ဧရာဝတီဘလော့မှ....
ဒီကနေ့ကစပြီး ဒုဗိုလ်ချုပ်ကြီးတွေ နေပြည်တော်ကနေ ခရီးထွက်ခွာခြင်းမပြုကြဖို့ စစ်ချုပ်ရုံးက အမိန့်ထုတ်ပြန်လိုက်တယ်လို့ နေပြည်တော် သတင်းရပ်ကွက်က ဧရာဝတီကို ပြောပါတယ်။
ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ နေအိမ်အနီး တနင်္လာနေ့ညက အသေးစားဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တယ်ဆိုတာဟာ ကောလဟလ ထုတ်လွှင့်မှုသာဖြစ်တယ်လို့လည်း နေပြည်တော်သတင်းရပ်ကွက်က ဆိုပါတယ်။
အခုလို ဒုဗိုလ်ချုပ်ကြီးတွေကို နေပြည်တော်မှ မခွာခိုင်းတော့တာဟာ တပ်တွင်း အကွဲအပြဲကြောင့် မဖြစ်နိုင်ဘဲ ကျင်းပတော့မယ့် ရွေးကောက်ပွဲနဲ့သာ ပတ်သက်နိုင်ကြောင်း ပြည်ပရောက် တပ်မတော်ထောက်လှမ်းရေးဟောင်းတဦးက သုံးသပ်ပါတယ်။။
"ရွေးကောက်ပွဲအတွင်း ကြုံတွေ့ရနိုင်တဲ့ ပြဿနာတွေကို စုပေါင်းဆွေးနွေးဖြေရှင်းဖို့နဲ့ ရွေးကောက်ပွဲလွန်ကာလမှာ ဘယ်သူက ဘယ်တာဝန်တွေ ယူကြမယ်ဆိုတာကို ညှိနိုင်းဖို့ အစည်းဝေးတွေထိုင်ကြဖို့အတွက် ခရီးမထွက်ခိုင်းတာပဲ ဖြစ်နိုင်ပါတယ်။ တပ်တွင်း တင်းမာမှုတွေကြောင့်ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်သန်းရွှေဟာ သူ့အောက်ကလူတွေကို စည်းရုံးထားနိုင်ပါတယ်။ ပြည်သူတွေအပေါ်မှာသာ ဒီမိုကရေစီစနစ်မကျင့်သုံးပေမယ့် သူတို့အထဲမှာတော့ ဒီမိုကရေစီစနစ်နဲ့ ဆွေးနွေး ဆုံးဖြတ်တာများပါတယ်။ ဗိုလ်ချုပ်ခင်ညွှန့်ကို ဖြုတ်ချတုန်းကလည်း တိုင်းမှူးတွေကိုပါ ခေါ်ယူညှိနှိုင်းပြီး ဖြုတ်ထုတ် အကျယ်ချုပ်ချခဲ့တာ"လို့ ထောက်လှမ်းရေးဟောင်းက ဆိုပါတယ်။
နေပြည်တော်မှာတော့ ယမန်နေ့ညပိုင်းကတည်းက ဈေးဆိုင်တွေကို ပိတ်ခိုင်းထားခဲ့ပြီး လမ်းတွေပေါ်မှာ လူသူသွားလာမှုလည်း လျော့နည်းသွားတယ်လို့ သိရပါတယ်။
အမှားပြင်ဆင်ချက်။ ။ဤသတင်း၏ တတိယအပိုဒ်တွင် မူလက အခုလို ဒုဗိုလ်ချုပ်မှူးကြီးတွေဟု မှားယွင်းဖော်ပြခဲ့သည်ကို အခုလိုဒုဗိုလ်ချုပ်ကြီးတွေဟု ပြင်ဆင်လိုက်ရပါသည်။
3 November 2010
နေပြည်တော် အထူးသတင်း
Etiketter: ပြည်တွင်းသတင်း
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment