Karen United မှ......
တရားမျှတမှု့မရှိသော ရွေးကောက်ပွဲကို လက်နက်အားကိုးဖြင့်ပြည်သူများ ကိုအနိုင်ကျင့်ခဲ့သော နအဖ အားတော်လှန်နေသော ဗိုလ်မှုးချုပ် နှုတ်ခမ်းမွှေး နှင့်အဖွဲ့ ကို မိခင်KNLA တပ်နှင့်အတူ အခြားလက်နှက်ကိုင်အဖွဲ့များဖြစ်သော ဟောင်သရောနှင့် ဗိုလ်ချုပ် ထိန်မောင် ဦးဆောင်သော ငြိမ်းချမ်းရေးကောင်စီအဖွဲ့များ ပူးပေါင်းပါဝင်လာပြီဖြစ်သည်။ဗိုလ်မှုးချုပ် နှုတ်ခမ်းမွှေး၏ ယောက်ဖတော်သူ BGF မှ ဗိုလ်မုတ်သုန်လည်း ပြန်လည်ပူးပေါင်းရန်ပြင်ဆင်နေပြီး ကျောင်းသားတပ်တစ်ချို့လည်းဝင်ရောက်ပူးပေါင်းလာပါသည်။ မြ၀တီဘက်က ဗိုလ်ကျော်သက်တို့အဖွဲ့က နောက်ဆုတ်သွားပြီးမဲဆောက်ဘက်
ကို ရောက်နေတဲ့ သူတွေ မနေ့ညနေမှစပြီး မြ၀တီဘက်ကို ပြန်ကူး သွားတယ်။ ထိုင်းဖက်မှာ
စစ်ပြေး ၁၀၀၀ ကျော် ကျန်ရှိနေပါသည်။ မဲဆောက်က ဘုန်းကြီးကျောင်းကတော့ ပြန်လက်ခံထားပြီးတချို့က ကမ်းနားမှာ ရှိတဲ့ အလုပ်သမားတန်းလျားမှာ သွားနေကြတယ်။တချို့က နီးစပ်ရာနီးစပ်ကြောင်း အသိအိမ်မှာ သွားနေကြတယ်။ မနေ့က ဝေါလေမှာ တိုက်ပွဲ ပြင်းထန်နေပြီး DKBA နှင့်အတူ KNU လက်အောက်ခံ KNLA မှ တပ်ရင်း ၂၀၁ မှပူးပေါင်းတိုက်ပွဲဝင်နေပါသည်။
တိုက်ပွဲတွင် နအဖ မှ ဗိုလ်ကြီး တစ်ဦး ကိုအရှင်ဖမ်းဆီးမိခဲ့ပါသည်။ မနေ့က ဒေသခံတစ်ဦးမှ ပြောပြသည်မှာ-“နအဖ က ဝေါလေကို မီးရှို့လိုက်ပီ။ထိုင်းဘက်အခြမ်းက ဝေါလေမှာ ထိုင်းစစ်တပ်စောင့်နေတယ်။လူထု က ၃-၄ ထောင် လောက် ထိုင်းဘက်ကို ကူးလာတယ်။ အဲမှာ ဖုတ်ဖရ ဆိုတဲ့ ကရင်ရွာရှိတယ်။လောလောဆယ်တော့ ဟိုနားမှာ တချို့ ဒီနားမှာ တချို့ နေနေကြတယ်။ဖုတ်ဖရ ဘုရားကျောင်းမှာတော့ ၂၀ ကျော်နေနေတယ်။ နေအိမ်တွေမှာတော့ မျှပီး လိုက်နေကြတယ်။အသင်းတော်ကတော့ ဧည့်ခံကျွေးမွေးထားတယ်။ မော်လီချိုင်းမှာ တချို့၊ ဖုတ်ဖရမှာ တချို့၊ ထိုင်းဘက်က ဝေါလေ မှာလည်း တချို့ ပေါ့... တည်းနေတယ်။
လူထုတွေ မော်လီချိုင်း၊ လယ်ဃေါ၊ ဖုတ်ဖရ၊ ဝေါလေ (ထိုင်း) မှာ လာနေကြတယ်။
”ဆိုတော့ လူထု ရွှေ့ဖို့ အချိန်စောင့်တဲ့ သဘောပေါ့။”ယမန်နေ့က ကြာအင်းဆိတ်ကြီးရှိ စစ်သဘောင်္အသွင်ပြောင်းထားသော နှစ်ထပ်သင်္ဘောကို KNU တပ်မှဝင်ပစ်သဖြင့် နအဖ ဖက်မှအသေအပျောက်အပျက်ဆီးများရှိခဲ့ကြောင်းသတင်းရရှိပါသည်။ ယခုသတင်းရေးချိန်၊ မြန်မာစံတော်ချိန် နံနက် ၉း၃၀ တွင် မြ၀တီမြို့တွင်းသို့ နအဖ တပ်အလုံးအရင်းနှင့် ၀င်လာပြီး ဆိုင်များပိတ်ရန်လိုက်ပြောပါသည်။ ထို့အတူ ပေါ်တာ လိုက်ဆွဲ
သဖြင့် မြသတီ တွင် ရုတ်ရုတ်သဲသဲ ဖြစ်ပြီး ပြည်သူလူထု များကြောက်လန့်နေရပါသည်။
9 November 2010
ကရင်လက်နှက်ကိုင်တပ်များပူးပေါင်းလာပြီ
Etiketter: တိုက်ပွဲသတင်း
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment