မြဝတီမြို့ပေါ်ရှိ ဒီကေဘီအေတပ်များက ၎င်းတို့ ခြေကုပ်ယူထားသည့် ချစ်ကြည်ရေးတံတားထိပ်နှင့် မြို့တွင်းနေရာများမှ ဆုတ်ခွါသွားပြီ
ဖြစ်သော်လည်း ဘုရားသုံးဆူဒေသနှင့် ဒီကေဘီအေ တပ်မဟာ (၅) တည်ရှိရာ
ဝေါလေဂွင်များတွင် ယနေ့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။
ယနေ့နံနက် (၈) နာရီနှင့် (၉) နာရီကြားတွင် မြဝတီမြို့ပေါ်၌ ပစ်ခတ်မှုတချို့ရှိခဲ့သော်လည်း ဒီကေဘီအေ တပ်များမြို့တွင်းမှ
ဆုတ်ခွါသွားသည့်အတွက်ကြောင့် မဲဆောက်ရောက် စစ်ပြေးဒုက္ခသည် တဝက်ခန့်
မြဝတီသို့ ယနေ့ နေ့လည် (၂) နာရီခန့်တွင် ပြန်လည်ထွက်ခွါသွားပြီဖြစ်ကြောင်း
သိရသည်။
တပ်မဟာမှူး ဗိုလ်နှုတ်ခမ်းမွှေး(ခေါ်) ဗိုလ်မှူးကြီး စောလားဗွယ် ဦးစီးသည့် ဒီကေဘီအေ တပ်မဟာ (၅) အခြေစိုက်ရာ ဝေါလေဂွင်တွင် တိုက်ပွဲများ
ဆက်လက်ဖြစ်ပွားမှုကြောင့် အဆိုပါဒေသရှိ ကျေးရွာများမှ စစ်ပြေးဒုက္ခသည်များ
ထိုင်းဘက်သို့ ဆက်လက်ထွက်ခွါလာနေဆဲဖြစ်သည်။
ထိုင်းနိုင်ငံ၊ စံခလဘူရီနယ်စပ်မြို့ တဘက်ခြမ်းရှိ ဘုရားသုံးဆူဘက်တွင် ဒီကေဘီအေ တပ်မဟာ (၅) တပ်များနှင့် နအဖစစ်အစိုးရတပ်များ ယနေ့မနက်
တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်အစိုးရဘက်မှ လေယာဉ်သုံးပြီး
ပတ်ခတ်မှုကြောင့် ရွာသူရွာသားများ ထိခိုက်ဒဏ်ရာရ သေဆုံးမှုများနှင့်
ထိုင်းဘက်သို့ ထွက်ပြေးနေမှုများ ရှိနေကြောင်း ဒီကေဘီအေနှင့်နီးစပ်သည့်
ကရင်အမျိုးသားတဦးက ပြောသည်။
သူက “ဘုရားသုံးစူမှာ စစ်တပ်က သူတို့ လေယာဉ်နဲ့ကို လာတယ်။ မနက် (၁ဝ) နာရီလောက်တုန်းက လေယာဉ် ၂ စီး လာတယ်။ သူတို့ ရွာထဲကို ပစ်ထည့်တယ်။
လက်နက်ကြီးတပ်ဆင်ထားတဲ့ အပေါ်ကနေပြီးတော့ ရွာထဲကိုပစ်တော့ ရွာသားတွေ
တော်တော်လေး ထိနေပြီ။ ပြည်သူလူထုလည်း ထိုင်းထဲကို ပြေးလာတယ်။
ဒဏ်ရာရတဲ့သူတော့ ရှိတယ်။ ဒဏ်ရာရတဲ့သူက ဘယ်နှစ်ယောက်လဲ မသိဘူး။
သေတာလည်းရှိတယ်” ဟု ပြောသည်။
10 November 2010
မြဝတီမြို့ပေါ်မှ ဒီကေဘီအေတပ်များ ဆုတ်ခွါ၊ ဘုရားသုံးဆူတွင် တိုက်ပွဲဆက်ဖြစ်
Etiketter: တိုက်ပွဲသတင်း
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment