မြန်မာအစိုးရ ခလရ ၃၇ ယာဉ်တန်းကို KIA မှ ခြုံခိုတိုက်ခိုက်
KNG
မြစ်ကြီးနား-ဗန်းမော်လမ်းမကြီး၏ အရှေ့ဘက် KIA တပ်ရင်း ၃ နယ်မြေသို့ ၀င်ရောက်လာသည့် မြစ်ကြီးနား မြေခံတပ်ရင်း ခလရ ၃၇ ယာဉ်တန်းအား ဂါးရာယန် (Ga Ra Yang) ကျေးရွာအနီး ကိုင်ထွမ်ချောင်း (Kai Htum Hka) တွင် KIA မှ RPG ဖြင့် ခြုံခိုတိုက်ခိုက်ခဲ့သည်ဟု တပ်ရင်း ၃ KIA အရာရှိများပြောသည်။
ပစ်ခတ်မှုတွင် စုစုပေါင်း စစ်ကား ၅ စီးအနက် ၂ စီးမှာ တိမ်းမှောက်သွားပြီး အစိုးရစစ်သားများ သေဆုံး ထိခိုက်မှုများသည်ဟု မျက်မြင်များ ကချင်သတင်းဌာနသို့ ပြောသည်။
ယခုလို တိုက်ခိုက်ခံရပြီးနောက် ထိုနေရာမှ ခလရ ၃၇ စစ်သားများ ၀ိုင်းမော်မြို့ဘက်သို့ ပြန်ခေါက်သွားကြောင်း ၎င်းတို့အား မြင်တွေ့ရသူများ ဆိုပါသည်။
ဧပြီ ၁ ရက်မှ မြန်မာအစိုးရတပ်နှင့် KIA ကြား ဖြစ်နေသောတိုက်ပွဲများ အရှိန်အဟုန် ပြန်လည် မြင့်တက်လာသည်။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment