အကျဉ်းကျသံဃာများ လွတ်မြောက်ရေး ဆုတောင်းဝတ်ပြု
မန္တလေး၊ မတ် ၂၂
ယနေ့နေ့လည် တစ်နာရီဝန်းကျင်က မန္တလေးမဟာမုနိဘုရားကြီးတွင် ဆရာတော်အရှင်ဝီရသူဦးဆောင်သော သံဃာတော်များက ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသော သံဃာတော်များ အမြန်လွှတ်မြောက်စေ၇န် ဆုတောင်းဝတ်ပြုပွဲတစ်ခု
ပြုလုပ်ခဲ့သည်။
ဆရာတော်များနှင့်အတူ အကျဉ်းကျသံဃာတို့၏ မိသားစုဝင်များ၊ ဒကာဒကာမများကလည်း ပူးပေါင်းပါဝင် ဆုတောင်းခဲ့ကြသည်။ ဘုရားဝတ်ပြုအပြီး နေ့ခင်း(၂)နာရီကျော်တွင် ဆရာတော်များနှင့် အကျဉ်းကျသံဃာတို့၏ မိသားစုဝင်(၃၀)ကျော်တို့က
"ရွေးကောက်ပွဲသည်လည်း ပြည်သူ့အတွက်အရေးကြီးသလို လွတ်မြောက်ရေးသည်လည်း အကျဉ်းသားတို့အတွက် အရေးကြီးသည်"၊ "သူတို့ကိုမလွှတ်ပေးနိုင်၇င် ၀ီရသူကို ပြန်ဖမ်းပါ။ သူတို့နဲ့ နေပါရစေ"၊ "အကျဉ်းကျသံဃာများစာရင်း" အစရှိသည့် စာသားများပါဝင်သည့် ဗီနိုင်းပိုစတာများကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။ ဘုရားဝတ်ပြု ဆန္ဒပြဆုတောင်းပွဲတွင်သံဃာတော်အပါး(၂၀)၀န်းကျင်ခန့် ပါဝင်ခဲ့သည်။
ဓာတ်ပုံ-ညီညီဇော်

Ref; 7Days news

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment