19 March 2012

ကြံ့ဖွံ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အတွင်း ယာဉ်တိုက်မှုကို ဖျောက်ဖျက်

http://www.burmavjmedia.ne


By ဇာဏီ၊ မတ်လ ၁၆ ရက်နေ့၊ ၂၀၁၂ ခုနှစ်။
ဒီကနေ့ မတ်လ ၁၆ ရက်နေ့ နေ့လည် ၁း၀၀ နာရီအချိန်ခန့်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဗဟိုကော်မတီ အတွင်းရေးမှူး ဦးအောင်သောင်း ဦးဆောင်သည့် အဖွဲ့သည် ဝက်လက်ကျေးရွာသို့ မဲဆွယ်စည်းရုံးရေးဆင်းရာမှာ  နတ်နွားတော်ပို့ရွာအနီးတွင် ဦးကံစိန်ဆိုသည့် အဘိုးအိုတဦးကို စည်းရုံးရေးခရီး ထွက်လာသည့် ယာဉ်တန်းမှ ကားတစီးက တိုက်မိပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားသည့် ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ပါသည်။ အဆိုပါ ယာဉ်တိုက်မှုကို ဦးအောင်သောင်းမှ နေရာမှာတင် အပြီးဖြေရှင်းရန် လက်အောက်ငယ်သားများအား ညွှန်ကြားပြီး ဝက်လက် ကျေးရွာကို  ဆက်လက်ထွက်ခွာသွားသည်လို့ သိရပါသည်။ သေဆုံးသူ အဘိုးအိုမှာ နတ်နွားတော်ပို့ရွာအနီး ပြရာကျေးရွာက ဖြစ်ပါသည်။ တိုက်မိသည့် အဆိုပါကားပိုင်ရှင်မှာ ဦးဦးမောင် (ကားနံပါတ် ၁က/၆၃၆၄) ဖြစ်ပြီး ဦးအောင်သောင်းနှင့်အဖွဲ့မှ ငှားလာတာဖြစ်သည်လို့ သတင်းရရှိပါသည်။

0 kommentarer:

Post a Comment