http://www.niknayman-niknayman.co.cc

ဒီနေ့  နအဖလွှတ်တော်မှာ ဒုတိယ သမတများအဖြစ် မဲခွဲရွေးချယ်ပါတယ်။
ပြည်သူ့လွှတ်တော်မှာ မဲခွဲတဲ့အခါ သိန်းစိန်က (၂၇၆) မဲ၊ စောသိန်းမောင်က (၃၈) မဲ ရရှိကြပြီး သိန်းစိန်က ဒုတိယ သမတအဖြစ် အရွေးချယ်ခံလိုက်ရပါတယ်။
အမျိုးသားလွှတ်တော်မှာ စိုင်းမောက်ခမ်းက (၁၄၀) မဲ၊ ဒေါက်တာအေးမောင်က (၂၇) မဲ ရရှိကြပြီး ဒေါက်တာစိုင်းမောက်ခမ်း ဒုတိယ သမတအဖြစ် အရွေးချယ်ခံလိုက်ရပါတယ်။
တင်အောင်မြင့်ဦးကတော့ နအဖ တပ်မတော်သား အစုအဖွဲ့ ကနေ ဖြစ်တာမို့  ပြိုင်ဘက်မရှိဘဲ ဒုတိယသမတအဖြစ် ရရှိပြီးသား ဖြစ်ပါတယ်။
ရွေးချယ်ထားတဲ့ ဒုတိယ သမတတွေကို ပြည်ထောင်စုလွှတ်တော်နာယကထံ တင်ပြပြီး အတည်ပြုချက် ရယူမှာ ဖြစ်ကြောင်း သိရှိရပါတယ်။
မနက်ဖြန် နအဖ ဒုတိယ သမတ (၃) ဦးထဲကနေ သမတနေရာအတွက် တစ်ဦးကို မဲခွဲဆုံးဖြတ်ကြမှာ ဖြစ်ကြောင်း သိရှိရပါတယ်။
နအဖတွေ နဂိုကတည်းက အကွက်ချထားပြီး ဖြစ်တဲ့အတိုင်း အကွက်ဆင်ထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံဥပဒေကြီးကို အမှီပြုရုံမက နအဖစစ်တပ်က အထူးစီမံင်္ရေးချယ်ထားတဲ့ အနိမ့်ဆုံးအဆင့် ဗိုလ်မှူး ဗိုလ်မှူးကြီးတွေ ပါဝင်တဲ့ (၂၅%) ရယ်၊ ကျန်တဲ့ (၇၅%) ထဲမှာလည်း မဲလိမ်ရယူထားပြီး တစ်ဘက်သတ်အနိုင်ကျင့်နေရာယူထားတဲ့ ကြံ့ ဖွတ်ပါတီရယ် ဒီအပြင် နအဖအလိုတော်ရိ ကပ်ဖားယက်ဖားတွေရယ် ရှိနေကြတဲ့ ဒီနအဖလွှတ်တော်ကြီးထဲမှာ မဲခွဲရွေးတယ်ဆိုတဲ့ ဟန်ပြလုပ်ဆောင်ချက်ကတော့ ပေါ်တင်ညာတာကြီးမှန်း အထူးပြောနေစရာ မလိုပါဖူး။ သမတတွေ ဒုတိယသမတတွေဟာ နအဖ ဗိုလ်ချူပ်ကြီးတွေ (ယူနီဖောင်းချွတ်ပြတွေ)၊ နအဖတွေ ပါဝင်ဦးစီးထားတဲ့ ကြံ့ ဖွတ်တွေ၊ နအဖ အလိုတော်ရိတွေထဲကဘဲ ဖြစ်မယ်ဆိုတာ အံ့သြနေစရာ မလိုပါဖူး။
နအဖသန်းရွှေတို့ ရဲ့  လုပ်ရပ်တွေက နားလှည့်ပါးရိုက် မဟုတ်ပါဖူး၊ ရဟန်းရှင်လူ ပြည်သူလူထုရဲ့  ခေါင်းပေါ်ကို တက်ပြီး ချီးတက်ပါ စော်ကားပြနေတာဘဲ ဖြစ်ပါတော့တယ်။
3 February 2011
သုံးယောက်ပေါင်းတော့ လောင်းကျော်ဆိုတဲ့ စကား မှန် မမှန်တော့ မသိဖူး၊ ဒုတိယ သမတ သုံးယောက် ဒီနေ့  ပေါင်းလိုက်တာတော့ မြန်မာပြည်ကြီး အသက်အန္တရာယ် ပိုဆိုးပြီ။
Etiketter: ပြည်တွင်းသတင်း
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment