29 December 2011

ရွှေ ရေနံနှင့် ဓါတ်ငွေ့ပိုက်လိုင်းလုံခြုံရေး အတွက် မြန်မာအစိုးရ KIOအား တိုက်


KNG
shwe-gas-kiaရှမ်းပြည်မြောက်ပိုင်းတွင် ရွှေ ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်း လမ်းကြောင်းတလျှောက် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တပ်ဖွဲ့ဝင်များ လေးရက်ကြာ တိုက်ခိုက်နေကြသည်။

ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်းဖြတ်သန်းဖောက်လုပ်ရန်ရှိသည့် နမ်တူမြို့နှင့် နမ့်ခမ်းမြို့နယ်အတွင်း ဒီဇင်ဘာ ၂၅ ရက်ကတည်းက ထိုးစစ်ဆင်လာသော မြန်မာအစိုးရတပ်ကို KIO တပ်ဖွဲ့ဝင်များ ခုခံနေရသည် ဟု KIO အရာရှိများပြောသည်။

ရွှေ ပိုက်လိုင်းသည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၈ ဒေသကို ဖြတ်သန်းသွားမည်ဖြစ်သည်။

ယခုနှစ်အစောပိုင်းတွင်လည်း ၎င်းစီမံကိန်းအတွင်းကျရောက်နေသော ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSA-N/SSPP)အား မြန်မာအစိုးရတပ်က တိုက်ခိုက်ခဲ့သည်။

ထိုစီမံကိန်းပြီးစီးသွားပါက ရခိုင်ဆိပ်ကမ်းမှ တရုတ်နိုင်ငံယူနန်ပြည်နယ်သို့ ရေနံနှင့် သဘာဝဓါတ်ငွေ့များ ပို့ဆောင်မည်ဖြစ်သည်။ ၎င်းမှ မြန်မာဗဟိုအစိုးရက ငွေကြေးအမြောက်အများ နှစ်စဉ် ခံစားရရှိမည်ဖြစ်သည်။

အစိုးရတပ်က KIO ကို တိုက်ခိုက်ရာတွင် ဓါတုလက်နက်အသုံးပြု
ပြီးခဲ့သည့် ၂၄ နာရီအတွင်း မြန်မာအစိုးရတပ်က KIA တပ်မဟာ ၄ ကို တိုက်ခိုက်ရာ၌ အမည်မသိ ဓါတုလက်နက်များ အသုံးပြုနေသည်ဟု KIA အရာရှိ ဒူဇောင်းက ဒီဇင်ဘာလ ၂၁ ရက် က ကချင်သတင်းဌာနသို့ ပြောသည်။

shwe-gas-pipeline
တရုတ်နယ်စပ် Jegao မှ မြန်မာနယ်စပ်ဘက်ခြမ်း မူဆယ်သို့ သယ်ပို့နေတဲ့ ပိုက်လိုင်းများ။
မြန်မာအစိုးရတပ်က လက်နက်ကြီးကျည်များ ဆက်တိုက်ပစ်ခတ်ပြီးနောက် ၎င်းအငွေ့ကိုရှူရှိုက်မိသည့် KIA တပ်သား ၁၀ ယောက်ကျော်သည် ဝေဒနာခံစားလာသည် ဟု ဒူဇောင်းဆက်ဆိုသည်။ ထိုသူများသည် အော့အန်လာကြကာ အချို့ မေ့မြောသွားကြသည်ဟု ဆိုသည်။

ဇွန်လနောက်ပိုင်း တိုက်ပွဲစတင်ဖြစ်ပွားချိန်မှ KIO အားတိုက်ခိုက်ရာတွင် မြန်မာအစိုးရတပ်က ဓါတုလက်နက်များအသုံးပြုနေကြောင်း အကြိမ်ကြိမ် သတင်းပြန့်နှံ့လာပါသည်။ သို့သော် သက်သေ အထောက်အထား ခိုင်လုံမှုမရှိဘဲ မြန်မာအစိုးရတပ်က မည်သို့သော ဓါတုလက်နက်မျိုးအသုံးပြုနေသည်ကို မသိရသေးပေ။

0 kommentarer:

Post a Comment