
A group of internally displaced children in Myanmar/ Photo credit: Free Burma Rangers (မြန်မာစစ်ဗိုလ်တွေ ဒေါ်လာသောင်းချီပြီး နယူကလီးယားလက်နက်အကြောင်းသင်ကြားနေချိန်မှာ ပညာသင်ခွင့်မရရှိတဲ့ မြန်မာကလေးငယ်များ၊ အခုလို ကလေးငယ်တွေ သန်းပေါင်းများစွာရှိနေတာ မြန်မာ့အနာဂတ်အတွက် ရင်လေးစရာပါ)
မြန်မာပြည်က တိုးတက်ပြောင်းလဲမှုသတင်း၊ ဟီလာရီကလင်တန်ရဲ့ အလည်အပတ်ခရီးစဉ်သတင်းတွေ ဘက်ကို နိုင်ငံတကာက အာရုံစိုက်နေကြချိန်မှာ မြန်မာအစိုးရရဲ့  နယူကလီးယားလက်နက် ထုတ်လှုပ်မှု နဲ့  ဆိုင်တဲ့ ခြေလှမ်းတွေ အကြောင်း တိုင်မ်းမဂဇင်းက ရေးသားလိုက်ပါတယ်။
မြန်မာအစိုးရဟာ စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီကို ဦးတည်သွားနေပြီလို့  တဖက်က ကြွေးကြော်နေသလို၊ ပညာသင်စားရိတ်မြင့်မားလှတဲ့ ရုရှားနိုင်ငံမှာ မြန်မာစစ်ဗိုလ်တွေဟာ နယူကလီးယားလက်နက်နဲ့  သက်ဆိုင်တဲ့ ပညာရပ်တွေကို သင်ကြားနေဆဲဖြစ်တဲ့ အကြောင်း ဒီဇင်ဘာလ ၇ရက်နေ့  ထုတ် တိုင်မ်းမဂွှဇင်းရဲ့  အင်တာနက်စာမျက်နှာမှာ ရေးသားထားပါတယ်။
ရုရှနိုင်ငံမော်စကိုမှာရှိတဲ့ Bauman တက္ဘသိုလ်က နယူကလီးယားသိပ္မံပညာရပ်ကို သင်ကြားပို့ ချနေတဲ့ ပရော်ဖက်ဆာ Gostev ရဲ့  ပြောကြားချက်အရ လက်ရှိသူသင်ကြားနေရတဲ့ စာသင်ခန်းတွေမှာ (ခါတိုင်းနှစ်တွေလိုပဲ) မြန်မာစစ်တပ်ကစေလွတ်တဲ့ ကျောင်းသားတွေ ပါဝင်နေဆဲပဲလို့  တိုမ်းမဂွှဇင်းက ရေးသားလိုက်ခြင်းဖြစ်ပါတယ်။
တိုင်မ်းက အသေးစိပ်အချက်အလက်တွေကို ဆက်လက်မေးမြန်းတဲ့အခါ Bauman တက္ဘသိုလ်ရဲ့  ပြောရေးဆိုခွင့်ရှိသူ Anna Lustina က “တခြားနိုင်ငံက ကျောင်းသားတွေနဲ့ သူတို့ သင်ကြားနေတဲ့ ဘာသာရပ်တွေ အကြောင်းကို ပြောကြားလို့  ရပေမယ့် ၊မြန်မာအစိုးရနဲ့  ကျွန်မတို့ ကြားမှာ အထူးသဘောတူညီမှု ရယူထားတဲ့အတွက် မြန်မာကျောင်းသားတွေ အရေအတွက်နဲ့ သင်ကြားနေတဲ့ ဘာသာရပ်တွေအကြောင်းကို ပြောဆိုလို့  မရပါဘူး” လို့ ငြင်းပယ်သွားခဲ့ပါတယ်။ အရေအတွက် အတိအကျကို မသိရပေမယ့် မြန်မာစစ်ဗိုလ်တွေ တော်တော်များများဟာ ဒုံးကျည်ပညာရပ်၊ နယူကလီးယားသိပ္မံပညာရပ် စတဲ့ ပညာရပ်တွေကို ဆက်လက်သင်ကြားနေတဲ့ အကြောင်း ပရော်ဖက်ဆာ Gostev က အတည်ပြုပြောကြားခဲ့ပါတယ်။ Bauman တက္ဘသိုလ်လိုပဲ ရုရှားနိုင်ငံရှိ အခြားကျောင်းတွေမှာ ၂၀၀၁ခုနှစ်ကစပြီး မြန်မာစစ်ဗိုလ်တွေကို အများအပြားကို စတင်လက်ခံခဲ့တာဖြစ်တယ်လို့  သိရပါတယ်။
ရုရှားနိုင်ငံမှာ နည်းပညာပိုင်းဆိုင်ရာ ပညာရပ်ကို သွားရောက်ပညာသင်ကြားဖို့ အတွက် ကျောင်းသားတစ်ယောက်ကို ကုန်ကျစားရိတ်က တစ်နှစ်ကို ဒေါ်လာ ခြောက်သောင်း ခန့်  ရှိတာမို့ ၊ ကမ္ဘာ့ ဆင်းရဲသောနိုင်ငံများထဲမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ မြန်မာနိုင်ငံက တခြားအရေးကြီးတဲ့ ပညာရေးနဲ့  ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတွေ မှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ပဲ၊ နယူကလီးယားထုတ်လှုပ်မှုနဲ့ ဆိုင်တဲ့ နည်းပညာရပ်အတွက် ငွေအမြောက်အများရင်းနှီးနေတာဟာ မေးခွန်းထုတ်စရာပါ။
မြန်မာနိုင်ငံဟာ ယခုထက်ထိ နယူးကလီးယားလက်နက်ထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးခွင့် သဘောတူညီမှု လက်နက်ကို ရေးထိုးဖို့ ငြင်းဆိုထားတဲ့ အကြောင်း အိုင်အေအီးအေ ခေါ် International Atomic Energy Agency ကသတင်းထုတ်ပြန်ထားပါတယ်။
ရုရှနိုင်ငံဟာ သယံဇာတတွေ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုတွေ ကို ဆက်လက်ပြုလုပ် သွားဖို့ အစီအစဉ်ရှိပုံရပါတယ်။ DMNG ကလို့ ခေါ်တဲ့ ရုရှ ကုမနီတစ်ခုက သတ္ထု နဲ့  ရေနံရှာဖွေရေးလုပ်ငန်းအတွက် ရန်ကုန်မြို့ မှာ ရုံးခန်းဖွင့်လှစ်ထားပြီး၊ Gazprom လို့ ခေါ်တဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေးကုမနီက တာဝန်ရှိသူတွေ ကလည်း မြန်မာနိုင်ငံကို သြဂုတ်လတုန်းက သွားရောက်ပြီး လေ့လာမှုတွေလုပ်ခဲ့တယ်လို့ တိုင်မ်းကရေးသားထားပါတယ်။
ဦးသိန်းစိန်အစိုးရ အနေနဲ့  တကယ်စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံကို တည်ဆောက်ဖို့ စေတနာရှိရင် ရုရှမှာ စစ်ဗိုလ်တွေ နယူကလီးယားလက်နက်ပညာသင်ကြားမှုတွေကို ရပ်ဆိုင်းပြီး မြန်မာပြည်တွင်း က ကလေးတွေ ကို အခမဲ့ပညာသင်ကြားနိုင်ဖို့  ဦးစွာ လုပ်ဆောင်သင့် ကြောင်းပါ။
ကိုးကား
http://www.nationaljournal.com/nationalsecurity/russia-training-mya...
http://www.time.com/time/world/article/0,8599,2101404,00.html#ixzz1...
Posted by Little vocie from Burma (Credit)







စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment