ဆင်ဟွာ သတင်း

တရုတ်အာဏာပိုင်တို့ရဲ့ အလိုရှိသည် ကြော်ငြာပေါ်က Ceng Kaigui
တရုတ်ပြည်က ရာဇ၀တ်သားတွေ မြန်မာဘက်မှာ ခိုလှုံနေတာတွေ ရှိပါတယ်။ (အထက် ဖော်ပြပါ ပုဂ္ဂိုလ်ကတော့ တရုတ်ပြည်ထဲ ပြေးနေဆဲလို့ ဆိုတယ်)
စက်တင်ဘာလတုန်းက ဓားပြ ၁၀ ယောက်ကို ဖမ်းရာမှာ ၄ ယောက် မိတယ်၊ ကျန်တဲ့ ၆ ယောက် မြန်မာပြည်ကို ထွက်ပြေးသွားတယ်လို့ Guizhou (ယူနန်ဘေးနားက ပြည်နယ်) မှာထုတ်တဲ့ သတင်းစာတစောင်က ဆိုပါတယ်။
ပြေးနေတဲ့ထဲမှာ ခေါင်းဆောင်ဖြစ်ဟန်တူတဲ့ Zhang ဆိုတဲ့လူနဲ့ နောက်တယောက်ကို မြန်မာဘက်မှာ ခိုလှုံနေတာ ဖမ်းမိတယ်၊ တရုတ်ဘက်ကို စနေနေ့က အပ်လိုက်တယ်လို့ သတင်းစာက ဆိုတယ်။
ကျန်တဲ့ ၄ ယောက် မြန်မာပြည်ထဲ ရှိနေတုန်းပဲလို့ ယူဆနေကြပါတယ်။
တရုတ်အာဏာပိုင်တွေဟာ နန်ကျင်းပြည်နယ်က Ceng Kaigui ဆိုတဲ့ ပုဂ္ဂိုလ် (အထက်က ကြော်ငြာမှာ ပါတဲ့ ဓာတ်ပုံရှင်) ကို ဖမ်းဖို့ ကြိုးစားနေပါတယ်။
လွန်ခဲ့တဲ့ ၈ နှစ်က သူကျူးလွန်ခဲ့တယ် ဆိုတဲ့ ဓားပြမှုတွေမှာ လူ ၇ ဦးသေ၊ အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
သူ့ကို ဖမ်းဖို့ ရဲတပ်ဖွဲ့ဝင် ၁၃,၀၀၀ ချထားတယ်လို့ တရုတ်အမျိုးသားအသံလွှင့်ဌာနက ဒီမနက် ထုတ်လွှင့်သွားပါတယ်။
သူကိုင်တဲ့ ပစ္စတိုက မြန်မာပြည်ဘက်မှာထုတ်တာလို့ သတင်းထဲ ပါတာကြောင့်အသေးစိတ် သိရဖို့ နန်ကျင်းပြည်နယ် ရဲဌာနကို ဧရာဝတီက ဒီနေ့ ဖုန်းဆက်ပေမယ့် အဖြေ မရခဲ့ပါ။
တရုတ်ပြည်မှာ အရပ်သားတွေ သေနတ်ကိုင်ခွင့်ရဖို့ မလွယ်ပါ။ ဒါပေမယ့် ဓားပြတွေ၊ လူဆိုးတွေကတော့ ကိုင်နေတာပါပဲ တဲ့။ သူတို့ကိုင်တဲ့လက်နက်တွေရဲ့ ဇစ်မြစ်ကို လိုက်တဲ့အခါ တရုတ် မြန်မာနယ်စပ်မှာ ခြေရာခံမိတယ်လို့ ဆိုတယ်။
အိန္ဒိယဘက် ၀င်တဲ့ လက်နက်တွေကလည်း တရုတ်မြန်မာနယ်စပ်ကပဲလို့ မကြာသေးခင်က အိန္ဒိယပြည်ထဲရေးဝန်ကြီး ပြောဆိုထားပါတယ်။
လွန်ခဲ့တဲ့ ၃ လ ၀န်းကျင်ကလည်း တိဘက်ဒေသကို သွားမယ့် ပစ္စတို ၈ လက် ၊ ရိုင်ဖယ် ၁ လက် နဲ့ ကျည်ဆံ ၂၀၀ ကျော်ကို တရုတ်က ဖမ်းမိတယ်၊ ဒီကိစ္စအတွက် မြန်မာနိုင်ငံဘက်က လက်နက်မှောင်ခို ၁၇ ဦးကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဆင်ဟွာ သတင်းတပုဒ်မှာ ရေးထားပါတယ်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment