10 January 2012

ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ကို ရာထူးမှ နှုတ်ထွက်ခွင့်ပြု

ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ကို ရာထူးမှ နှုတ်ထွက်ခွင့်ပြု
မတ်လ ၃၁ ရက်မှ စတင်၍ တိုင်းပြည်အုပ်ချုပ်မှုတာဝန်ယူခဲ့သော ဦးသိန်းစိန်အစိုးရအဖွဲ့မှ ပြည်ထောင်စုဝန်ကြီး တစ်ဦးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တစ်ဦးတို့ ပထမဆုံး ရာထူးမှ နှုတ်ထွက်ခဲ့ခြင်းဖြစ်
Posted on Jan 07 12 - 02:39 PM | Hits : 2262
ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ကို ရာထူးမှ နှုတ်ထွက်ခွင့်ပြု
ပြည်ထောင်စုဝန်ကြီးတစ်ဦးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တစ်ဦးတို့က ရာထူးမှ နှုတ်ထွက်ခွင့်ပြုရန် တင်ပြထားမှုအပေါ် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ဇန်န၀ါရီ ၆ ရက် ရက်စွဲဖြင့် အမိန့်နှစ်ခုထုတ်ပြန်၍ နှုတ်ထွက်ခွင့်ပြုလိုက်သည်။ မတ်လ ၃၁ ရက်မှ စတင်၍ တိုင်းပြည်အုပ်ချုပ်မှုတာဝန်ယူခဲ့သော ဦးသိန်းစိန်အစိုးရအဖွဲ့မှ ပြည်ထောင်စုဝန်ကြီး တစ်ဦးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တစ်ဦးတို့ ပထမဆုံး ရာထူးမှ နှုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။



သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စွာခိုင်သည် ကျန်းမာရေးအခြေအနေအရ ရာထူးမှနှုတ်ထွက်ခွင့်ပြုရန် တင်ပြသည့်အတွက် အခြေခံဥပဒေ ပုဒ်မ ၂၃၅၊ ပုဒ်မခွဲ (ခ)နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ပုဒ်မ ၆၈၊ ပုဒ်မခွဲ (က)တို့အရ မိမိသဘောဆန္ဒအလျောက် ပြည်ထောင်စုဝန်ကြီးရာထူးမှ နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်းကို နိုင်ငံတော် သမ္မတရုံးက အမိန့်အမှတ် ၂/၂၀၁၂ ဖြင့် ကြေညာခဲ့သည်။ ပြည်ထောင်စုအစိုးရအဖွဲ့တွင် ဝန်ကြီး သုံးဆယ်ဦး ခန့်အပ်တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ဦးကျော်စွာခိုင်နေရာတွင် အစားထိုးခန့်အပ်ခြင်းရှိ၊ မရှိနှင့်ပတ်သက်၍မူ အမိန့်ကြေညာစာတွင် ဖော်ပြမထားပေ။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးခင်ဇော်မှာလည်း ကျန်းမာရေးအခြေအနေအရ နှုတ်ထွက်ခွင့်ပြုရန် တင်ပြလာသည့်အတွက် အခြေခံဥပဒေပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (က) နှင့် တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်အစိုးရအဖွဲ့ ဥပေဒပုဒ်မ ၅၂၊ ပုဒ်မခွဲ (က)တို့အရ မိမိသဘောဆန္ဒအရ ရာထူးမှနှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၃/၂၀၁၂ ဖြင့် ကြေညာခဲ့သည်။ တိုင်းဒေသကြီး ၀န်ကြီးချုပ် ယခင် (၁၄)ဦးရှိခဲ့သည်။ ဦးခင်ဇော်နေရာတွင် အစားထိုးတာဝန်ပေးခန့်အပ်ခြင်း ရှိ၊ မရှိနှင့် ပတ်သက်၍ အမိန့်ကြေညာစာတွင် ဖော်ပြမထားပေ။
Source;http://www.7daynewsjournal.com
http://www.planet.com.mm/news/read.cfm/id/18411

0 kommentarer:

Post a Comment