12 November 2010

ဝေါလေ တိုက်ပွဲသတင်း

စောလားဘွဲ နှင့် မဟာမိတ်တပ်များ ဝေါလေးကို ပြန်လည်သိမ်းပိုက် လိုက်ပြီလို့သိရပါတယ်။ သေခြာအောင် ဆက်လက်စုံစမ်းနေပါတယ်။ 

Written by Lazy Boy   

တိုင်းပြည်နဲ့ လူမျိုးအတွက် အတွက်အသက်ပေးတာမဟုတ်ဘူး။ သန်းရွှေနဲ့ ကြိုင်ကြိုင်အတွက် အသက်ပေးသွားရပြန်ပြီ။ တိုက်ပွဲဖြစ်ပြီး ဆိုတာနဲ့ မကြည့်လိုက်နဲ့ နအဖ စစ်သားတွေ အတုန်းအရုန်း သေနေပြီ။ ယုန်တွေလို အသည်းငယ်လို့လားမသိဘူး။ ယုန်တွေက သူတို့ကိုလှန့်အောင်လုပ်ရင် လှန့်ပြီးသေသွားရော။ နအဖ စစ်သားလဲ သေနတ်သံကြားတာနဲ့ လန့်ပြီးသေလို့ ဖြစ်လိမ့်မယ်။ လူလူခြင်းယှဉ်တာဘဲ ဒီလောက် ကွာစရာအကြောင်းတော့မရှိနိုင်လောက်ဘူး။ နအဖ စစ်သားတွေ ရှေ့တန်းရောက်ရင် သေနတ်သံကြားလို့ လှန့်ပြီးသေတာကြောင့် ဒီလောက် များတာဘဲ ဖြစ်ရမယ်။ 
ဘယ်သူနဲ့ယှဉ်ယှဉ် နအဖ စစ်တပ်က ပိုပြီးသား (သေတဲ့နေရာမှာ နဲ့ ယုတ်မာတဲ့နေရာ) ၊ သေနတ်မရှိတဲ့ ပြည်သူတွေကျတော့ သေနတ်အားကိုးနဲ့ အနိုင်ကျင့်တယ်။ လက်နက်ကိုင် အခြင်းခြင်းတွေ့ရင်တော့ နအဖ စစ်သားတွေ ကိုယ့်ကို ကိုယ်ပြန်ပစ်သတ် နေလား မှတ်ရတယ်။ တဖက်က တစ်ယောက်မှ ဒါဏ်ရာမရသေးဘူး နအဖ စစ်တပ်ကတော့ သောက်သောက် သေနေလို့ပါ။  

ရှမ်း SSA မြောက်ပိုင်းသတင်း - ဆုံဆည်းရာမှ ကူးယူဖော်ပြသည်။

ယမန်နေ့က နအဖ စစ်တပ် ခလ၇ ၃၆၁ မှ စစ်ကားတဦးကို ရှမ်းပြည်လွှတ်မြောက်ရေး တပ်မတော်က ချုံခိုက်တိုက်ခိုက်ရာ စစ်သားအားလုံး ကျဆုံးသွားကြောင်းသိရှိရသည်။ ခလ၇ ၃၆၁ မှ တပ်ရင်းမှူး ဗိုလ်မှူး အပါအ၀င် တပ်ကြပ်တဦးကိုလည်း အသေဖမ်းဆီးရမိပါသည်။ ဂျီသရီးရိုင်ဖယ်တလက်၊ ကာဘိုင်တလက်နဲ့ ၉ မမ ပစ္စတို တလက်အပြင် ကြေးနန်းဆက်သွယ်ရေးတခုကို သိမ်းပိုက် ရရှိခဲ့ကြောင်း သိရှိရသည်။ ရှမ်းပြည်တပ်မတော်က အကျအဆုံးမရှိကြောင်းလည်း သိရသည်။

0 kommentarer:

Post a Comment