လှိုင်သာယာမြို့နယ်နဲ့ ထန်းတပင်မြို့နယ်ကြား လယ်မြေဧက ၃၀၀ ကျော်ကို ဝါဝါဝင်းကုမ္ပဏီက သိမ်းယူထားတာ ဖြစ်ပါတယ်။ အတွင်းပဒန်ကျေးရွာသားတွေ အနေနဲ့လဲ ဓားမဦးချလုပ်ကိုင်နေတဲ့ လယ်မြေတွေ ဖြစ်တာကြောင့် အဲ့ဒီ အသိမ်းခံလယ်မြေတွေပေါ်မှာ မိုးစပါးစိုက်ပျိုးဖို့ ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။ အဲ့ဒီလို ဆောင်ရွက်တဲ့ လယ်သမားတွေကို ဝါဝါဝင်းကုမ္ပဏီက ပိုင်နက်ကျူးလွန်မှုနဲ့ သောင်ကြီးရဲစခန်းကို အမှုဖွင့် တိုင်ကြားခဲ့တဲ့ အတွက် သောင်ကြီးရဲစခန်းက မတ်လ ၁၅ ရက်နေ့ ညနေ ၄း၀၀ နာရီအချိန်မှာ လာရောက် ဖမ်းဆီးသွားခဲ့ပါတယ်။ အတွင်းပဒန်ကျေးရွာက လူကြီးတွေက အာမခံနဲ့ လာရောက်ထုတ်ပေးတဲ့အတွက် ညပိုင်းမှာတော့ လယ်သမား အယောက် ၅၀ ကျော် ပြန်လည် လွတ်မြောက်လာခဲ့ကြပါတယ်။ ဒါပေမဲ့ လယ်သမားတွေ ပြင်ဆင်နေတဲ့ လယ်မြေတွေနဲ့ လယ်အတားအဆီးတွေကိုတော့ သောင်ကြီးရဲစခန်းက ရဲသား အယောက် ၃၀ ကျော်လောက်က လာရောက်ဖျက်ဆီးနေပါတယ်။ အခုလို အဓမ္မ လယ်မြေသိမ်းဆည်းခံရမှုအပေါ် တရားသဖြင့် ဆောင်ရွက်ပေးဖို့ ILO ကို စုပေါင်းလက်မှတ်ရေးထိုးတိုင်ကြားထားတယ်လို့
18 March 2012
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment