ပြည်တော်မြင့် ရိုက်ကူး/ရေးသားသည်)
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုး သားတပ်မတော် DKBA ကလို့ထူးဘော အဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားပွယ်(နှုတ်ခမ်းမွေး) က သူ့ကို ထိုင်းနိုင်ငံကနေ မူးယစ်ရာဇာလို့ စွပ်စွဲပြီး ထိုင်းဘတ်ငွေ ၁၀ သိန်း ဆုငွေ ထုတ်ထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒီနေ့ (မေလ ၁ ရက်နေ့) မနက်က သူ့ဌာနချုပ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်ကရင်ပြည်နယ်မြ၀တီခရိုင်ထဲက DKBA ဌာနချုပ် သတင်းစာရှင်းလင်းပွဲကို မြန်မာနဲ့ ထိုင်းသတင်းထောက်တချို့ တက်ရောက် သတင်းယူခဲ့ကြပါတယ်။
သတင်းထောက်တွေကို စောလားပွယ် ပြောတာက ထိုင်းဒုတိယ၀န်ကြီးချုပ် ချရုမ်ယူဘန်းရူး ဦးဆောင်တဲ့ ထိုင်းနိုင်ငံမူးယစ်ဆေး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ရုံး OFFICE OF THE NARCOTICS CONTROL BOARD (ONCB) အဖွဲ့ကနေ ဒီလ ၂၀ ရက်နေ့က ထုတ်ပြန်တဲ့ ထိုင်းနိုင်ငံက အလိုရှိနေတဲ့ မူးယစ်ရာဇာ ၂၅ ဦးထဲမှာ သူ ပါဝင်နေတာဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက် လို့ ဆိုပါတယ်။
ဒီလို အခြေအမြစ်မရှိတဲ့ကိစ္စကို ထိုင်းဒုဝန်ကြီးချုပ်က တာဝန်ယူဖြေရှင်းတာ မလုပ်ဘူး ဆိုရင် နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်နိုင်တယ် လို့ ပြောပါတယ်။
အခြေအနေအမှန်ကို သိရှိနိုင်ဘို့အတွက် ထိုင်းဘက် ကကိုယ်စားလှယ်အဖွဲ့စေလွတ်ပြီး လာရောက် စစ်ဆေးနိုင်ကြောင်း၊ စွပ်စွဲသလို ဟုတ်မှန်ခဲ့ရင် သူ နိုင်ငံတကာခုံရုံးကို တက်မှာဖြစ်ကြောင်း၊ မဟုတ်ခဲ့ရင်တော့သူ့ကို အမည်ပျက်စာရင်းကနေ ထုတ်ပေးရမှာဖြစ်ကြောင်း ပြောပါတယ်။
ထိုင်းဒုတိယ၀န်ကြီးချုပ်ကလည်း ဒီနေ့ပဲ ထိုင်းရုပ်သံကနေ တုန့်ပြန်ပြောဆို ခဲ့ပါတယ် - DKBA က စောလားပွယ် အနေနဲ့ ထိုင်းနိုင်ငံအတွင်းကို လာရောက် အဖမ်းခံတာက လွဲပြီး အခြားနည်းလမ်း မရှိဘူး တဲ့။
ဗိုလ်ချုပ်စောလားပွယ် ဒီစာရင်းထဲ ပါနေတဲ့ အကြောင်းရင်းက လွန်ခဲ့တဲ့ ၉ နှစ်က မူးယစ်ဆေးအမှုကြီးတခု နောက်ပိုင်းမှာ ဖြစ်လာတာလို့ ကြားသိရပါတယ်။
၂၀၀၃ ခုနှစ်က ထိုင်းဘက်ခြမ်းမှာ ရှိတဲ့ ဝေါ်လေရွာမှာ စိတ်ကြွဆေး အလုံးရေ ၉ ဒဿမ ၄ သန်း ပိုင်ရှင်မဲ့ ဖမ်းမိပါတယ်။ အဲဒီနေရာဟာ လက်ရှိ DKBA အဖွဲ့ဌာနချုပ် တည်ရှိရာ ဒေသနဲ့ နီးပါတယ်။ ဒီဆေးတွေနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်စောလားပွယ်မှာ တာဝန်ရှိတယ်လို့ ONCB အဖွဲ့က စွပ်စွဲထားပြီး ဆုကြေးငွေ ထုတ်ထားခြင်းဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာတော့ DKBA အခြေစိုက်ရာ ဒေသအတွင်းက နှစ်ဘက် နယ်ခြားမျဉ်းအနီးမှာ နေထိုင်ကြ တဲ့ ထိုင်းနဲ့မြန်မာတွေက ဒေသတွင်း မတည်မငြိမ်မှုတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်မိတယ် လို့လည်း ပြောဆိုနေကြပါတယ်။

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment