
ဒီဇင်ဘာလ ၁၈ ရက်နေ့ နေပြည်တော် စွမ်းအင်ဝန်ကြီးဌာနတွင် စာချုပ်ချုပ်ဆိုခဲ့မှုအား တွေ့ရစဉ်
မြန်မာ-တရုတ် သဘာဝဓာတ် ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ ပြည်နယ် နှင့် တိုင်းဒေသကြီးများတွင် အမေရိကန်ဒေါ်လာ ခုနစ်သိန်းကျော် တန်ဖိုးရှိဆေးရုံ၊ ကျေးလက်ကျန်းမာရေး အဆောက်အအုံများ၊ ဆေးပဒေသာပင်များ အတွက် အမေရိကန်ဒေါ်လာ ၇၄၆၁၅၆ ဒသမ ၄၅ (ခုနစ်သိန်း လေးသောင်း ခြောက်ထောင် တစ်ရာငါးဆယ့်ခြောက် ဒသမလေးငါး) တန်ဖိုးရှိ ကန်ထရိုက်စာချုပ်များကို တရုတ် အမျိုးသားရေနံ ကော်ပိုရေးရှင်း(CNPC) နှင့် ဆောက်လုပ်ရေး ကန်ထရိုက်တာများ ဒီဇင်ဘာလ ၁၈ ရက်နေ့က နေပြည်တော် စွမ်းအင်ဝန်ကြီးဌာနတွင် ချုပ်ဆိုခဲ့ကြကြောင်း သိရှိရသည်။
မြန်မာ-တရုတ်ဓာတ်ငွေ့ပိုက် လိုင်းစီမံကိန်းမှ ပိုက်လိုင်းဖြတ်သန်းရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဆေးရုံ၊ ကျန်းမာရေး အဆောက်အအုံ၊ ဆေးပဒေသာပင်များကို ဦးစားပေး အဆင့်လေးဆင့်ဖြင့် ပြုလုပ်ပေးရန် သတ်မှတ်ထားရာ ပထမနှင့် ဒုတိယအဆင့် ဦးစားပေးလုပ်ငန်းများ အတွက် အမေရိကန်ဒေါ်လာ ၇၄၆၁၅၆ ဒသမ ၄၅ ကို စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာ-တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းသည် ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီးနှင့် ရှမ်းပြည်နယ်တို့အား ဖြတ်သန်းသွယ်တန်းထားခြင်း ဖြစ်ပြီး ပိုက်လိုင်းဖြတ်သန်းရာ ဒေသများ၏ ပညာရေး၊ ကျန်းမာရေး အကူအညီပေးရေးဆိုင်ရာ အစီအစဉ်အရ တရုတ်အမျိုးသား ရေးနံကော်ပိုရေးရှင်း (CNPC) မှ အမေရိကန်ဒေါ်လာ ခြောက်သန်း လှူဒါန်းခဲ့ကြောင်း သိရသည်။ ယင်းလှူဒါန်းငွေများထဲမှ ပညာရေးကဏ္ဍ အတွက် စာသင်ကျောင်းများ ဆောက်လုပ်ရန် အမေရိကန်ဒေါ်လာ ၁၃၂၃ ၉၅၁ ဒသမ ၈၁ တန်ဖိုးရှိ ကန်ထ ရိုက်စာချုပ်များကို ချုပ်ဆိုခဲ့ပြီး အမှန်တကယ် လိုအပ်သောနေရာများတွင် စာသင်ကျောင်းရှစ်ကျောင်းကို ဆောက်လုပ်လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း၊ ယခု စာချုပ်ချုပ်ဆိုခဲ့သည့် ကျန်းမာရေး ကဏ္ဍအတွက်ထောက်ပံ့မှုမှာ ကျေးလက်ကျန်းမာရေး အဆောက်အအုံ ၁၈ ခုနှင့် ကုတင် ၄၈ လုံးဆံ့ အဆောက်အအုံ ဆောက်လုပ်လှူဒါန်းခြင်း အတွက် ဖြစ်ကြောင်း နေပြည်တော်စွမ်း အင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ သိရှိရသည်။
ထို့ပြင်ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာပြည်နယ်နှင့် တိုင်းဒေသကြီးများ ဖွံ့ဖြိုးရေးအတွက် နှစ်စဉ်ရေနံစိမ်းပိုက်လိုင်းမှ အမေရိကန် ဒေါ်လာ တစ်သန်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှ အမေရိကန်ဒေါ်လာ တစ်သန်းစီ ဆက်လက် လှူဒါန်းသွားမည် ဖြစ်ကြောင်းလည်း နေပြည်တော်စွမ်းအင် ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
http://www.weeklyeleven.com/index.php?option=com_content&view=a...






စောဘဦးကြီး၏သစ္စာလေးရပ် For us surrender is out of question.(လက်နက်ချအညံ့ခံခြင်း အလျှင်းမပြောရ) We shall retain our arm.(ကရင့်လက်နက် ကရင်တွေကိုင်ထားရမယ်) The recognition of Karen State must be complete)(ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည့်စုံရမည်)We shall decide our own political destiny.(ကရင့်ကျမ္မာ ကရင်ဖန်တီးပိုင်ခွင့်ရှိရမည်)။


0 kommentarer:
Post a Comment