိမ်းဆည်း ရမိပါတယ်။
တပ်ရင်း(၉) နယ်မြေ အတွင်းက တိုက်ပွဲညောင်လေးပင်ခရိုင် အခြေစိုက် KNLAတပ်မဟာ ၃လက်အောက်ခံ တပ်ရင်း ၉နှင့် မြန်မာစစ်တပ် ခလရ ၂၆၄ ကို ခြုံခိုတိုက်ခိုက်ရာ နအဖဘက်မှ ၁၀ယောက် သေဆုံးပြီး ၅ယောက် ဒဏ်ရာရရှိကာ KNLAဘက်မှ လက်နက်၉လက် သိမ်းဆည်းရမိပါတယ်။
အပိုင်း(၁) (သတိ-သွေးထွက် သံယိုတဲ့ ရိုက်ကွင်း ပါဝင်သည်)
source from=http://ehkhaungthaunt.blogspot.com/
Etiketter: : video မှတ်တမ်း
1 June 2011
31 May 2011
30 May 2011
26 May 2011
ကရင်ပြည်နယ် ဖာပွန်ခရိုင် လူသော မြို့နယ်မှာရှိတဲ့ ရွာပေါင်း ၁၀၀ ကျော်က လူဦးရေ ၉၀၀၀ နီးပါး စားနပ် ရိက္ခာ အကျပ်အတည်း ကြုံတွေ့
Etiketter: : video မှတ်တမ်း
23 May 2011
20 May 2011
(သူလောက်မိုက်တဲ့သူမည်သူမျှမရှိဘူး)ပလာထူး၏ကရင်အမျိုးသားများအတွက်စွမ်းစွမ်းတမံကြိုးပန်းဆာင်ရွက်မှု့သမိုင်းပုံရိပ်
Etiketter: : video မှတ်တမ်း
4 May 2011
25 April 2011
6 February 2011
KNU/KNLA ငြိမ်းကောင်စီ စစ်ရေး ပြင်ဆင်ထားမှု (မှတ်တမ်းဗီဒီယို)
http://ehkhaungthaunt.blogspot.com/
နအဖစစ်အစိုးရနဲ့ အပစ်ခတ် ရပ်စဲထားသော်လည်း တင်းမာမှု အထွတ်အထိပ် ရောက်နေတဲ့ ဗိုလ်ထိန်မောင် ဦးဆောင်တဲ့ KNU/KNLA ငြိမ်းကောင်စီဟာ တင်းမာမှု ဖြစ်ပြီးတဲ့ နောက်ပိုင်း စစ်ရေးသတိ ပိုရှိလာတာကို တွေ့ရပါတယ်။ ဒါကလည်း တိုင်းရင်းသားတပ်နဲ့ နယ်မြေကို မလိမ့်တပတ်လုပ်ပြီး မောင်ပိုင်စီးမယ့် နအဖရဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲ ဖွဲ့စည်းဖို့ ဖိအားပေးနေတဲ့ အချိန် ဝေါ်လေဒေသက ငြိမ်းကောင်စီ တပ်ဖွဲ့ဝင်တွေကို နအဖတပ်ဖွဲ့ဝင်တွေက ရန်စ ဖမ်းဆီး သတ်ဖြတ်လိုက်တဲ့ သင်ခန်းစာ ကြောင့်လည်း ဖြစ်ပါတယ်။
နအဖတပ်ဖွဲ့ဟာ လွန်ခဲ့တဲ့ နိုဝင်ဘာ ၃၀ရက်နေ့က အပစ်ခတ်ရပ်စဲထားတဲ့ ဝေါ်လေဒေသက ငြိမ်းကောင်စီ အဖွဲ့ဝင်တွေကို အကြောင်းပြချက် တစုံတရာမပေးပဲ ရက်ရက်စက်စက် ဖမ်းဆီး သတ်ဖြတ်သွားခဲ့ကြပါတယ်။ အဆိုပါ သတ်ဖြတ်မှုတွေအတွက် နအဖစစ်အစိုးရထံ ဥပဒေကြောင်းအရ တိုင်ကြားဖို့ ငြိမ်းကောင်စီ ထိပ်တန်းခေါင်းဆောင် တယောက်က ကြိုးပမ်းနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်လာပါတယ်။
ဒါပေမယ့်လည်း အာဏာကို ဓါးပြတိုက်ယူ အုပ်ချုပ်ထားပြီး တရားဝင် အစိုးရ မဟုတ်တဲ့အပြင် ဥပဒေဟာ ၄င်းတို့ရဲ့ ပါးစပ်ဖျားပေါ်မှာသာ ရှိတဲ့ နအဖကို ဥပဒေကြောင်းအရ တိုင်ကြားဖို့ လုပ်တာဟာ ဘိန်းစား အိမ်မက်သကဲ့သို့ ဖြစ်နေကြောင်းနဲ့ ပြတ်ပြတ်သား ကိုင်တွယ်ရန် လိုအပ်ပြီးဖြစ်ကြောင်း တကမ္ဘာလုံးရှိ ကရင်ထုတရပ်လုံးရဲ့ အားမလိုအား မရဖြစ်နေတဲ့ ဝေဖန်သံတွေလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာလျှက် ရှိပါတယ်။
သို့သော်လည်း မဟာ စစ်အာဏာရှင်စနစ် ကျင့်သုံးသူတွေကို နှစ်ပေါင်း များစွာ တွန်းလှန်တိုက်ပွဲ ၀င်ခဲ့သူ ဗိုလ်ထိန်မောင်ရဲ့ မှန်ကန်တဲ့ ဦးဆောင်မှုနဲ့အတူ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ထွက်ပေါ်လာမယ့်အချိန်ကိုတော့ ကရင်ထုတရပ်လုံးက မျှော်လင့်စောင့်စားနေလျှက် ရှိနေပါတယ်။ (အဲခေါင်သောင့်)
KNU/KNLA ငြိမ်းတပ်ဖွဲ့ဝင်တွေရဲ့ စစ်ရေးပြ အခမ်းအနား
KNU/KNLA ငြိမ်းတပ်ဖွဲ့ဝင်တွေ ဦးစီးပြုလုပ်တဲ့ ကရင့်နှစ်သစ်ကူး ပွဲတော
ကရင်တွေ ကိုယ့်ကိုယ်ကို ကရင်မှန်း သိတဲ့နေ့ဟာ ကရင်ပြည်ရတဲ့ နေ့ပဲ။ (ခေါင်းဆောင်ကြီး စောဘဦးကြီး)
Etiketter: : video မှတ်တမ်း
7 January 2011
4 November 2010
19 October 2010
တမြေထဲမှာ
တမြေထဲမှာ
သောသီခို....မှ
အပြစ်မဲ့ ပန်းခင်းလေးများကို ရောင်စုံဝေဖျန် ပွင့်လန်းခွင့်ပေးပါ…..
ကမ္ဘာမြေကြီး သာယာဖို့  ဆုတောင်းပေးပါ…...
တေးရေး - စောခူဆဲ
တေးဆို - Group
Video Footages - K’ Chay Wah & Saw Shining Moo
Editing - K’ Chay Wah
KYO - Karen Youth Organization Films Production
ဒုက္ခပုံရိပ်တွေမြင်တိုင်း ၀မ်းနည်းမိတယ်။ မျက်ရည်လည်မိတယ်။ ရင်ထဲမှာမကောင်းဘူး အကိုအမတို့
တိုတတွေလည်း ကျမလိုပဲခံစားကြရမှာပါ အတိတ်မှာ ကျန်နေခဲ့ပေမဲ့ မေ့ပစ်လို မရဘူး လက်ရှိအဖြစ်ပျက်တွေ ရုန်းထွက်လို့မလွတ်နိုင်သေးသမျှပေါ့...........
ကြီးသူက ငယ်ညှင်း ဦးဆောင်မူတွေပဲ ယိုယွင်းနေတဲ့ နေရာတခုရဲ့ဒေသ
မျော်လင်ချက်မဲ့နေတဲ့ အပြစ်မဲ့ ပန်းခင်းလေးများကို ဥယျာဉ်မူး မပီသတဲ့လူတွေကြောင့် .....
ပွင့်လန်းခွင့် ရပါမလား။ ပွင့်သောပန်းတိုင်းလမ်းဆန်ပါစေလို့ ရင်ထဲကနှင်ဆုတောင်းလိုက်ပါတယ်။
Etiketter: : video မှတ်တမ်း