Freedom News Group မှ..
မြန်မာ နိုင်ငံ ၏ ရွေးကောက်ပွဲလွန် ကာလ အခြေအနေများသည် ဒေသတွင်း နိုင်ငံများ ၏ လုံခြုံရေး အတွက် ပါ စိုးရိမ် ဖွယ်ရာ ဖြစ်နေ သဖြင့် ထိုင်း ရေပိုင် နက် အတွင်း နှင့်တောင်တရုတ် ပင်လယ်တွင် ရှိနေသော အမေရိကန်စစ်သင်္ဘော အချို့ သည် မြန်မာ ရေပိုင် နက် အနီးတွင် မကြာခဏကင်းလှည့်ပြီး အသင့်အနေအထား ရှိနေတော့ မည် ဖြစ်ကြောင်း ထိုင်းဘုရင့်တပ်မတော် မှအကြီးတန်း အရာရှိ တစ်ဦးက Freedom News Group သို့ ပြောသည်။မြန်မာ စစ်တပ် နှင့် တိုင်းရင်းသား လက်နက် ကိုင်များ အရေးသည် နိုင်ငံ၏ ပြည်တွင်းစစ်အသွင် ဆောင်သွား နိုင်ကာ ဆက်စပ်လျှက် ရှိသော နိုင်ငံများ ၏ လုံခြုံရေး ကိုပါ ထိပါးနိုင်သည့် အခြေအနေရှိ သောကြောင့် အမေရိကန် ရေတပ်က နိုင်ငံရေပိုင် နက်တွင် ပုံမှန်ကင်းလှည့်မှု ပြုပြီး အသင့် အနေအထား ဖြင့် အနီးကပ် စောင့်ကြည့် မည်ဟု သိရသည်။
မြန်မာ နိုင်ငံ အရှေ့ တောင်ဘက်ခြမ်း တွင် ဖြစ်ပွားလျှက် ရှိသည့် လူမျိုးစု ဒေသန္တရ စစ်ပွဲတွင် လက်နက် ကြီးများ ပစ်ခတ်မှု သည် အိမ်နီးချင်း ထိုင်းနိုင်ငံ ထဲ ထိပါကျရောက်လျှက်ရှိကာ ဒုက္ခသည် များ အစုလိုက် အပြုံလိုက် ထွက်ပြေး ရမှု သည် ဆယ်စုနှစ် နှစ်စု အတွင်းအိန္ဒိယ အရှေ့ ဘက်ခြမ်း အာရှ တွင် ပထမ ဦးဆုံး အကြိမ် ဖြစ်သည် ဟု ဥတပေါ လေဆိပ်တွင် တာဝန် ထမ်းဆောင် သည့် အမေရိကန် စစ်ဘက်ဆိုင်ရာ ၀န်ထမ်း တစ်ဦးကFreedom News Group သို့ ပြောသည်။
10 November 2010
မြန်မာ နိုင်ငံ၏ ပကတိအခြေအနေသည် ဒေသတွင်း နိုင်ငံများ၏ လုံခြုံရေး အတွက်ပါ စိုးရိမ်ဖွယ်ရာ ဖြစ်နေ၍ အမေရိကန် ရေတပ် အုပ်စု မြန်မာ့ ရေပိုင်နက် နားတွင် အသင့်ရှိနေတော့မည်
  Subscribe to:
				
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည်  အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political  destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment