chomilayဘလော့မှ....................
(3/1/2011) နေ့ နံနက်(103း0) အချိန်တွင် အိမ်အမှတ်(9/ခ) ရတနာမာရ်အောင် ကွက်သစ်ပဲခူးတိုင်း ပြည်မြို့တွင်နေထိုင်သူ မောင်ကောင်းဆက်ပိုင်နှင့် သူငယ်ချင်းဖြစ်သူ မောင်ဇော်လင်းဦးတို့အားဒုတပ်ကြပ် သဲမောင်မောင်က ဆိုင်ကယ်ပေါ်မှ တွန်းချရာတွင် မောင်ကောင်းဆက်ပိုင် (ခ)တရုပ်ကြိး အသက် (15)နှစ်သည် နေရာတွင်ပင် သေဆုံးသွားပီး ဇော်လင်းဦးမှာ ပြည့်သူ့ဆေးရုံကြီးတွင် တပ်ရောက်ကုသနေရပါသည်။
သေဆုံးသူမောင်ကောင်းဆက်ပိုင်သည် အ.ထ.က (1)ပြည်တွင် ပညာသင်ကြားနေသော ကျောင်းသားတစ်ယောက်ဖြစ်ပြီး အခင်းဖြစ်သည့် ထိုနေ့နံနက်(10)နာရီခန့်တွင် သေဆုံးသူသည် ၀ိုင်းကျူရှင် တတ်ရောက်ရာမှပြန်လာပြီး စည်တော်မင်္ဂလာရပ်ကွက်ထဲတွင်နေထိုင်သော သူ၏ သူငယ်ချင်းမောင်ဇော်လင်းဦးအား ၀င်ခေါ်ပီး သေဆုံးသူက မောင်းနှင်ကာ အုန်းတော်လမ်းမကြီးမှ ဖြတ်လမ်းဖြစ်သည့်ရထားလမ်းဘေးလူသွားလမ်းမှမောင်းနှင်လာရာတွင် နောက်မှ အမည်သူတစ်ဦး ဆိုင်ကယ်နှင့်လိုက်လာပီး ဘေးချင်းယှဉ်သည့်အချိန်တွင် ဆိုင်ကယ်နောက်မှ စီးလာသူ ဇော်လင်းဦး၏ အကျီင်္ကို ဆုတ်ကိုင်စွဲချပီး အရှိန်ဖြင့်ပြုတ်ကျခဲ့သည် ။ ထို့်နောက်သေဆုံးသူမောင်းနှင်သည့် ဆိုင်ကယ်လက်ကိုင်အားလှမ်းဆွဲပြီး ဆိုင်ကယ်နံဘေးကို လှမ်းကန်လိုက်သောကြောင့်  သေဆုံးသူမှာ ဆိုင်ကယ်နှင့်အတူ လမ်းပေါ်သို့ တစောင့်အနေအထားနဲ့ လဲကျသွားခဲ့ပါသည်။
ဦးခေါင်းမှ သွေးများထွက်ပြီး လဲကျနေသော သေဆုံးသူ၏ လက်မှ နာရီကိုချွတ်ကာ လက်ထိတ်ခိုက်လိုက်ပြီး လူကို တရွတ်တိုက် လေးငါးတောင်ခန့် အကွာအဝေးသို့ ဆွဲခေါ်သွားခဲ့ပါသည်။ ပတ်ဝန်ကျင်မှ လူများက အမြင်မတော်လို့ ၀ိုင်းပြောပြီး သတိလစ်နေသော သေဆုံးသူအား ဆေးရုံသို့ ပို့ပေးခဲ့ကြသည် ။ ဆေးရုံမရောက်မီ ဆိုက်ကားပေါ်မှာပင် သေဆုံးသွားခဲ့ရသည်။ အခင်းဖြစ်ပြီး နောက်တစ်နေ့တွင် ဆေးရုံတွင်တတ်ရောက်နေသော မောင်ဇော်လင်းဦးအား သွားရောက်မေးမြန်းရာတွင်သေဆုံးသူအား ဆိုင်ကယ်ပေါ်မှ တွန်းချသတ်ဖြတ်သူမှာ ပြည်မြို့ အမှတ်(2) ရဲစခန်းမှ ဒုတပ်ကြပ် သဲမောင်မောင်ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။ သို့ဖြစ်သောကြောင့် ဆိုင်ကယ်ပေါ်မှ တမင်တွန်းချသတ်ဖြတ်သူ ဒုတပ်ကြပ်သဲမောင်မောင်အား ဥပဒေနှင့်အညီဖော်ထုတ်အရေးယူပေးပါရန် သက်ဆိုင်ရာလူကြီးများအား သူငယ်ချင်းများမှ တဆင့်ဒီဖြစ်ရပ်လေးကိုတင်ပြပေးပီး အရေးယူပေးကြဖို့ ဒီပို့စ်လေးကိုရေးသားဖြစ်ခဲ့တာပါ နော်
မှတ်ချက် ။........။ သေဆုံးသူ၏ x1ဆိုင်ကယ်နံပါတ် (၁၀ယ/၁၁၆၆) လိမ္မော်+အနက်ရောင်နှင့် လက်ပတ်နာရီမှာ ယခုချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု သိခဲ့ရပါသေးတရ် ☺☺☺
10 January 2012
ဆိုင်ကယ်ပေါ်မှ တမင်တွန်းချ သတ်ဖြတ်သူ ပဲခူးတိုင်းပြည်မြို့မှ ဒုတပ်ကြပ် သဲမောင်မောင်အား အရေးယူပေးပါရန် တိုင်ကြားခြင်း
Etiketter: တိုင်ကြားစာ
Subscribe to:
Post Comments (Atom)






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment