နော်နိုရင်း (ဒီဗွီဘီ)
အစိုးရနဲ့အပစ်အခတ်ရပ်ထား တဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)ရဲ့ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်က ဆက်ဆံရေးရုံး ဆိုင်းဘုတ်ကို မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဖြုတ်ချပြီး ပါတီဆိုင်းဘုတ်နဲ့ အစားထိုးခဲ့တယ်လို့ ကေအန်ယူက ပြောပါတယ်။
“အစကတည်းက ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးပဲ။ ခဏပိတ်ထားပြီး ဆက်ဆံရေးရုံး ဖွင့်တယ်။ ကျမတို့ကလည်း ဖွင့်ပြီးတော့ အလုပ် လုပ်ဖို့ သေသေချာချာ စနစ်တကျ အစီအစဉ် ဆွဲထားတာ မရှိသေးတော့ နောက်မှ အလုပ်လုပ်မယ်ပေါ့။ အခုက ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးက လူတွေက သူ့ရုံးသူပြန်တက်တာပေါ့။”
အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်တဲ့ ကေအန်ယူအဖွဲ့ဟာ မတ် ၄ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ မြန်မာနိုင်ငံသွားရောက်ပြီး ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာမှာ ပဲခူးတိုင်း ကျောက်ကြီးမြို့နဲ့ တနင်္သာရီတိုင်း မြိတ်မြို့တို့မှာ ဆက်ဆံရေးရုံးဖွင့်လှစ်ခဲ့တာပါ။
ကျောက်ကြီးမြို့နယ် ကေအန်ယူဆက်ဆံရေးရုံး ဖွင့်လှစ်ဖို့အတွက် အစိုးရဘက်က စီစဉ်ပြီး ဆိုင်းဘုတ်တင်ပေးခဲ့တာ ဖြစ်ပြီး ကေအန်ယူအဖွဲ့ ပြန်သွားပြီးတဲ့နောက် ဆိုင်းဘုတ် ဖြုတ်ချခံခဲ့ရတာဖြစ်ပါတယ်။
ဒီရုံးဟာ မူလကတည်းက ပြည်ခိုင်ဖြိုးပါတီ ရုံးဖြစ်လို့ ဆိုင်းဘုတ် ပြန်တင်တဲ့အပေါ် ကေအန်ယူက အပြစ်မပြောပေမယ့် အစိုးရ တာဝန်ရှိသူတွေက တိတိကျကျ အစီအစဉ်မရှိ အလုပ်လုပ်တဲ့ လုပ်ဆောင်ချက်ဟာ ငြိမ်းချမ်းရေးအတွက် ထိခိုက်စေနိုင်တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ပြောဆိုလိုက်ပါတယ်။
အစိုးရရဲ့ ပေါ့ဆစွာလုပ်ဆောင်မှုကြောင့် လက်ရှိလုပ်နေတဲ့ ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်တဲ့အတွက် ဒီကိစ္စ နှစ်ဖက် ထပ်မံဆွေးနွေးဖို့ရှိတယ်လို့ ကေအန်ယူ ငြိမ်းချမ်းရေး ကော်မတီအဖွဲ့ရဲ့ ပြောခွင့်ရသူ နော်မေဦးက ပြောပါတယ်။
“ရုံးဖွင့်မယ်ဆိုတာ သဘောတူခဲ့တယ်။ ဘယ်မှာဖွင့်မယ်ဆိုတာ အစိုးရက စီစဉ်ထားတယ် ပြောလို့ သွားဖွင့်တာပဲရှိတယ်။ အလုပ်လုပ်ဖို့အတွက် ရုံးဖွင့်ဖို့ လိုတယ်ဆိုတာ ကေအန်ယူ သဘောထားရှိတယ်။ ဘယ်နေရာမှာ ဖွင့်မလဲဆိုတာက ဒါက အစိုးရက သူ့နယ်မြေထဲ သွားဖွင့်တာ ဖြစ်တဲ့အတွက် သူ့တာဝန်ဖြစ်တယ်လေ။ သွားဖွင့်တဲ့အခါ ဒီလို မလိမ့်တပတ်လုပ်တာ၊ ဒါမှမဟုတ်လည်း အစီအစဉ်မရှိဘဲ ပေါ့ပေါ့ဆဆလုပ်တာဟာ ငြိမ်းချမ်းရေးကို အန္တရာယ်ဖြစ်စေတာ။ ဒါကလည်း သင်ခန်းစာပေါ့လေ။”
မြိတ်မြို့မှာဖွင့်တဲ့ ဆက်ဆံရေးရုံးကိုတော့ လက်ရှိ ကေအန်ယူ ကိုယ်စားလှယ်တွေ သွားရောက် ရုံးထိုင်ပြီလို့ ကေအန်ယူ မြိတ်၊ ထားဝယ်ခရိုင် တာဝန်ရှိသူက ပြောပါတယ်။
ကေအန်ယူအနေနဲ့ အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးမှုနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြားသားသတင်းထောက်များ အသင်း (FCCT) ရဲ့ ဖိတ်ကြားချက်အရ မေ ၃ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
ဒီရှင်းလင်းပွဲမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ကေအန်ယူရဲ့ သုံးသပ်ချက်၊ သဘောထားတွေကို ပြောဆိုခဲ့တယ်လို့ ကေအန်ယူ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ရဲ့ ပြောခွင့်ရသူ နော်မေဦးက ပြောပါတယ်။







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment