freedom news group မှ.....
ထိုင်းအင်ဂျင်နီယာများကိုအသုံးပြုကာသိန်းထောင်ချီအကုန်အကျခံပြီးဆောက်လုပ်ထားသည့်တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသား တပ်မတော်(DKBA)၉၉၉မှ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးစောချစ်သူ၏ မြ၀တီရွှေကုက္ကုလ်မြိုင် ကျေးရွာမှချစ်သူမြိုင်စံအိမ်သည် ပြာပုံဖြစ်အောင် ဖျက်ဆီးခံလိုက်ရကြောင်း FNG မှ သတင်းရရှိသည်။
ထိုအိမ်ကိုနှစ်ရက်တာတိုက်ပွဲအတွင်းနအဖစစ်တပ်ကဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟုအမည်မဖော်လိုသည့်၉၉၉တပ်မှ အရာရှိတစ်ဦးကပြောသည်။
ဗိုလ်ချစ်သူသည်သူ၏ သိန်းထောင်ချီတန်အိမ်ကိုယခုနှစ်မတ်လကရန်ကုန်နှင့်ထိုင်းမှအဆိုတော်များငှားရန်းကာနေ့စဉ်ကြည့်ချင်ပွဲများလုပ်ပြီးဖွင့်လှစ် ခဲ့ခြင်းဖြစ်သည်။
ဗိုလ်မှုးချုပ် စောလားဘွယ် ၏မြ၀တီမြို့ ရှိ ယခင်နေအိမ်မှာလည်းမီးရှို့ ဖျက်ဆီးခံလိုက်ရသည်ဟု သတင်းရရှိသည်။
နအဖ စစ်တပ်နှင့်ရဲတပ်များ - အရာရှိနှစ်ဦးသေ။ တပ်သားအဆင့် ရှစ်ဦးသေ။ လေးဆယ် ကျော်ဒဏ်ရာရ။ အရာရှိအဆင့် ၁ဦးနှင့်တပ်သား၃ဦး
(DKBA) မှ ဖမ်းဆီးခံထားရ။ လ၀က ၂ ဦးနှင့်ကြံ့ဖွံ လေးဦးသေ။ စစ်သား လေးဦး ဘက်ပြောင်းခိုလှုံ။ ဗိုလ်ချစ်သူ အဖွဲ့ မှနှစ်ဦးသေ။
DKBA နှင့် မဟာမိတ် တပ်များ - တပ်သားအဆင့် လေးဦးသေဆုံး။ ၁၄ဦးခန့် ဒဏ်ရာရ။ ဘုရားသုံးဆူတွင် DKBAအရာရှိတစ်ဦးဒဏ်ရာရ။
မွန်ပြည်သစ် ပါတီမှတစ်ဦး သေဆုံး။
ပျက်စီးမှုများ - ဘုရားသုံးဆူနှင့်မြ၀တီတွင် အစိုးရအဆောက်အဦး အားလုံးနီးပါးပျက်စီးဆုံးရှုံးခဲ့သည်။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment