ဧရာဝတီ
မဲစာရင်း ရလဒ်တွေက ရေတွက်လိုက်တော့ အဟုတ်သား၊ ကြံ့ဖွံ့မှတပါး တခြားပါတီတွေက ကိုယ်စားလှယ်တွေ နိုင်တယ်။ ဟော ... မြို့နယ်ကော်မရှင် လက်ထဲလည်း ရောက်ရော အကုန်ပြန်ရှုံးကြပါရောလား ...။
တောင်ဥက္ကလာကနေဝင်တဲ့ တသီးပုဂ္ဂလ အမတ်လောင်း ဒေါက်တာ စောနိုင် အဖြစ်ကိုပဲ ဥပမာ ကြည့်ကြစို့။
၈ ရက်နေ့ မနက်မှာ ရှုံးနေတယ်။ ညကျတော့ ဒေါက်တာ စောနိုင် နိုင်ပါတယ်လို့ ကော်မရှင်က အကြောင်းကြားတယ်။ အနိုင်ရလဒ်မှာ လက်မှတ်လည်း ထိုးပေးလိုက်တယ်။
၁၀ ရက်နေ့ ညကျတော့ ရုပ်သံက ကြေညာသွားတယ်။ ဒေါက်တာ စောနိုင် ရှုံးပါတယ်တဲ့။ ဒီနေ့ထုတ် သတင်းစာမှာလည်း ပါလာတယ်။  
ရွေးကောက်ပွဲ မဲရလဒ်ဆိုတာ လိုတိုး ပိုလျှော့ ဒီလို လုပ်လို့ ရပါသလား။ စစ်အစိုးရပြောတဲ့ လွတ်လပ်ပြီး တရားမျှတတယ်ဆိုတာ ဒါပါလား။ လွတ်လပ်တာတော့ မှန်တယ်။ လွတ်လွတ်လပ်လပ်ကို မဲခိုးတာမို့ပါ။ တရားတော့ မမျှတဘူး ပြောရမှာပဲ။
အရပ်ထဲမှာတော့ ကလေးတွေက ဒီလို ပြောကြပါတယ်တဲ့ ...
မနက်နိုင် ညရှုံး
ခြင်္သေ့ အကုန် ကြုံး 
10 November 2010
ခြင်္သေ့ အကုန်ကြုံး
  Subscribe to:
				
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment