ယခုအခါ မြန်မာပြည်သူများအကြား ကျပ်ငွေ အတုများ ပျံ့နှံ့လျက်ရှိနေကြောင်း တွေ့ရှိရသည်။ အထူးသဖြင့် ပြည်သူများအကြား ပျံ့နှံ့လျက်ရှိသော ကျပ်ငွေအတုမှာ ကျပ်တစ်ထောင်တန်(အသေး)ဖြစ်ကြောင်း သိရှိရသည်။
(မှတ်ချက်။ ။ငါးထောင်ကျပ်တန်အတုများလည်း ပြည်သူအကြား ပျံ့နှံ့နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးဖြစ်သည်။)
တွေ့ ရရှိသော တစ်ထောင်တန် ကျပ်ငွေ(အသေး)အတုကို အစစ်နှင့် နှိုင်းယှဉ်ကာ ပူးတွဲပြသလိုက်ရပါသည်။

တစ်ထောင်တန်အတုတွင် ခြသေ့င်္ပုံ+၁၀၀၀ ရေစာ မပါရှိပါ။ K 1000 စာသားရိုက်နှိပ်ထားသော ငွေရောင်ကြိုး မြှပ်ထားခြင်းလည်း မရှိဘဲ ငွေမှင်ကို အပေါ်ယံသာ ရိုက်နှိပ်ထားသည်ကို တွေ့ရသည်။ အတုငွေစက္ကူသားမှာ အစစ်ငွေစက္ကူသားကဲ့သို့ ဗြုတ်ကလေးများမပါရှိပါ။ အတုငွေစက္ကူသားကို ပွတ်ကြည့်က ချောမွတ်နေပြီး အစစ်ငွေစက္ကူသားမှာ အနည်းငယ် ကြမ်းရှပါသည်။ အတုငွေစက္ကူ၏မင်စိမ်းအရောင်မှာ အစစ်ငွေစက္ကူသား၏မင်စိမ်းအရောင်နှင့်လည်း မတူပါ။ (တွေ့ရှိရသော တစ်ထောင်တန် ငွေစက္ကူအတု၏ မင်ရောင် အစိမ်းသည် အစစ်ထက် ပိုရင့်လျက်ရှိနေသည်) (ပူးတွဲပါပုံများကို ရှု)

အပေါ်ယံကြည့်လျှင် အစစ်နှင့်အတု မှာ သာမန်ပြည်သူများအဖို့ ခွဲခြားရခက်သည်ကိုလည်း တွေ့ ရှိရသည်။
ငွေစက္ကူအတုကို နွမ်းအောင်လုပ်ထားပြီးမှသာ ပြည်သူများအကြား ဖြန့်ဝေလေ့ရှိသည်ကိုလည်း တွေ့ရသည်။
လွှတ်တော်အတု၊ အစိုးရအတုတို့နှင့်နည်းတူ ပျံ့နှံလျက်ရှိသော ကျပ်ငွေအတုများမှာ မြန်မာပြည်သူများ၏ ဘ၀များစွာကို များစွာထိခိုက်စေလျက်ရှိပါတော့သည်။
ဒိုအာဇာနည် မှကူးယူဖေါ်ပြပါသည်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment