10 November 2010

သူမ လွတ်လာလျှင် ရွေးကောက်ပွဲ မသမာမှု ကို စုံစမ်းဖော်ထုတ်ရန် ကူညီမည် ဟု ဒေါ်အောင်ဆန်းစုကြည် ကပြော

Freedom News Group မှ..


ပြန်လည်လွတ်မြောက်လာလျှင် လုပ်ဖော်ကိုင်ဖက်များ အပြင် အခြားနိုင်ငံရေး ပါတီ များပါ ရွေးကောက်ပွဲဉ် မသမာ လုပ်ခံရမှုကို စုံစမ်းဖော်ထုတ်သွားမည်ဖြစ်သည်
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမ ပြန်လည် လွတ်မြောက်လာလျှင်
မိတ်ဆွေ လုပ်ဖော် ကိုင်ဖက် များ အားရွေးကောက်ပွဲ တွင် ပြိုင်ဘက် ပါတီ များ က မသမာ သောနည်းကို
သုံး ၍ မဲလိမ်ခံရခြင်း ကို ကူညီစုံစမ်းဖော်ထုတ် ဖြေရှင်း ပေးသွား မည် ဟု ပြောကြားသည် ဟု ဒေလီး
တယ်လီဂရဖ် သတင်းစာ တွင် ဖော်ပြထားသည်။ဒေါ်အောင်ဆန်းစုကြည် အား ယခု သီတင်းပတ် အတွင်း နေအိမ် အကျယ် ချုပ် မှ ပြန်လည် လွှတ်ပေး
လိမ့်မည် ရန်ကုန် နိုင်ငံရေး အသိုင်းအ၀ိုင်း နှင့် သံတမန် အသိုင်းအ၀ိုင်းမှ လာသောသတင်းများ အရသိရသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်
ပွဲတွင် နိုင်ငံတ၀ှမ်း ဉ် နိုင် ပြည်သူလူထု ထောက်ခံမှု ကြောင့် အနိုင်ရပါတီ ဖြစ်ခဲ့သည်။

0 kommentarer:

Post a Comment