KNG
ကချင်ပြည်နယ်အရှေ့ပိုင်း လွယ်ဂျယ်မြို့တွင် ခရစ္စမတ်နေ့၌ အပြစ်မဲ့ ကချင်ပြည်သူ လူကြီးတဦးကို မြန်မာအစိုးရ စစ်သားများက ပစ်ခတ်သတ်ဖြတ်လိုက်သည် ဟု ဒေသခံများပြောသည်။
လွယ်ဂျယ်ဒေသခံ ကချင်အမျိုးသားနှစ်ဦးသည် ဒီဇင်ဘာ ၂၅ ရက် ညနေ ၆ နာရီနောက်ပိုင်း လွယ်ဂျယ်မြို့သို့ မြို့ပြင် ကြံစိုက်ခင်းကုန်းတနေရာမှ လမ်းလျှောက်ဆင်း လာစဉ် အစိုးရတပ်က ၎င်းတို့နှစ်ဦးကို ပစ်ခတ်လိုက်ရာ အသက် ၄၇ နှစ်ရှိ သားသမီး ၃ ယောက်၏ဖခင် ဆလန်မရန်ဇော်ဂျာ (Salang Maran Zau Ja) ပွဲချင်းပြီး သေဆုံးသွားသည်ဟု သူ၏ဆွေမျိုးများ ပြောသည်။
သို့သော် ကျန်တဦးမှာ အသက်ဘေးအန္တရာယ်မရှိ ထွက်ပြေးလွတ်မြောက်ခဲ့သည်ဟု ဆိုသည်။
ထိုသူနှစ်ဦးအနက် တဦးတယောက်မျှ ကချင်လွတ်မြောက်ရေးအဖွဲ့နှင့် ၎င်း၏လက်နက်ကိုင်တပ်ဖွဲ့ (KIO/KIA) အဖွဲ့ဝင်မဟုတ်ပါဟု ဒေသခံများပြောသည်။
ပစ်ခတ်သတ်ဖြတ်မှုအား လွယ်ဂျယ်စခန်းမှ ရွှေညောင်ပင်နယ်မြေခံတပ်ရင်း ခမရ အမှတ် (၃၂၁) မှ ဖြစ်သည်ဟု ဒေသခံများပြောသည်။
နှစ်ရက်အကြာ ဒီဇင်ဘာ ၂၇၊ အင်္ဂါနေ့က ဆလန်ဇော်ဂျာ၏ ရုပ်အလောင်းကို လွယ်ဂျယ်တွင် မြေမြုပ်သင်္ဂြိုဟ်လိုက်သည်ဟု ဆွေမျိုးများဆိုသည်။
ထိုသေဆုံးမှုနှင့်ပတ်သက်၍ “စစ်သားတွေက ကချင်ပြည်သူတွေကိုပါ ရန်သူအဖြစ်သတ်မှတ်လာတယ်။ လက်နက်မဲ့ပြည်သူတွေဟာ ပစ်မှတ်ထားခံနေရပြီ။” ဟု လွယ်ဂျယ်မှ လူကြီးတဦး ကချင်သတင်းဌာနသို့ ပြောသည်။

လွယ်ဂျယ်မှ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း

စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။

0 kommentarer:
Post a Comment