| ၃ ရက်အတွင်း အပျက်အစီးများလာနိုင်တဲ့ ဆိုင်ကလုန်း မုန်းတိုင်းကြီး နှင့် ဆူနာမီ ဖြစ်လာနိုင်တဲ့ အနေအထားများ အတွက် အထူး သတိပေးချက်.. | |||||
|

၃ ရက်အတွင်း အပျက်အစီးများလာနိုင်တဲ့ ဆိုင်ကလုန်း မုန်းတိုင်းကြီး နှင့် ဆူနာမီ ဖြစ်လာနိုင်တဲ့ အနေအထားများ အတွက် အထူး သတိပေးချက်..
ဒီနေ့ (27.12.2011 နေ့ မြန်မာစံတော်ချိန် နံနက် ၈ နာရီအချိန်) မြင်တွေ့ရတဲ့ မိုးလေ၀သ ကောင်းကင်ဓါတ်ပုံ (Google Earth)
မတ်ဖန် အနေနဲ့ ဘောလုံးသတင်းတွေ သီးသန့် တင်ဆက်တဲ့ အင်တာနက် ၀ဘ်ဆိုဒ် တစ်ခုဖြစ်ပေမယ့် ဘေးအန္တရာယ်နဲ့ ပတ်သက်လာရင် သတိပေးချက်တွေ ထုတ်ပြန်ပေးလေ့ရှိတာ နာဂစ်မုန်တိုင်းကြီး စတင် တိုက်ခတ်တော့မယ်လို့ သတိပေးချက်က စတင်ခဲ့တဲ့ အစဉ်အလာကောင်းပဲ ဖြစ်ပါတယ်။
အခုလဲ မိုးလေ၀သ သတင်းတွေကို အဆက်မပြတ် စောင့်ကြည့်နေခဲ့ရာမှာ ၂၀၁၁ နှစ်ကုန်ပိုင်းမှာ အလွန်အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းကြီးတစ်ခု ဘင်္ဂလားပင်လယ်အော် အတွင်း ရှိနေတာကို မြင်တွေ့ရပါတယ်။ ဒီမုန်တိုင်းကြီးဟာ အိန္ဒိယနိုင်ငံတောင်ပိုင်း အရှေ့ဖက်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်မယ်လို့ မြန်မာနိုင်ငံ မိုးဇလ ပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ခန့်မှန်းထားပါတယ်။ ဆရာ့ဝဘ်ဆိုဒ်မှာ ဖေါ်ပြထားတာကို အောက်ပါအတိုင်း ဖေါ်ပြအပ်ပါတယ်...
---------
ဘင်္ဂလား ပင်လယ်အော် အနောက်တောင် ပိုင်းမှာ ဖြစ်ပေါ် နေတဲ့ 03B မုန်တိုင်းဟာ အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းကြီး ဖြစ်လာပြီး (၃၀-၁၂-၂၀၁၁) ရက် ညနေပိုင်းမှာ အိန္ဒိယ နိုင်ငံ တောင်ပိုင်း အရှေ့ဖက် ကမ်းခြေကို Chennai မြို့အနီးမှ ဖြတ်ကျော်ကာ ကုန်းတွင်းကို ၀င်ရောက် လိမ့်မယ်လို့ခန့်မှန်းရ ပါတယ်။ (၂၇-၁၂-၂၀၁၁ ရန်ကုန်၊ နံနက် ၀၆း၂၈ နာရီ)
ကြိုတင်ကာကွယ်မှုသာ အားနည်းခဲ့ရင် အိန္ဒိယနိုင်ငံအတွက် အသေအပျောက်အပျက်အစီး ကြီးမားနိုင်တဲ့ မုန်တိုင်းကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။

03B မုန်တိုင်းကို တဖြည်းဖြည်း ပိုမိုအားကောင်းလာကာ အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းကြီး တစ်ခုဖြစ်လာပြီးတဲ့နောက် (၃၀-၁၂-၂၀၁၁) နေ့ညနေပိုင်းအချိန်မှာ အိန္ဒိယနိုင်ငံတောင်ပိုင်း အရှေ့ဖက်ကမ်းခြေကို Chennai မြို့အနီးက ဖြတ်ကျော်ဝင်ရောက်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

အနေအထားကတော့ အန္တရာယ်အလွန်ကြီးမားတဲ့ အခြေအနေပါပဲ။ ဒီလိုအင်အားနဲ့သာဖြတ်ခဲ့ရင်သေချာပေါက် မုန်တိုင်းဒီရေက တက်တော့မှာပဲ။ အသေအပျောက်တွေကိုလည်း စိတ်မချမ်းမြေ့စရာ ကြားရတော့မှာပါပဲ။

ဒီနေရာမှာ တကယ်ဆိုရင် ကြိုတင်ကာကွယ်မှုပဲလိုပါတယ်.။ အချိန်(၃)ရက်အနည်းဆုံးရပါတယ်။ အိန္ဒိယပြည်သူတွေ ကြိုတင်ကာကွယ်နိုင်ကြပါစေ။ ကျွန်တော်တို့အတွက်ကတော့ ဒီမုန်တိုင်းနောက်(၃)ရက်အတွင်း လမ်းကြောင်းပြောင်းကာ အရှေ့မြောက်ဖက်ကိုပြန်ကွေ့မလာပါစေနဲ့။

ဒါကိုတော့ သတိထားပြီးစောင့်ကြည့်နေဖို့လိုပါတယ်။ လို့ ဒေါက်တာ ဦးထွန်းလွင် က TunLwin.com မှာ ဖေါ်ပြထားပါတယ်။..
မြန်မာပြည်အတွက်တော့ မုန်တိုင်း ကွေ့မလာစေဖို့ ဆုတောင်းနေရသလို မုန်တိုင်းသင့်လာနိုင်မယ့် ဒေသက လူတွေ အသေအပျောက်နည်းစေဖို့ (လုံးဝမရှိစေဖို့) ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဒီသတင်းကို များများလေး Share လုပ်ပေးကြပါလို့ ကျွန်တော့် အနေနဲ့ အထူး မေတ္တာရပ်ခံ ချင်ပါတယ်...






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment